Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဒီနေ့နေ့ခင်း စိတ်ထဲ ပေါ့ပါးလတ်ဆတ် ပြီး မြူးနေမိတယ်…

ဘာရယ်တော့မဟုတ်…နေ့ရွှေ့ ညရွှေ့ နဲ့ ထားခဲ့တဲ့ အလုပ်ကြွေးတစ်ခုရှောရှောရှု ရှု ပီးသွားလို့ပါ…ဒီအတွက်လည်းကျေးဇူးတင်ထိုက်သူ ဂဇက်ရွာသား တစ်ယောက်နဲ့

ဂဇက်ရွာသူတစ်ယောက်တို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်းလေးလေးနက်နက်ပြောချင်လို့ ဒီစာကိုရေးလိုက်တာပါ…

ပြီးသွားတယ်..ဆိုတဲ့အလုပ်က ပါတ်စ်ပို့ သက်တမ်းတိုးတဲ့ အလုပ်ပါ…

တိုးမယ်..တိုးမယ်နဲ့ ရက်ရွှေ့လာတာ..ဒီနေ့မှတိုးဖြစ်သွားပါတယ်…

သက်တမ်းက ၂၀၁၃ အောက်တိုဘာကတည်းကကုန်နေတာလေ…

ပထမဆုံး ပါတ်စ်ပို့ရုံးသစ် ပြောင်းပီးချိန် သက်တမ်းတိုး အတွေ့အကြုံရေးတင်ခဲ့သူက

ကျုပ်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး “ဦးဦးပါလေရာ” ပါ….

ဒုတိယ ထပ်မံပီး အသေးစိတ် အကြံပြုချက်တွေနဲ့ ကိုယ်တွေ့ အခက်အခဲလေးတွေရေးတင်သူက ဂဇက်ရွာသူ မွသဲနုအေးပါ…

ဦးပါရဲ့ စာတော့ ဒိတ်မမှတ်မိတော့ဘူး(ခွေးလွှတ်ပါ ဦးပါ)…

မွသဲ ရဲ့စာကတော့ ကိုယ်လည်းသက်တမ်းတိုးဖို့ လိုနေချိန်မို့

ဝတ်ဒ်ဖိုင်နဲ့ ကူးထားလိုက်လို့ မှတ်မိနေပါတယ်…..(လိုအပ်သူတွေ ဖတ်ရှုနိုင်အောင်လင့်ပေးလိုက်ပါတယ်)

Passport ရုံးမှဆောင်ရန်ရှောင်ရန်

          TNA

http://myanmargazette.net/189594

 

ဒီနေ့ ပတ်စ်ပို့ သက်တမ်းတိုးဖို့  ရွှေပြည်သာစက်ရုံက ၉နာရီမှ စထွက်တာပါ

၁၀ နာရီလောက် ရုံးကိုရောက်သွားပါတယ်…ရုံးမှာလူတွေစည်ကားနေပြီပေါ့..

ကျုပ်ကတော့ ခပ်အေးအေးပါပဲ…ရောက်တာနဲ့ ဖေါင်ဝယ်လိုက်တယ်(ဖေါင်ဖိုး

၅၀၀၀ကျပ်ဖြစ်နေပါပြီ)

ပြီးဓါတ်သေသွားရိုက် (ကောင်တာတွေခွဲထားတော့ ငါးမိနစ်လောက်ပဲကြာပါတယ်)

ပြီး စာအုပ်ဖိုး ၂၀၀၀၀ သွင်းတာ ၁၅မိနစ်လောက်နဲ့ပီးပါတယ်…..

ဓါတ်ပုံ က နောက် ၄၅ မိနစ်နေမှရမယ်ဆိုတော့…အေးအေးဆေးဆေး

ဖေါင်ဖြည့်ပါတယ်..ဖေါင်ဖြည့်ပြီးတာတောင် ၄၅မိနစ် မပြည့်သေးလို့

အပေါ့အပါးသွား…အဆောက်အဦးအပြင်ဘက်သစ်ပင်ရိပ်သွားပြီး

စီကရက်တစ်လိပ် နဲ့ လေညှင်းခံနေလိုက်ပါသေးတယ်……

ပြီးတော့..ဓါတ်ပုံရွေး (၄၅ မိနစ်တိတိမှာ ရသဗျို့)..ဖေါင်မှာကပ်..

အနားက ရဲသားတစ်ယောက်ကိုဘယ်မှာတင်ရမလဲမေးတော့…

“အဘ လျှောက်လွှာစီပီးပလားတဲ့..”

ကျုပ်က မစီရသေးဘူးဆိုတော့…

“ကျနော်စီပေးမယ်..အဘ” ဆိုပီးလိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေစစ်

ပြီးစီပေးပါတယ်…ပီးတော့မှ..

“အဘ..ဟိုးနားက မြင်ရတဲ့ ကောင်တာ(၁) ကိုသွားတင်လိုက်ပါ” တဲ့

ကျုပ်က ဘယ်လောက်ပေးရမလဲ..ဆိုတော့

“မပေးရပါဘူး..အဘရယ်”..တဲ့

ကျုပ်လည်း သဒ္ဒါပေါက်လို့ လက်ဘက်ရည်သောက်ကွာ..ဆိုပီး ၂၀၀၀ ပေးခဲ့ပါတယ်

အဲ ကောင်တာကျုပ်သွားတင်ပြီးစောင့်တော့ ..သိပ်မကြာခင်ပဲနာမည်ခေါ်တယ်

ထသွားလိုက်တော့မှတ်ပုံတင်မူရင်းယူကြည့်တယ်…လက်မ လက်ဗွေ ရယ် လက်မှတ်ရယ်

စက်နဲ့ယူတယ်…ပြီးတော့ “ရပါပြီ ထိုင်စောင့်ပါခင်ညာ”တဲ့..

နောက်မိနစ်နှစ်ဆယ်လောက်ရောက်တော့ ကျုပ်လက်ထဲ စလစ် ရောက်လာရော..

နာရီကြည့်တော့  ၁၁ နာရီခွဲ ပီးရုံ ရှိသေးတယ်…မြန်ချက်…

စုစုပေါင်း ဆောင်ရွက်ချိန် တစ်နာရီခွဲပဲကြာလိုက်တယ်………

အဲဒါဘာကြောင့်လည်းဆိုတော့…………..

အပေါ်မှာဖေါ်ပြခဲ့တဲ့ ပုဂ္ဂိုလ် နှစ်ဦးရဲ့ မျှဝေပေးခဲ့တဲ့ အတွေ့အကြုံ ဆောင်းပါးလေးတွေ

ကြောင့်ပေါ့ဗျာ…မသွားခင်ကတည်းက ဘာယူသွားရမယ်၊ ဘာပီးရင်ဘာလုပ်ရမယ်

အစဉ်အတိုင်းသိနေတော့…“ရှေ့လူမှားရင် နောက်လူကောင်းစားတယ်”

ဆိုသလို…ကိုယ်တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေကို ဒီဂဇက်ပေါ်မှာ ရှယ်ခဲ့ကြတဲ့

ဦးဦးပါလေရာ နဲ့ မသဲနုအေးတို့ကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း

ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ရပါကြောင်းဗျာ…..

ဒီနေ့ တင်ခဲ့တာ..ပါတ်စ်ပို့က ဖေဖေါ်ဝါရီလတစ်ရက်နေ့ ရမယ်ဆိုပဲ..

အများကြီးတိုးတက်လာတယ်ဗျာ…နောင်လည်း ရုံးလုပ်ငန်းတွေ ဒီထက်

ပိုမိုလွယ်ကူ လျှင်မြန်ဆောင်ရွင်နိုင်ပါစေကြောင်း..ဆုတောင်းရင်း….

 

အားလုံးကိုလေးစားခင်မင်လျှက်..

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၂၂၊ ၁၊ ၂၀၁၄

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)