တံခါးပိတ်ဝါဒမှသည် ချောဆီထည့်ပြီး တံခါးဖွင့်လိုက်သော…

moonpoemJanuary 23, 20141min16811

ဆမာကဒါ နိုင်ငံဧ။် သားပျိုသမီးပျိုများ အတွက် တစ်ပတ်စာ သင်ဧ။် ကံကြမ္မာ

တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သော်လည်း ယခုအခါ ချောဆီထည့်ရျ်တံခါးပြန်ဖွင့်လိုက်ပြီ
ဖြစ်သော ဆမာကဒါ နိုင်ငံဧ။် ထင်ရှားသော စာရေးဆရာမ ဝိတိုရိယ မွန်းပိုအမ်ဧ။် လွတ်လပ်ပွင့်လင်းသော အရေးအသားများဖြင့် တစ်ပတ်စာဟောစာတမ်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

တနင်္ဂနွေသားသမီးများ ကံကောင်းစေရန် ခြေလေးချောင်းသား ရှောင်ပါ။ သို ့အတွက် အိမ်ရှိကုတင် ခြေလေးချောင်းလုံးအား လွှဖြင့် ဖြတ်ပစ်ပါ။

တနင်္လာသားသမီးများ ယခုတစ်ပတ်အတွင်းအလွဲများတတ်သည်။ဥပမာအားဖြင့် သံပြားပစ်ပြိုင်ပွဲတွင် သံပြားအစား နံပြားမှားပစ်ခြင်းကြောင့် ရွှေတံဆိပ်နှင့် လွဲရခြင်း။

အင်္ဂါသားသမီးများ စက်ပစ္စည်းအကြီးစား ဝင်တတ်သည်။ဥပမာ-ကြံရည်ကြိတ်စက်၊လမ်းကြိတ်စက်။

ဗုဒ္ဓဟူးသားသမီးများ အတွင်းပစ္စည်း သတိထားပါ။ ဇာဘော်လီ၊ကလေးသေးခံ အခိုးခံရတတ်သည်။

ကြာသပတေးသားသမီးများ စိန်ဝင်ကိန်းမြင်သည်။ ဥပမာဆိုရသော် စိန်တလုံး သရက်သီး၊ စိန်ဘယက်လေကွဲဆေးစသည်တို့ ဖြစ်နိုင်သည်။

သောကြာသားသမီးများ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဘက် အချင်းချင်းဖိနှိပ်ခြင်း ခံရတတ်သည်။
တစ်ဆက်ရှင် ၃ထောင်ခန် ့ဆိုပါက ဈေးနှူန်းသင့်တင့်သည် ဆိုရမည် ဖြစ်သည်။

စနေသားသမီးများ ကံအလွန်ကောင်းနေပြီး လက်ခမောင်းခတ်နေရမည့် ကာလဖြစ်သည်။
လက်ဝှေ ့ထိုးရန် ကမ်းလှမ်းခံရခြင်း၊ လက်မောင်းကြမ်းပိုးကိုက်ခြင်းများကြောင့်ဖြစ်တတ်သည်။

ရာဟုသားသမီးများ အချစ်ရေးတွင် ခြောက်ကပ်ကပ်ဖြစ်တတ်သည်။စိုစိုပြည်ပြည်ဖြစ်စေရန်
ချစ်သူနှင့် ချိန်းတွေ ့ချိန် ချစ်သူအား စကားတစ်ခွန်းပြောပြီးတိုင်း ရေတစ်ပုံးလောင်းပေးပါ ။

အားလုံးအတွက် ယတြာမှာ မှန်ကြည့်ချိန်ဖင်ဘူးတောင်းထောင်ပြီး ကြည့်ရင်း ခေါင်းဖြီးပါ။

(ဗေဒင် အစီအစဉ်ကို ဗြဲလယမ်းစိန် မီးသွေးနှင့်ထင်း ဖြန့်ချီရေးမှ ပံ့ပိုးကူညီပါသည်။)

11 comments

  • KZ

    January 26, 2014 at 3:44 am

    Copy/paste post can not be appeared at front page, sis.
    Please Edit.
    🙂

    • moonpoem

      January 29, 2014 at 2:55 pm

      ကျွန်မရေးတာ ကူးထားတဲ့ ပိုစ့်မဟုတ်ပါဘူး ကိုကေဇက်ရဲ ့။ ကို်ယ့်ဟာကိုယ်ရေးထားတာပါ။ ကျွန်မ ဖေ့ဘွတ်တိုင်းမ်လိုင်းမှာပဲ တင်တာ။ တခြားမှာ မတင်ဘူးပါဘူး။ကို်ယ့်ဦးနှောက်နဲ ့ကိုယ်ရေးထားတာပါ။

      • အဘရဟူဒီ

        January 29, 2014 at 2:57 pm

        ဟီဟိ ..ကိုကေဇက်တဲ့ ….ငိငိ

        • KZ

          January 29, 2014 at 6:35 pm

          ဟိုက်။
          နာ့ အဖြစ် က ဝါးထက် ဆိုးပါပကော။
          ယမကာလုလင် လို့ အခေါ်ခံရတာထက်ဆိုးပါပကော..

          ကျုပ်ကလည်း ကူးထားတယ် မပြောမိပေါင်ဗျာ။
          ကတ်တဂိုရီ မပါရင် ကော်ပီ/ပေ့ ဖြစ်တယ်။
          အဲဒါဆိုရင် ရှေ့မျက်နှာမှာမပေါ်မှာစိုးလို့စေတနာနဲ့ အက်ဒစ်လုပ်ခိုင်းတာပါ။
          ကိုယ်တိုင်ရေးမှန်းသိပါတယ်။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 9:26 am

    ဟားဟားဟားဟားးဟားဟားးးဟားဟားဟားဟားဟားဟား

  • Paing Lay

    January 26, 2014 at 7:51 pm

    အနော်တို့က စားစရာယေးဘာယေးရသေးဒယ် :mrgreenn:

  • kyeemite

    January 27, 2014 at 11:16 am

    ကျုပ်တော့ ဗေဒကဝိ လမင်းကဗျာ အလိုအရ မာဆတ် သွားလိုက်အုံးမယ်ဗျို့ 😀

  • TNA

    January 27, 2014 at 6:16 pm

    ဖောင်းဖောင်းဖောင်း နာဟဲ့ မိန်းမ နောင်ဗိန်နောင် နောင်ဗိန်နောင် :mrgreen:

  • Mr. MarGa

    January 29, 2014 at 4:47 pm

    အင်
    ဒီတစ်ပတ်တော့ အသွားအလာ ဆင်ခြင်မှ ဖြစ်မယ်ထင်တယ် :mrgreenn:

Leave a Reply