အဘဖေါ ရဲ့ ဘာသာပြန် သင်္ခန်းစာ ( ၃ ) ( မြန်မာပြည် နှင့် နင်လား ငါလား ပါဘဲ )

Foreign ResidentJanuary 22, 20148min23723

အဘဖေါ ရဲ့ ဘာသာပြန် သင်္ခန်းစာ ( ၃ )

( မြန်မာပြည် နှင့် နင်လား ငါလား ပါဘဲ )

 

ဟဲ ဟဲ ၊ ဘာရယ် ဟုတ်ပါဘူး ၊

မကြာခဏ ၊ ဩဇီ ကောင်းကြောင်းလေးတွေ ရေးနေရတာ ရိုးလာလို့ ၊

ဩဇီ ရဲ့ ဆိုးကြောင်းလေးတွေလည်း ရေးဦးမှ တော်မှာပါဘဲလေ ဆိုပြီး ၊ ဟဲ ဟဲ ။

 

အဘ တနေ့က Sunday Telegraph သတင်းစာဖတ်ရင်း ၊

ဩဇီက ဆရာဝန်တွေ နှင့်သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးလေး တစ်ခု တွေ့လို့ ၊

ဩဇီက ဆရာဝန်တချို့ ရဲ့ ဆိုးကြောင်းလေးတွေ ပြန်ဖေါက်သည်ချတာပါ ။

( အဲဒီ ဆောင်းပါး ဖတ်ပြီး မြန်မာပြည်က ဆရာဝန်ကြီးတွေကိုလည်း မြင်ယောင်လာလို့ ) ၊

 

မြန်မာပြည်ကလူတွေ အားမငယ်ကြစေဖို့ပါ ။

မြန်မာပြည်က ဆရာဝန်တွေ မှဘဲ ဆိုးတာ မဟုတ်ဘဲ ၊

ဩဇီက ဆရာဝန်တွေလည်း ဒီလိုဘဲ ဆိုးကြတာပါဘဲ ဆိုတဲ့အကြောင်းပါ ။

အော် ၊ လောဘသားတွေ ဘဲလေ ။

 

ဟဲ ဟဲ ၊ ဆောင်းပါးလေးကတော့ ၊ မနေ့ ( ၁၉ – ၁ – ၂၀၁၄ ) က ၊

Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံးမှာ ပါလာတဲ့ ဆောင်းပါးလေး ပါ ။

( http://dailytel.newspaperdirect.com/epaper/viewer.aspx  )

 

ဆောင်းပါး ခေါင်းစဉ် က ” Medicare rort: GPs pay back $1 million ” တဲ့ ။

ဆောင်းပါး ရဲ့ မူရင်း အင်္ဂလိပ် လို အပြည့်အစုံ ကို အောက်ကပုံမှာ ကြည့်ပါကွယ် ။

အဘ ကတော့ ထင်ရှားတဲ့ စာကြောင်းလေးတွေဘဲ ဘာသာပြန်ပြမယ်နော် ။

 

 ( ၁၉ – ၁ – ၂၀၁၄ ) Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံး ဆောင်းပါး ။

 

( ၁၉ - ၁ - ၂၀၁၄ ) Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံး ဆောင်းပါး 1 ။
( ၁၉ – ၁ – ၂၀၁၄ ) Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံး ဆောင်းပါး 1 ။
( ၁၉ - ၁ - ၂၀၁၄ ) Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံး ဆောင်းပါး 2 ။
( ၁၉ – ၁ – ၂၀၁၄ ) Sunday Telegraph သတင်းစာ ရဲ့ မျက်နှာဖုံး ဆောင်းပါး 2 ။

 

 

 

ခေါင်းစဉ် က ” Medicare rort: GPs pay back $1 million “

GP ဆရာဝန်တချို့မှ အစိုးရ Medicare အဖွဲ့ကို ဒေါ်လှ တစ်သန်း ပြန်ပေးရခြင်း တဲ့ ။

 

” DODGY doctors, who claimed Medicare rebates for treating up to 500 patients a day,

have been ordered to pay back $ 1 million in taxpayer funds. “

 

GP ဆရာဝန်များမှ တစ်နေ့ကို လူနာ အယောက် ၅၀ဝ ကြည့်ခဲ့ပါတယ် ဆိုပြီး ၊

အစိုးရ Medicare အဖွဲ့ကို လိမ်ညာ တောင်းခံခဲ့သဖြင့်၊

အဆိုပါ ပိုတောင်းငွေ ဒေါ်လှ တစ်သန်း ကို ပြန်ပေးရန် အမိန့်ချမှတ်ခြင်း တဲ့ ။

 

” One of the doctors had claimed about $ 8300

to “eyeball’’ a patient every minute over a single day. “

 

အဲဒီထဲက ဆရာဝန် တစ်ယောက်ဆိုရင် ၊ လူနာတွေကို မျက်စိ တစ်ချက်စီသာ ဝေ့ကြည့်ပြီး ၊

သူ့ရဲ့ တစ်နေ့တာ လူနာကြည့်ခ အဖြစ် ဒေါ်လှ ၈၃၀ဝ ထုတ်ယူခဲ့ခြင်း တဲ့ ။

 

” The Health Department Professional Services Review ( PSR ) ordered

19 doctors to pay back $ 1 million and disqualified four of them

from claiming any more Medicare benefits. “

 

အစိုးရ ကျန်မာရေး ပညာရှင် စောင့်ကြည့်မှု အဖွဲ့ ကနေပြီး ၊

အဲဒီ ဆရာဝန်  ၁၉ ယောက် ကို ဒေါ်လှ တစ်သန်း ကို ပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး ၊

သူတို့ထဲက ၄ ယောက်ကိုတော့ နောက်နောင် အစိုးရ ( Medicare ) ထံမှ ၊

ကျန်းမာရေး ဝန်ဆောင်ခ ( Medicare benefits ) တောင်းခံခွင့် ပိတ်ပင်လိုက်ပါတယ် ။

 

Investigations are triggered when GPs claim Medicare payments

to treat more than 80 patients a day, on 20 days of the year.

 

ဆရာဝန် ၁ ယောက်ဟာ ၊ တစ်နေ့ ကို လူနာ အယောက် ၈ဝ ထက်ပိုကြည့်ပြီး ၊

အဲဒီလို လူနာ အယောက် ၈ဝ ထက်ပိုကြည့်တဲ့နေ့ တနှစ်ကို ရက် ၂ဝ ရှိသွားရင် ၊

အဲဒီ ဆရာဝန်တွေ ဟာ Medicare ရဲ့ စောင့်ကြည့် စစ်ဆေးခြင်းကို ခံရပါတယ် ။

 

” One of the GPs forced to hand back cash had claimed rebates

for more than 200 patients a day over several days —

and 500 patients on one day. “

 

အဲဒီထဲက ဆရာဝန် တစ်ယောက်ဆိုရင် ၊

တစ်နေ့ ကို လူနာ အယောက် ၂၀ဝ အထိ မကြာခဏကြည့်ခဲ့ပြီး ၊

တစ်နေ့ မှာတော့ တစ်နေ့ထဲ လူနာ အယောက် ၅၀ဝ တောင် ကြည့်ခဲ့ပါတယ်တဲ့ ။

 

( အဲဒီနေ့ အတွက် သူ့ရဲ့ တစ်နေ့တာ လူနာကြည့်ခ အဖြစ် ဒေါ်လှ ၈၃၀ဝ ကို ၊

ဩဇီ အစိုးရ Medicare ဋ္ဌာန ကနေ ထုတ်ယူခဲ့တာ ပေါ့ )

 

” Had the doctor worked a standard eight- hour day,

each patient would have spent less than a minute in the surgery,

costing taxpayers about $ 16.60 per visit. “

 

ပုံမှန် အလုပ်လုပ်ချိန် တစ်နေ့ ၈ နာရီ ( ၄၈ဝ မိနစ် ) နှင့် တွက်ရင်တော့ ၊

အဲဒီ ဆရာဝန် ဟာ ၊ အဲဒီ နေ့ မှာ လူနာ ၅၀ဝ ကြည့်တယ်ဆိုတော့ ၊

လူနာ တစ်ယောက်ကို ကြည့်ချိန်ဟာ တစ် မိနစ် မပြည့်တာကို တွေ့ရပါမယ် ။

 

အဲဒီနေ့ အတွက် လူနာကြည့်ခ အဖြစ် ဒေါ်လှ ၈၃၀ဝ ကိုလဲ တောင်းခဲ့တယ် ဆိုတော့ ၊

လူနာ တစ်ယောက် ကြည့်ခ အဖြစ် ၁၆ . ၆ဝ ဒေါ်လှ ပဲ ယူခဲ့တာပါ ။

( 8300 $ / 500 patients = 16.60 $ / Patients )

 

“ The practitioner assured PSR that each of these patients had been ‘eyeballed’,’’

the PSR’s latest annual report said. “

 

အဲဒီ ဆရာဝန် ဟာ ၊ လူနာတွေကို မျက်လုံး ဝေ့ကြည့်ရုံဘဲ ကြည့်ခဲ့တာ သေချာပါတယ်တဲ့ ။

 

ဒီ ဆောင်းပါးကို နားလည်လွယ် အောင် အကြမ်းဖျင်း ရှင်းပြရရင် ။

 

၁ ။

ဩဇီမှာ အထွေထွေရောဂါကု ( G P ) ဆရာဝန်ကို သွားပြတဲ့အခါ ၊

လူနာ ကြည့်ခ ကို ၊ လူနာ က ပိုက်ဆံ တစ်ပြားမှ ပေးစရာ မလိုဘဲ ၊

ဆရာဝန်က လူနာ ကြည့်ခ ကို ဩဇီ အစိုးရ ( Dept of Health / MBS ) ဆီကဘဲ တောင်းခံတာပါ ။

 

၂ ။

အဲဒီမှာ ဆရာဝန် တစ်ယောက် က လောဘ တက်ပြီး ၊

တစ်နေ့ထဲမှာ လူနာ အယောက် ၅၀ဝ ( တစ်နေ့ထဲမှာ လူနာ အယောက် ၅၀ဝ ) ကြည့်ခဲ့ပါတယ် ဆိုပြီး ၊

အစိုရ ဆီက လူနာ ကြည့်ခ တစ်နေ့စာ ( တစ်နေ့စာ ) ဒေါ်လှ ၈၃၀ဝ ကို တောင်းခဲ့တဲ့ ကိစ္စပါ ။

 

၃ ။

အဲဒါကို ဩဇီ အစိုးရ ( Dept of Health / MBS ) က စုံစမ်း စစ်ဆေးပြီး ၊

အဲဒီ ဆရာဝန် တွေ ကို ပြန် လျှော်ခိုင်းတာပါ ။

 

၄ ။

တွေ့ရသလောက် ကတော့ ၊

အဲဒီ ဆရာဝန်ဟာ လူနာ ကြည့်ခ တစ်ယောက်ကို 16.60 ဒေါ်လှ ( Level A ) ပဲ ယူခဲ့ပါတယ် ။

( ပုံမှာပြထားတဲ့ Consultation Level A = 16.60 ဒေါ်လှ အတိုင်း ယူတာပါ )

 

( ပုံမှာပြထားတဲ့ Consultation Level A = 16.60 ဒေါ်လှ အတိုင်း ယူတာပါ )

 

( ပုံမှာပြထားတဲ့ Consultation Level A = 16.60 ဒေါ်လှ အတိုင်း ယူတာပါ )
( ပုံမှာပြထားတဲ့ Consultation Level A = 16.60 ဒေါ်လှ အတိုင်း ယူတာပါ )

 

 

၅ ။

အထွေထွေရောဂါကု ( G P ) မှာမှ ၊ အထူးကု ( Fellowship GP ) ဆရာဝန် တွေရှိပါသေးတယ် ။

တကယ့် အပြင် လောကမှာ ၊ အထူးကု ( Fellowship GP ) ဆရာဝန် တွေတောင်မှ ၊

တစ်နေ့ကို ဝင်ငွေလေး ဒေါ်လှ ၁၅၀ဝ – ၂၀၀ဝ ပါတ်ချာ လောက်နှင့် ကျေနပ်နေကြတာကို ၊

ဒီ ဆရာဝန် က ၊ တစ်နေ့ ဒေါ်လှ ၈၃၀ဝ လိုချင်တာကတော့ လွန်လွန်းတာပေါ့ကွယ် ။

 

ကဲ ၊ တွေ့ကြပြီ မှတ်လား ။ လောဘ ရဲ့ သားကောင် ဖြစ်သွားရင် ၊

မြန်မာပြည်က ဆရာဝန်တွေ မှ မဟုတ်ဘဲ ၊

ဩဇီက ဆရာဝန်တွေလည်း ၊ ဒီလိုပါဘဲ ဆိုတာ ။

 

ဒီနေရာမှာ တစ်ခုဘဲ ကွာခြားတာက ၊

မြန်မာပြည် မှာက ၊ တိုင်းပြည်က ဆင်းရဲပြီး ၊ စံနစ် က မကောင်းလို့ ၊ လူတွေ ပျက်စီး နေတာဖြစ်ပြီး ၊

ဩဇီ မှာက စံနစ်ကောင်း ကို ၊ လောဘသား လူတွေ က Bully လုပ် အခွင့်ကောင်းယူနေတာဖြစ်ပါတယ် ။

 

နောက်ဆုံးတော့ ၊ ဩဇီ မှာဖြစ်ဖြစ် ၊ မြန်မာပြည် မှာဖြစ်ဖြစ် ၊

လောဘ ရဲ့ သားကောင် ဖြစ်သွားရင်တော့ အတူတူ ပါဘဲကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

အဟင့် ၊ ဒါနှင့် စကားမစပ် ၊

ဒီတစ်ခေါက် အဘ ဩဇီ ရောက်တော့ ၊ အဘ အိမ်နား ပါတ်ဝန်းကျင် မှာ ၊

ဟိုတစ်ခါ အဘ ပြောထားတဲ့ ရောင်စုံ ကောင်ဆိုးလေးတွေ ရာချီပြီး လာနေနေတယ်ကွယ် ။

 

ရုပ်လေးတွေက ချစ်စရာ ကောင်းသလောက် ၊ အသံတွေက သိပ်နားငြီးတာဘဲကွယ် ။

တစ်နေကုန် နီးပါး ဆူညံနေတာဘဲ ။ မနက် စောစော နှင့် ညနေစောင်းဆို ပိုဆိုးတယ် ။

တော်သေးတယ် ၊ ဒီ ကောင်ဆိုးလေးတွေက ညဖက် မဆူလို့ ။

 

အဘ အိမ်နား ပါတ်ဝန်းကျင် မှာ ရောင်စုံ ကောင်ဆိုးလေးတွေ ရာချီပြီး လာနေနေတယ်ကွယ်။

 

အဘ အိမ်နား ပါတ်ဝန်းကျင် မှာ ရောင်စုံ ကောင်ဆိုးလေးတွေ ရာချီပြီး လာနေနေတယ်ကွယ ်။
အဘ အိမ်နား ပါတ်ဝန်းကျင် မှာ ရောင်စုံ ကောင်ဆိုးလေးတွေ ရာချီပြီး လာနေနေတယ်ကွယ ်။

 

ရုပ်လေးတွေက ချစ်စရာ ကောင်းသလောက် ၊ အသံတွေက သိပ်နားငြီးတာဘဲကွယ် ။

 

ရုပ်လေးတွေက ချစ်စရာ ကောင်းသလောက် ၊ အသံတွေက သိပ်နားငြီးတာဘဲကွယ် ။
ရုပ်လေးတွေက ချစ်စရာ ကောင်းသလောက် ၊ အသံတွေက သိပ်နားငြီးတာဘဲကွယ် ။

 

စားမှာဘဲ ၊ စားမှာဘဲ ၊ ငါ့ကို လာ မ ကြည့်နှင့် ။ အဲဒီ အပင်ပေါ့ Bottle brushes ဆိုတာ ။

 

စားမှာဘဲ ၊ စားမှာဘဲ ၊ ငါ့ကို လာ မ ကြည့်နှင့် ။ အဲဒီ အပင်ပေါ့ Bottle brushes ဆိုတာ ။
စားမှာဘဲ ၊ စားမှာဘဲ ၊ ငါ့ကို လာ မ ကြည့်နှင့် ။ အဲဒီ အပင်ပေါ့ Bottle brushes ဆိုတာ ။

 

ဘာစားသလဲတော့ မမေးနှင့် ၊ ဇောက်ထိုး တွဲလောင်း နှင့် မြေကြီး ထိတဲ့ အထိ စားမှာ ။  

 

ဘာစားသလဲတော့ မမေးနှင့် ၊ ဇောက်ထိုး တွဲလောင်း နှင့် မြေကြီး ထိတဲ့ အထိ စားမှာ ။
ဘာစားသလဲတော့ မမေးနှင့် ၊ ဇောက်ထိုး တွဲလောင်း နှင့် မြေကြီး ထိတဲ့ အထိ စားမှာ ။

23 comments

  • Myo Thant

    January 22, 2014 at 10:30 am

    အဘဖောရေ

    လောဘဆိုတာ ရှိသင့်သလောက်ပဲ ကောင်းပါတယ် ၊

    လွန်လာရင် မတော်လောဘ ဖြစ်လာရောပေါ့ ၊

    ဒါထက် ငှက်ကလေးတွေ လှသဗျာ ၊

    • Foreign Resident

      January 23, 2014 at 6:20 am

      Myo Thant says:
      ” လောဘဆိုတာ ရှိသင့်သလောက်ပဲ ကောင်းပါတယ် ”

      ဟုတ်ပါ့ ၊ တစ်နေ့ကို လူနာ ၅၀ဝ ကြည့်တယ် ဆိုတော့ ၊
      မြန်မာပြည် က နာမည်ကြီး ဆရာဝန်ကြီးတွေကို ပြေးမြင်မိလို့ ရေးလိုက်တာပါ ။

      ကျနော့်အထင် ၊ မြန်မာပြည် က နာမည်ကြီး ဆရာဝန်ကြီးတွေ လဲ ၊
      တစ်နေ့ကို လူနာ ၅၀ဝ လောက် ကြည့်နေကြတယ် ထင်တာဘဲ ။

      အဲဒီ ဩဇီ ဆရာဝန်က တစ်နေ့ထဲနှင့် လူနာ ၅၀ဝ ကို အမှန် တကယ် ကြည့်ခဲ့ပုံဘဲဗျ ။

      လူနာကို အမှန် တကယ် မ ကြည့်ဘဲနှင့် လိမ်ပြီးတောင်းရင် ၊
      သူ့ကို အစိုးရ က Criminal Case ရာဇဝတ်မှု နှင့် တရားစွဲပြီး ၊
      သူ့ရဲ့ ဆရာဝန် လိုင်စင် ကိုပါ သိမ်းလိုက်မှာဗျ ။

      အခုက ၊ ယူထားတဲ့ ငွေတွေ ပြန်တောင်းယုံ နှင့် အစိုးရ ( Medicare ) ထံက ၊
      ကျန်းမာရေး ဝန်ဆောင်ခ ( Medicare benefits ) တောင်းခံခွင့် ပိတ်ပင်ယုံ ဆိုတော့ ၊

      ပုံစံက ၊ Quality Service မပေးလို့ / ဆေး သေချာ မကုလို့ အပြစ်ပေးလိုက်ပုံဘဲဗျ ။
      အဲဒီ ဆရာဝန်က လူနာ ၅၀ဝ ကို အမှန် တကယ်ကို ကြည့်ခဲ့ပုံရတယ် ။

  • လုံမလေးမွန်မွန်

    January 22, 2014 at 10:41 am

    အစိုးရက ကောင်းပြန်တော့လည်း.. :mrgreen:

    ငှက်လေးတွေ ကြည့်ရတာပဲ ကောင်းတယ်.. ကြည့်သွားတယ် အဘ.. 🙂

  • ဒညင်းဝက်

    January 22, 2014 at 1:19 pm

    နင်လားငါလားဖြစ်တယ်ဆိုတော့လည်း…
    ကျေနပ်တယ်..

    အဟိ…
    ဗမာပီပီ..
    😆

  • Mr. MarGa

    January 22, 2014 at 4:43 pm

    စိမ်းစိမ်းစိုစိုနဲ့ ငှက်တွေကိုမြင်ရတာ စိတ်ချမ်းသာပါပေ့
    အသံနဲ့ ဒုက္ခပေးကြတာဆိုတော့ မကြားရအောင် နား ဂွမ်းဆို့ပြီး ဒီအကောင်လေးတွေ ဆော့နေတာကို ထိုင်ကြည့်ရရင်ကောင်းမယ် :mrgreen:

  • sorrow

    January 22, 2014 at 4:59 pm

    အဘအဲ့ဒီမှာ အဲ့ကောင်လေးတွေကို ပစ်ခတ်ရိုက်သတ်ချက်စားပစ်လို့ရဘူးလား….တားတား ပြင်ဦးလွင်တုန်းက အိမ်နောက်က နေကြာရိုင်းတောထဲက ….ကြက်တူရွှေးတွေကို အဲ့လို လုပ်ပစ်တာ ..အဟိဟိ…

    • ချစ်တီးမကြီးအစား ရင်လေးထှာ..
      ဂလောက်ချစ်ချာကောင်းတာကို ရိုက်သတ်ချက်စားပစ်မယ်တဲ့.. အမငီး..

      • sorrow

        January 23, 2014 at 10:11 am

        အဲ့အကောင်တွေက…ဘာနဲ့မှမတူ…အလွန်အရသာရှိတယ် အမွန်ရဲ့….ချိုးကြော် လိုမျိုးလေ… သံလွင်ဆီရယ် ဝိုင်ဖြူရယ် ကြက်သားမှုန့်ရယ်..ဆားရယ် သကြားရယ် နဲ့နယ်လိုက်…ပြီးမှ ပေါင်းချင်ပေါင်း ..ကြော်ချင်ကြော်… အာဟိ…

    • Foreign Resident

      January 23, 2014 at 5:57 am

      sorrow says:
      ” အဘ အဲ့ဒီမှာ အဲ့ကောင်လေးတွေကို
      ပစ်ခတ် ရိုက်သတ် ချက်စားပစ်လို့ ရဘူးလား ”

      အင်း ၊ ဒီလောက် အကောင်လေးတွေ အသားလဲ သိပ်ရှိမယ် မထင်ပါဘူး ။
      အဘ လဲ ငတ်နေရင်တော့ လုပ်မိမလားမသိဘူး ။

      အခု လောလောဆယ်တော့ ၊ အသားတွေများ စားမကုန်အောင် ပေါလွန်းလို့ ။
      ( ကြွားတာ မဟုတ်ရ ပါကွယ် ၊ လက်ရှိ တကယ်ကို ဖြစ်နေတဲ့ ဘဝ တွေပါ )

      အိမ်မှာ ရှိရှိသမျှ အသားတွေ ဟင်းတွေ ရဲ့ အနဲဆုံး ၄ ပုံ ၁ ပုံ လောက်က ၊
      Expired ဖြစ် / ပျက် သွားလို့ ၊ အမြဲတမ်း လွှင့်ပစ်နေရပါတယ်ကွယ် ။
      ( မြန်မာ ငပိကြော် ၊ ငါးပုပ်ခြောက် ၊ လဘက် တွေပါ လွှင့်ပစ်နေရတာ )

      အဘ ကလည်း ယောက်ျားလေးဆိုတော့ ရှာဖွေ ချက်ပြုတ်ဖို့ကို စိတ်မဝင်စား ။
      အခုတောင် Brunch ကို Corn Flakes နှင့် နွားနို့ နှင့်ဘဲ ပွဲပြီးလိုက်တယ် ။

      ကော်ဖီတောင် သပ်သပ် ဖျော်သောက်ရမှာ ပျင်းလို့ ဆိုပြီး ၊
      Corn Flakes ထဲထည့်တဲ့ နွားနို့ ထဲကို ကော်ဖီမှုန့် နှင့် သကြား ပါ ရောထည့်လိုက်တယ် ။
      တစ်ခါတည်း ၊ ဇတ်လမ်း ပြတ်ကရော ။ ဟီ ဟိ ။

      မိန်းမ ကလည်း တစ်ပါတ်ကို ၆ ရက် ပိုက်ဆံနောက်ဘဲ သရဲ မရဲ လိုက်နေ ။
      ( သူလည်း အပေါ်က ဆရာဝန် နှင့် နင်လား ငါလား ပါဘဲ ။ ဟီ ဟိ )

      တစ်နေ့ ၁ဝ နာရီလောက် အသေအကြေ လုပ် ၊ အလုပ်က အပြန် Super Market ဝင် ၊
      ( မိန်းကလေး ပီပီ ဈေးဝင်ရတာကိုလည်း ဝါသနာ ပါသေးတယ် )
      အိမ်မှာ ဘာတွေရှိနေ / ရှိသေးလည်းလဲ ၊ သူ သေချာမသိဘဲ ၊
      ဈေးလျှော့ထားတာတို့ ၊ သူတန်တယ် ထင်တာတွေကို စုပြုံပြီးကောက်ထည့် ။
      အိမ်ရောက်ရင် ၊ ရှိတဲ့ ရေခဲသေတ္တာ ၂ လုံး နှင့် Freezer ၁ လုံးထဲ စုပုံထည့် ။

      လူ ၃ ယောက်ဘဲနေတဲ့ အိမ် တစ်အိမ် မှာ ၊
      ရေခဲသေတ္တာ က ၂ လုံး နှင့် Freezer က ၁ လုံး ဆိုတော့ ၊
      စဉ်းစားသာကြည့်ကြပေတော့ ။
      ( ရေခဲသေတ္တာ က ၂ လုံး ဆိုလို့ အသေးလေး မထင်နှင့် အဲဒီ ၂ လုံးစလုံး လူ တစ်ရပ် ကျော်တယ် )

      တစ်ခါတစ်လေ များ ၊ ဟိုး ဂျောင် ထဲက ထွက်လာတာတွေများ ကြည့်လိုက်ရင် ၊
      Expired Date က လွန်ခဲ့တဲ့ ၂ နှစ် ၊ ၂၀၁၂ ကတည်းက ဒိတ်အောက်နေတာတွေ ။
      အဲလို ။ အဲလို ။

    • Foreign Resident

      January 23, 2014 at 6:40 am

      ( Australia Country Wide ) National minimum wage for adults =
      Currently the full-time minimum wage is $16.37 per hour
      –http://www.fairwork.gov.au/pay/national-minimum-wage/pages/default.aspx–

      ကြုံလို့ ၊ နဲနဲ ထပ်ပြောပြပါရစေကွယ် ။
      ဩဇီမှာ တစ် နာရီ ကို လုပ်အားခ အနဲဆုံး 16.37 $ ပေးရမယ်လို့ ဥပဒေ နှင့် သတ်မှတ်ထားတယ် ။
      ဆိုလိုတာက တစ် နာရီ အလုပ်လုပ်ရင် လုပ်အားခ အနဲဆုံး မြန်မာငွေ ၁၄၇၀ဝ ကျပ် ရမယ် ။

      ကြက်ပေါင် Drum Stick တစ် ကီလို ( ၆ဝ ကျပ်သား ) ကို 2.5 $ ဘဲကျတယ် ။
      ဆိုလိုတာက ဩဇီမှာ တစ် နာရီ အလုပ်လုပ်ရင် အနဲဆုံး လုပ်အားခ ကြက်ပေါင် ၄ ပိသာ ရမယ် ။
      ဩဇီမှာ တစ် ရက် ( ၈ နာရီ ) အလုပ်လုပ်ရင် အနဲဆုံး လုပ်အားခ ကြက်ပေါင် ၃၂ ပိသာ ရမယ် ။

      အဲဒီတော့ကာ ၊ တိရိစာ္ဆန်လေးတွေကို စားဖို့ သတ်ဖြတ်တာ မတွေ့ရတော့ဘူးပေါ့ ။

      • sorrow

        January 23, 2014 at 12:25 pm

        အဘလို ဝင်ငွေအလွန်ကောင်းတဲ့ ….သင်္ဘော ကပ်ပတိန်ကြီးအနေအထားနဲ့လဲ ပစ်ခတ်ရိုက်သတ် စားသောက်မယ် မထင်ပါဘူး ..အဲ့နိုင်ငံရဲ့ ဥပဒေအရ ..ရသလားသိချင်လို့ပါဂျာ …တားတားကြိုက်တတ်လို့ …အကောင်လေး ပစ်လို့ရလား မေးမိပါတယ်… ရေခဲသေတ္တာကြီးနှစ်လုံးနဲ့ ဖိတယ်….အဘ လူဆိုးကြီး …..အဟင့်ဟင့်

  • padonmar

    January 22, 2014 at 8:42 pm

    စနစ်ကြောင့်မဟုတ်…စနစ်ကြောင့်မဟုတ်…
    ဒို့ဘားမန်းလည်းမဟုတ်။

    အဘ အဲဒီကောင်လေးတွေ ဖမ်းပြီး စကားသင်ပါလား။
    စဉ်းစားကြစေလိုပါတယ်…..လို့လေ။

    • Foreign Resident

      January 23, 2014 at 6:48 am

      padonmar says:
      ” အဘ အဲဒီကောင်လေးတွေ ဖမ်းပြီး စကားသင်ပါလား ”

      မလုပ်ပါနှင့် မ padonmar ရယ် ။
      အခုရှိတဲ့ ခွေးလေး ၂ ကောင် နှင့်တင် ၊
      ချာလပတ် ရမ်းနေတာပါ ။

  • kyeemite

    January 23, 2014 at 10:11 am

    ငှက်ကလေးတွေတော့ သဘောကျတယ်ဗျာ…လှလည်းလှပ
    အင်း…သူများတိုင်းပြည်တွေများ အားကျစရာ……

    ဩဇီမှာ တစ် နာရီ ကို လုပ်အားခ အနဲဆုံး 16.37 $ ပေးရမယ်လို့ ဥပဒေ နှင့် သတ်မှတ်ထားတယ် ။
    ဆိုလိုတာက တစ် နာရီ အလုပ်လုပ်ရင် လုပ်အားခ အနဲဆုံး မြန်မာငွေ ၁၄၇၀ဝ ကျပ် ရမယ်

    ညွတ်စွာဖား…အဲ..အဲ..မြတ်စွာဘုရား…မနဲပါလားဗျာ… 🙄
    တစ်နေ့ ၈နာရီဆို ၁၁၇၆၀၀
    ၂၅ရက် တစ်လဆို…၂၉၄၀၀၀ဝ တောင်….
    ကတောက်စ်…ဒီမှာတော့ အနည်းဆုံးလုပ်ခမပြောနဲ့ စက်ရုံမှုးတောင် အဲလောက်မရဘူး..ဟူးးး

    • Foreign Resident

      January 25, 2014 at 7:30 am

      kyeemite says:
      “တစ်လဆို…၂၉၄၀၀၀ဝ တောင်….
      ကတောက်စ်…ဒီမှာတော့ အနည်းဆုံး လုပ်ခ မပြောနဲ့
      စက်ရုံမှုးတောင် အဲလောက် မရဘူး..ဟူးးး ”

      တစ်ခုတော့ ရှိတယ် ဦးမိုက် ရဲ့ ။
      ဒီမှာက မိသားစု သုံးယောက် နေဖြစ်ယုံ အိမ်ခန်း / တိုက်ခန်း လေး ငှားရင်ကို ၊
      တစ်လ ကို အိမ်ငှားခတင် အနဲဆုံး ၁၂၀ဝ – ၁၅၀ဝ လောက်ကျတယ်ဗျ ။
      အဲဒီတော့ ဘယ်လိုဘဲ ချွေတာ ချွေတာ မိသားစု ၃ ယောက် ရှိရင် ၊
      တစ်လ ဒေါ်လှ ၂၀၀ဝ လောက်တော့ အနဲဆုံး ကုန်မယ်ဗျ ။

      အကြမ်းဖျင်း ပြောတာပါ ၊ တကယ်တော့ ကျနော်က အဲဒီ ကိစ္စတွေ သိပ်မသိဘူးဗျ ။
      ဩဇီ အိမ်မှာကော ၊ မြန်မာပြည် အိမ်မှာကော ၊ မီးဖိုး ၊ ရေဖိုး ၊ အင်တာနက်ဖိုး ၊
      ဈေးဖိုး ၊ စတဲ့ အိမ် အသုံးစရိတ် နှင့် ဗာဟီရ တွေ ၊ ကျနော် တစ်ခုမှ မသိဘူးဗျ ။

      မြန်မာပြည် မှာ မိဘ အိမ်မှာနေ ၊ မိဘ ကားကပ်စီးပြီး ၊ မိဘ ကျွေးတာစားတယ် ။
      ဩဇီ မှာ မိန်းမ အိမ်မှာနေ ၊ မိန်းမ ကားကပ်စီးပြီး ၊ မိန်းမ ကျွေးတာစားတယ် ။

  • KZ

    January 23, 2014 at 2:49 pm

    ဒါကျမှ ညန်မာကျီ နဲ့ နင်လား ငါလားဆိုတော့
    ဝမ်းနည်းရမှာလားးး
    ဝမ်းသာရမှာလားဟမ်?

    ဒါနဲ့ Bottle brushes, အဲဒီ အပင်လေးတွေက ရှမ်းပြည်ဘက်မှာ ပေါတယ်။ အနံ့သင်းသင်းလေးးး

    အဲလို ငှက်လေး တစ်ကောင်လောက်တော့ လိုချင်သားးး

    😀

  • TNA

    January 23, 2014 at 5:09 pm

    ငှက်ကလေးတွေချစ်ဖို့ကောင်းလိုက်တာ အဘရယ်။ အသံကအတော်ဆိုးသလား ရန်ကုန်ကဇရက်သံလောက် ဆိုးသလား။

  • ဦးဦးပါလေရာ

    January 24, 2014 at 6:18 am

    နတ်ပြည်မှ မဟုတ်ပဲကလား ကိုဖေါရယ်…

    (ဒီစကားကြောင့် နတ်ပြည်တကယ်ရှိကြောင်း၊ ရောက်ဖူးကြောင်း မဆိုလိုပါ၊ စကားအဖြစ်ပြောတာပါ…)

    လူတွေနေတဲ့ လူ့ပြည်ဆိုမှဖြင့်-

    လူဆိုး လူလိမ်ဆိုတာ နေရာတိုင်းလောက်နီးပါး ရှိလိမ့်မပေါ့

    အရေးကြီးတာက-

    အဲဒီ လူဆိုး လူလိမ်က အဲဒီနေရာကလူအားလုံးရဲ့ ဘယ်နှစ်ရာခိုင်နှုံးရှိသလဲ… ဆိုတာပဲ…………

    • Foreign Resident

      January 25, 2014 at 7:57 am

      ဦးဦးပါလေရာ says:
      ” လူ့ပြည်ဆိုမှဖြင့် – လူဆိုး လူလိမ်ဆိုတာ နေရာတိုင်းလောက်နီးပါး ရှိလိမ့်မပေါ့

      အရေးကြီးတာက – အဲဒီ လူဆိုး လူလိမ်က
      အဲဒီနေရာကလူအားလုံးရဲ့ ဘယ်နှစ်ရာခိုင်နှုံးရှိသလဲ… ဆိုတာပဲ ”

      မှန်ပါ့ ။

  • Crystalline

    January 24, 2014 at 2:54 pm

    အန်တီကရော.. တနေ့လူနာဘယ်လောက်ကြည့်လဲအဘ… :loll: ဦးလေးဆရာဝန်ကြီး.. သူကတော့ အခုခေတ်လို့ စက်ကြီးတွေမပေါ်ခင်ကတည်းက ဆရာဝန်ကြီးဆိုတော့ ရောဂါတွေကို ဘာအကူအညီမှမပါဘဲ စမ်းသပ်ကုသခဲ့သူပေါ့.. သူအာရှတော်ဝင်မှာဆေးရုံလည်းတက်ရရော.. နှလုံးအထူးကုကြီးက နေ့စဉ်လာကြည့်တော့.နားကျပ်နဲ့ ရင်ဘတ်ကိုတစ်ချက်ထောက်… ချာ့ထ်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ပြီးထွက်ထွက်သွားတာ.. ဒီကထုံးစံပေါ့.. လက်ထောက်တွေကတော့ အခြေအနေပြောပြထားကောင်းပြောထားမှာပါ.. သူအကြီးအကျယ်စိတ်ဆိုးတာပေါ့.. ဘယ်လိုဆရာဝန်တွေလဲဆိုပြီး ပိုက်ဆံတွေလိမ်ယူပါတယ်ဆိုပြီး :))

    • Foreign Resident

      January 25, 2014 at 7:55 am

      Crystalline says:
      ” အန်တီကရော.. တနေ့လူနာ ဘယ်လောက် ကြည့်လဲ အဘ ”

      ဟဲ ဟဲ ၊ အန်တီက လောဘ သိပ်မရှိတဲ့ အတွက် ၊
      သူ့လို လူနာကို အများကြီး မကြည့်ပါဘူးကွယ် ။
      ( ရှာဖွေ ကျွေးမွေးစရာ ဆိုလို့လဲ — ဟဲ ဟဲ )

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 24, 2014 at 3:13 pm

    ကျိရတာ သူ့ဒေါက်တာဂျီးအဲ့သည်ထဲမပါတာများ
    လာကြွားနေသလားဘဲ :mrgreen:
    သူတော်ကောင်းရဲ့အဆုံးအမမှာမရှိသော
    သူတော်ကောင်းစကားကို မနားထောင်၍ သူတော်ကောင်းတရားမသိသော
    ဆရာတော်အရှင်သူမြတ်များ၏ ဆုံးမသွန်သင်မှု့အောက်၌မရှိသော
    . လောဘ၏ ဆိုကျိုးကိုမသိသော သတ္တဝါတွေဟာ လောဘကြောင့်ပညာနည်းတတ်ဒယ်
    ဘါ့ဂျီးရဲ့
    . ပြောရရင် ကျုပ်တောင် ငယ်ငယ်က ဘိုင်ပြတ်လို့ ခိုးဘို့မရှိရင်
    . ဆွဲကြိုးကို တစ်ကုံးလုံးမလုပ်ဘူး တစ်ဆစ်ခြင်းဖြုတ်ပြီးလုပ်တယ်
    . ခုလည်းကျိ ဒီဆရာဝန်တွေ သင်္ချာတတ်ပုံမရဘူး
    . ကိုယ်လုပ်တဲ့လူနဲ့ အချိန်ကို တွက်မတတ်တော့ သူခိုးလူမိတာပေါ့
    .ပြောရရင် အဘတို့ အောဇီးဟာ မူကောင်းပေမယ့်လူတွေတော်တော်မကောင်းဘူး :mrgreen:
    . ကျုပ်တို့စီမှာက နေ့တွက်မစီလို့သာ ခွဲတမ်းရတဲ့ဆေးတွေကို အပြင်မှာရောင်းစားနေကြတာ
    . အဘတို့စီမှာလောက်သာ နေ့တွက်စီကျိ လူလိမ်သူခိုးဆိုတာ မြင်ဘူးခြင်ရင်
    . အောဇီးကို လိင်ဗျံစီးပြီးသွားကျိရမယ့်သဘောစိဒယ်

    • Foreign Resident

      January 25, 2014 at 7:48 am

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” ဆွဲကြိုးကို တစ်ကုံးလုံးမလုပ်ဘူး တစ်ဆစ်ခြင်းဖြုတ်ပြီးလုပ်တယ် ”

      ဟဲ ဟဲ ၊ မှန်ပါ့ ၊ ကပု ရေ ။

      အင်းးးး ၊ တကယ့် အမှန်ကို ပြောရမယ် ဆိုရင် ၊
      အရင်က ဩဇီ မှာ ဆရာဝန်တွေ တော်တော်ရှားပြီး ခေတ်ကောင်းခဲ့ဘူးတယ်ဗျ ။
      အဲဒါနှင့် ဒီနှစ်ပိုင်းမှာ ဩဇီ အစိုးရက ဆေးကျောင်းတွေကို ဖိအားပေးပြီး ၊
      ဆရာဝန်တွေ အများကြီး မွေးထုတ်ခဲ့တယ်ဗျ ( တစ်နှစ်ကို ၁၂၀ဝ ကျော် ) ။
      အဲဒီတော့ အခုအခါမှာ ဩဇီ မှာ ဆရာဝန် အငယ်တွေ တော်တော်များလာပြီဗျ ။

      ( အခုဆို မြန်မာပြည်ကနေ AMC လာဖြေပြီး အောင်တဲ့ ၊
      ဆရာဝန် အငယ်တွေ ၊ အလုပ်ရဖို့ တော်တော် ခက်လာပြီဗျ ၊
      IELTS လိုအပ်ချက်ကိုလည်း Individual 7.5 တောင်းတော့ ပိုဆိုးသပေါ့ဗျာ )

      အဲဒီမှာ Demand & Supply သဘောတရား အရ ၊
      နောက်ပိုင်းမှာ ဆရာဝန် တွေ ပိုက်ဆံ / ဝင်ငွေ သိပ် မကောင်းနိုင်တော့ဘူးဗျ ။

      အဲဒီတော့ကာ ၊ လိုရင်း ပြောရရင်တော့ ၊ အခုမှ ဆရာဝန် ဖြစ်ကာစတွေ ခမျာမှာ ၊
      သူဋ္ဌေး ဖြစ် နောက်ကျနေသလိုဖြစ်ပြီး ၊ ရတုံးလေး အမြန်ဆွဲနေကြသပေါ့ လေ ။

Leave a Reply