နာရေးသတင်း

alinsettJanuary 27, 20142min17810
နာရေးသတင်း
နာရေးသတင်း

  “ နာရေးသတင်း  ´´

______________________________

_____

# မိုးပြိုတာလား မြေပြိုတာလား. . .
    သွားစမ်းပါ. . .
    မနာလိုသူတွေ ပြောတဲ့တရား. .
    ဝေးဝေးကိုသာ သွား  ။

••••••••••••••••••••••••••••••••••••••••••••••••

# ကြီးငယ်တာလား သေးမားတာလား. . .
    ဒါလည်း သွားစမ်းပါကွယ်. . .
    ဝေဖန်သူတွေ သတ်မှတ်ချက်. . .
    အဟက်ခနဲ  ရယ်ပြလိုက်မယ် . . .
    မှတ်ထား ငါက အမှုန်အမွှား . . .

••••••••••••••••••••••••••••••••••••••••••••••••

# ငါ့လက်တစ်ဖက်က ငါ့ကိုငါ တွန်းလှဲ. . .
    ငါ့လက် နောက်တစ်ဖက်က ငါ့ကိုငါဆွဲထူ
    အူတူတူအတတ. . .
    ရယ်ကျဲကျဲလေး နေပြခဲ့ပါရဲ့ . . . .
    လောကကြီးကို စိတ်ကုန်လို့ . . .

••••••••••••••••••••••••••••••••••••••••••••••••

# အမြစ်ကနေ ဖြတ်တောက်ခံလိုက်ရတဲ့ သစ်ပင်တွေလို. . . .
    တဝုန်းဝုန်း လဲပြိုသေဆုံးနေတဲ့. . .
    သစ္စာ. . .မေတ္တာ. . .
    အကြင်နာ. . . စာနာမှ ုတွေ. . . .
    သနားညှာတာမှ ုတွေ. . . .
    တဝုန်းဝုန်း. . .
    အဲဒါ. . .အဲဒါတွေ ကြားမှာ. . .
    ငါ့လက်စွဲတော်ဓါး . . .
    ငါ  . . . . .  မထားခဲ့နိုင်ဘူး ။

••••••••••••••••••••••••••••••••••••••••••••••••

# ရက်စက်လိုက်တာလို ့  မပြောနဲ့. . .
    ဒါက. . .
    ငါ့ရဲ့  သနားညှာတာမှုပဲ  ရှိသေးတယ် ။

••••••••••••••••••••••••••••••••••••••••••••••••

အလင်းဆက်(Gazette)

19 / 1 / 2014 / SUNDAY
        10 : 50 AM
alinsett.art@gmail.com

 

10 comments

  • မီ မီ

    January 27, 2014 at 8:31 am

    တကယ်လားလို့
    လူဆိုး …

  • kyeemite

    January 27, 2014 at 9:07 am

    ကဗျာလေးကို နားအလည်ပေမဲ့ နာလည်ချင်ယောင်ဆောင်ပီး ဖတ်သွားတယ် ဒညင်းဝက်ရေ 😀

  • မဟာရာဇာ အံစာတုံး

    January 27, 2014 at 9:21 am

    သေးမားတာလား ….
    ဆိုတာ ဘာကို ပြောတာတုန်း
    ငါတော့ နားမလည်ဘူး ..

    • ဒညင်းဝက်

      January 28, 2014 at 9:22 pm

      ကြီးမား…လို ့ မရေးချင်လို ့ဟေ့…
      သေးငယ် လို ့… မရေးချင်လို ့ဟေ့…

      :kwi:

  • naywoon ni

    January 27, 2014 at 10:57 am

    ပုလင်​းဖက်​​ရေးတဲ့ ကဗျာ အရက်​​စော်​နံသကွာ တားကစ်​​တွေမျာ​နေသလိုပဲ

  • ကပ္ပိယ သာဒင်​

    January 27, 2014 at 11:31 am

    ကဗျာခေါာင်းစဉ်က တကယ့်နာရေးသတင်းကြော်ငြာနဲ့
    ရောမနေဘူးလား
    နာရေးတကယ်ဖြစ်လို့ ကြေငြာကာမှ
    ကဗျာကြီးပါကွာဆိုပြီး မဖတ်ကြရင် ဟုတ်ပေ့ဖြစ်မှာ

    ဒါမျိုးက နောက်ပြောင်ကောင်းတဲအရာမဟုတ်ဘူး
    ပုံမှားရိုက် လို့လည်းမသင့်ဘူး နော်
    စိတ်မရှိနဲ့နော် ။ အသက်ကြီးလာရင် ပစိပစပ်များတယ်
    ခင်ဗျားကဗျာတွေကို အမြဲဖတ်ပါတယ့်

    • ဒညင်းဝက်

      January 27, 2014 at 9:40 pm

      ဒီခေါင်းစဉ်ပေးဖို ့… အချိန်တော်တော်ကြာ..စဉ်းစားခဲ့ပါတယ်.. ။

      ဒီကဗျာထဲမှာ..ကိုယ် ခံစားမိလို ့..ချရေးမိတဲ့…ကိစ္စတွေအတွက်..
      ဒီနာမည်က အသင့်တော်ဆုံး..အဖြစ်သင့်ဆုံးလို ့… ( ကိုယ့် အယူအဆနဲ ့ကိုယ် )
      ယူဆပြီး..ဒီနာမည်ပဲ..ပေးလိုက်ပါတယ်. .။

      ပြီးတော့…

      ကဗျာ အတွက်.. နာမည်တစ်ခုခုပေးရာမှာ…
      မပေးသင့် မပေးအပ်သော…စကားလုံးဟူ၍ မရှိ လို ့….ယူဆထားပါတယ်. .။

      (အယူအဆမတူလျှင်..လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်.. )

      ပုံမှားရိုက်သလို ဖြစ်သွား /ဖြစ်နေရင်တော့… ဆောရီးပါ…လို ့..ပြောရုံမှအပ…အခြားမရှိပါဘူး..။

      ဖတ်မယ့်သူတွေ..စိတ်အနှောင့်အယှက် မဖြစ်အောင်…
      ဒီပိုစ့်ရဲ ့ အောက်ခြေစာသားထဲမှာ.. ကဗျာဆိုတဲ ့စကားလုံးကို..ကိုယ်ထင်ပြထားလိုက်ပါမယ်… ။

      ဝေဖန်ဆွေးနွေးပေးသွားတဲ ့အတွက်…ကျေးဇူးပါပဲဗျာ.. ။

      ကဗျာ အမည်ကိုတော့.. ပြင်ဖို ့အစီအစဉ်မရှိပါဘူး ..။

      ဒါက…. ကျွန်တော့်အတွက်…
      တကယ့်နာရေးသတင်းတစ်ပုဒ်မို ့ပါ… ။

      :kwi:

      • ကပ္ပိယ သာဒင်​

        January 28, 2014 at 11:47 am

        ရှင်းပြတာကျေးဇူးတင်ပါတယ်
        ပြောင်းခိုင်းတာမဟုတ်ပါဘူး
        လုပ်ချင်ရာလုပ်ပါ
        ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါတယ်
        စကားပုံရှိပါတယ်
        ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်

  • kai

    January 27, 2014 at 2:39 pm

    ဒေါ်ခင်ယုမေ..သတင်းလားလို့…
    ..
    ငါ့ခြေထောက်ငါရိုက်လှဲ..
    ငါ့ကိုယ်ငါပြန်ထ
    ငါ့နှလုံးငါခေါင်းအုံးအိပ်တဲ့အခါ..
    ငါငါတွေ.. ငါ့ငါငါးခါမြောက်ပေါ့….

  • TNA

    January 27, 2014 at 4:09 pm

    လန့်ထှာ အသာလုပ်ပါအေရယ်။

Leave a Reply