ကယားပြည်နယ်နေ့ ကြုံချင်တာနဲ့ လွိုင်ကော်ကို ၁၂ ကနေ ၁၆ ထိ သွားဖြစ်လိုက်တယ်၊ ၁၉၉၇ လောက်က တစ်ခေါက် ရောက်ဘူးပေမဲ့ တစ်ညအိပ် ခရီးမို့ ဘယ်မှ မရောက်ဖြစ်လိုက်ဘူး ၊ အခုတစ်ခေါက်တော့ အချိန်ရတာမို့ သွားဖြစ်တာတွေထဲက သိချင်မယ် ထင်တာလေးတွေ ရွာသူားတွေ အတွက် တင်ပေးလိုက်ပါတယ်..

ခရီးစဉ်

လွိုင်ကော်ကို လေယာဉ် နဲ့ ရော ကားလမ်းကပါ သွားလို့ ရပါတယ်၊လေယာဉ်က လောလောဆယ် မြန်မာ့လေကြောင်း တစ်ခုပဲ ရှိသေးတယ် တစ်ပါတ် (၄) ရက် (လာ၊ဟူး၊ကြာ၊သော)ရှိတယ် ၊ မြန်မာ့လေကြောင်းမို့ အချိန်အပြောင်းအလဲလေးတွေတော့ ရှိတတ်တယ် နောက်နှစ်လလောက်ဆိုရင်တော့ ပုံမှန် လမ်းကြောင်းနဲ့ လေကြောင်းလိုင်းအသစ်တွေ ရှိလာနိုင်ပါတယ်။ ကားလမ်းကတော့ အောင်ပန်း ပင်းတယ ဘက်က သွားလို့ရမယ် ၊ တောင်ငူလိပ်သို ဘက်ကတော့ လမ်းကြောင်းရှိတယ် လမ်းမကောင်းတာရယ် နယ်မြေအခြေအနေတွေကြောင့် လမ်းပိုတိုပေမဲ့ ဘယ်သူမှ အသုံးမပြုကြဘူး၊ ကိုယ်ပိုင်ကားနဲ့ သွားလို့ ရသလို ရန်ကုန် မန်းလေး ဘက်တွေကိုလဲ လိုင်းကားဂိတ်တွေ ရှိပါတယ်။

ရာသီဥတု

ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၀ ပေ မှာ ရှိတာမို့ နေလို့ကောင်းတဲ့ မြို့လေးပါ၊ဒီဇင်ဘာထဲ သွားသူတွေ ကို မေးကြည့်တော့ သိပ်မအေးသေးဘူး ဆိုပေမဲ့ ကျနော်ရောက်တဲ့ ရက်ကတော့ တော်တော်လေးကို အေးပါတယ် ညနေစောင်းတာနဲ့ အနွေးထည် မ၀တ်ပဲ မနေနိုင် ခေါင်းစွတ် မစွတ်ပဲ အပြင် မထွက်နိုင်ပါဘူး ၊ အဲဒီရက် အပူချိန် ၈ ဒီဂရီ ရှိပါတယ် ၊ သူတို့ အဆိုအတိုင်း ကယားပြည်နယ်နေ့ကတော့ အအေးဆုံးပါပဲ။

ကယားပြည်နယ်နေ့

၁၅-၁-၂၀၁၄ က (၆၂)နှစ်မြောက် ကယားပြည်နယ်နေ့ပါ၊မြန်မာပြည် တစ်ခုလုံး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပေမဲ့ ကယားပြည်နယ်ကတော့ အင်္ဂလိပ်အောက် မရောက်ခဲ့ပါဘူး ပြည်နယ်ကို နယ်မြေအလိုက် သက်ဆိုင်ရာ စော်ဘွားတွေကသာ အုပ်ချုပ်ခဲ့ကြတာပါ ၊ အင်္ဂလိပ်တွေ မော်ချီးမိုင်းလုပ်တော့ ဘော်လခဲ စော်ဘွားကို အခွန်ပေးခဲ့ကြတယ် ၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တွေ သတ်မှတ်ဘို့ လုပ်တော့ ကရင်နီ နဲ့ ကရင် တမျိုးထဲပဲ နယ်မြေတစ်ခု ထဲ သတ်မှတ်ပေးပါ ဆိုတာမျိုး တောင်းဆိုတာကို ကရင်နီ ဆိုတာ တခြားသူတွေက သူတို့ကို ခေါ်တဲ့ အမည် ကရင်နဲ့ ရုပ်ရည် စကားလဲ မတူ သီးခြားစီ ဖြစ်တာမို့ ကယားပြည်နယ်အဖြစ်သာ သတ်မှတ်ပေးဘို့ တောင်းဆိုတာကို ၁၉၅၂ ဇန် ၁၅ မှာ ရခဲ့တာမို့ ကယားပြည်နယ်နေ့ ဖြစ်လာတာပါတဲ့။

 

ကယားပြည်နယ်နေ့ တက်ရောက်လာသူတွေ

ကယားပြည်နယ်နေ့ တက်ရောက်လာသူတွေ

ကယော တို့ ကယား  တို့

ကယော တို့ ကယား တို့

မြန်မာပြည်က ပဒေါင် (ညာဘက် အစွန်ဆုံး သမီးလေးက ၁၃ နှစ် ၈ တန်း တက်နေတယ်)

မြန်မာပြည်က ပဒေါင် (ညာဘက် အစွန်ဆုံး သမီးလေးက ၁၃ နှစ် ၈ တန်း တက်နေတယ်)

ရိုးရှင်း ပြီး ဆန်းပြားမှု ကင်းလွန်းပေမဲ့ ရိုးသားတဲ့ တိုင်းရင်းသူများရဲ့ သဘာဝကျကျ အပြုံး

ပျော်ရွှင်ပွဲများ  

ကယားပြည်နယ်နေ့ ကို ၁၀ ရက်လောက် လုပ်ပါတယ် တကယ်စည်တာက ၁၄-၁၇ ပါ ၊ ပြခန်းတွေ ရှိတယ် ၊ ဆိုင်ခန်း ၁၀၀၀ ကျော်ဖွင့်တယ် လူကတော့ ကြိတ်ကြိတ်တိုးပဲ ပြည်နယ်မှာ လုပ်ပေမဲ့ လောင်းကစားဝိုင်းတွေ မပါတာက အံသြစရာ ၊ ဓါးပြလှေ စီးတာမှာလဲ အပြည့် မတ်တပ်ရပ်စီးတဲ့သူ ၊က ပြီး စီးတဲ့သူနဲ့ ဘာ ဘေးကင်းရေး အစီအမံ မှ မရှိတာတော့ စီးတဲ့သူတွေ မသိပေမဲ့ ကြည့်ရတာတော့ ကြောက်စရာပဲ ၊ ခေါင်ရည် ဆိုင်တွေကတော့ အစွန်တန်းတွေမှာ ထားတယ် ဒီ မှာလဲ လူ ဘယ်နဲမလဲ ၊ စတိတ်ရှိုး နှစ်ရက် ရှိတယ် ၀ိုင်းစု တို့ ဘန်နီဖြိုးတို့လာတယ် ဘောလုံးကွင်း အပြည့် ၊ စင်ပေါ်က ကြိုက်တဲ့ သီချင်းဆို အားလုံးကို လိုက်ဆိုနိုင်တယ် တခြားမြို့တွေကပါ ညအိပ်လာကြတာပဲ ရင်ခွင်ပိုက်ကလေးနဲ့တောင် လာ အားပေးတယ် ရာသီဥတုက အေး ၊ စင်ပေါ်က သီချင်းကမြူး တကွင်းလုံးက မိန်းကလေးငယ်ပါ မကျန် မူးနေ ခုန်နေ ပျှော်နေပေမဲ့ ရန်ဖြစ်တာ စကားများတာ မတွေ့ရတာတော့ ပို လို့ အံသြဘို့ကောင်းတယ် လုံခြုံရေးယူထားတာက ငြိမ်းချမ်းရေး အဖွဲ့တွေ၊ ၁၆ နဲ့ ၁ရ မှာ 5 Star အဖွဲ့ လာမယ် အဲဒီကျရင် ကြိုက်ကြလို့ရော အခမဲ့ပါမို့ ကွင်းတောင်ရှံသွားမယ်တဲ့ ။

အေးလွန်းတော့ နွေးတာလေးတွေ ရောင်းကောင်းတယ်

အေးလွန်းတော့ နွေးတာလေးတွေ ရောင်းကောင်းတယ်

စားကြဦးမလား

စားကြဦးမလား 

ဒီ လို တတ်တူး ဆိုင် ၂၀ ကျော်တယ် ဘာ တစ်ခါသုံး မှ မရှိ

ဒီ လို တတ်တူး ဆိုင် ၂၀ ကျော်တယ် ဘာ တစ်ခါသုံး မှ မရှိ

ဒီ လို အမှန်အကန် အားပေးတယ်

ဒီ လို အမှန်အကန် အားပေးတယ်

အစားအသောက်    

ဒေသ အစားအသောက်တွေထဲက စ စားဖူးကတဲက ကြိုက်တာ ကယားဝက်အူချောင်းနဲ့ ခေါင်ရည်ပါ ၊ ခေါင်ရည် ဆို မှန်မှန်လေး နဲ့ ယဉ်ယဉ်လေး တက်လာတဲ့ အရသာလေးက ဆွဲမက်စရာပါ၊ ၀က်အူချောင်းက စားနေကြ အရသာမျိုး မဟုတ်ပဲ လုံးဝ မအီ ငရုတ်သီးစပ်စပ် အရသာလေးနဲ့ပါ ၊ နောက် ခေါင်ရည်ဆိုင်တွေမှာ သောက်ခဲ့ရတဲ့ ဆန်ပြုတ်ရဲ့ အရသာကလဲ တရုတ်တန်းက ဆန်ပြုတ်တွေထက် မညံ့ကြောင်း အာမခံနိုင်ပါတယ်၊ ထူးထူးဆန်းဆန်းကတော့ ဘီလူးချောင်းကရတဲ့ ခရုကို ပြုတ်ထားတဲ့ ဟင်းပါ အထဲက အသားလေးကို စုတ်စုတ်စားရတာလေးကလဲ အတွေ့အကြုံသစ်တစ်မျိုးပဲ ၊ အဲ လွိုင်ကော် ကို ရောက်သွားရင် ကယား ဟင်းထုတ်စားဘို့ မေ့လို့တော့ မရပါဘူး သပ်သပ်လွတ်ရော အသားပါ ရပါတယ် ၊ အခုထိတောင် ဟင်းထုပ် အရသာလေးရော ကယားမလေးရဲ့ မျက်နှာဝင်းဝင်းလေးရော သတိရနေတုန်းပါ ၊ တို့ဟူး နဲ့ ပတ်သက်ရင်တော့ ဒေါ်ရှမ်း  ဆိုင်ကို အကြိုက်ဆုံးပဲ မနက်ပိုင်း တို့ဟူးနွေး ညနေ ပိုင်း တို့ဟူးသုတ်လေး မဖြစ်မနေ သွားစားကြည့်ဘို့ကောင်းတဲ့ နေရာပါ ၊ ငါးထမင်းနယ်၊၀က်/အမဲသချဉ် ၊ အင်းမုန့်ဟင်းခါးလေးလဲ မြည်းစမ်းခွင့် ရခဲ့တာ ကြိုက်တာပါပဲ ၊ ခြုံပြောရရင်တော့ စားခဲ့ သမျှ အားလုံး ကို ကြိုက်ပါတယ် ၊ရန်ကုန်မှာ အိမ်စာ ကလွဲလို့ အပြင်စာ စား မိရင် အခန့် မသင့် ဗိုက်ပြသနာ ရှိပါတယ် ၊လွိုင်ကော်မှာတော့ ပွဲဈေးရော လမ်းဘေးရော ဆိုင်မှာရော တွေ့သမျှ စားခဲ့တာ ဘာမှ မဖြစ်တာလဲ အမှတ်တရပါပဲ။

ဟင်းထုပ်၊သင်္ဘောသီးထောင်း၊၀က်အူးချောင်း၊ဂျူးမြစ်

ဟင်းထုပ်၊သင်္ဘောသီးထောင်း၊၀က်အူးချောင်း၊ဂျူးမြစ်

ဆန်ပြုတ်၊၀က်စွတ်ပြုတ်၊ခေါင်ရေ

ဆန်ပြုတ်၊၀က်စွတ်ပြုတ်၊ခေါင်ရေ

ဒီလို အသီးအရွက် လတ်ဆတ်လို့လဲ အရသာကောင်းတာပေါ့

ဒီလို အသီးအရွက် လတ်ဆတ်လို့လဲ အရသာကောင်းတာပေါ့

 

 

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ