ဂ ငယ်​​ကွေ့

naywoon niJanuary 21, 20141min1066

လမ်​းမက တစ်​​ဖြောင်​့ထဲလို့ထင်​ရ​ပေမဲ့
​သေချာကြည်​့မှ ​ယောင်​​ယောင်​​လေး​ကွေ့​နေတာသိလိုက်​ရ……
အဲ့ဒိလမ်​း​ပေါ်​လျှောက်​လာရင်​းနဲ့
အ​တော်​ခရီး​ပေါက်​လာမှ
နောက်​ပြန်​လှည်​့ ကြည်​့လိုက်​မိ​တော့
လားလား ဂ ငယ်​​ကွေ့ ဖြစ်​လို့​နေပါ​ရောလား
ခုမှ​တော့ ပြန်​လှည်​့မယ်​ဆိုလဲ
အချိန်​အ​တော်​​ညောင်​းခဲ့ပြီ
မထူးဘူး ​ဟေ့ ဆက်​​လျှောက်…….။

​နေဝန်​းနီ

6 comments

  • kyeemite

    January 21, 2014 at 2:29 pm

    ဆက်လျှောက်ပါကိုနေဝန်းနီ…ကျုပ်လည်းဆက်လျှောက်နေပါတယ်..အဖေါ်ရတာပေါ့

  • naywoon ni

    January 21, 2014 at 6:45 pm

    ကျုပ်​တို့အားလုံး​ရှေ့မှာ ဂ ငယ်​​ကွေ့ ရှိတဲ့ လမ်​း​ပေါ်​လျှောက်​​နေမိတာဗျ ကိုမိုက်​ရ ဒါ​ပေမဲ့ လမ်​းကရှည်​​တော့ မသိသာဘူး မမြင်​ရဘူး အချိန်​​နှောင်​းမှ (​ကျောင်​းသား​တွေကိုဥပမာထား​ပြောရရင်​ စာ​မေးပွဲခန်​းထဲ​ရောက်​မှ ) သိလိုက်​ရတာ အဲ​တော့ဘယ်​လိုပြန်​ပြင်​မလဲ ပြင်​ချိန်​လုံးဝမရှိ​တော့ဘူး တစ်​ချို့ကျ​တော့လည်​း ကိုယ်​​လျှောက်​​နေတဲ့လမ်​းဘယ်​​ရောက်​မယ်​ ဘယ်​​နေရာမှာ​ကွေ့​နေတယ်​မသိပြန်​ဘူး အဲ့​တော့ မထူးဘူး ဆက်​​လျှောက်​​တော့​ပေါ့ဗျာ ကျွန်​​တော်​ လမ်​းမပြင်​​ပေးတတ်​ပါဘူး ခင်​းလဲမခင်​းတတ်​ပါဘူး အဲ့​တော့ ဆက်​​လျှောက်​​နေတာက ရပ်​​နေတာထက်​ ပို​ကောင်​းမလားလို့ပါ

    နန်​း​တော်​သူ​ရေ့ အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ နန်​း​တော်​ကသူ​တွေ​တောင်​အား​ပေးတယ်​ဆို​တော့အားတက်​မိပါတယ်​

  • Ma Ma

    January 21, 2014 at 6:52 pm

    အချိန်နှောင်းမှသိလို့ ပြီးခဲ့တာတွေကို ပြန်မပြင်နိုင်တော့ပေမယ့်…….
    လမ်းမှားဆိုရင် ဆက်မလျှောက်ပဲ ရပ်လိုက်တာက ပိုများကောင်းမလား။ 🙄

  • padonmar

    January 21, 2014 at 11:32 pm

    ခရီးတခုသွားလို့ လမ်းမသိပဲ မှားသွားရင် ရောက်ရာနေရာက မြန်မြန်ပြန်လှည့်မှ လိုရာနဲ့ နီးမယ်မလား အဘနီ။

  • ဒညင်းဝက်

    January 22, 2014 at 1:09 pm

    အကယ်၍..သင်ဟာ..
    မှားယွင်းတဲ ့ လမ်းကိုလျှောက်ခဲ့မိပြီဆိုပါစို့..
    ဂငယ်ကွေ့ ပြန်ကွေ ့လာဖို ့အတွက်..
    သင့်ကို..ဘုရားက.ခွင့်ပြုပါတယ်….

    အဟိ..ဖတ်ဖူးတဲ ့ စာသားလေးတစ်ပိုဒ်ပါ ..။

    အမှန်က.. ကိုယ့်ကို ကိုယ်..ခွင့်ပြုနိုင်ရင် ပြီးတာပဲ…

    😆

Leave a Reply