ဒုံ မှာ လောင် တဲ့ မီး

မောင်ဆန်းJanuary 21, 20142min14812

ညနေ က အိမ်မှာ သန့်ရှင်းရေး လုပ်နေတုန်း “ အုန်း “ကနဲ အသံ နှစ်ခါ သုံးခါ ကြားရတယ် ခါတိုင်းလဲ ကြားရတတ်တော့ ကားဘီးပေါက်တာ ဂတ်စ် အိုးပေါက် တာ လို့ပဲ ထင်မိတယ် အသံတွေလဲ ထပ်ကြား ခဏနေ မီးခိုးလုံးတွေ တက်လာတော့မှ မီးလောင်နေတာမှန်း သိတော့တယ် အချိန်က ၆:၁ဝ လောက် ရှိပြီ ၊ ဖြစ်တာက အိမ်နဲ့ မနီး မဝေး မို့ လှမ်းမြင်နေရတယ် အုန်း ကနဲ အသံတွေလဲ ကြားရတယ် မီးခိုးမဲကြီးတွေလဲ တက်လာတာမို့ လေဆိပ်ဘေး ဘီအိုစီ မှတ်တိုင်နားက ဆီဆိုင် မီးလောင်ပြီးလို့ ထင်လိုက်တယ်..

အဲဒါနဲ့ ကလေးတွေ ဆော့နေတာခေါ် (ကံကောင်းတာက အိမ်မှာ လူစုံ နေလို့ တော်သေးရဲ့ ကျောင်းသွား အလုပ်သွားတဲ့ အချိန်ဆို စိတ်ပူနေရမှာ)

အရေးကြီး စာရွက်စာတမ်း စားစရာ ရေ နဲ့ ပစ္စည်းနဲနဲ စု အရေးဆို ထွက်ပြေးနိုင်အောင် ကားကို အဆင်သင့်လုပ်ထားလိုက်တယ် ကလေးဘဝ က ဇာတိမြေမှာ မျက်စေ့ရှေ့တင် မီးလောင်တာကြုံဘူးတယ် ဆီတိုင်ကီတွေလောင်ရင် မိုးပေါ်ကိုမြှောက်တက်သွားပြီး အဝေးမှာ သွားကျ ထပ်လောင်တာမျိုးမို့ စိတ်တော့လဲ ပူသွားတယ်…

အခြေအနေသိရအောင် ပြည်လမ်းမ ဘက်ထွက် ကားတွေ စကြပ်လာတဲ့ အချိန် ရှေ့မှာ မီးလောင်နေတယ် ဆက်သွားလို့ မလွယ်ဘူး နောက်ပြန်လှည့်ဘို့ ကားနှစ်စီး သုံးစီး ကို ပြောပေမဲ့ ဘယ်သူမှ မလှည့်ကြဘူး ရှေ့ပဲ ဆက်သွားကြတယ် စ လောင်ပြီး မိနစ် ၂ဝ လောက်ကြတော့ မီးသတ်ကားတွေ စလာနေပြီ အဲဒီ အချိန် မှောင်လာတော့ မီးခိုးလုံးတွေ မမြင်ရပေမဲ့ မီးတောက်ရဲကနဲ တက်လာတာကို မြင်နေရတယ်

အဲဒီ အချိန် မီးလောင်တာနဲ့ မဝေးမှန်း သိတော့ ဖုန်းတွေ ကလဲ တောက်လျှောက်လာတယ် တချို့ကလဲ စိတ်ပူလို့ ကားနဲ့ ရောက်လာကြတယ် ၊ သူငယ်ချင်း တစ်ယောက် ဖုန်းဆက်လို့ လေဆိပ်လဲ လေယာဉ် အတက် အဆင်း ခဏ ပိတ်ထားတယ်လို့ ကြားလိုက်ရတယ် ..

ကားတွေကလဲ ပြည်လမ်းမှာ ပိုကျပ်လာတယ် ညာကြောက ပြည့်ပြီး မောင်းလို့ မရတော့ ဘယ်ဘက်ကြောပါ ဝင် အလုအယက် မောင်းကြရော မီးသတ်ကားတို့ လူနာတင်ယာဉ်တို့ လာတဲ့ အချိန် လမ်းတွေကပိတ် မီးသတ်သမားတွေ ကိုယ်တိုင် လမ်းဆင်းရှင်း ရှေ့သွားလုပ်နေရတယ်..

ည ရ နာရီ ကျော်လာတော့ မီးညွှန့်ရော့သွားတယ် ထပ်တက်လာတာ မတွေ့ရတော့ဘူး မီးလောင်တဲ့ ဘက်က ပြန်လာတဲ့သူတွေ မေးကြည့်တော့ တစ်ယောက် က ဆီဆိုင် ( Terminal) ကလောင်တာတဲ့ တစ်ယောက်ကတော့ ဆီဆိုင်မျက်နှာချင်းဆိုင်က တပ်ဝင်းထဲ လောင်တာတဲ့ ဘယ်ဟာ အတည်မှန်း မသိဘူး အိမ်က မစပ်စုကလဲ သေချာအောင်သွားကြည့်ပါ ဆိုတာနဲ့  လက်တစ်ဖက် က ဖုန်း တစ်ဖက် က ဓါတ်မီးကိုင်ရင်း အမြန်သွားကြည့်ရတယ် လမ်းတစ်လျှောက်လုံးလဲ ရှေ့တိုး မရ နောက်ဆုတ် မဖြစ်နဲ့ ပိတ်မိနေတဲ့ ကားတွေပေါ်က ခရီးသည်တွေလဲ ဘယ်လောက်ကြာမှန်း မသေချာတဲ့ အခြေအနေမှာ စောင့် မနေကြတော့ ပဲ လမ်းဆင်းလျှောက်နေကြတယ် အိမ်က လူတွေ စိတ်ပူမှာ စိုးလို့..

အမေ မင်္ဂလာဒုံ မှာ မီးလောင်နေလို့ လမ်းတွေလဲ ပိတ်နေပြီ သမီးလမ်းဆင်းလျှောက်နေတယ် ပန်းခြံကုန်းရောက်နေပြီ အဖေ့ကို ခရေပင်လမ်းခွဲက လာစောင့်ခိုင်းဦး လို့ ပြောနေသံလဲ ကြားလိုက်ရတယ်

တယ်လီဖုန်းတွေ လူတိုင်းလောက်နီးနီး ကိုင်နိုင်လာလို့ တော်သေးရဲ့ အရင်လိုသာ ဆို မိသားစုတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ရောက်နေမှန်း မသိ ပို စိတ်ပူနေရမှာ..

လမ်းမှာ ရဲ တွေ လမ်းရှင်းနေတာလဲ တွေ့တယ် မီးလောင်တဲ့ နား လမ်းပိတ်ထားတာကို ကားတွေ ဘယ်လို ရှေ့ဆက်သွားနေတာလဲ အံဩနေတာ လမ်းတဝက်ကြမှ သဘောပေါက်တော့တယ် ၊ အမြန်ထွက်ရ မလား ဆိုတဲ့ စိတ်နဲ့ ကိုယ့် ရှေ့က နေရာလွတ်ကို ရ သလောက် တအိအိ ဝင် တိုးရင် ရှေ့ပိုင်းမှာ ကားတွေက ဖိသိပ်ထည့်သလို ဖြစ်နေတာ လှုပ်လို့တောင် မရတော့ဘူး ဒီ လောက် ကျပ်ညပ်နေတဲ့ ကြား ဟွန်းသံ တတီတီ တီး နေတဲ့ ကားသမားလဲ တွေ့ရသေးတယ်…

1
စ မြင် ရတဲ့ မီးခိုးလုံး

မီး လောင်တဲ့ နေရာရောက်မှ Terminal ဆီဆိုင်က လောင်တာ မဟုတ်ပဲ ဓါးလွယ်ခုတ်နေရာက လောင်မှန်းတွေ့ရတယ် ဆီဆိုင်သာဆို မလွယ်ဘူး လောင်စာက အပြည့်နဲ့  ၊ ဆီဆိုင်ထဲမှာတော့ အားလုံးက အေးဆေးပဲ ဆီဆိုင်ဝန်ထမ်းလူငယ်လေးက အချင်းချင်း ” ဘယ်သူလဲကွာ Terminal မီးလောင်တယ်ဆို ပြီး ဖေ့ဘွတ်ထဲ တင်တာ ငါတို့ က အေးဆေးပါ ” လို့ လဲ ကြားခဲ့ ရပါတယ် အောက်က ပုံတွေကတော့ ရွာထဲ တင်ဘို့ ရိုက်လာတဲ့ ပုံတွေပါ ၊ လူကြီးမင်းများ အရေးပေါ် အခြေအနေ စီမံခန့်ခွဲတတ်ဘို့ နဲ့ ပြည်သူတွေ စည်းကမ်းလိုက်နာဘို့ကတော့ အဝေးကြီး အဝေးကြီး လို့ ပဲ …

2
လမ်း မှာ အပြည့်

3

မီးလောင်တဲ့ နေရာဘေး က မီးသတ်ကားများ
မီးလောင်တဲ့ နေရာဘေး က မီးသတ်ကားများ
Terminal  ဆီ ဆိုင်ကတော့ အေးဆေးပဲ
Terminal ဆီ ဆိုင်ကတော့ အေးဆေးပဲ
Google က ရှာပေးထားတာ
Google က ရှာပေးထားတာ

 

 

 

12 comments

  • Ma Ma

    January 22, 2014 at 8:02 am

    စီဂျေကိုမှို ဘရာဗိုပါ။
    မျက်စေ့ထဲမြင်သွားအောင် ဂူဂယ်က ပုံရှာပြီးတောင် တင်ပေးလိုက်သေးတယ်။
    ဒီလိုအကြောင်းစုံသိရလို့ အိမ်ကမစပ်စုကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ 🙂

  • kyeemite

    January 22, 2014 at 8:16 am

    တော်လိုက်တဲ့ စီဂျေကြီး…အင်း…ကိုနိုတင်မှပဲ ဒီသတင်းသိရတယ်…သင့်ခရုပါနော..
    ဂဇက်မှာ..စာတွေလည်းလာရေးပါအုံးဗျ…မစပ်စုနားချည်းကပ်မနေနဲ့..ခိခိ 😀

  • ဦးကျောက်ခဲ

    January 22, 2014 at 8:25 am

    စီဂျေကြီး ကိုနိုရဲ့ သတင်းကတော့ ဂျာနယ်ထက်ပြည့်စုံပါပေ့…
    မြန်တျန့်ပြည်မှာ ထစ်ကနဲဆို မဆိုင်သူတွေအတင်းဝင်တိုးကြတာ ဘာအကျင့်မှန်းမသိ…
    မတော် ထပေါက်မှ ကျပ်ပိတ်ပြီး ပြေးစရာမရှိ ၊ ဂိကုန်မှ အကြောင်းမလှ ဖြစ်ဦးမယ်…
    ကယ်ဆယ်ရေးအတွက် လမ်းဖွင့်ပေးဖို့ သိမှသိကြပါလေစ…

  • Foreign Resident

    January 22, 2014 at 8:32 am

    ဂူဂယ်က ပုံရှာပြီးတောင် တင်ပေးလိုက်သေးတယ်။
    🙂

  • လုံမလေးမွန်မွန်

    January 22, 2014 at 10:49 am

    ခုမှ သေချာသိရတော့တယ်… စတုတ္ထမဏ္ဍိုင်များ ဖွတဲ့နေရာမှာတော့ အားကိုးရပါပေတယ်..
    ကျေးဇူးပါ အူးနို.

  • အဘရဟူဒီ

    January 22, 2014 at 11:03 am

    ကျေးကျေး ဗရာကြော် ဦးမှို..

  • ဒညင်းဝက်

    January 22, 2014 at 12:53 pm

    အဟက်…
    မီးစလောက်တဲ ့အချိန်နဲ ့…
    မီးသတ်ကားတွေ…ရောက်လာတဲ ့အချိန်….
    မီးသတ်ပြီးစီးချိန်….
    အဟင့် အဟင့်…
    ကိုယ်တိုင်ကြုံမှ..ယုံမယ်..

    😥

  • TNA

    January 22, 2014 at 1:47 pm

    စီဂျေ ကိုနိုဇိုပြောမှပဲရှင်းရှင်းလင်းလင်းသိရတော့တယ်။ ကျေးဇူးပါ။ နောင်လဲသတင်းထူးများနှင့်အတူ ရွာထဲပြန်လာခဲ့ပါအုံး

    • nozomi

      January 22, 2014 at 4:00 pm

      မမ၊ကိုမိုက်၊ကိုကြောက်(ကျောက်စ် မဟုတ်)၊ကိုဖော၊မွန်မွန်၊ဘဘကြီးရဟူဒီ၊ ကိုဒညင်းဝက် နဲ့ မသဲ တို့ ကျေးဇူးပါခင်ဗျာ

      ရွာနဲ့ ကျနော့ ကြားက သံယောဇဉ် အမျှင်တန်းကို ရှင်ခန်း မဖြတ်နိုင်သေးတဲ့ အခြေအနေမို့ အခြေအနေပေးတာနဲ့ မကြာ မကြာ ရောက်နေပါ့မယ်

      ဒီ ပို့စ် လေး တင်ဖြစ်လိုက်တော့ တွန့်နေတဲ့ လွိုင်ကော် ပို့စ် လဲ ဒီနေ့ပဲ ထပ်တင်ပေးလိုက်ပါတယ်

      အခုချိန်ထိ အလဲဗင်းက လေစုဆောင်းရေးထဲ မီးလောင်တာလို့ ပြောနေတုန်းပါ တကယ်က လေ စရဖ ထဲမှာပါ ၊ မဝေးတဲ့ နေရာက လူတောင် ဆီဆိုင် လိုလို ဘာလိုလို မို့ မြင်ခဲ့တာလေး သေချာအောင် တင်ပေးလိုက်တာပါ

  • nature

    January 22, 2014 at 4:54 pm

    ခုတလောမီးခဏခဏ လောင်နေတယ်နော်။ လောင်ရင်လည်း စစ်တပ်နဲ့ပတ်သက်တဲ့နေရာမျိုးတွေ နီးစပ်တဲ့နေရာမျိုးတွေအဖြစ်များနေတတ်တယ်။ လောင်တဲ့အကြောင်းအရင်းရောသိရပြီလား။

    • Lay Pai

      January 23, 2014 at 5:02 pm

      စစ်တပ်က မီးလောင် တယ် ဆိုတာရော မှာ်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေတာရော ဘာတွေလဲတော့ မပြောတတ်တော့ ပါဘူးဗျာ။

  • padonmar

    January 22, 2014 at 8:14 pm

    ကိုနို့ကို အဲဒီနား ၂ရက်လောင်တော့ သတိရမိတယ်။ညနေစောင်းဖြစ်သွားပြီဆိုတော့ ရုံးတော့ဆင်းပါပြီလို့ စိတ်မပူတော့တာ။
    ဟိုတခါ ဆီသင်္ဘောလောင်တုံးကလို စီဂျေဓာတ်ပုံတွေ့ရမလားလို့ မျှော်နေတာ မျှော်ရကျိုးနပ်ပါပြီ။
    ………
    မြန်မာပြည်ကလူတွေကလေ ပါးစပ်ကတော့ ဗြဟ္မစိုရ်တရား မချဘူး။လက်တွေ့ကျတော့ ကိုယ်သာ အရေးကြီးဆုံး ထင်နေတတ်ကြတာ။

Leave a Reply