ဟိုတယ်လုပ်ငန်းခွင်ဝင်နေသူများအတွက် အထူးအခွင့်အလမ်း

manawphyulayJanuary 23, 20141min1227

Hotel & Gastronomy profession ကို ၂၀၀ရ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ယခုအချိန်တွင် ပြည်တွင်း လုပ်သက်ရင့် အတွေ့အကြုံ ပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ သင်ကြားပေးနေခဲ့ပြီး၊ သင်တန်းဆင်းပြီး ကျောင်းသားများကို အာဆီယံနိုင်ငံအဆင့်နှင့် ဟိုတယ်ခရီးဝန်ကြီးဌာန အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်နိုင်ခဲ့ပြီး သင်တန်းပြီးဆုံးသူများ မှာလည်း ပြည်တွင်း ပြည်ပရှိ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းပိုင်းဆိုင်ရာများတွင် ကြီးကြပ်၊ မန်နေဂျာ ရာထူးများဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်းပြုနေကြပြီ ဖြစ်သည်။
လာမည့်နှစ် ၂၀၁၄ ခုနှစ်အတွက် သင်တန်းသားအသစ်များကို စတင်လက်ခံနေပါသည်။ ယခင်က လုပ်ငန်းခွင်သို့ ရောက်ရှိပြီး (လက်တွေ့သင်တန်း အလုပ်အကိုင်နေရာရှိပြီး) သူများကိုသာ ကျွမ်းကျင်မှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ တိုးတက်မှုရှိလာအောင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ အထောက်အပံ့ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်လာသော ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၏ လိုအပ်ချက်အရ “ကျွမ်းကျင်သော ဟိုတယ်ဝန်ထမ်းတစ်ယောက်ဖြစ်လိုပြီး အမှန်တကယ် အလုပ်အကိုင် လိုအပ်နေသော လူငယ်များအတွက် CVT သင်တန်းကျောင်းမှ အလုပ်သင်။ သင်တန်းသားအဖြစ် လက်တွေ့လုပ်ငန်းခွင် (ဟိုတယ် (သို့) စားသောက်ဆိုင်) နေရာများကို လေ့ကျင့်သင်တန်း ပေးရန် ဆက်စပ်ဆောင်ရွက်ပေးပါသည်။
တက်ရောက်မည့်သင်တန်းသားများသည် စာသင်နှစ်များအတွင်း Food Production, Food & Beverage Service, Front Office & Housekeeping Operations စသည့် ဘာသာရပ်များအပြင် အခြား လိုအပ်ချက်များဖြစ်သည့် Hotel English, IT & Hotel Software, Etiquette & Tourism ဘာသာရပ်များကိုပါ သင်ကြားရမည် ဖြစ်သည်။
ထိုဟိုတယ်ဒီပလိုမာသင်တန်းသို့ အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း ဟိုတယ်များနှင့် စားသောက် ဆိုင်များတွင် လုပ်ကိုင်နေသူ လူငယ်များသည် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ထို (Hospitality) နယ်ပယ်ကို စိတ်ဝင်စားသူများ မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါသည်။
သင်တန်းတက်ရောက်စဉ်အတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့် ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံခြင်း မရှိဘဲ ဆွစ်ဇာလန်နိုင်ငံရှိ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်နေသော သင်တန်းကျောင်းလည်း ဖြစ်ပြီး အသစ်ထပ်မံဖွင့်လှစ်မည့် သင်တန်းနှင့် ပတ်သက်သော သိကောင်းစရာများကို လာမည့် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် သင်တန်းကျောင်းတည်ရှိရာ အမှတ် ၄၂၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီရုံး အဆောက်အဦ၏ သုံးလွှာတွင် ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၃၈၃၆၇၆ နှင့် ဝ၉-၇၃၁၆-၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

7 comments

  • kyeemite

    January 23, 2014 at 11:12 am

    ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းပိုင်းဆိုင်ရာများတွင်လုပ်နေသူများအတွက်
    သတင်းကောင်းလေးတင်ပေးလို့ သူတို့ကိုယ်စား ကျေးဇူးတင်ပါတယ်….
    “အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း ” ဆိုတော့ ကျုပ်က ၁၈နှစ်ပြည့်ပြီးမှပဲသွားတက်တော့မယ်နော.. 😀

    • manawphyulay

      January 23, 2014 at 11:35 am

      ဟုတ်ပါတယ်ရှင့်။ လူငယ်တွေအတွက် ၃ နှစ်လုံး ဒီပလိုမာလည်း ရရှိပြီး ငွေကြေးတစ်စုံတစ်ရာလည်း မပေးရတဲ့အတွက် အလွန်တရာ အကျိုးရှိတဲ့ သင်တန်းလေးတစ်ခုပါပဲ။ တိုးတက်မှုလည်း ရှိပါတယ်။

  • လုံမလေးမွန်မွန်

    January 23, 2014 at 11:29 am

    ​အ​နော်​​တောင်​ သင်​တမ်​းတက်​ရတဲ့အရွယ်​ လွန်​သွားပြီကိုး.. ကွကိုယ်​​တော့ ငယ်​ငယ်​​လေး ထင်​​နေတာရယ်​..

  • MAUNG

    January 23, 2014 at 1:21 pm

    ကျွန်တော့ လိုင်း မဟုတ်ပေမဲ့ မျှဝေပေး လို့ ကျေးဇူး ပါ။
    တစ်ခြား စိတ်ဝင်စားတဲ့ သူငယ်ချင်း တွေကိုလဲ ညွန် လိုက်ပါမယ်

  • Ma Ma

    January 23, 2014 at 5:41 pm

    ဒီလိုအကျိ ုးရှိတဲ့ သတင်းတွေ ပေးတတ်လို့ ကျေးဇူးပါ မနောရေ။ 🙂

  • ဘဆွေ

    January 24, 2014 at 7:00 pm

    မနော ရေ.
    အဲဒီ သင်တန်းပြအလုပ်ရော မခေါ်ဘူးလား..အလုပ်ရှာနေလို့..

Leave a Reply