ရွာ

ဒီနှစ် သင်္ကြန် ပိတ်ရက်ရှည် မှာ ရွာ မှ ဆွေတော် မျိုးတော်များမှ မဖြစ်မနေပြန်လာခဲ့ကြရန် အမှာ ရှိနေ၍
ပြန်ဖြစ်ဖို့ အလေးသာနေပါသည်။
ယခင် ယခင် လွန်ခဲ့သောလေး ငါး ခြောက် နှစ်ခန့်ကသွားခဲ့သလို အလုပ်ကိစ္စမပါပဲမိသားစု ပြည်တော်ပြန် ခရီးစဉ်မျိုးဖြစ်သည်။
ကျတော်တို့နေထိုင်ရာ ဒေသ အကြောင်း ခရီးသွားပို့စ် ရေးချင်ပါသော်လည်း ရေးအုံးမည် ဟူသောအကြံမပါ ခရီးသွားခဲ့ရ၍မရေးနိုင်ခဲ့။အလုပ်ကိစ္စသည်သာ ဦးစားပေးဖြစ်၍ အခြား လေ့လားစရာများ ဖော်ပြပေးစရာခေါင်းထဲမကျန်ရစ်။
ဓါတ်ပုံလဲ မရိုက်ခဲ့ရ။
ယခု တခေါက် ထွက်ဖြစ်မည် ဆိုပါက ပို့စ်တင်နိုင်အောင်ကြိုးးခဲ့ပါမည် ဟု ကြံစည်ထားပါသည်။
ရွာထဲမှ မိမိသိလိုသော အကြောင်းအရာများကို မန့်ပေးခြင်းအားဖြင့် ပိုစ့် ကို ပြည့်စုံစေ နိုင်မည်ဟု မျော်လင့်မိပါသည်။ ခရီးသွားပိုစ့် မျိုး မရေးဘူး၍လိုအပ်သည်များ မရှိရလေအောင် ဝိုင်းဝန်းအကြံပြုချက်များကို မျော်လင့်ပါသည်။
ကျတော် ခရီးသွားမည့်ဒေသမှာ—-
ချင်း ပြည် နယ်။
ဟားခါးမြို့။ထန်တလန်းမြို့။ ထိုမှ အနောက်မြောက်ဒေသ အထိ ဖြစ်ပြီး အခြေအနေပေးပါက ထိုထက် ပို နိုင်ပါသည်။

လေးစားစွာဖြင့်။
မင်းခန့်ကျော်။

20 comments

  • kyeemite

    January 18, 2014 at 10:46 am

    ကျတော် ခရီးသွားမည့်ဒေသမှာ—-
    ချင်း ပြည် နယ်။
    ဟားခါးမြို့။ထန်တလန်းမြို့။ ထိုမှ အနောက်မြောက်ဒေသ အထိ ဖြစ်ပြီး အခြေအနေပေးပါက ထိုထက် ပို နိုင်ပါသည်။

    ခင်ဗျားသွားမဲ့နေရာက လူတကာ ရောက်နိုင်ခဲတဲ့နေရာဗျ…ဒီတော့ ကင်မရာတစ်လုံးနဲ့ သေချာနေရာအနှံ့
    မှတ်တမ်းတင်ခဲ့စေချင်ပါတယ်..ကင်မရာဘက်ထရီ အတွက်လည်းစဉ်းစားသွားနော..အဲဖက်ကမီးရှိမှာမဟုတ်
    အကြံပြုတာပါနော…ပို့စ်တင်ရင်လည်း အားပေးပါ့မယ်ဗျ

  • မင်း ခန့် ကျော်

    January 18, 2014 at 11:31 am

    ဟုတ်ကဲ့ ပါ။ အဲဒီဘက်က ဆိုလာစနစ်နဲ့မီးသုံးကြတာမို့ဘက်ထရီအတွက်တော့သိပ်မပူရလောက်ဘူး။ ဒါပေမဲ့လိုရမယ်ရ တောထဲသွားရတဲ့အခါအတွက် များများဆောင်သွားပါမယ်။ memory 1 TB ထဲ ရသလောက်ရိုက်ခဲ့ပါ့မယ်။ တခြားသိချင်တာမျိုးရှိရင်လဲပြောပေးပါကျတော်ရောက်တုန်းသေချာလေ့လာခဲ့ပေးချင်လို့ပါ။
    ကျေးဇူးပါ U Kyeemite ရေ ။

  • လုံမလေးမွန်မွန်

    January 18, 2014 at 11:46 am

    တိန်.. new tourist destination မို့လို့ အရမ်းစိတ်ဝင်စားတဲ့ နေရာပါ.. အခုတလော ခေါင်းပေါ် အထုတ်တစ်ထုတ် တင်ထားသလို ဖြစ်နေရတဲ့ နေရာပါ.. ဆက်သွယ်ပါမည်..

    • မင်း ခန့် ကျော်

      January 18, 2014 at 4:37 pm

      ဆက် သွယ် ပါ ။

      သိ ချင် တာ ရှိ ရင် မှာပါ။

      တတ်နိုင် သလောက် ဆောင် ရွက် ပေးပါမည်။

  • Mr. MarGa

    January 18, 2014 at 6:59 pm

    အဲဒီ ခရီးသွားပို့စ်ကို မျှော်နေမယ် ဗျို့ 🙂

  • ဒညင်းဝက်

    January 18, 2014 at 8:37 pm

    အဲဒီကို…
    ကျနော်..အရမ်းသွားချင်နေခဲ့တာ…

    ဟိုဝတ္ထု ဖတ်ပြီးကတည်းက..ပဲ..

    (ဘယ်ဝတ္ထုလဲ…သိလား.. ?? )

    😆

    • KZ

      January 18, 2014 at 10:44 pm

      တိမ်နဲ့ ချည်တဲ့ ကြိုးး
      😀

      • ဒညင်းဝက်

        January 20, 2014 at 8:54 pm

        တိမ်နဲ ့ချည်တဲ ့ကြိုး..ဆိုရင်တော့….
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .ညီမလေးရဲ ့အဖြေ….
        .
        .
        .
        .
        .
        .
        .
        .
        မှန်ပါတယ်….ခင်ဗျားးးး

        😆

  • padonmar

    January 18, 2014 at 11:48 pm

    ရောက်ဖူးချင်လိုက်တာ၊
    ဝိတိုရိယတောင်ခရီးစဉ်တော့ ဓာတ်ပုံကိုကျော်သူ တင်တာတွေ တွေ့ရတယ်။သဘာဝအလှတွေ သိပ်သဘောကျမိပါတယ်။သူတို့ ရိုးရာ ဓလေ့တွေ မေးမြန်း ဓာတ်ပုံရိုက်ခဲ့ပါနော်။လွင်မိုးခရီးသွားနေသည်ထဲက ချင်းရိုးရာ နတ်တင်တာတွေလည်း အမှတ်တရ ရိုက်ခဲ့ပါ။

  • မင်း ခန့် ကျော်

    January 20, 2014 at 9:27 am

    အကြံပြုချက်များ နှင့် မန့် ပေးသော စာ များ အားလုံး ကျေးဇူးတင်ပါတယ်။

  • KZ

    January 20, 2014 at 9:38 am

    အကြံပုရမယ်ဆိုရင်တော့ ခန့်ခန့်ရယ်။
    အနော့ အတွက် ချင်း ချည်ထည်လေး ဝယ်ခဲ့သင့်ပါတယ်လို့၊
    ဟေးဟေးဟေး

    :mrgreen:

    • မင်း ခန့် ကျော်

      January 20, 2014 at 9:55 am

      ဒီ အကြံပုချက်ကတော့ ဟင်းးး တော်တော်အကျိုးပုတယ် :mrgreen:

      ဘက် ဂျက် အခြေ အနေ အရ ချည်ထည် တခုခုတော့ ရမည် လို့ပဲ။

  • ဦးကြောင်ကြီး

    January 20, 2014 at 11:38 am

    ချင်းလုံမတွေ တယ်ဂွတ်သနော.. တွေ့လို့တော့ အပါဆွဲခေါ်လာခဲ့..

  • မင်း ခန့် ကျော်

    January 20, 2014 at 12:04 pm

    ဦးကြောင် ယူအက် က အင်ဒီယားနား မှာ အများကြီးပဲ :mrgreen:

  • surmi

    January 20, 2014 at 12:06 pm

    ခရီးစဉ်​အစမှ အဆုံးတိုင်​ ဒိုင်​ယာရီသ​ဘော​လေး​ရေးရင်​ကောင်​းမယ်​ထင်​တယ်​ ။
    ​နေ့တိုင်​းကြုံရသမျှ​တွေပါမှာ​ပေါ့ ။
    ​စောင်​့ဖတ်​​နေပါ့မယ်​

    • မင်း ခန့် ကျော်

      January 20, 2014 at 5:48 pm

      ကောင်းလိုက်တဲ့ အိုင်ဒီယာ။
      ကျေးဇူးပါပဲဗျာ။

      ဒိုင်ယာယီသဘော ကသတ်သတ်။
      မိမိအမြင်ခံစားချက်က သတ်သတ် ခွဲတင်ပါ့မယ်။

      • Ma Ma

        January 20, 2014 at 8:05 pm

        ကောင်းလိုက်မယ့်ပိုစ့်တွေ။

        တကယ့်ကို ရောက်ရခဲတဲ့ခရီးမို့ ကိုယ်တိုင်သွားဖို့ဆိုတာ ဒီတစ်သက်မှာ ကြုံဖို့မလွယ်လို့ မင်းခန့်ကျော်ရဲ့ခရီးကို လိုက်ပါခံစားရအောင် မျှော်နေပါမယ်။

        သဘာဝအတိုင်းပေါက်တဲ့ ပန်းပင်တွေ၊ ရေမြေတောင်တောင် သဘာဝတွေ၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ရိုးရာတွေ၊ နေထိုင်မှုစရိုက်လေးတွေ အများကြီး အများကြီး မြင်ချင်ပါတယ်။ 🙂

  • တောတွင်းပျော်

    January 21, 2014 at 4:01 am

    ကိုမင်းခန် ့ကျော်
    ချင်းပြည်ကိုသွားတာလား၊ ပြန်တာလား။
    သွားတာဖြစ်ဖြစ်၊ပြန်တာဖြစ်ဖြစ် ခရီးသွားပိုစ်အတွက်ဓါတ်ပုံရိုက်ခဲ ့မယ်ဆိုရင်
    ဟားခါးနဲ ့ အိုက်ကားရွာကြားက ရွာကြီး(နာမည်မေ ့နေတယ်)က ချင်းစော်ဘွားတစ်ဦးရဲ ့
    ရှေးဟောင်းအိမ်ပုံကိုရိုက်ခဲ ့။
    တစ်ထပ်စာ အိမ်အတွက်တိုင်ခြေတံ သုံးထပ်စာလောက်မြင် ့ဆောက်ရတဲ ့ ဖလမ်းမြို ့
    ့တောင်ကမ်းပါးစောင်းကအိမ်တွေ အနောက်ဖက်ကနေရိုက်ခဲ ့။
    ထူးခြားတဲ ့ ရိဒ်ရေကန်ကြီးကို စစ်တပ်ကုန်းပေါ်ကနေရိုက်ခဲ ့။
    အင်္ဂလိပ်တွေကို စီယင်းအမျိုးသားတွေနဲ ့အတူအမျိုးသမီးတွေပါအသေခံတိုက်ခဲ ့တဲ ့ zongkong လမ်းခွဲနားက သမိုင်းဝင် sialum (ရှာလုမ်း)ခံတပ်ကိုလဲရိုက်ခဲ ့။
    ဖလမ်း၊တီးတိန်လမ်းခွဲ အထက်နားက အင်္ဂလိပ်တွေ ချင်းပြည်မြောက်ပိုင်းသိမ်းဖို ့ အခြေချစခန်းထိုင်ခဲ ့တဲ ့
    ်fort white ခံတပ်နားက လေသာတောင်(ကနေဒီတောင်) တဝိုက်ပေါက်နေတဲ ့တောင်ဇလပ်ပင်တွေကို
    ရိုက်ခဲ ့။
    အိမ်ကိုသံတစ်ချောင်းမှမကူ၊ သဘာဝကျောက်ပြားမိုး ရိုးရာအတိုင်းဆောက် အိမ်ရှေ ့ပျဉ်ကပြင်ကျယ်ခင်းထားတဲ ့ တီးတိန်
    မြို ့နယ်ထဲကရှေးအိမ်လေးတွေကိုလဲ ရိုက်ခဲ ့။
    အိမ်ရှေ ့မျက်နှာပြင်မှာ ချိတ်ထားတဲ ့တိရစ ္ဆာန်ဦးချိုပုံတွေကို ရိုက်ခဲ ့။
    ရွာဝင် ရွာထွက်ထိပ်က ခရီးသွားများအမောပြေ အပန်းဖြေဖို ့(ဇရပ်) ကျောက်ပြားတွေထူ ကျောက်ပြားတွေ
    ခင်းထားတဲ ့ဘေးက ရှေးအဘိုးအဘွားတို ့ရဲ ့ ကျောက်စာပြားတွေကိုတွေ ့ခဲ ့ရင်လည်း ရိုက်ခဲ ့။
    တကယ်လို ့များ ချင်းပြည်တောင်ဘက်ပိုင်းများသွားခဲ ့ရင်
    မင်းတပ် မတူပီလမ်း မိုင်တိုင်၁၁နားက အင်္ဂလိပ်တွေရဲ ့ကတုတ်ကျင်းဟောင်းနဲ ့ ကားလမ်းဘေး
    တစ်လျှောက် သဘာဝအတိုင်းပေါက်နေတဲ ့စတော်ဘယ်ရီပင်တွေကိုရိုက်ခဲ ့။
    မိုင်၃ဝနားက တောင်ကြောပေါ်ဖောက်ထားတဲ ့ စစ်ကြီးအတွင်းကလေယာဉ်ကွင်းဟောင်းကိုလည်းရိုက်ခဲ ့။
    မိုးပီ(သေမင်း)တောင် မြက်ခင်းတောင်စောင်းက ခပ်ရိုင်းရိုင်းပေါက်နေတဲ ့ ထင်းရှူးပင်ထက်က သစ်ခွပန်း
    တွေကိုလည်း မှိ ုင်းမှ ုန်တွေကြားကရိုက်ခဲ ့။
    အဲဒီတောင်တစ်လျှောက်က ချိုချဉ်ချိုချဉ် နီညိုရောင် နှင်းသီးတွေကိုလဲရိုက်ခဲ ့။
    မတူပီရောက်ခဲ ့လို ့ရှိရင် ကျောက်တိုင်ကွင်းနေရာကနေ ဟိုးမြောက်ဘက် ဆယ်မိုင်အကွာလောက်က
    ကျောက်ကမ်းပါးမှာ ၃ဆင် ့ကျ ထင်ထင်ရှားရှားလှမ်းမြင်နေရတဲ ့ ဘုံတလာ ရေတံခွန်ကြီးကိုလည်း
    ရိုက်ခဲ ့။ ။
    ရိုက်ခိုင်းတာများသွားလို ့ ခေါင်းမူးသွားရင် ကျနော ့ကိုလည်းရိုက်ခဲ ့။
    ဓါတ်ပုံပြောတာနော်။
    ကျနော် ရိုက်ချင်တဲ ့နေရာတွေကို စိတ်အဆာပြေပြောနေတာ။ တကယ်က ဒီ ့ထက်မကအများကြီးပဲ။
    ကိုမင်းခန် ့ကျော်ရဲ ့ ရွာခရီး အဆင်ပြေပါစေ။

  • မင်း ခန့် ကျော်

    January 21, 2014 at 9:36 am

    ကို/ဦး တောတွင်းပျော်ရေ

    ရိုက်ပေးစေချင်တာအားလုံးကို ဂူဂဲလ်ကနေတချက်တည်း

    ရိုက်ပလိုက်မယ်ဗျာ :mrgreen:

    ကျတော် က အလည်ခရီးပါ။
    မိသားစုတွေကိုပြချင်လို့ပါ။
    သွားမဲ့လမ်းကြောင်းက
    မန်း-ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါး-ထန်တလန်း——–
    အဲဒီလမ်းကြောင်းပါ။
    ရိရေအိုင်လမ်းကသတ်သတ်ပါ။ဒါကို 2015အတွက်ချန်ထားတယ်။
    အဲဒီဘက်ကအမျိုးနဲ့အဆက်အသွယ်လုပ်ရင်းနဲ့ပေါ့။
    တောင်ပိုင်းကျတော့ သွားဖြစ်ဖို့မလွယ်လောက်ဘူး။
    စကားက တအားကွဲတော့ သိပ်အဆင်ပြေပါ့မလားလို့။
    နောက် ကျတော်သွားမဲ့လမ်းကြောင်းမှာက မြန်မာပြည်ရဲ့
    ဥရောပ လို့တင်စားလို့ရတဲ့နေရာတွေများပါတယ်။
    နအဖ လက်ထက်က လက်ဖက်ပင်တွေကျန်သေးရင်
    ပရဲဆန့် ရိုက်ခဲ့ပါမည်။
    :mrgreen:

  • ko six

    January 22, 2014 at 1:25 pm

    အ,တယ်​ပဲ​ပြော​ပြော
    ညံ့တယ်​ပဲဆိုဆို
    ခုမှပဲ အဲဒီအ​ကြောင်​းသိရ​တော့မှာ
    ​စောင်​့ဖတ်​​နေမယ်​

Leave a Reply