ကျွန်တော် နှင့် ဟမ်းဖုန်း ပေါ်မှ အလွဲများ

MAUNGJanuary 23, 20141min23524

ဝန်ခံချက် ။          ။ ဟို တစ်ပါတ်က ကိုကြီးခင် ရေးတဲ့ Ring Tone ပို့စ် ကိုဖတ်ပြီး ဒီ ပို့စ် ရေးဖို့စိတ်ကူးရ ပြီးရေးဖြစ်တာပါ။ 

တစ်ခါ တုန်းကပေါ့ ဗျာ..ကျွန်တော် မောင် တစ်ယောက် ဟမ်းဖုန်း ကိုင်ချင်တဲ့ရောဂါ အပြင်းအထန် စွဲကပ် နေသောကြောင့် မေမေ့ မှာမကြည့်ရက် တော့ဘဲ ဖုန်း တစ်လုံး အသည်းအသန် ရှာပေး ရပါတော့တယ်။ ဖုန်း က UFL ကျောင်းကဆရာမ တစ်ယောက်ရဲ့ နာမည် ပေါက်ပါ ။ ဈေး စကားပြော၊ ဈေး တဲ့လို့ ငွေသွားချေ၊ စာချုပ် ချုပ်တော့ ကျွန်တော် နဲ့ ကျွန်တော့ သူငယ်ချင်း အဲဒီ ဆရာမ အိမ် ကိုချီတက် ကြပါတယ် ။ စာချုပ် ချုပ်ပြီး ငွေ ရေ နေတုန်း ပျော်တတ်ဟန် ရှိတဲ့ ဆရာမ အမျိုးသား က ငါတော့ ခလောက် ဝဋ်ကျွတ်သွားပြီ ၊ မင်း ကတော့ ခလောက် ရသွားပြီ လို့ အဆုံးမရှိ အစမရှိ ထပြောတော့ အားလုံးကြောင် သွားတယ်။ ကျွန်တော်က ဗျာ ဆိုတော့မှ ဪ ခုဆို ဒီ ခလောက် ကြောင့် မင်းဘယ် မှာမှ ပုန်းမရ တော့ဘူး၊ နွား များလိုဘဲ မင်း ဘယ်သွားသွား ဒီ ခလောက်က မြည်နေမှာ၊ ငါ့ တုံးကလဲဒီလိုဘဲ ဟားဟား တဲ့ ။ ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်းလဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ရီတော့ ဆရာမ က ရှင် ကလေး တွေကို ဘာပေါက်ကရ လျှောက်ပြောနေလဲ ဆိုတော့ ရီ ပြီးထွက်သွားတယ်။ ကျွန်တော် ကိုင် ခဲ့ဘူးတဲ့ ဟမ်းဖုန်း ရဲ့ ပထဆုံး အတွေ့အကြုံ လေး ပေါ့ ။

 

နောက် ရက်တွေ ကြ သူငယ်ချင်း တွေနဲ့ ဆုံတော့သူငယ်ချင်း တစ်ယောက်က ထအော်တယ်၊ ဟာ…ဒီကောင့်မှာ စော်ကြည်တုံး ကြီးနဲ့ တဲ့…ဟားဟား သူ ဆိုလိုတာ ဒီ ဟမ်းဖုန်း ကြောင့် ကောင်မလေး တွေကြည် မယ်ပေါ့ ။ ကြည် မကြည် တော့မသိဘူး၊ ပထမဆုံး လ မှာဟိုလျှောက်ဆက် ဒီလျှောက် ဆက်နဲ့ ဖုန်း ဘေလ် လဲလာရော ကောင်းကောင်း ဆူခံရပါတယ် ။ အဲဒီ နောက်ပိုင်း ကျွန်တော် တို့ သူငယ်ချင်းတွေ ဟမ်းဖုန်း ကို စော်ကြည်တုံး လို့ဘဲ ခေါ်ကြတယ်။ (အခေါ် အဝေါ်ရိုင်းသွားရင် ဆောရီးဗျာ)

 

တစ်ခါ တုန်းကပေါ့ဗျာ ကျွန်တော် မောင် တစ်ယောက် ညီ ဝမ်းကွဲ တစ်ယောက် နဲ့ စကားပြော နေတုန်း ဖုန်း လာလို့ ကြည့် လိုက်တော့ နံပါတ် ကအစိမ်း ကိုယ်မသိတဲ့ နံပါတ်နဲ့၊ ဟဲလို လို့လဲဖြေ လိုက်ရော ဟိုဘက်ကနေ ခု ပြောနေတာဘယ်သူလဲ တဲ့ အမျိုးသမီး တစ်ယောက် လေသံမာမာနဲ့ မေးပါတယ်။ ကျွန်တော်လဲ ခင်ဗျာ အစ်မက ကျွန်တော့ ကိုဆက်တာလေ၊ ကျွန်တော် ကအစ်မ ကိုဆက်တာ မှမဟုတ်တာ လို့ ပြောတာတောင် နောက် ထပ် နှစ်ခေါက်လောက် ဘယ်သူလဲဘဲ ဆက်မေး နေတယ်။ ဒုက္ခ ဘဲ…. သူ ကလဲဆက်သေး၊ လေသံ မာမာ နဲ့ဘယ်သူလဲ ဘဲ ဇွတ်မေးနေတာ၊ နောက်ဆုံး ဇာတ်ရည် လည်မှ အသိ တစ်ယောက်ရဲ့ အမျိုးသမီး ဖြစ်နေ တယ်။ သူ့ အမျိုးသား ရဲ့ ဖုန်း ကရှိ သမျှ နံပါတ်တွေ ကို လိုက် ချက် ကြည့်တာဆိုဘဲ၊ ကောင်းဗျာ….

စိတ်မဆိုးပေမဲ့ ဖုန်း ကိုင်လိုက်တာနဲ့ တစ်ဖက် ကနေလေသံ မာမာကြီး နဲ့ သုံး လေးခေါက်လောက် ခုပြောနေတာ ဘယ်သူလဲ ချည်း လှိမ့် မေးနေတော့ ကျွဲမြီး တော့ နဲနဲ တိုမိတယ် ။

 

တစ်ခါတုန်း ကပေါ့ဗျာ ကျွန်တော် မောင် တစ်ယောက် ရေနံတူး တဲ့ သင်္ဘော တစ်စင်းပေါ်မှာ ဖုန်း တစ်လုံးကောက် ရရော ။ ဖုန်း က အသစ် ချက်ချွပ်၊ ဒေါ်လာ ၇၀ဝ လောက် တန်တယ်၊ ပျောက်တဲ့သူတော့ အတော်နှမြော ရှာမှာဘဲ ဆိုပြီး ပြန်ပေးဖို့ ဘေးဘီ ဝဲယာ လှည့် ကြည့်တော့ လူ တစ်ယောက် သုတ်ချေတင် ပြီးကျွန်တော့ဆီ ပြေးလာပြီး အဲဒါ သူ့ ဖုန်းတဲ့ လုပ်ရော ။ အဲဒီ လူ ကြည့်ရတာ မူမမှန် ဘူး၊ သူ့ အိတ်ထဲ မှာ လဲ ဖုန်း တစ်လုံး နဲ့။ ဒါနဲ့ ကောင်းပြီ ခင်ဗျား ဖုန်းဆို နံပါတ်ပြော ကျွန်တော့ ဖုန်းနဲ့ခေါ်ကြည့်မယ်၊ ဟုတ်ရင် ပြန်ယူသွား၊ မဟုတ်ရင် ဖုန်း ကို ရုံး ပို့မှာ၊ ခင်ဗျား ကိုပါ တိုင်မယ် လဲဆိုရော အီး အဲနဲ့ ရူးချင်ယောင်ဆောင်ပြီး လစ်သွားရော ။ အမှန် က ကျွန်တော်ဖုန်း ကောက်ရတာ ကို သူ အဝေး ကနေ မြင် ပြီး အချောင်ဝင်နှိုက်တာ ဗျ။ နောက်ဆုံး တော့ စကားပြောစက် တွေ နဲ့ အလုပ် လုပ် နေတဲ့ သူတွေ တစ်ယောက် နဲ့ တစ်ယောက် သတင်း ဖြန့်လိုက်တာ ဖုန်းပိုင်ရှင် အစစ် ဆီပြန်ရောက်သွားရော ။

 

အမှန် အတိုင်းပြောရရင် ဒီနေ့အထိဆို စုစုပေါင်း ကျွန်တော် ဖုန်း ခြောက်လုံး ကောက်ရခဲ့ ဘူးတယ်။ ကောက် ရတိုင်းလဲ ပိုင်ရှင် ဆီ ကိုပြန်ပေးခဲ့ပါတယ်။ အဲဒါ ကြောင့် နဲ့တူတယ်။ ကျွန်တော့ ဖုန်း ပျောက်တော့ လဲ မထင်မှတ်ဘဲ ပြန်ရခဲ့ ပါတယ် ။

 

ဒီလိုဗျ……ဒီလို……..

 

တစ်ခါတုန်း ကပေါ့ဗျာ၊ ကျွန်တော် မောင် တစ်ယောက် ပုဇွန်ခွက် ကြော်သုပ် သွားစားရင်း ဆိုင်မှာ ဖုန်း မေ့ကျန်ခဲ့ ရော ။ အိမ် ပြန်ရောက်ရောက် ချင်း သိတော့ ဆိုင် ကို စက်ဘီး နဲ့ပြန်ပြေး တာပေါ့ ။ ပြန်သာ ပြေးတာ၊ ဖုန်း တော့ဆုံး ပြီဘဲ တွက်ထား တာ။ ဆိုင် ပြန်ရောက် တော့ မထင်မှတ်ဘဲ ဖုန်း ပြန်ရလာတယ် ။ ကျွန်တော့ လိုဘဲ လာစားတဲ့ အမျိုးသမီး တစ်ယောက် က ကောက်ရလို့ ဆိုင်ရှင် ကိုမေးတော့ ဆိုင်ရှင် အစ်မ ကကျွန်တော့ ဖုန်းမှန်းသိလို့သိမ်း ထားပေးတာပါ ။ ကျေးဇူး အရမ်းတင် မိပါတယ်။ စိတ် မကောင်းတာ ကတော့ ဖုန်း ကောက်ရတဲ့သူ ကိုကျေးဇူးတင် ခွင့်မရလိုက်တာပါ။ ဆိုင် ကလဲ သူ့ကိုမသိပါ ။ ကျွန်တော် လဲနီးစပ်ရာ စုံစမ်းကြည့်ပါတယ် ။ ဘယ်သူ မှ မသိကြပါ ။ ဒီ ပိုစ် ကိုဖတ်မိလို့ သိတဲ့သူ ရှိရင် ပြောပြကြပါ ဦး။

ဖုန်း ကို အောတိုလော့ ချဖို့ ဒါမှ မဟုတ် ပြောပြီးတာ  နဲ့ သေချာ ပိတ်ဖို့လဲမမေ့ကြနဲ့ဗျ ။    ဗျာ…ဘာလို့လဲဟုတ်လား ? ဇာတ်လမ်း ရှိတယ်ဗျ ။ ဒီလို…ဗျ…

တစ်ခါ တုန်းကပေါ့ ဗျာ…ကျွန်တော့ ဆီကို သူငယ်ချင်း တစ်ယောက်ဆီက ဖုန်းဝင်လာရော။ ဟယ်လို လို့ လဲဖြေရော ဆရာသမား က ဟိုဘက် ကနေ ကျွန်တော့ ကိုဘာမှ ပြန်မပြော ဘူး။ သူ့ ချစ်ချစ် နဲ့ အချစ် စကားတွေပြော နေတယ်၊ ပထမတော့ ကျွန်တော် လဲ နောက်နေတာ ထင်တာ၊ ပြီးတော့ မှ အခြေအနေ ဆိုးလာ တော့ နားမထောင် သင့်လို့ ကဗျာကယာ ဖုန်း ချပြစ်ရတယ် ။ ဖုန်း ချတော့ ထပ်ခေါ်တယ်၊ နားထောင် တော့ ပထမ တစ်ခေါက်ထက် ပိုဆိုး နေပြီ။ လား ..လား ..ကိုယ့်ဆရာ က အချစ်ဆိပ် တွေ တက်ပြီး ဘောင်းဘီ အိပ် ထဲကဖုန်း ကို လော့ မချ ဘဲနှိပ်မိနေတာကိုး ။ နောက်တစ်ခေါက် ဖုန်း ထပ်ဝင်မလာအောင် ကျွန်တော်ဘဲ ဖုန်း ပိတ်ထားလိုက် ပါတော့တယ်။ ကျွန်တော့ နာမည် က A နဲ့စတော့ Contacts ထဲမှာထိပ်ဆုံး ကလေ။ Lock မချ လို့ထိမိပြီး ခဏ ခဏ မှားခေါ်ခံရပါတယ် ။

 

အေးဗျာ …ဖုန်း နဲ့ပါတ်သက်တဲ့ ဇာတ်လမ်းတွေ ပြောရရင် တစ်ထောင့်တစ် ညပုံပြင်လိုဘဲ ပြောဆုံး မှာမဟုတ်လို့ ဒီနေရာမှာဘဲ တော် လိုက်ပြီ။

 

အားလုံး အတွက် ပျော်ရွှင် စရာ နေ့လေးဖြစ်ပါစေ။

 

ခင်တဲ့ ……

မောင်

24 comments

  • ဦးကျောက်ခဲ

    January 23, 2014 at 10:09 am

    ၁၉၉၅/၁၉၉၆ ဟန်းဖုန်းတွေ ပေါကာစ ၊ စင်ကာပူမှာ ရုံးကဖုန်းထုတ်ပေးတော့…
    စီနီယာကြီးတွေက ခလောက်ဆွဲခံထိပြီလို့ ပြောကြတယ်…
    ဟုတ်ပါ့ဗျာ… ဖုန်းမကိုင်ရင်လည်း ကွိုင်ရှာခံရ ၊ ပုန်းလို့ကိုမရတော့ဘူး…
    စကားအတင်းစပ်…
    ဆိုဒ်ထဲမှာ စလုံး တရုတ် GM က ဘင်္ဂလား အလုပ်သမားကို…
    ဟန်းဖုန်းရွှံ့ပေသွားလို့ သန့်ရှင်းရေးလုပ်ခိုင်းလိုက်တာ…
    ကိုယ်တော်ချောက အားရပါးရ ရေပန့်နဲ့ထိုးပြီး ဆေးပေးလိုက်တယ်လေ…
    ဟီ ဟိ ကျိတ်ရယ်လိုက်ရတာ အူတောင်နာတယ်…
    😀

    • MAUNG

      January 23, 2014 at 10:37 am

      ကိုဘကုန်း ကို ရေဆေး ပြီးရင်ခြောက်အောင် micro wave နဲ့ သုံးမိနစ် လောက် မွှေ့ခိုင်းလိုက်တာ မဟုတ်ဘူး

      ဟားဟား စတာနော်

  • kyeemite

    January 23, 2014 at 11:06 am

    ဟမ်းဖုန်းစကိုင်ဖြစ်တာတော့ ထုတ်ဈေး ၁၅သိန်းခေတ်ကျမှ မဲပေါက်လို့ …
    ဖုန်းလည်းပျောက်ဖူးတယ်…တမင်ရည်ရွယ်ပြီး နှိုက်သွားတာမို့ ပြန်မရခဲ့ပါဘူး..
    လိုင်းပိတ်ခိုင်းပြီး အသစ်ပြန်လျှောက်ယူလိုက်ရတယ်… 😀

    • MAUNG

      January 23, 2014 at 12:58 pm

      အတူတူ ဘဲ
      ကျွန်တော် လဲ ထုတ်ဈေး ၁၅ သိန်းမှဘဲ နာမည် ပေါက်ရတာ ဦးမိုက် ရေ

  • ဦးဦးပါလေရာ

    January 23, 2014 at 11:17 am

    အခုနောက်ပိုင်း တစ်ခါတစ်လေ စိတ်ထဲဖြစ်မိတာတော့

    ဖုံးကိုင်စရာလဲ မလို
    ကိုင်စရာဖုံးလဲ မရှိ တဲ့သူတွေဟာ
    တော်တော်နားအေးတာပဲ..။ တော်တော်ပေါ့ပါးတာပဲ…။

    • MAUNG

      January 23, 2014 at 1:01 pm

      သိပ်မှန်တာ ပေါ့ ဦးပါ ရာ
      ဒါပေမဲ့ အဲလို နားအေး နေချိန်ကြ တော့လဲ ရင်ထဲမှာ ဟာတာတာ နဲ့

  • လုံမလေးမွန်မွန်

    January 23, 2014 at 11:25 am

    Hee.. ခ​လောက်​ဆိုပဲ.. ဒါမယ်​့.. မြန်​မာနိုင်​ငံမှုာက ​တော်​ပါ​သေးတယ်​.. ဆက်​သွယ်​မှုဧရိယာပြင်​ပ လုပ်​လို့ရတယ်​..

    တစ်​ခါသား အသစ်​ကျပ်​ချွတ်​ ဇနီး​မောင်​နှံ​လေး.. မင်​ဂါဦးညမှာ တရုတ်​တန်​းမှာ မုန်​့စား​နေရင်​း အ​နော်​့ဖုန်​းကို ​ခေါ်မိ​နေ​သေးတယ်​..ဟိ.. ဒါမယ်​့ သူတို့က ဝက်​သားတုတ်​ထိုးစား​နေကြတာဆို​တော့ နား​ထောင်​​နေရင်​း ရှလွတ်​ဖြစ်​လာလို့ ပြန်​ချလိုက်​ရတယ်… ဘူလဲ သိလား..

    • MAUNG

      January 23, 2014 at 12:58 pm

      သိတယ် သိတယ်…လင်းလင်း နဲ့ ချစ်သုဝေ

      ဟီး ဟီးစတာ 😀

  • KZ

    January 23, 2014 at 3:11 pm

    မောင် ………………..

    အညား ကျောဒေါ့ ………………….
    ………………………………

    အဲလေ သူ့ နာမည်ခေါ်ရတာ သီချင်းနဲ့ သိပ်ရောတာပါလားးး :mrgreenn:

    ဖတ်လို့ကောင်းတယ်။

    နာ့ဖြင့် မန်းလေးတုန်းက ဖုန်းကိုင်ခွင့်မရပေါင်။ အဖေ့ဆီ နယ်လိုက်သွားရင် အဲ့လတွေ ဖုန်းဘေကြည့်ပြီး ဝယ်မပေးဘူးးး
    ဖုန်းမရှိတာတောင် လေဒီဖုန်းလို့ နာမည်တွင်တယ်ဆိုတော့ စဉ်းစားသာကြည့်တော့။ :mrgreenn:
    အဲလာနဲ့ စိတ်နာတော့ စလုံးရောက်တော့ ၃ လုံး တပြိုက်နက် ကိုင်တယ်။
    ခိခိခိ။
    ဖုန်းလိုင်းနဲ့က အလကားနီးပါးရသကိုးးးး
    😀

    ခုထိလည်း ကြိုက်တုန်းပဲ။
    😀

    • MAUNG

      January 23, 2014 at 4:24 pm

      ဘုရား ရေ
      ဖုန်း သုံးလုံး တစ်ပြိုင်ထဲ ကိုင် ဆိုဘဲ ။ စံချိန်တင်သွားပြီ ။

      အဲဒီ ဖုန်း သုံးလုံး တစ်ပြိုင်ထဲ လာရင် ဘယ်ဖုန်း အရင် ကိုင် လဲ မှန်မှန်ပြော 😛

      • KZ

        January 23, 2014 at 4:29 pm

        ရုံးက ဆက်တာ မဟုတ်တဲ့ ဖုန်းကို ကိုင်တယ်။

        😀

  • TNA

    January 23, 2014 at 3:48 pm

    ဖုန်းဇာတ်လမ်းတွေကတော့နဲဘူးရယ်။ ဒါပေမဲ့ဒီခေတ်ထဲလူတိုင်းနီးပါးဖုန်းကိုင်လာနိုင်တော့လဲကောင်းပါလေ့ အီခရီးနီးသလားဖြစ်ကရော။ ဂွတ်

    • MAUNG

      January 23, 2014 at 4:27 pm

      ဟုတ်တယ် ဗျ၊ အရင်ကထက်စာရင် တော့အများကြီး ပိုအဆင်ပြေလာပြီ ။ ဒီထက် ပိုပြီး လိုင်းတွေကောင်း အောင်လုပ်ပေးရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ

  • moonpoem

    January 23, 2014 at 4:33 pm

    အများပြောကြသလိုပါပဲ ကျွန်မလည်း ဖုန်းမကိုင်ဘူးခင်တုန်းကတော့ သိပ်လိုချင်တာ။ ဇာတ်ကားထဲက မင်းသမီးတွေ အိပ်ရာထဲမှာ ဖုန်းကိုင်ရင်း စကားပြောတာများတွေ ့ရင် မနာလိုတွေကိုဖြစ်လို ့။ အဲ..အခုကျတော့လည်း အလုပ်ထဲလည်း ဖုန်းတဂွမ်းဂွမ်း၊ အိမ်မှာလည်း ဖုန်းတဂွမ်းဂွမ်းပြောနေရလွန်းလို ့လွှင့်တောင်ပစ်ချင်တာ နှမြောလို ့အဟီး။

    • MAUNG

      January 24, 2014 at 6:36 am

      နှမြော မနေပါနဲ့၊ နားအေးအောင် လွှင့်သာ ပစ်လိုက် ။
      ဘယ်နား ပစ်မှာလဲတော့ ကြိုပြောနော်၊ ဟီးဟီး ကျွန်တော် လာကောက် မလို့ 😛

  • ဒညင်းဝက်

    January 23, 2014 at 9:08 pm

    ကျနော်လည်း ကြုံဖူးတယ်ဗျ…

    ကျနော့်ဘက်က.ဘယ်သူ ့ဆီ ဆက်တာလဲ..ဆိုတဲ ့ အမေးကို..မေးတာ..
    မေးတာကို မဖြေပဲ..
    အခုပြောနေတာ ဘယ်သူလဲ…ဆိုတာပဲ.ပြောပါ..ဆိုပြီး…
    ဟိုဘက်က..အတင်းမေးတော့တာ…

    ကျနော်လည်း.. ခညားလေး..ဆက်ချင်တာ..ဘူလဲ…
    ဘူနဲ ့ကြောချင်တာလဲ..
    .လို ့..မေးတယ်..
    ဒါပေမယ့်..သူကလည်း.မလျှော့ဘူး..
    အခုပြောနေတာ..ဘူလဲ…တစ်ချက်ပြောပါဆိုတာချည်းပဲ….

    ကျနော်လည်း.. စိတ်ပေါက်ပေါက်နဲ ့…

    အခုပြောနေတာ.ကျနော်

    … လို ့ ပြန်ပြောပြီး..
    ဖုန်းချပစ်လိုက်တယ်..

    စိတ်လေတယ်….
    အဟိ..

    😆

    • MAUNG

      January 24, 2014 at 6:33 am

      အေးဗျ…နောက်တစ်ခါဆို ကျွန်တော်လဲ ခုပြောနေတာ ကျွန်တော်ပါလုပ်ရမယ် 😉

  • Crystalline

    January 24, 2014 at 3:04 pm

    အဲဒီဟန်းဖုန်းနဲ့ တနာရီလောက်စကားပြောနေနိုင်သူတွေကို ဆုချချင်တယ်.. ကျမတော့ ဖုန်းကိုနားနားကပ်ပြောအလွန်ဆုံး ၅မိနစ်ပဲပြောနိုင်တယ်.. သူကထွက်တဲ့ ရေးစ်တွေကိုမခံစားနိုင်ဘူး.. ပြောစရာရှိကြိုးဖုန်းနဲ့ပဲပြောတယ်.. ဖုန်းအလွဲတွေကတော့ မရေမတွက်နိုင်ဘူး.. စိတ်ကြည်နေရင်တော့ ပျော်စရာဖြစ်သွားပြီး စိတ်တိုနေတဲ့အချိန်ဆိုရင်တော့ ဆဲပလိုက်တယ်.. :loll:

  • Mr. MarGa

    January 24, 2014 at 3:31 pm

    ဖုန်း….
    နည်းနည်း ဝေးနေသေးသမို့
    ဖတ်ရုံပဲ ဗျို့ :mrgreenn:

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 24, 2014 at 3:43 pm

    .ပြောရမှာ နည်းနည်းတော့ ရှက်ဘို့ကောင်းမလားဘဲ
    . ကိုယ်မှ မသိတာ ရှက်ဘူး
    . ဖုံးက မဲမဲကောက်ကောက်ကြီး ကြိုးဖုံးခေါ်သလား အိမ်ဖုံးခေါ်သလား
    . ကိုယ့်ဟာလဲဟုတ်ဘူး ဖုံးရှိလောက်အောင် မချမ်းသာဘူးလေ
    . ဘော်ဒါတစ်ကောင်အိမ်သွားလည်ရင်းနဲ့ ဟိုဖက်ဘော်ဒါက ဖုံးဆက်လာလို့
    . ဒီမှာရှိတဲ့ကောင်က ချီးသွားပါနေလို့ သူ့အမေက
    . သား သူငယ်ချင်းနဲ့စကားပြောလိုက်ဦးဆိုပြီး ဖုံးခွက်ကြီးဘေးချပြီးအပြင်ထွက်သွားရော
    . ဒါနဲ့
    . ရုပ်ရှင်ထဲကအတိုင်းဘဲ ပရိတ်သတ်
    . စပီကာကို အပေါ်ကထားပြီး ဗျောင်းဗျန်ကြီးဟဲလိုဆိုပြီးအော်တာ ဘာမှကြားဘူး
    . ကံကောင်းလို့ အသကုန်အော်နေတုန်း
    . ချီးပါတဲ့ကောင်ရောက်လာမှအဆင်ပြေသွားတယ်
    . ရီလိုက်ကြတာ စက်လိုက်တာမပြောပါနဲ့
    . ဟါ့ တစ်ခါမှမဆက်ဘူးတော့ ဘယ်သိမတုန်းလို့
    . ပြောရင်းတောင် စက်လိုက်ဒါ

  • ထုတ်ဈေး၁၅သိန်းမှာ အရာထမ်းတွေကိုထုတ်ပေးတုန်းက ကိုယ်တိုင်မထုတ်နိုင်လို့အမျိုးချင်းပြန်ရောင်းစားဖူးတယ်။ 😀

  • padonmar

    January 26, 2014 at 9:20 pm

    အဲ့သလို အခုပြောတာဘယ်သူလဲလို့ ဆက်သူက ပြန်မေးနေရင် ဒါကျမ ကိုယ်ပိုင်ဖုန်းပါ၊ဘယ်နံပါတ်ဆက်နေတာလဲ ပြောပါလို့ ခပ်မာမာပြန်ပြောပလိုက်တယ်။အဖွားကြီးသံဆိုတော့ ကြောက်ပြီး ဆောရီးဆို ချသွားကြရော။
    ……….
    ကျမနာမည်လည်း Aနဲ့စတော့ အဲသလို ဖုန်းလော့မချမိတဲ့ အမှားဖုန်းတွေ ဝင်ဝင်လာတယ်။
    နောင်တွေ့ရင် ပြောပြီး ဟားရတာပေါ့။

  • padonmar

    January 26, 2014 at 11:54 pm

    ဟဲန်ဖုန်းပေါ်ကာစက ဆယ်လူလာဖုန်းခေါ်တယ်လေ၊
    ကျမသူငယ်ချင်း ရွှတ်နောက်နောက် တယောက်က ဆတ်စလူးလို့ခေါ်တယ်။ ဖုန်းမြည်ရင် ဟော..ဆတ်စလူးလေး အော်နေပြီတဲ့။

  • မီ မီ

    January 27, 2014 at 9:39 am

    ဟိဟိ
    ရယ်ရတယ်နော်
    ဘာပြောရမှန်းမသိလို့ ပြောတတ်သလိုပဲပြောတော့မယ်နော်

Leave a Reply