နှစ်ဝက်ပြည့် အမှတ်တရ

6 monthsနှစ်ဝက်တိုင်ခဲ့ပြီ..

ချစ်လက်ကို ခိုင်ခိုင်တွဲရင်း

ဘဝကို အနိုင်ယူကြမယ်..။

 

ပူပန်စရာတွေ ခဏမေ့ထား

တို့တွေရဲ့ ကံကြမ္မာကို

ကိုယ်တိုင်ဖန်တီးယူကြမယ်။

 

နားလည်မှုတစ်ခုပါပဲ..

နှလုံးသားချင်းသာ နီးပါစေ

နံဘေးမှာ ရှိနေသလိုပေါ့..။

 

အခက်အခဲဆိုတာ စာမေးပွဲ

တို့တွေ ဖြေရဲဖို့ပဲလိုတယ်

ယုံကြည်မှုတစ်ခုနဲ့လေ…။

 

စကားတွေနဲ့မှ မဟုတ်ဘူး..

ရိုးသားတဲ့ အချစ်နဲ့ ကြင်နာမှုကို

နက်ရှိုင်းစွာ ခံစားမိဆဲ.. .. .. ။ ။

 

 

 

 

23 comments

  • Myo Thant

    January 22, 2014 at 3:00 pm

    နှစ်တစ်ရာတိုင်စေဗျား 🙂

  • sorrow

    January 22, 2014 at 3:03 pm

    ရမ်းနိုင်မကျင့်နဲ့ ..ကျုပ်ညီလေးကို …. 😛
    မပြောင်းလဲတဲ့အချစ်နဲ့ မကြာတော့တဲ့တနေ့မှာ ပေါင်းဖက်ရပါစေ ..ဆုတောင်းပေးမယ်

  • ​ကျေး​ကျေးပါ အူးမျိုး..

    ဟိုလူရီး.. တကယ်​ အနိုင်​ကျင်​့ပလိုက်​ရမား.. ဟွန်​း..
    ​ပေးနဲ့ဆုနဲ့ပြည်​့ပါ​စေ…

  • nozomi

    January 22, 2014 at 4:06 pm

    စိတ်တူ ကိုယ်တူ ချစ်သူနှစ်ဦး နှစ်ဝက်မှ သက်ဆုံးတိုင်ပါစေ

  • padonmar

    January 22, 2014 at 8:18 pm

    ၅လတုံးက တယောက်ကကြွားတယ်။
    ၆လကျတော့ နောက်တယောက်ကကြွားတယ်။
    အော်မေ့ဂိုဏ်းက နှုတ်ထွက်ကြေးကောက်မှာနော်။

  • ဒညင်းဝက်

    January 22, 2014 at 8:18 pm

    နှစ်ဝက်ပြည့်…
    တစ်ဝက်ပြည့်လည်း..ဟုတ်တယ်.. ။

    😆

    ဒါနဲ ့… နီပရိုဖိုင်ထဲက..ပုံက ဘယ်နယ့်ဖြစ်တာတုန်း…

  • MAUNG

    January 23, 2014 at 7:01 am

    ကဗျာ ရဲ့ နောက်ဆုံး အပိုဒ် ကိုအကြိုက်ဆုံး ဘဲ

    စကားတွေနဲ့မှ မဟုတ်ဘူး..

    ရိုးသားတဲ့ အချစ်နဲ့ ကြင်နာမှုကို

    နက်ရှိုင်းစွာ ခံစားမိဆဲ..

    ပျော်ရွှင်ပါစေ ဗျာ

  • ရွှေတိုက်စိုး

    January 23, 2014 at 8:56 am

    အော် ဂလုံးဂလုံး လိမ့်ပြီး လောင်ကစားလုပ်နေတဲ့ ကောင်မလေး… နှစ်ဝက်တောင်ပြည့်ပြီပေါ့လေ..
    နောက်လဲ ဂလုံးဂလုံးကို လုံးသွားတဲ့အထိ ဆက်လှိမ့်နိုင်ပါစေဗျားးးးးးးးးးးး.. ဟိဟိဟိ

  • ဦးကျောက်ခဲ

    January 23, 2014 at 9:46 am

    ကိုရင်ဆာ ၊ ဦးကျောက်စ် နဲ့ အဖွဲ့သားများကောင်းမှု…
    အနှစ်တစ်ရာ တိုင်စေသောဝ်… အား ဟိ
    😀

  • kyeemite

    January 23, 2014 at 9:56 am

    နှစ်ဝက်မှသည်
    ရာသက်ပန်တိုင်
    မြဲခိုင်ခိုင်ဖြင့်
    ရွှေလက်တွဲ၍
    နွဲနိုင်ကြစေ
    တောင်းဆုချွေ၏။ 😛

  • ဗုံဗုံ

    January 23, 2014 at 10:05 am

    လ များမှသည် နှစ်များဆီသို့
    ရွှေရတု စိန်ရတု တိုင်
    ဆွဲကိုင်လက်များ ခိုင်မြဲပါစေ……..

    ချစ်သောသူငယ်ချင်းနှစ်ယောက်လုံး
    အပူပင်မရှိဘဲ ဘဝကို အေးချမ်းသက်သာစွာ
    ကျော်ဖြတ်နိုင်ပါစေ…..

  • မဟာရာဇာ အံစာတုံး

    January 23, 2014 at 1:12 pm

    နှစ်ဝက်မှသည် ..
    ရာထောင်သောင်းသိန်း … ချီ …
    လက်တို့ ခိုင်ခိုင်မြဲပါဇီ ….

    အပေါ်ဂ ဆုတောင်ပေးသူအားလုံးကို ကျေးဇူးဘဲ …
    မတောင်းပေးတဲ့လူတွေ မပါဘူး …

  • Crystalline

    January 23, 2014 at 2:07 pm

    ဒီကလေးမလေး မြေကြီးပေါ်ထိုင်နေတယ်… :)) နှစ်ဝက်မှ ရာစုဝက်ကျော်တိုင်ပါစေနော်.. ငါ့ညီမလေးပျော်ရွှင်ရပါစေ.. ဟိုတစ်ယောက်ကတော့ ပျော်ပျော်မပျော်ပျော် :loll:

  • KZ

    January 23, 2014 at 2:55 pm

    မြန်မြန်ယူကြတော့။

    မမဂျီး က လက်စွပ် ……
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .

    တင်တဲ့ ခေါင်းအုန်းသေးသေးလေးတွေ တာဝန်ယူတယ်လို့။ ငိငိ။

    :mrgreen:

    မောင်ငေးရော ညီမငေးရော ပျော်ရွှင်ပါစေ။
    နာ့ ညီမလေး နိုင်ရပါစေ။
    သူ့ပို့(စ) မှာ ဂလိုပဲ ပြောရမယ်။
    :chit:

  • ဆုတောင်းပေးသူ အားလုံးကို ကျေးကျေးအကြီးကြီးပါလို့..
    အားလုံးရဲ့ မေတ္တာကြောင့်လည်း အခုထိ ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်လို့..

  • TNA

    January 23, 2014 at 3:39 pm

    နှစ်ဝက်မှသည်နှစ်တရာတိုင်ပါစေ။
    နှစ်ဝက်လုံးနားမညီးဘူးလားအမွန်လေးရယ်။ :mrgreen:

  • ကြောင်ဝတုတ်

    January 23, 2014 at 4:02 pm

    အို… သိပ်ပိုတာပဲ…
    တစ်နှစ်ပြည့်အထိ မစောင့်နိုင်လို့
    နှစ်ဝက်ပြည့်လုပ်တာ… ဟို ရက်တရာပြည့်လုပ်တဲ့လူတွေလိုပဲ… ဟီးဟီး

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • moonpoem

    January 23, 2014 at 4:39 pm

    ဪ မမွန်တို ချစ်သက်တမ်းတောင် နှစ်ဝက်ပြည့်သွားပြီပေါ့။သာယာချမ်းမြေ့သော အချစ်များကို အမြဲတမ်းပိုင်ဆိုင်ပါစေလို ့ဆုတောင်းပါတယ်ချင်။ မမွန်ကိုလည်း ယုံပါတယ်။ မမွန်လူကြီးလည်း သူ ့နာမည်အတိုင်း မျက်နှာမများဘူးဆိုတာ မမွန်ယုံ။(ဘာမှလည်းမဆိုင်ဘူး အဟီး)

  • kai

    January 23, 2014 at 5:09 pm

    ပုံကြည့်ပြောတာ….
    လက်ထပ်တမ်းကစားကြတာလားဟင်..
    စုလျှားရစ်ပတ်ဖို့.. ပန်းကြိုးလေးတောင်ပါသေး… :mrgreen:

  • Ma Ma

    January 23, 2014 at 5:44 pm

    နှစ်ဝက်မှသည် အချစ်တွေ ခိုင်ပါစေ။ နှစ်တရာတိုင်ပါစေ။ 🙂
    သူငယ်/မများကောင်းစားရေးအတွက် အော်မေ့ဂိုဏ်းကိုလည်း စာရင်းရှင်းလင်ဖျက်သိမ်းဖို့ လုပ်နေပြီ။ :mrgreen:

  • Mr. MarGa

    January 23, 2014 at 7:52 pm

    နှစ်ဝက် (တစ်နည်း) ခြောက်လချဉ်းခဲ့
    ဆက်လက်ထွက်ခွာ နှစ်ပေါင်းများစွာ
    သာယာလှပ ငြိမ်းချမ်းကြစေသော်ဝ်
    မြှားနတ်မောင်တော့ ကိုယ့်ကိုကိုယ် ပြန်ပစ်ရ ကောင်းမလား တွေးနေသည် :mrgreenn:

  • aye.kk

    July 22, 2015 at 5:13 pm

    နှစ်ဝက်ပြည့်အမှတ်တရဆုတောင်း
    လုံမလေးနဲ ့အံစာတို့ရဲ ့
    နက်ရှိုင်းတဲ့နှလုံးသားတစ်စုံမှာ
    ပျော်ရွှင်မှုသုခတွေနဲ့အတူမေတ္တာပေမထုံလွှမ်းမွှေးပျံ ့သင်းပါစေ။။

Leave a Reply