မျက်စေ့လည်သွားတဲ့ ပိတောက်ငိုချင်း

ဟိုအရင်နှစ်များစွာက
တနှစ်မှာတစ်လ
တစ်လမှာတစ်ရက်
မပျက်မကွက်
ရက်မလွဲဘဲအမြဲရောက်ခဲ့သူပါ။

အခုများမတော့
လူတွေကမူမမှန်
ရာသီတွေကဖောက်ပြန်
အကြိုထောက်မယ်ဆိုတဲ့
မိုးပြေးလေးကလဲမရောက်ပြန်တော့
ပိတောက်ကလဲအချိန်မှန်မပွင့်ဖြစ်ဘူးပေါ့။
ဟောအချိန်အခါမဟုတ်ဘဲ
မိုးပြေးလေးရောက်ပြန်တော့
အကြိုထောက်တယ်မှတ်ပြီး
မျက်စေ့လည်လို့ပိတောက်အပွင့်
အသက်မဲ့တဲ့ကျနော့်အပေါ်ရက်စက်
မညာမတာစွတ်စွဲချက်ကတော့
ပိတောက်သစ္စာမဲ့ သတဲ့ဗျာ။

2 comments

  • kai

    August 7, 2010 at 8:52 pm

    အဲဒါကြောင့်…။
    သစ္စာမဲ့တဲ့ပိတောက်၊
    အမျိုးသားပန်းအဖြစ် တော်ကောက် ခံရမဲ့အခြေက
    ပျောက်ခဲ့ရတာပေါ့။ ။

    ဒါပေမဲ့..။
    ရာသီတွေဖောက်၊
    လူတွေနှောက်ကြလည်း
    ပန်းပိတောက်လေးပဲ မြတ်နိုးတယ်။ ။

Leave a Reply