ရန်ကုန်တိုင်း ၊ ရန်ကင်းမြို့နယ် ရှိဆည်မြောင်းရုံးအတွင်း…မီးလောင်ကျွမ်းမှု..ဖြစ်ပွား

zaw mgAugust 7, 20101min872

ရန်ကုန်တိုင်း ၊ရန်ကင်းမြို့နယ် အတွင်းရှိ ဆည်မြောင်းရုံးဝင်းအတွင်းယမန်နေ့ (၇.၈.၂၀၁ဝ )ည ရနာရီခွဲခန့်တွင်မီးလောင်ကျွမ်းခဲ့ရာ….ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များမှမီးသတ်ကားများလာရောက်ငြိမ်း

သတ်ခဲ့ရကြောင်းသိရသည်။

အဆိုပါ ဆည်မြောင်းရုံးမှာ မီကာဆာဟိုတယ်အနောက်ဘက်ရှိဆည်မြောင်းရုံးဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့်ပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမသိရသေးကြောင်း

မီးသတ်တာဝန်ရှိသူများမှပြောကြားခဲ့သည်။ ၎င်းမီးလောင်ကျွမ်းမှုမှာစက်သုံးဆီများရုံးအတွင်းသိုလှောင်ထားမှုကြောင့်ဟုမျက်မြင်သက်သေများကပြောကြားခဲ့သည်။

2 comments

  • Pyaung Gye

    August 8, 2010 at 3:22 am

    ဗိုလ်တထောင် လင်းစဒေါင်းမှာလဲ မနေ့က (၇.၈.၂၀၁၀) မနက် ၉းဝဝ လောက်မှာ ရာဇဓိရာဇ်လမ်းနဲ့ ကမ်းနားလမ်းထောင့် လူနေခွင့်မကျသေးပေမဲ့ အဲဒီတိုက် ၄ လွှာအခန်းက ဝါယာချော့ဖြစ်ပြီးမီးလောင်သွားတယ်လေ
    တလမ်းလိုးဝိုင်းငြိမ်းကြလို့ တခြားကိုမီးမကူးဘဲ မီးငြိမ်းသွားတာ

  • winne

    August 8, 2010 at 9:48 am

    မိုးကောင်းနေတာလည်း မီးကလည်း လောင်ချင်နေသေးတယ် ၂နေရာတောင်မှနော်။

Leave a Reply