“အ တွေး ပါး ပါး လေး”

“အ တွေး ပါး ပါး လေး”

 

 

တစ် နေ့  တစ် ရွက်

တစ် ရက် တစ် ခါ 

ဖြေး ဖြေး မှန် မှန် သာ

လှန် ခွင့်   ရှိ တဲ့

ဘ ဝ စာ မျက် နှာ ဆိုတာ

 

 

ပြင် ဆင်  ချက် မ ပါ

အ မှား ပြင် တာ မ ရှိ

ဖြည့် စွက် တာ မ ရှိ

အ စ  အ ဆုံး  ရေး ပြီး  သား လို့ ဆို သူ က ဆို

 

ကိုယ့် ဘ ဝ ကိုယ် စီ ရင်

ဖြစ် ချင် ရင် တ ကယ် လုပ်

 အ ဟုတ် ဖြစ် ရ မယ် လို့ ဆို သူ က ဆို

ကိုယ် လို သ လို ကောက်  ချက် တွေ ဆွဲ ကြ သ ပေါ့

 

ဟို လို ဖြစ် ရင် ဟို လို နေ

ဒီ လို ဖြစ ်ရင် ဒီ လို နေ

ပျော့ ပြောင်း စွာ  အ လိုက ်သင့် နေ ပါ

 ဘဝ ဆို တာ သာ သာ ယာ ယာ လေး ပါ လို့

ဆို သူ ဆို

 

ဘ ဝ ဆို တာ စိန် ခေါ် ပွဲ

 တိုက် ယူ ရဲ မှ လို တာ  ရ သ တဲ့

 မာ မာ ကျော ကျော

ပြော သူ က လဲ ပြော ရဲ့

 

ဘယ် သူ တွေ  ဘာ ပြော ပြော

ဘယ် သူ တွေ ဘယ် လို ဟော ဟော

ကိုယ့် အ ရပ် နဲ့ ကိုယ့် ဇာတ်

အ ဟပ် မ ိဘို့ ဘဲ လို ပါ သတဲ့။

 

 တ ကယ် ့ ဘ ဝ ဆို တာ

 

ရ ချင် တာ ရ တဲ့  အခါ လဲ ရှိ

ရ ချင် တာ မ ရ တဲ့ အ ခါ လဲ ရှိ

 မ ရ ချင် တာ  ရ တဲ့ အခါ လဲ ရှိ

 မ ရ ချင် တာ မ ရ တဲ့ အခါ လဲ ရှိ

 

သိ ချင် တာ သိ တဲ့ အ ခါ လဲ ရှိ

 သိ ချင် တာ မ သိ တဲ့ အ ခါ လ ဲ ရှိ

မ သိ ချင် တာ သိ တဲ့ အ ခါ လဲ ရှိ

မ သိ ချင် တာ မ  သိ တဲ့ အ ခါ လဲ ရှိ

 

ဖြစ် ချင် တာ ဖြစ် တဲ့ အခါ လဲ ရှိ

ဖြစ် ချင် တာ မ ဖြစ ်တဲ့ အခါ လဲ ရှိ

 မ ဖြစ် ချင် တာ ဖြစ် တဲ့ အခါ လဲ ရှိ

မ ဖြစ် ချင် တာ မ ဖြစ ်တဲ့ အခါ လဲ ရှိ

 

                                               

 

 

နိုင် ချင် တဲ့  အ ခ ါ နိုင်

ရှုံး ချင်  တဲ့ အ ခ ါ ရှုံး

ပြုံး ချင် တဲ့ အခါ ပြုံး

မုန်း ချင် တဲ့ အခါ မုန်း

ချစ် ချင် တဲ့ အ ခါ ချစ်

ညစ် ချင် တဲ့ အခါ ညစ်

မိုက် ချင် တဲ့ အ ခါ မိုက်

ပျော် ချင် တဲ့ အ ခါ ပျော်

ရီ ချင် တဲ့ အခါ ရီ

ငို ချင် တဲ့ အ ခါ ငို

ချုို ချင် တဲ့ အခါ ချို

တို ချင် တဲ့ အခါ တို

ရှည် ချင် တဲ့ အခါ ရှည်

လေ ချင် တဲ့ အ ခါ လေ

ဒု က္ခ တွေ ဘယ် လို ဝေ ဝေ

သေ ချင် တယ် ဆို တာ ခပ ်ရှား ရှား

ဟို နို်င် ငံ ခြား က လူ ကြီး ပြော သ လို

ဓါး သွား ပေါ် ဘယ် သူ များ လာ ထား သွား လဲ  မ သိ တဲ့

ပျား ရည် စက် ဆို လား  ဘာ ဆို လား

အဲ ဒါ ကို လျက် ရင်း နဲ့  အ သက် ထွက် ဘို့ ရက် ကို

စောင့် နေ ရ တာ များ

ဒီ အ ထဲ ကြွက် ဖြူ နဲ့ ကြွက် မဲ က လဲ ပါ သေး သ တဲ့

 

 

ဘဝ ဆို တာ ဒီ လို ပါ ဘဲ ။

 

ဟို ……………………………………..

ညို တို တို  ကောင် မ လေး ပြော သလို

ဇာတ် ဆ ရ ာ အ လို ကျ

 ကိုယ် နေ ပြ လိုက် ရင် ကောင်း မ လား

 

တစ် ခါ တစ် ခါ ဘ ဝ ဆို တာ ကြီးကို

ဘိုင် စ ကုတ် ဇာတ် ညွှန်း ရေး သ လို

ကိုယ် တွေး ချင် တာ ကိုယ် တွေး

ရေး ချင် သ လို ရေး ခွင့် များ

ရ ရင် ကောင်း မ လား

ဟို လို ကောင်း မ လား

ဒီ လို ကောင်း မ လား

 

စဉ်း စား ရင်း

စဥ်း စား ရင်း ဝေ ဝါး

 အ တွေး  တွေ လဲ  ပါး ပါး

ဘ ဝ ဆို တာ

ခါးးးးးးးးးးး

ခါးးးးးးးးးးးးးးး

 ခါးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 လို့

ဆို မိ ပြန် ပါ တယ်။

                   

 

 

ကို ပေါက် လက ်ဆောင် အ တွေး စဥ ်

21-1-2014

 

 

24 comments

  • MAUNG

    January 22, 2014 at 6:57 am

    ကောင်း လိုက်တာ ဦးပေါက် ရာ

    ကူးယူ သိမ်းထားခွင့်ပြုပါ

  • kyeemite

    January 22, 2014 at 8:34 am

    ဘဝကို ရှုဒေါင့်စုံကသုံးသပ်ပြီး ကဗျာစပ်ထားပုံလေး လှမှလှပါပဲ ကိုပေါက်ရေ…
    တိုက်တိုက်ဆိုင်ဆိုင်ကျုပ်လည်း ခုတလော အဲဒီ“ဘဝ” အကြောင်းတွေပဲတွေးနေ ရေးနေမိတယ်ဗျာ…

  • လုံမလေးမွန်မွန်

    January 22, 2014 at 11:12 am

    ဘဝက ခါးတယ်နော်.. ငါတို့သောက်ဖို့ ထားခဲ့တော့..
    (သီချင်းစာသား တစ်ခုပါ လေးပေါက်..သတိရသွားလို့)

    ဘဝဆိုတာကို သေချာရေးပြထားတဲ့ ကဗျာလေးတစ်ပုဒ်ပဲ..
    အရမ်းကြိုက်မိပါတယ်လို့..

  • ဒညင်းဝက်

    January 22, 2014 at 1:03 pm

    ဝိုးးးး

    လေးပေါက်… စကားလုံးတွေ..ပြောင်မြောက်နေတယ်.. ။

  • Mr. MarGa

    January 22, 2014 at 5:08 pm

    ဘဝ………….
    အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ကြ
    သီအိုရီ အမျိုးမျိုး ထုတ်ကြ
    ဒါပေမင့်
    ကံဇာတ်ဆရာကို မလွန်ဆန်နိုင်ကြ
    ကိုယ် ရသမျှ စည်း၊ဘောင်ထဲက
    အဆင်ပြေအောင် နေထိုင်ကြ
    ဪ…..ဒါဟာ ဘဝ…………

      • Mr. MarGa

        January 23, 2014 at 8:03 pm

        ဆင်လဲဆင့်အထွာ ဆိတ်လဲ ဆိတ်အထွာ ဆိုတဲ့အတိုင်းပါလား………

  • starqueen kaungmalay

    January 22, 2014 at 7:16 pm

    ဘဝ……ဘဝ….တစ်ခါတစ်ခါ..ဇာတ်ဆရာအလိုကျလို့ပြောမိတယ်။ဒါပေမဲ့…..အခုတော့းးးးးဒီလိုလေး………။ဘဝတွေများပြောပါတယ်။။..အချို့က ကောင်းကင်ကိုငုံ့ကြည့်နေတဲအချိန်မှာ..ငါတို့ကတော့ မြေကြီးကိုတောင်မော်ကြည့်နေရတယ်…..အဲလို…..??????????????????

    • starqueen kaungmalay

      January 22, 2014 at 7:20 pm

      ဘဝ……ဘဝ….တစ်ခါတစ်ခါ..ဇာတ်ဆရာအလိုကျလို့ပြောမိတယ်။
      ဒါပေမဲ့…..အခုတော့းးးးးဒီလိုလေး………။
      ဘဝတွေများပြောပါတယ်။..
      အချို့က ကောင်းကင်ကိုငုံ့ကြည့်နေတဲအချိန်မှာ..
      ငါတို့ကတော့ မြေကြီးကိုတောင်မော်ကြည့်နေရတယ်…..
      အဲလို…..??????????????????

  • snow smile

    January 22, 2014 at 10:00 pm

    လော က ဓံ တ ရား တွေ ကို ရေး သွား လိုက် တာ
    လှ လှ လေး

  • starqueen kaungmalay

    January 23, 2014 at 6:22 pm

    ဟုတ်..တွင်းတူးပြီးနေရတဲ့…သူတွေကိုမေ့သွားလို့။?????
    ‘ဒါဆို…..။

  • starqueen kaungmalay

    January 23, 2014 at 7:03 pm

    အချိုကပြောကြတယ်…ကိုယ်ထက်သာတဲ့သူနဲ့ခရီးနှင်ပါတဲ့……..
    .အကြံလေးဘာလေးပေးကြပါအုံး။

  • ကို ယ် ထက ်သာ သူ နဲ့ ခရီး နှင် ရင်း
    ကို ထက် နိမ့်ကျ သူ ကို လက် တွဲ ခေါ် ဘုူိ့ ကြိုး စား ပါ ခင်ဗျာ

  • ko six

    January 24, 2014 at 6:37 am

    ဘဝ..
    ဆဲသံဆိုသံ အား​ပေးသံ​တွေနဲ့
    တစ်​ကိုယ်​လုံး နှစ်​သိမ်​့​
    ​မျှော်​လင်​့ချက်​က
    ဖိနပ်​အထက်​ ​ဖောက်​ထွက်​​နေတဲ့ဆူး….
    ​အော်​…..ဘဝတဲ့လား

    • ပုံ စံ အ မျိုး မျိုး နဲ့ ဖွဲ့ တည် ထား သော
      အ ဖြစ် အ ပျက် ပေါင်း စုံ ဖြင် ့ ထုံ မွှမ်း ထား သော
      အ ကြောင်း အ ရာ ပေါင်း များ စွာ ပါ ဝင် သော
      လူ ပေါင်း စုံ ပါ ဝင် သော
      အ စု အ ဝေး ကြိး က ဘ ဝ ပါ ဘဲ

  • starqueen kaungmalay

    January 24, 2014 at 6:16 pm

    ဟုတ်ပါတယ်…
    ကိုယ့်ထက်နိမ်ကျတဲ့သူတွေကို လက်တွဲခေါ်ဖို့…
    ကြိုးစားရမယ်။
    ဒါမှ……ကျုပ်တို့ဘဝတွေလဲ…/////???

Leave a Reply