ဆက်ရေးရဦးမယ့် စာ. . .

alinsettJanuary 24, 20143min24413

01

 

 

ွ း. . . ဲ . . . ျို . . .ျ. . . ဲ့ . . . . . . . . . . . . . . . . . . . .   လူတိုင်းမှာ မနက်ဖြန် ရှိသည် ။ 

မနက်ဖြန်များမှာလည်း လူတိုင်း ရှိ၍ မနက်ဖြန်ဆိုတာ မရှိတော့သော လူတစ်ယောက်သည်လည်းကောင်း. . . လူမရှိသော မနက်ဖြန်သည်လည်းကောင်း အဓိပ္ပာယ်တစ်စုံတစ်ရာ မရှိ ။

တိတိကျကျပြောရလျှင်. . . . လူတိုင်း မနက်ဖြန်အကြောင်း ခေါင်းထဲရောက်ဖူးသည် ။

တစ်ယောက်၏ မနက်ဖြန်များနှင့် အခြားတစ်ယောက်၏ မနက်ဖြန်များ ထပ်တူမကျတတ်ပါ ။

မနက်ဖြန်ဆိုသော အချိန်ကာလနှင့်. . . လူသား၏ မျှော်လင့်တတ်ခြင်းတို့ ထပ်တူကျနိုင်သော်လည်း မနက်ဖြန်၏ အစီအစဉ်များအချင်းချင်းကတော့

ထပ်တူမကျနိုင်ပါ ။ သို့သော်. . ကွဲပြားသော အဆန်းဆန်းအကြယ်ကြယ်မနက်ဖြန်များ မနက်ဖြန်များကိုယ်စီကိုယ်ငှ ဖြစ်တည်လာခြင်းသည်ပင်လျှင်. . . . စိတ်ဝင်စားစရာကောင်းသော အနေအထားရှိ . . . လောကကြီး ဖြစ်နေခြင်း ဖြစ်သည် ။

စက်ရုံတစ်ရုံထဲမှ ထုတ်လုပ်လိုက်သော ပစ္စည်းများလို . . .ပုံစံတစ်ခုတည်းသော မနက်ဖြန်များချည်း ဖြစ်နေလျှင် . . .

ဤလောကသည် ရင်ခုန်ချင်စရာ မရှိ ။

သေချာတာကတော့ . . . . မနက်ဖြန်ဆိုတာ. . . ဒီနေ့၏ အဆက်. . .

မနက်ဖြန်ဆိုတာ ဒီနေ့၏ သားသမီး. . . .

မနက်ဖြန်ဆိုတာ ဒီနေ့၏ မျှော်လင့်ချက်. . .

မနက်ဖြန်ဆိုတာ ဒီနေ့၏ ရလဒ်. . . အင်းးးးး မနက်ဖြန် ဆိုတာ. . . .

._________________________

မျှော်လင့်ထားသည့်အတိုင်းးး ကျွန်တော့်မှာ လှပသော မနက်ဖြန်များ ရှိခဲ့ဖူးသည် ။ သိပ်မလှပသောမနက်ဖြန်များလည်း ပိုင်ဆိုင်ခဲ့ရဖူးသည် ။ မနက်ဖြန်ကို ရောက်သွားမှာတောင် ကြောက်လန့်တုန်လှုပ်နေခဲ့ရသည်လည်း ဖြစ်ခဲ့ဖူးသည် ။

ကောင်းကျိုးရလဒ်မရှိ / ဆိုးဝါးမှုတွေသာ ဖြစ်လာဦးမှာ သေချာသော မနက်ဖြန်များကို ကျွန်တော် မကြိုဆိုချင်ပဲ တနင့်တပိုး ပိုက်ယူခဲ့ရဖူးသည် ။

အဲဒီလို ဆိုးဝါးသောမနက်ဖြန်များ လာတော့မည်ကို ကြိုသိလိုက်ရသော ” ဒီည များ ” ကို ကျွန်တော်မုန်းသည် ။ မုန်းတာမှ ပိုးစိုးပက်စက်မုန်းသည် ။ ကြိုသိထားသည့်အတိုင်း. . . . တကယ်ပင် ရောက်ဖြစ်အောင် ရောက်လာသည့်.မနက်ဖြန်များထဲတွင် . . .ကြိုတွေးထားမိသည့်အတိုင်းပင်. . .ဆိုးရွားမှုများ တိတိကျကျ ကပ် ပါလာသောအခါ. . . .ကျွန်တော် ပို၍ပို၍ မုန်းတီးနာကျည်းမိပါသည် ။

ဆိုးဝါးသော မနက်ဖြန်များက . . . (လက်သည်းချွန်တွေ အလွန်များသော တစ္ဆေတစ်ကောင်လို . . . .)ကျွန်တော့်ကို တိုက်ခိုက်ထိုးနှက်ဖို ့ ရောက်လာသောအခါတိုင်းးး . . . . . ” တခြားသူတွေဆီ သွား ” ဟု မပြောရက် / ကိုယ်တိုင်ကလည်း . လက်ခံ နာကျင်ခံစားဖို့ရာကျတော့ . . . ကြောက်ရွံ ့တုန်လှုပ် . . . . .

ကျွန်တော်. . . . . ကြိုးပြတ်ကျသော ရုပ်သေးတစ်ရုပ်လို. . . ပုံလျက်သားလဲကျ . . . မစာနာတတ်သူတွေ က ပွဲကြည့်သူတွေလို

(ဟာသပြဇာတ်တစ်ပုဒ် ကြည့်ရသလိုမျိုး) ”ကျွန်တော့်အရုပ်ကြိုးပြတ် လဲကျ ရှုံးနိမ့်မှုများ” ကို ရယ်မောပစ်တတ်ကြသည်။

ကျွန်တော့် သွေးမျက်ရည် ကျ၍ . . . . ကျွန်တော့် ဝင်သက်ထွက်သက်တို ့ ရပ်တန့်သွားရတော့မလောက်. . . ပက်စက်စွာ ရက်စက်သွားပြီးမှ. . . .

ဆိုးဝါးသော မနက်ဖြန်များသည်. . . လွန်မြောက် . . .

ကျွန်တော့်ကို ကျွန်တော်. . . .လက်ညှိုးငေါက်ငေါက်ထိုးပြီး ပျစ်ပျစ်နှစ်နှစ်ဆဲရေးတိုင်းထွာ အော်ဟစ် ကြိမ်းမောင်းးးး

ဘယ်သူမှ မကြားလိုသော လေသံအရိုင်းအစိုင်းဖြင့် ကျွန်တော့်ကိုယ်ကို ကျွန်တော် လူမိုက်လို ့ စွပ်စွဲ. . . .

ကိုယ်သေဖို့ကျင်း ကိုယ်ပြန်တူးရတော့မလိုလို. . . . ကိုယ့်ကိုယ်ကို ကိုယ်ပြန်သတ်ဖို့ လက်နက်တွေကို ကိုယ်တိုင် ပြန် သွေးပေးခဲ့ရ . . .

မစာနာ မညှာတာတတ်သော လူတွေရဲ့ လှောင်ရယ်သံတွေနဲ့ ကျွန်တော့်နားတွေ အူ. . .ဆူ. . . .ပွက်. . . .ကွဲ. . . .ထွက်. . . ခံရခက်လှသော ဝေဒနာတွေ ထောင်သောင်းမက. . . .ထိုးခွဲဝင်ရောက်လာတာကို အဆုံးစွန်အထိ နာကျင် နာကျင် နာကျင် ခံစား

ထပ် ထပ် ထပ်နာကျင် ထပ်ခံစား ဘယ်လိုမှ မလှပတော့သော မနက်ဖြန်များထဲမှာ လူးကာလိမ့်ကာ ဟပ်ထိုးလဲကျ . . . .

သေဆုံးသွားတာကမှ ခံသာသေးတယ် လို ့ ညည်းတွားရင်းးး. . . မဆုံးနိုင်သော မနက်ဖြန် ဆူးချွန်လက်နက်များရဲ့ ထိုးနှက်ချက်ကို စွပ်ခနဲ စွပ်ခနဲ အသံနဲ့အတူ . . .

စူး . . .နင့်. . .မိုက်. . .မူးးးး ရူးသွားမတတ်နာကျင်မှ ု . . . နာကျင်မှု နာကျင်မှု နာကျင်မှုတွေကိုပဲ. . .

သံစဉ်တစ်ခုလို ပြုံးတမဲ့မဲ့ခံစား. . . . ခါးလွန်းတဲ့မနက်ဖြန်များကို ဒီနေ့မှာ. . .ဆေးဘက်ဝင်သယောင်ယောင် ထွေးမထုတ်ရဲ မျိုချခဲ့ . . . .

 

…..

….

….

 

13 comments

  • ဒညင်းဝက်

    January 24, 2014 at 7:16 am

    ဟိုက်
    ကျနော်တော့ စာသားတွေ မမြင်ရပါလား
    ပုံထဲက စာသားတွေတောင် မမြင်ရ
    ဘာများမှားပါလိမ့်

    🙁

  • MAUNG

    January 24, 2014 at 7:34 am

    ခါးလွန်းတဲ့မနက်ဖြန်များကို ဒီနေ့မှာ. . .ဆေးဘက်ဝင်သယောင်ယောင် ထွေးမထုတ်ရဲ မျိုချခဲ့ . . . .

    မိုက်တယ်

    • ဒညင်းဝက်

      January 24, 2014 at 6:43 pm

      Thank you .
      🙂
      အဲဒီစာသားရဲ့ နောက်ဆက်တွဲ
      ဆက်ရေးလို့မရတော့လို့

  • KZ

    January 24, 2014 at 7:47 am

    ဆက်ရေးပါ။
    ဆက်ဖတ်ပါဦးမယ်

    🙂

    • ဒညင်းဝက်

      January 24, 2014 at 6:42 pm

      ကျနော်တော့ ဆက်ရေးလို့မရတော့လို့
      ဒီလောက်နဲ့ ရပ်ခဲ့တယ် မမဂျီး

  • kyeemite

    January 24, 2014 at 11:11 am

    မနက်ဖြန် …ဆိုတာ တူမောရိုး
    တူမောရိုး မရှိရင် ယူစောစောဂိုး
    တူမောရိုးရှိမှ လူတောတိုးဖြစ်မှာ
    တူမောရိုးများလေ သင်အသက်ရှည်
    😀

    • ဒညင်းဝက်

      January 24, 2014 at 8:14 pm

      ဦးကြီး..
      ကာရန်တွေ..ဂွတ်နေတယ်..
      ပြခန်းအတွက်..တစ်ပုဒ်လောက်..ရေးပေးရမယ်.. ဒါပဲ..
      (ကြုံတုန်း.. ကဗျာ ဒမြတိုက်ဦးမှ.. )

      :kwi:

  • Phoe Kaung

    January 24, 2014 at 11:40 am

    မနက်ဖန်လေးတွေကောင်းစေဖို့ ဒီနေ့စပြုပြင်စို့……..။
    မနက်ဖန်လေးတွေလှစေဖို့ ဒီနေ့စ ဆေးခြယ်စို့ ………။
    သာယာတဲ့မနက်ဖန် ….အဆင်ပြေတဲ့မနက်ဖန်…ဪအားလုံးကောင်စေဖို့
    အားလုံး…အားလုံး…တောင်းတတဲ့မနက်ဖန်……
    အဆင်ပြေမဲ့မနက်ဖန်………
    သာယာတဲ့မနက်ဖန်……….
    ပျော်ရွှင်တဲ့မနက်ဖန်………
    အောင်မြင်တဲ့မနက်ဖန်……..
    (မှတ်ချက်။ ။ အဆိုတော်စိုးလွင်လွင်ရဲ့သီချင်းလေးနဲ့ အမှတ်တရပါ….) (သန့်မောင်)

    • ဒညင်းဝက်

      January 24, 2014 at 8:12 pm

      စာသားလေးတွေနဲ ့..အမှတ်တရကွန်မန့်..
      တကယ် အမှတ်တရ ပါပဲ..
      ကျေးဇူးပါဗျာ..

      😆

  • Mr. MarGa

    January 24, 2014 at 5:52 pm

    စာကိုတော့ဖတ်ရုံပဲဖတ်တယ်
    အနီရောင်တွေ highlight တင်ထားတော့ အတော်ပူလောင်တယ်

    • ဒညင်းဝက်

      January 24, 2014 at 6:41 pm

      အနီရောင်တွေကို တမင် သုံးထားမိတာပါ သဂျားရေ
      ဒီစာကို ရေးတုန်းမှာလည်း မောလာတယ်
      ရေးပြီး ဖတ်တော့လည်း မောလာတယ်
      ဖတ်မယ့်သူတွေ မောအောင် ရေးမိတဲ့ စာ လိုပါပဲ

      ကိုယ်ကလည်း အခုတလော
      မောနေတာကိုးးး
      မောတဲ့စာတွေပဲ ထွက်လာတယ်ကွယ်

  • starqueen kaungmalay

    January 24, 2014 at 6:30 pm

    အများအတွက်တော့ မသိပေမဲ့….
    ကျုပ်အတွက်တော့ ….ရည်မှန်းချက်ဆိုတာ
    ဒီနေ့မှာအကောင်အထည် မဖော်နိုင်သေးတော့…..
    မနက်ဖန် ဆိုတာ……မျှော်လင့်ချက်ကလေးပါ။
    ဟိုတစ်ယောက်ပြောသလိုပေါ့….
    မနက်ဖန်ဆိုတာ ရှိနေသေးသမျှ….ဆိုလား…ဘာလား။?????

    • ဒညင်းဝက်

      January 24, 2014 at 8:11 pm

      မနက်ဖြန်ဆိုတာ.. ရှိနေသေးသ၍…

      အင်း…

      အဲဒီ လို..မျှော်လင့်ချက်ကလေးတောင်…
      ကျနော် ပျောက်ဆုံးဖူးတယ်.. ။

Leave a Reply