အစဂီရိ စားသောက်ဆိုင်

ムラカミJanuary 21, 20146min16823

ကျွန်းတောလမ်း နဲ့ နာနတ်တောလမ်း ထောင့် က ASAGIRI အစဂိရိ (ဒဿဂီရိ နှင့် အမျိုးမတော်ပါ)

(တော်ကြာ အစားဂီရိ ဆိုပီး ခေါင်းဆယ်လုံးနဲ့ စားတဲ့ ဆိုင် မှတ်နေမစိုးလို့ …ငိငိ)

ဆိုတဲ့ Japanese & European Food ရောင်းတဲ့ ဆိုင်ကလေး အတွက် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ

ကျနော့်အတွက် ပထမဆုံးသော Tabletop Session ဖြစ်သလို အကူအညီပေးခဲ့တဲ့ … ဘော်ဒါဘော်ဂျွတ် ဒတ်သေဆြာ

သူတော် ကိုလည်း အထူးကျေးဇူးတင်မိပါကြောင်း…

 

 

Ramen (ခေါက်ဆွဲပြုတ်များ)

 

IMG_9465
Shio Ramen ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀

 

IMG_9468
Shoyu Ramen ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀

 

IMG_9472
Miso Ramen ပွဲကြီး ၅၅၀ဝ ပုံမှန် ၄၀၀၀

 

IMG_9475
Tonkatsu Ramen ပွဲကြီး ၅၅၀ဝ ပုံမှန် ၄၀၀၀

 

 

European Foods များ

 

 

IMG_9476
Grey Pork Chop 6500

 

IMG_9484
Outstand (အမဲလျှာ) ၅၅၀၀

 

IMG_9485
Sausage (Chicken, Pork, Fish) ၄၅၀၀

 

IMG_9492
Hamburger (Pork, Chicken, Beef) ၃၅၀၀

 

 

 

Curry များ

 

IMG_9509
Chicken Katsu Curry ပွဲကြီး ၆၅၀ဝ ပုံမှန် ၄၅၀၀

 

IMG_9525
Chicken Curry ပွဲကြီး ၅၀၀ဝ ပုံမှန် ၃၅၀၀

 

IMG_9528

 

 

 

Alcoholic Section (C0cktails များ) 

IMG_9493
Green Day ၃၅၀၀

 

IMG_9506
Blue Margarita ၃၅၀၀

 

IMG_9537
Screwdriver ၃၅၀၀

 

IMG_9540

 

IMG_9550
Mojito ၃၅၀၀

 

IMG_9556

 

 

Da Bar

 

IMG_9560

 

 

 

 

  • Address: Kyun Taw Rd, Yangon, Myanmar (Burma)
    Phone:+95 01539598
    ဖြစ်ကြောင်းရယ်ပါ

 

IMG_3477

 

IMG_3476

 

 

တော်သေးဘီ

P.S

(ဟင်းပွဲတွေနဲ့ သောက်စရာတွေ နာမည်နဲ့ ဈေးနှုန်း ပြန်မေးပြီး Update လုပ်ပါဦးမည် ဆိုတဲ့အကြောင်းရယ်ပါ)

 

နာမည် နှင့် ဈေးနှုန်း  Update လုပ်ပြီးကြောင်း

2014/1/22 10:35 AM

23 comments

  • kai

    January 21, 2014 at 2:39 pm

    လမင်န်က..ခွက်နဲ့ယှဉ်ထိုးရင်နည်းနေသလိုခံစားရတယ်…
    အသားကင်တပွဲက မီးကျွမ်းရာမပါလို့.. လိုနေသလိုခံစားရတယ်..။
    ဟမ်းဘာဂါက ..ပိန်ရှုံ့နေသလိုခံစားရတယ်..။
    ထမင်းစေ့ကပိန်သေးနေသလိုခံစားရတယ်..။
    ပူစီနံရွက်က..ရေနစ်နေသလိုခံစားရတယ်..
    အင်္ဂလန်အလံက…အမေရိကားနဲ့အဆက်အစပ်မရှိသလိုခံစားရတယ်..
    ဘားက. ဘာတွေရှုပ်နေမှန်းမသိသလို…ခံစားရတယ်..

    အင်း..
    ဘာပဲဖြစ်ဖြစ်.. မိတ်ဆွေတွေညွှန်းပေးမယ်..
    အလကားရရင်တော့..စားချင်.. :mrgreen:

    • Foreign Resident

      January 22, 2014 at 9:33 am

      kai says:
      ” ထမင်းစေ့ကပိန်သေးနေသလိုခံစားရတယ် ”

      US က ဆန် / ထမင်း က ပုတို ( ခပ် ဝဝ ) တွေ စားတာ မဟုတ်လား ။
      အာရှဖက်မှာက ရှည်ကော့သွယ် စားကြသဗျ ။

      • kai

        January 23, 2014 at 12:06 pm

        အမေရိကန်.. အာရှသားတွေအများစုက.. ထိုင်းဆန်(ဂျက်စမင်)ကိုအစားများကြတယ်ထင်တယ်..။
        ဒုတိယကတော့.. ဘစမာတီလို့ထင်တယ်..
        တက်ခ်ဆပ်ကထွက်တဲ့..ယူအက်စ်ဆန်စစ်စစ်က.. မြန်မာဧည့်မထလိုပိန်ရှည်ကို သိပ်စားတာမတွေ့ရဘူး..

        အဖြူတွေကတော့ .. ကြည့်ရတာ..ဘရောင်းရိုက်စ်အစားများလာတယ်ထင်မိတယ်..
        စပန်းနစ်တွေကတော့.. သူတို့ဖက်ကထွက်တဲ့ဆန်စားတယ်.မြင်တာပဲ…။ မြန်မာဆန်ခတ်ညံ့ညံ့ပုံစံ.. သိပ်အရောင်မလှ.. ။

        စကားအတင်းစပ်..
        သတင်းစာမှာပါတဲ့အတိုင်းးပဲ.. ပေါ်ဆန်းမွေးယူအက်စ်ကိုတင်သွင်းခွင့်ရသွားပြီဗျို့…
        အားပေးဦးမှာ… :mrgreen:

  • kyeemite

    January 21, 2014 at 2:47 pm

    သင့်ခရုပါ ဘဘရဟူဒီ…အဲနားမဖြတ်တာကြာလို့သတိမထားမိသေးဘူး…ဟုတ်တယ်ဗျ..
    ဈေးနှုံးလေးတွေသိရရင် အတော်ကောင်းမယ်…

  • အဘရဟူဒီ

    January 21, 2014 at 3:03 pm

    ကျော်တော့ တပွဲရိုက်လို်က် ချစားလိုက် နောက်တပွဲရိုက်လိုက် ှနိုက်မြည်းလိုက်နဲ့. ဟိ.

  • TNA

    January 21, 2014 at 3:52 pm

    ဈေးနှုန်းပါသိရရင်ကောင်းမယ်။ ညီးကလဲအေ တယောက်ထဲမကုန်နိုင်မစိုးလို့ လှမ်းခေါ်လိုက်တာမဟုတ် :mrgreen:

    • TNA

      January 23, 2014 at 5:06 pm

      တန်တယ် သွားလိုက်ပါမည့်အကြောင်း။ မယ်ဂိ့နာမည်ပြောရင် ဒစ်စကောင့်ရမည်လား

  • Ma Ma

    January 21, 2014 at 5:37 pm

    (ဟင်းပွဲတွေနဲ့ သောက်စရာတွေ နာမည်နဲ့ ဈေးနှုန်း ပြန်မေးပြီး Update လုပ်ပါဦးမည် ဆိုတဲ့အကြောင်းရယ်ပါ)
    အဲဒါကို စိတ်ဝင်စားတယ်။ 🙂

  • ဘဆွေ

    January 21, 2014 at 8:24 pm

    mojito ပုံလေး က သောက်ကောင်းမယ့် ပုံပဲ..ဂလု..
    ဘားကိပ် လိုရင်ပြောနော…

  • padonmar

    January 21, 2014 at 8:33 pm

    Cocktail လေးတွေ လှတယ်အေ။
    အစားရော အသောက်ရော ကိုယ်နဲ့ မတည့်။

  • MAUNG

    January 22, 2014 at 6:48 am

    တတ် တဲ့သူရိုက် တော့လဲ အကုန် မိုက်တယ်ဗျာ

    Union Jack အလံ နဲ့ သံပုရာရေ ပုံပိုကြိုက်တယ်၊ တစ်ခါမှ သံပုရာရေ ထဲ ကို ပူစီနံ နဲ့ သခွါးသီး ထည့် မသောက်ဖူး ဘူး ။ ဒီ တစ်ခေါက် ရန်ကုန်ရောက်ရင် အဲဒီဆိုင် မှာသွားစား ကြည့်ဦးမယ်

  • ဦးကျောက်ခဲ

    January 22, 2014 at 8:45 am

    အမေဂျီးကားအလံလေးနဲ့ မာဂရီတာလေး ဂလုလိုက်ရ… အား ဟိ
    😀

  • ရွှေတိုက်စိုး

    January 22, 2014 at 11:02 am

    လိပ်စာသေချာမသိလို. လိုက်ပို.ပေးပါလားကိုဂီ……. ခွိ…. ပြီးတော့ ဘယ်ဟာကောင်းမှန်းလဲမသိတော့ တစ်ခါတည်းကောင်းတာလေး ဝယ်သာကျွေးသွားလိုက်တော့.. စိတ်မဆိုးဘူးနော်…

  • nozomi

    January 22, 2014 at 5:16 pm

    အစားကောင်းကြိုက်တဲ့ မဟေသီ အတွက် ဖတ်သွား မှတ်သွားပါ၏

  • Mr. MarGa

    January 22, 2014 at 6:04 pm

    ရွာသူားများအတွက် ဆိုပြီး ဒစ်စကောင့်ပေးရင်ကောင်းမယ် :mrgreenn:

  • KZ

    January 23, 2014 at 2:39 pm

    ပေါ့ချော့ ရယ် ဘာဂါရယ် ပဲ ကြိုက်တယ်။
    ဒီ ပို့(စ) မှာ အစားအသောက်ကိုပဲ မြင်တယ်။
    ဓာတ်ပုံ ပညာကို မမြင်နိုင်ဘူးးး ဟိဟိ

    😀

  • Nang

    January 23, 2014 at 2:49 pm

    You was mistake . Reality (1) Miso Ramen (2)Shio Ramen (3) Shoyu Ramen . Baka!!!

    • sorrow

      January 23, 2014 at 4:55 pm

      baka ဆိုတာဘာရဲဟင်….အဟိဟိဟိ

      • kai

        January 23, 2014 at 5:04 pm

        ဘက.. ဘုန်းတော်ကြီးပညာသင်ကျောင်းတဲ့.. မှတ်ထား..။

  • အဘရဟူဒီ

    January 24, 2014 at 1:30 am

    ဟုတ်ကဲ့ ကျော်မှားရေးတာဗျ.
    Nang ပြောတာမှန်လိမ့်မယ်.
    မီဆို တွေ ရှိယို တွေ ရှောယု တွေ ကျော်မသိဘူးဗျ.
    မေးလာတဲ့ list အတိုင်းချရေးတာပဲ. ကျနော်မေးတဲ့ ပုံlist နဲ့
    ဒီမှာတင်တဲ့ list မတူလို့ကွာတာဖြစ်ပါလိမ့်မယ်
    ဘယ့်နှယ့် ဘက ကပါလာတာတုန်း.

    :harr:

  • Crystalline

    January 24, 2014 at 3:43 pm

    ဓာ့ပုံပညာနားမလည်ပါ.. ဟင်းပွဲတွေကစားချင်စရာ.. ဘားကလည်းရှုပ်ယှက်ခတ်နေတာပဲ :loll: အမဲလျာသွားစားပါမြီ.. pork chop သွားစားပါမြီ :)) အောက်က အရည်တွေတွေ့တော့ ကော့ကရိတ်ဖက်မှာသောက်ဖူးတဲ့အောဂျီးကိုသွားသတိယပါသည်.. အိုက်လိုမလှပေမယ့် အရသာကတော့ ရှယ်ပဲ :mrgreenn:

  • Ma Ei

    January 24, 2014 at 4:11 pm

    ဖန်ခွက်နှတ်ခမ်းမှာ ဆားပွင့်လေးတွေ ကပ်ထားတဲ့ Blue Margarita ကို
    ငွေဆောင်ရေကူးကန် မှာ တူကလေးတွေမှာလို့ နဲနဲမြည်းကြည့်တာ ငံတာဘဲသိတော့တယ်…

Leave a Reply