အယ်​ဒီတာနှင်​့မန်​ဘာများအားခွင်​့ပန်​ခြင်​း

ရာမညJanuary 22, 20141min19325

 

 အယ်​ဒီတာနှင်​့ ရွာသူရွာသားများခင်​ဗျာ
ကျွန်​​တော်​တစ်​ခုခွင်​့​တောင်​းပါရ​စေ။ ကျွန်​​တော်​များတည်​​ထောင်​ထား​သော
စာ​ရေး/စာဖတ်​ဝါသနာရှင်​များ ဂရုတွင်​
မနိးတ​လေး​ဂေဇက်​မှ ကဗျာများစာမူများကို မျှ​ဝေခံစားတင်​ပြလိုပါတယ်​ခင်​ဗျာ ။
ခွင်​့ပြု /မပြု သိလိုပါတယ်​ခင်​ဗျာ ။
ခွင်​့မပြုနိုင်​​သော စာမူရှင်​စာ​ရေးသူများမှ ဤပို့စ်​တွင်​လာ​ရောက်​ကွန်​မန်​့​​ပေး​စေချင်​ပါတယ်။
ကျွန်​​တော်​များဂရုတွင်​ ကူယူတင်​ပြပြီး​သော်​လည်​း ခွင်​့မပြုပါက ပြန်​လည်​ဖျက်​​ပေးပါမယ်​ ။
မူရင်​းစာ​ရေးသူနဲ့ မူရင်​းဝဘ်​ဆိုက်​ကိုလည်​း ​ဖော်​ပြပါ့မယ်​ခင်​ဗျာ ။
ရာမည

25 comments

  • ရာမည

    January 22, 2014 at 8:56 pm

    https://m.facebook.com/groups/1444717562412936?ref=bookmark&_bt_=bmid.1444717562412936%3Acount.1%3Afbtype.69%3Aitem_type.group%3Aitem_category.group_user

    အထက်ပါ လင့်မှာလာရောက်အားပေးနိုင်ပါတယ်ခင်ဗျာ ။
    အဖွဲ့ဝင်အဖြစ်လည်း ဖိတ်ခေါ်ချင်ပါတယ် ။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • Ma Ma

    January 22, 2014 at 9:08 pm

    ကျမရေးထားတဲ့ပိုစ့်တွေ ရှဲချင်ရင် ရှဲနိုင်ပါတယ်။
    ရေးကတည်းက ဖတ်စေချင်လို့ ရေးထားတာပဲလေ။
    အပြန်အလှန်အားဖြင့် စုံထောက်ကျော်တို့ပိုစ့်တွေလည်း ဒီမှာလာရှဲနိုင်တယ်နောာာာာာာာာ 🙂

    • ရာမည

      January 22, 2014 at 9:16 pm

      ကျေးဇူးပါခင်ဗျ

  • nature

    January 22, 2014 at 9:24 pm

    ကျုပ်ရေးတာတွေလည်း ကြိုက်သလို share လုပ်နိုင်ပါတယ်။

    • ရာမည

      January 22, 2014 at 9:33 pm

      ဟုတ်ကဲ့ပါခင်ဗျာ ။
      ကျေးဇူးပါခင်ဗျာ

  • ဦးကျောက်ခဲ

    January 23, 2014 at 9:26 am

    သဂျီးဆိုဒ်မှာ တင်ထားတာမို့ သဂျီးသဘောတူရင် ကြိုက်သလိုရှဲ…
    အဲ… ခွက်ဒစ် လေးတော့ ပေးပါခီညာ…
    😀

  • kyeemite

    January 23, 2014 at 9:39 am

    သဂျီးလေသံနဲ့ပြောလိုက်မယ်…
    သဘော..သဘော… :mrgreen:

  • ဦးဦးပါလေရာ

    January 23, 2014 at 11:19 am

    ကျုပ်ကတော့ တန်းဝင်တဲ့ပိုစ့်မျိုး ရေးတဲ့သူမဟုတ်လို့ အထူးပြောစရာမရှိပါ

    အခုပေးထားတဲ့ လင့်လေး လာပြီးစာဖတ်အားပေးမယ် ဖြစ်ပါကြောင်း…

  • ရာမည

    January 23, 2014 at 1:02 pm

    အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
    ၂၀၁၂ -၂၀၁၃ မှပို့စ်များကို ယနေ့ပို့စ်မှ ဖွင့်မရသေးပါ ။
    အချိန်ယူပြီး ရှာဖွေတင်ပြပါ့မယ်ခင်ဗျာ

  • KZ

    January 23, 2014 at 3:19 pm

    ခွင့်ပုတယ် ခွင့်လွှတ်တယ်။
    :mrgreenn:

    ကိုယ်က သူများရှယ်စရာ ပို့(စ) အကောင်းစားတွေ ရေးတတ်တာဆိုတော့လေ။
    အဲလို ခပ်တည်တည်ပဲ ပြောရတယ်။

    :mrgreenn:

  • TNA

    January 23, 2014 at 4:03 pm

    ဘာမှလဲသိပ်ရေးထားဘူး သို့သော် ခွင့်ပုဒယ် ခွင့်လွှတယ် ယူဇေသဒီး :mrgreen:

  • Mr. MarGa

    January 23, 2014 at 8:08 pm

    မူရင်းစာရေးသူနဲ့ မူရင်းဝက်ဘ်ဆိုက် ဖော်ပြမယ် ဆိုမှတော့
    ရှဲ….ရှဲ…ရှဲသာရှဲ
    ကြိုက်သလောက်သာရှဲ….
    ပြောသာပြောရ ရေးတာက ပေါက်ကရများနေတာမို့ :mrgreenn:

  • ဒညင်းဝက်

    January 23, 2014 at 9:04 pm

    ခွင့်ပြုပါအိ…
    ကိုယ်တိုင်လည်း.. ဝင် မွှေနေပါမည်..

    😆

  • မဟာရာဇာ အံစာတုံး

    January 24, 2014 at 1:03 pm

    ခွင့်ပုဒယ် …
    ခွေးလွှတ်ဒယ် ….
    :mrgreen:

  • Myo Thant

    January 24, 2014 at 2:03 pm

    စိတ်ကြိုက်ပါဗျို့

  • padonmar

    January 24, 2014 at 9:22 pm

    ဒီမယ် ရဲကိုကို
    သွားအားပေးတာ ၂ပုဒ်ထဲတွေ့မိတယ်။
    ရွာထဲက လူတွေရဲ့ စာတွေယူပြီးမှ ကျမကိုချန်ထားခဲ့ရင် စိတ်ကောက်လိုက်မှာပဲ…

    • surmi

      January 24, 2014 at 11:55 pm

      အစ်​မ​ရေ.. အစ်​မပို့စ်​နဲ့ ဦး​ကျောက်​ရဲ့နံမည်​​ကျော်​ ဘူမိ​ကျောင်​းသားရယ်​
      ပြီး​တော့ မခိုင်ဇာနဲ့ ကဗျာတစ်ပုဒ်လည်းတွေ့ခဲ့တယ်ဗျို့ ….
      အစ်​မ​ကောက်​မှာကြိုသိ​နေတယ်​ထင်​တယ်​ :mrgreen:

  • Lay Pai

    January 24, 2014 at 10:38 pm

    ပို့ စ် ရေးထားတာ မရှိလို့ ခွင့် ပြုရင် ဖြစ် မဖြစ် ဒွိဟ ဖြစ်နေတယ်။

  • ကျော်စွာခေါင်

    January 25, 2014 at 5:04 am

    ကိုရာမညရေ
    ကျနော့်စာတွေက အများကြီးလဲ မရှိပါဘူး. ဒါပေမယ့်
    အကြောင်းတိုက်ဆိုင်လို ့ ယူသုံးမယ်ဆိုရင်တော့ ကြိုက်သလိုသုံးနိုင်ပါတယ်ဗျာ…

    လာလည်ပါဦးမယ်…

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 11:42 am

    ဘာတွေလုပ်ရင်ခွင့်တောင်းရလဲ

    ဥပမာ
    ထမင်း ရေသောက်
    လေလည်
    အပေါ့စွန့်
    ရီးစားနဲ့ချိန်းတွေ့ – – –

  • ဦးကြောင်ကြီး

    January 27, 2014 at 3:09 am

    ကျနော့်ကိုယ်ပွား ဒေါက်တာချက်ကြီး ဝက်ဘ်ဆိုက်မှာလည်း ကိုရာမည စာတွေကို ခရက်ဒစ်ပေး ဖော်ပြချင်လို့ အဲဒါ ၃၇၆အမှု ပို့စ်များများ တင်စေလိုပါသည် ခင်ဗျား။

Leave a Reply