မွသဲ ရဲ့ ထမင်း အမျိုးမျိုးးးး – KZ’s ထမင်းဆိုင်

ဇီဇီJanuary 27, 20141min44855

(((ထမင်းဆိုင် ပြန်ဖွင့်မို့လေ။
အီးဇီးကွတ် ဝေ
ဘီးဇီးကွတ် ကျောက်
လေးဇီးကွတ် မမ
အီကိုကွတ် တီဒုံ
ပင်တိုင် စားဖိုမှူးကြီး မွသဲ
ဒေသစုံ အစားအသောက်ချက်ပြုတ်မဲ့ ဦးဆာမိ တို့ ကူကြ ညီကြပါဦးးးးး
နည်းနည်းအားပြီ ဆိုတော့ ဘယ်သူ့ အပူကပ်ရမလည်း စဉ်းစားနေပြီ။ )))

အဲဒီလို စတေးတပ်တင်ပြီး စားဖိုမှူးချုပ်တွေကို ပြန်ဒုက္ခပေးလိုက်တာ။ အနီးကပ်ဆုံး မွသဲ ဆီက ရပါတယ်။
ကေဇီက ထမင်းကြိုက်သမားမို့ ထမင်းမျိုးစုံကို အရမ်းကြိုက်တာ။ အဲဒါ ရ မျိုးပြည့်အောင်စဉ်းစားပြီး မွသဲကို ပြတော့ အမက အကုန်ချက်တတ်သတဲ့။

ဒီတော့ ဒီ ရ ရက်ဟာ ထမင်း အမျိုးမျိုး စားရမှာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

MONDAY

၁. ကြက်ဆီထမင်း ယိုးဒယားစတိုင် ကြက်ဆီထမင်းလေးပါ။

MONDAY
၁. ကြက်ဆီထမင်း ယိုးဒယားစတိုင် ကြက်ဆီထမင်းလေးပါ။ (ခရက်ဒစ် တူ ဝတ်ရည် Food House)

• ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀ဝ ဂရမ် (၄ခု)
• ရိုးရိုးဆန် ♦ နို့ဆီခွက် ၃ခွက်
• ဆား ♦ လက်ဖက်ရည်ဇွန်း တဝက်
• ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း တဝက်
• နံနံပင် ♦ ၁စည်း (ရေဆေးထား အမြီးဖြတ်ပါ)
• သခွာသီး ♦ ၁လုံး (အခွံနွှာ အဝိုင်းလှီးပါ)
• ရေ ♦ ရခွက်
• ဂျင်း ♦ ၆ပြား (ပါးပါးလှီးပြီသား)
• ကြက်သွန်ဖြူ ♦ ရ ခု (နှုတ်နှုတ်စဉ်းပေးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ
• ပဲငံပြာရည် အကြည် ♦ စားပွဲတင်ဇွန်း ၃ဇွန်း
• ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ပဲငပိ အနှစ် ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
• သကြား ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
• ဗီနီကာ ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
• ဂျင်း ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
• ငရုတ်သီးနီ(သို့)စိမ်း ♦ ၅ခု (ပါးပါးလှီးပါ)
ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ခွက်တစ်ခုထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ဂျင်း၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။

ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။ မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။
၂။ ပြီးလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။
၄။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။
၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ို ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။
၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။
၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

TUESDAY

၂ .ထောပတ် ထမင်း ထောပတ် ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ) ထောပတ် ထမင်းနဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။

အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။
ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ် ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

 ထောပတ် ထမင်းတွင် ပါဝင်ပစ္စည်းများ
• ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
• ဂီးထောပတ် – ၈ဝ ဂရမ်
• စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ
• သီဟိုဌ်စေ့ – ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
• ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
• ကလဝေရွက် – ၃ရွက်
• သစ်ဂျပိုး – ၁ခု
• ဖာလာစေ့ – ၄စေ့
• လေညှင်းပွင့် – ၄ခု
• ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
• ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
• ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

• ချက်ပြုတ်နည်း •
၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။ •
၂။ ပြီနောက် သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊ ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။ •
၃။ ပြီမှ သီဟိုဌ်စေ့ကိုထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။ •
၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို လောင်းထည့်လိုက်ပါ။ •
၅။ ရေ( ၄ ဗူး )၊ ဆား၊ ကြက်သားမှုန့်၊ သကြား ( အချိုမကြိုက်လျှင်မထည့်လဲရသည် ) တို့ကို ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။ •
၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့် ရောမွှေလိုက်ပါ။ •
ရ။ ထို့နောက် အရသာ အနေတော်လျှင် အရသာ ရှိသော ထောပတ် ထမင်းကို ကြက်သားဟင်း၊ • ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ… •

• ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ •
၁။ ကြက်သား – ၄ဝကျပ်သား (အတုံးကြီးများ တုံးပါ) •
၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ) •
၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ) •
၄။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ) •
၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း •
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း •
ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း •
၈။ နံနံပင် – ၁စည်း

• ကြက်သားဟင်း ချက်ပြုတ်နည်း •
၁။ ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တဝက်)၊ ကြက်သွန်ဖြူ(တဝက်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် နာရီဝက်မျှ နုပ်ထားပေးပါ။ •
၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။ •
၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တဝက်)ကို ဆီသပ်ပေးပါ။ •
၄။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။ •
၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။ •
၆။ ကြက်သားနူးရန် ကြက်သားမြုပ်ရုံ ရေထည့်ပေးပြီ အဖုံးအုပ်ထားပါ။ မနူးသေးလျှင် နောက်တစ်ရေ ထပ်ထည့်ပါ။ •
ရ။ ကြက်သားနူးပြီဆိုမှ နံနံပင်များကို အပေါ်မှ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။
~`~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

WEDNESDAY

၃. ပဲထမင်း လုပ်နည်းလေးပါ။

တချို့လည်း ပဲထမင်းကို ပဲနီလေးနဲ့ ချက်တာရှိပါတယ်။ ကျွန်မက ပဲထမင်းကို ကုလားပဲနဲ့ ချက်ပါတယ်။ ကြက်သားဟင်းနဲ့ ငပိကြော်တို့နှင့် တွဲဖက်သုံးဆောင်ဖို့ သင့်လျော်ပါတယ်။
ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
• ပေါ်ဆန်းမွေးဆန် – ၁ ဗူးခွဲ
• ကုလားပဲ (သို့ ) ပဲနီလေး – နို့ဆီဗူး တဝက် (ရေစိမ်ထားပါ) ( ကုလားပဲကို တချို့ကပြုတ်ထား ပါတယ်။ ကျွန်မကတော့ အစိမ်းအတိုင်းပဲချက်ပါတယ်။ မနက်ချက်မယ်ဆိုညကတဲကစိမ်ပါတယ်။ ညနေချက်မယ်ဆို မနက်ကတဲကစိမ်ပါတယ်။ ) • ရေ – ၃ ဗူး • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ) • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
• သစ်ဂျပိုး – ၁ခု
• ဖာလာစေ့ – ၃စေ့
• ကလဝေရွက် – ၂ရွက်
• လေညှင်းပွင့် – ၃ပွင့်
• ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
• ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
• ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ၊ ထောပတ် တို့ကို အပူပေးပြီ အရည်ပျော်လျှင် ကြက်သွန်ဖြူ၊ နီ ဆီသပ်ပေးပါ။
၂။ ထို့နောက် ဖာလာစေ့၊ သစ်ဂျပိုး၊ လေညှင်း၊ ကလဝေရွက်တို့ကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
၃။ ပြီမှ ဆန်၊ ရေ၊ ဆား တို့ကို ထည့်ပြီ ထမင်း တဝက်ထိ ကျက်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
၄။ ထမင်း တဝက်ကျက်သွားလျှင် ပဲနီလေးကိုထည့်ပြီ ရောမွှေပေးပါ။ ( ကုလားပဲနှင့်ဆိုလျှင် အစကတဲက တခါတည်းထည့်ချက်ဖို့လိုပါတယ်။ )
၅။ ပြီလျှင် မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ ထမင်းကျက်သည်အထိ နုပ်ထားပေးပါ။
၆။ ထမင်းကျက်ပြီဆိုလျှင် အရသာရှိပြီ စားလို့ကောင်းတဲ့ ပဲထမင်း မွှေးမွှေးလေးကို ကြက်သားဟင်း၊ ငပိကြော်တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

THURSDAY

၄. အုန်းထမင်း (၄ယောက်စာ)

အုန်းထမင်းချက်ရန် ပါဝင်ပစ္စည်းများ
• ပေါ်ဆန်းမွှေးဆန် – ၂ ဗူး
• အုန်းနို့ခရင်း – ၁၆ဝမီလီလီတာ ( ပိုထည့်လို့ရပါတယ်။ ကျွန်မကတော့ ဗူးနဲ့အုန်းနို့ပဲသုံးပါတယ်။ ဆိုင်မှာသွားညှစ်ဖို့ခက်လို့ )
• ရေ – ၄ ဗူး ( ဆန်ပိုရင်ရေလျှော့ထည့်ပါ )
• ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
• ဂျင်း – ၃ပြား • ဆွမ်းမွှေးရွက် – ၁ရွက် (ချည်ထားပါ)

Optional ( ဆွမ်းမွှေးရွက်မကြိုက်လျှင် သစ်ဂျပိုး – ၂ ခု

• ကလဝေးရွက် – ၄ ရွက် ခန့် ဆီသတ်ထည့်နိုင်ပါတယ် )

အုန်းထမင်းချက်နည်း •
၁။ အရင်ဆုံး ဆန်ကို ရေ၃ကြိမ် ဆေးပြီ အုန်းနို့ခရင်း၊ ရေ၊ ဆား၊ ဂျင်း၊ ဆွမ်းမွှေးရွက် ( ဆွမ်းမွှေး ရွက်မကြိုက်လျှင် သစ်ဂျပိုး၊ ကလဝေးရွက် တို့ကိုဆီသတ်ထည့်နိုင်ပါတယ် ) တို့ကို ထည့်ပြီ ရိုးရိုး ထမင်းချက်သလို Rice Cooker ဖြင့် ချက်ပေးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

FRIDAY

၅.။ဒန်ပေါက် ထမင်း

ဒန်ပေါက် ပါဝင်ပစ္စည်းများ
– ဘာစမာတီဆန်နို ့ ့ဆီဗူး (၄)လုံး
– ကြက်သား (၆၀)သားခန် ့( ရင်အုပ်ပိုင်း ၊ပေါင်ပိုင်း )တစ်ကောင်လုံးအလေးချိန် ၄၅ကျပ်သားခန့် ရှိကြက်
– စပျစ်သီးခြောက် (၅) ကျပ်သားခန် ့
– သီဟိုစေ ့ (၅) ကျပ်သားခန် ့ (မလှော်မှီ သဘာဝ)
– ပဲစိမ်းဗူးတစ်ဗူး
– ထောပတ် တစ်ဆယ်သားခန် ့ ( မြန်မာထောပတ်မရလျှင် မာဂျရင်း စမ်းသုံးကြည် ့ရန် )
– နို့စိမ်း ဗူးတစ်ဝက် (သို့ ) နွားနို့ တစ်ခွက်ခန် ့
– သစ်ဂျပိုးခေါက် (သို့) သစ်ဂျပိုး အမှုန် ့ အနည်းငယ်
– ကရဝေးရွက် (၆)ရွက်ခန် ့
– ဖာလာစေ ့ (၁၀)စေ ့ခန် ့
– လေးညှင်းပွင် ့ (၅)ပွင် ့
– ဆီ (၁၅) ကျပ်သားခန် ့
– ဆား ၊ ကြက်သွန်နီ ၊ ဒံပေါက်မဆလာ …… (ဒံပါက် မဆလာမရှိလျှင် တစ်အိုးစာ မဆလာလုပ်နည်းကို အဆုံးတွင်ဖေါ်ပြပါမည် ။)

ပြုလုပ်နည်း
ဦးစွာပထမ ကြက်သားကို ဒံပေါက်ဆိုင်များမှ ပုံစံအတိုင်း ပေါင် ၊ရင်အုပ်ပို်င်း ခွဲခြမ်းပြီး ဆား၊ နွားနို့(သို့) နို့စိမ်း ၊ ဟင်းခတ်မှုန် ့ ၊ ဒံပေါက်မဆလာ တို့ဖြင် ့ တစ်နာရီခွဲခန် ့ နှပ်ထားပါ ။
နှပ်နေစဉ်အတွင်း အထက်က စပျစ်သီးခြေက်များ ၊ သီဟိုစေ့များကို ထောပတ်ဖြင် ့ဆီပူထိုး၍ ထောပတ်ဆီသပ်သပ် ၊ ကြော်ပြီး သား စပျစ်ခြောက်နှင် ့ သီဟိုစေ ့များကိုသပ်သပ်ခွဲထားပါလေ ….။
ထို့နောက် …..နှပ်ထားချိန်စေ့ပါက ထမင်းပေါင်းအိုးအတွင်းသို့ ၄င်း ကြက်သားများကိုအောက်တွင်စီ၍ ထည် ့ရပါမည် ….။ (လျှပ်စစ်ထမင်းပေါင်အိုးဖြင် ့ ချက်၍ရသည် )
ကြက်သွန်နီသုံးမွှာခန့်ထောင်း၍ ထိုကြက် သားများနှင် ့ရောနယ်ပြီး ထည် ့ပါလေ ……..။
ကြက်သားများနှပ်ထားစဉ်က ထွက်ရှိ သော အရည် များ ကိုရောမထည် ့သေးပဲ ရေထည် ့မည် ့အခါမှသာ ရေချိန်အတိုင်းတွက်ချက်၍ထည် ့ရပါမည် ၊ သို့မဟုတ်ပါ က ရေအချိုးများပြီး ထမင်းပျော ့မည်ဖြစ်ပေသည် ။
ကြက်သားတုံးများထည် ့ပြီးပါက ဆီတစ်ဆယ်သားခန် ့ ကိုထည် ့ရမည် …။
ပြီးနောက် …..ရေဆေးပြီး အသင် ့စစ်ထားသော ဆန်ကို ၎င်းကြက်သားတုံးများပေါ်မှ ညီညာစွာဖြန် ့ထည် ့ရမည် ။
ဆန်များနှင့်အတူ သစ်ဂျပိုးခေါက် သုံးလေးစခန် ့ ၊ ကရဝေးရွက် (၆)ရွက် ၊ နှင် ့ ပဲစိမ်းဗူး တစ်ဝက်ခန် ့ကိုသမမျှတစွာ ရော၍ ထည် ့ပါလေ …..။
ဖာလာစေ့နှင် ့ လေးညှင် းပွင် ့ တို့ကို ကြက်သားနှင် ့အတူ ထည် ့ရန်မမေ ့ပါနှင် ့ …..။
ဆန်ထည် ့ပြီးပါက စောစောက ကြက်သားမှထွက်ရှိသောအရည်များ အပါအဝင် မိမိထည် ့နေကြ ရေခန်း ချက်နည်းအတိုင်းရေကိုချင်တွယ်၍ထည် ့ပါ ။
ဆန်အမျိုးအစားမတူလျှင် လည်းကောင်း ဆန်သစ် ဆန် ဟောင်း မတူလျှင်လည်းကောင်း ရေအချိုးကွာနိုင်သဖြင် ့ မိမိ ထည် ့ချက်နေကျပုံစံအတိုင်း ထည် ့စေ ခြင်းဖြစ်သည် ။
(ဆန်သစ်နှင် ့ လုံးဝ မချက်ပါနှင် ့) ရေထည် ့လျှင် ညင်သာစွာထည် ့ရပါမည် ..။
အသားများပေါ် ဖုံးအုပ် ထားသော ဆန်များ ပုံမပျက်စေရန်ဖြစ်သည် ။
ပြီးနောက် …ထမင်းအိုးကိုပံမှန်အတိုင်း ချက်ပြီး ထမင်းနပ် သော အခါ ချက်ခြင်းမချသေးပဲ မိနစ်နှစ်ဆယ်ခန် ့ ထပ်၍နှပ်ပါလေ …..။
နောက်ဆုံးအကြိမ်နှပ်ပြီးပါက အထက်က ဆီပူထိုးခဲ ့သော သီဟိုစေ ့ နှင် ့ စပျစ်ခြောက် တို့ကို အိုးထဲသို့ ဖြူး၍ထည် ့ပြီးလျှင် ယခင်က သပ်သပ်ဖယ်ထားသော ထောပတ်ဆီများကို အဆိုပါထမင်း အိုးထဲသို့ မျှတစွာ လောင်းထည် ့ပါ ။
ပြီးလျှင် …(၁၀) မိနစ်မျှ အဖုံးပိတ်ပြီး ပြန်နှပ်ပါ ။
ထို့နောက် အဖုံး ကိုဖွင် ့၍ ထမင်းများကို ခတ်တုံးတုံး ယောက်မ (သို့) ထမင်းခတ်ဖိုက်ဘာဇွန်းဖြင် ့ အထက်အောက် သမပြီး အောက်ဆုံးမှ ကြက်သားတုံးများကို သီးသန် ့ ဖယ်ထုတ်ထားပါ ။
ယခုအချိန်မှစပြီး ရွာသူားတို့အကြိုက် စတင်သုံးဆောင်နိုင်ပြီ ဖြစ်ပါသည် …..။

မဆလာစပ်နည်း ။ ။
ဇီယာစေ့ စတီးဇွန်းတစ်ဇွန်း ၊ ဖာလာစေ့ (၇)စေ ့ ၊လေးညှင်းပွင် ့ (၃)ပွင် ့ နာနတ်ပွင် ့ဖတ် (၃)ဖတ် တို့ကို မီးမကျွမ်းစေအောင်လှော်ပြီး ညက်အောင်ထောင်းပါ ။
အသား (၆၀)သားခန့်အတွက် တစ်အိုးချက်အချိုးဖြစ်သည် ။
တစ်ခါအဆင်မပြေလျှင် နောက်တစ်ခါလုပ်ကြည် ့ပါ ။
တစ်နေ့တော့ဖြစ်လာပါလိမ့်မည် ၊။
ကိုဆာမိနည်းကပိုလွယ်လို့ခိုးချထားပါတယ်။
ခွဒစ်တူကိုဆာမိ ကျွန်မဒန်ပေါက်ချက်နည်းကတော့ နတ်သုဓ္ဒါချက်တဲ့နည်းအတိုင်း ပါဝင်ပစ္စည်းများ၊ အချိုးအစားများ အနဲငယ်ပြင်ပြီး ချက်ပါတယ်။ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

SATURDAY

၆. နတ်သုဓ္ဒါ (သီးစုံထမင်း)

ပါဝင်ပစ္စည်းများ
– ဘာစမာတီဆန်နို ့ ဆီဗူး (၄)လုံး
– တစ်ကောင်လုံးအလေးချိန် ၄၅ကျပ်သားခန့် ရှိ မြန်မာ ကြက်သား ( ရင်အုပ်ပိုင်း ၊ပေါင်ပိုင်း ) ၈ ခြမ်း
– စပျစ်သီးခြောက် ( ၁ဝ ) ကျပ်သားခန် ့
– သီဟိုစေ ့ ( ၁၅ ) ကျပ်သားခန် ့
– ပဲစိမ်းဗူးတစ်ဗူး
– ဂီးထောပတ် တစ်ဆယ်သားခန် ့ ( အပေါ်မှဖြန်းရန် တူနှစ်လက်တံဆိပ်ထောပါတ် )
– ဒိန်ချဉ် – သစ်ဂျပိုးခေါက် ၆ ခေါက်
– ကရဝေးရွက် (၆)ရွက်ခန် ့
– ဆား – ကြက်သွန်နီကြော် ( ၁ဝ ) သားခန့် ( ခြေထားပါ )

ပြုလုပ်နည်း
ဦးစွာပထမ ကြက်သားကို ဒံပေါက်ဆိုင်များမှ ပုံစံအတိုင်း ပေါင် ၊ရင်အုပ်ပို်င်း ခွဲခြမ်းပြီး ဆား၊ ဒိန်ချဉ် ၊ ဟင်းခတ်မှုန် တို့ဖြင် ့ တစ်နာရီခွဲခန် ့ နှပ်ထားပါ ။
ထို့နောက် နှပ်ထားချိန်စေ့ပါ ကကြက်သွန် နီကြော်ကိုကြက်သားနှင့်ရောနယ်ပါ။
ဆန်ကိုရေဆေးစစ်ထားပါ။
ရေစစ်လျှင်ထမင်းချက်ပါ။
ထမင်းကိုအကျက်မချက်ပဲ မာမာလေးချက်ပါ။
ထမင်းမာမာလေးရစေရန် ရေပွက်ရုံမျှတည် ပြီး ရေသွန်ပြီးစစ်ထားပါ။
ချက်ရန်အိုးမှာ ကြီးရန်လိုပါသည်။
ထမင်းမျက်နှာပြင်နှင့် အိုးအဖုံးအတော်အတန်ဝေးရန်လိုပါသည်။
ထမင်းရေစစ်လျှင် ဆား၊အရသာမှုန့် များဖြင့်ထမင်းကိုနယ်ပါ။
ထမင်းအိုး အတွင်းသို့ နှပ်ထားသော ကြက်သားများကိုအောက်တွင်စီထည့်ပါ။
အပေါ်မှထမင်းအုပ်တဝက်အုပ်ပါ။
အပေါ်မှ စပျစ်ခြောက်၊ သီဟိုစေ့၊ ပဲစိမ်းစေ့ကိုဖြူးပါ။
အပေါ်မှထောပါတ်ဖြင့် ဆီသတ်ထားသော သစ်ဂျပိုးခေါက် နှင့်ကရဝေးရွက် ကိုထောပါတ် တဝက်ကိုဖြန်းပါ။
အပေါ်မှထမင်း ထပ်အုပ်ပါ။
အပေါ်မှထောပါတ်ဖြင့် ဆီသတ်ထားသော တဝက်ကျန်သည့် သစ်ဂျပိုးခေါက် နှင့်ကရဝေးရွက် ကိုထောပါတ် ပါလောင်းထည့်ပါ။
ပြီးလျှင်မီးသွေးမီးဖိုပေါ်တွင် အောက်မီးနဲနဲ အပေါ်မီးများများဖြင့် အထဲမှထမင်းများ နပ်အောင် တနာရီခန့်စိတ်ရှည်ရှည်တည်ရပါမယ်။
ကြက်သားများတူးမှာစိုးသဖြင့် အောက်မီးမှာရှိသည် ဆိုရုံမျှရှိရပါမယ်။
အပေါ်ထမင်းမှာလဲမတူးစေရန် အိုးအဖုံးနှင့်ထမင်းဝေးရန်လိုပါတယ်။
ဒါ့ကြောင့် အိုးအကြီးသုံးဖို့အကြံပေးရခြင်းဖြစ်ပါတယ်။
ပေါ်မီးများများနှင့် အငွေ့များအောက်ဆင်းအောင်ယပ်ခပ် ပေးဖို့လိုပါတယ်။
တနာရီခန့်ကြာလျှင်အိုးဖွင့်ကြည့်ပြီး ထမင်းနပ်ပြီဆိုလျှင် မီးကျီးခဲများကိုဖယ်လိုက်ပါ။
တူနှစ်လက်တံဆိပ်ထောပါတ် တဆယ်သားခန့်ကိုပျော်အော်ဖျော်ပြီးထမင်းပေါ်သို့နှံစပ်စွာလောင်းထည့်ပါ။
အိုးအဖုံးကိုသေချာစွာပြန်ဖုံးထားပြီး မိနစ်နှစ်ဆယ်ခန့်နေလျှင်အဖုံးဖွင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

SUNDAY

၇. ထမင်းပေါင်း

ထမင်းပေါင်းကတော့ အစိုပေါင်းနဲ့အခြောက်ပေါင်းနှစ်မျိုးရှိပါတယ်။ အခုကတော့ အစိုပေါင်း ( ရန်ကုန်ပေါင်း ) ကိုတင်ပြပေးမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ .
ဆန် – ၂ ဗူး .
ကြက်ရင်ဗုံသား ( သို့ ) ဝက်မိုးခိုသား – ၃ဝ သား .
ဥနီ – ၂ လုံး .
ပန်းပွင့် . ငြုပ်ပွစိမ်း – ၃ လုံး ( ကျွန်မကတော့အနံ့မကြိုက်လို့မထည့်ပါဘူး ) .
မုန်ညင်းဖြူထုပ် – ၁ ထုပ် ( တချို့က ဂေါ်ဖီထုပ်ထည့်ပါတယ် ) .
ပဲပြား – ၂ တုံး .
ခရမ်းချဉ်သီး – ၃ လုံး .
ကြက်သွန်နီ – ၃ လုံး .
ကြက်သွန်ဖြူ – ၅ မွှာ ( ဒါးပြားရိုက်ထားပါ ) .
ငုံးဥ – ၁ဝ လုံး .
တရုတ်နံနံ – ၁ စည်း .
ရွှေပဲသီး – ၂ဝ ကျပ်သား .
ပဲငံပြာရည် အကြည် .
ပဲငံပြာရည်အနောက် .
ခရမ်းချဉ်သီးဆော့ .
ကော်မှုန့်

 ပြုလုပ်ပုံအဆင့်ဆင့်
ဥနီ၊ ရွှေပဲ၊ မုန်ညင်းဖြူ၊ ပန်းပွင့်၊ ငြုတ်ပွစိမ်း၊ ခရမ်းချဉ်သီး ( အစေ့ညှစ်ထားပါ )၊ ကြက်သွန်နီ တို့ကို အတုံးလေးများလှီးထားပါ။
ပဲပြားကိုအတုံးလေးများတုံးပြီး အပေါ်ရည်တင်းအောင်ကြော်ထားပါ။
ကြက်သား ( သို့ ) ဝက်သားကို အတုံးလေးများတုံးထားပါ။
ဆား၊ ပဲငံပြာရည် အကြည်၊ အနောက် တို့ဖြင့်နယ်ထားပါ။
သကြားအနည်းငယ်ထည့်နယ်ထားပါ။ ငုံးဥများကိုပြုတ်ထားပါ။
ထမင်းအိုးတည်ထားပါ။
စားခါနီးလျှင် ထမင်းတပွဲစာပန်းကန်ထဲထည့်ပါ။
အိုးထဲဆီအနဲငယ်ထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။
နယ်ထားသောအသားများထဲမှ တပွဲစာကိုအသားနူးအောင်ကြော်ပါ။
အသားနူးလျှင် ဥနီ၊ ရွှေပဲ၊ မုန်ညင်းဖြူ၊ ပန်းပွင့်၊ ငြုတ်ပွစိမ်း၊ ကြက်သွန်နီ တို့ကိုထည့်ကြော်ပါ။
အသီးအရွက်များနူးလျှင် ခရမ်းချဉ်သီး၊ ပဲပြား၊ ငုံးဥ ထည့်မွှေပါ။
အနဲငယ်ထားပြီးလျှင် အရသာအတွက် သကြား၊ အရသာမှု့န့်၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ခရမ်းချဉ်သီးဆော့ အနည်းငယ် တို့ကို ကော်မှု့န့်ဖြင့် ရေဖြင့်ဖျော် ထည့်ပါ။
ခဏမျှဆူအောင်ထားပြီး ထမင်းပေါ်လောင်းထည့်ပါ။ ပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချိုးအဆရော ချက်နည်းရော စံနစ်တကျ ပြောပြထားတာမို့ အကြိုက်တွေ့မယ် မျှော်လင့်ပါတယ်။

CREDIT TO: TNA

 

:chit:

 

ယောက်ခမွနဲ့ချွေးမွ ကြိုးစား ချက်နေပုံ။  :P
ယောက်ခမွနဲ့ချွေးမွ ကြိုးစား ချက်နေပုံ။ 😛

 

ဒီပုံ ကို နန်းတော်ရာသူ ဖန်တီးပေးပါတယ်။
ဟိဟိ

55 comments

  • မီ မီ

    January 27, 2014 at 11:02 am

    အီး…

    တကယ်လည်းမစားရဘူး

    စားမယ် စားမယ် ရေးတာ မမလားဟင်

    • KZ

      January 28, 2014 at 11:41 am

      စားမယ် စားမယ် မဟုတ်ပါဘူးးး
      စားမှာပဲ စားမှာပဲ ပါ။
      😀
      ဧကန်န ကိုရာမည ပေ့(ချ) ကနေ ရွာထဲရောက်လာတာထင်တယ်။

      🙂

  • ကပ္ပိယ သာဒင်​

    January 27, 2014 at 11:19 am

    ထမင်းဆိုင်ပိတ်သွားပြီဆိုလို့
    မစားရတော့ဘူးမှတ်တယ်
    အားပေးသွားပြီဗျာ

    • KZ

      January 28, 2014 at 11:42 am

      မပိတ်ပါဘူးဗျာ။
      နားတာပါ။
      ဟိ။
      စာဖိုးမှူးကြီးတစ်ယောက်က မင်ဂါပြန်ဆောင်နေတာလည်းပါသပေါ့

      :mrgreen:

      • TNA

        January 29, 2014 at 6:03 pm

        အိုက်ချဖိုမူးဆီက ပင်လယ်စာမီနူးစောင့်နေတာပါဆို။ တူဂလာတေးဝူးရယ်။

  • Ma Ei

    January 27, 2014 at 11:37 am

    အတော်လိုက်တဲ့ ယောက်ခမွနဲ့ချွေးမွ ပါလားနော်….
    ဘယ်နေ့ ဘာချက်မှာလဲဟင်…
    ဧည်သည်လာလုပ်မို့….
    🙂

    • TNA

      January 27, 2014 at 3:54 pm

      အုန်းထမင်း၊ ထောပတ်ထမင်းကတော့ ထမင်းအိုးဆေးတုန်းချက်ချင်စိတ်ပေါက်ရင် ချက်ချင်းထချက်လိုက်တယ်။ ထမင်းပေါင်းကတော့ ဝိတ်ချချင်ရင်ချက်စားတယ်။ ဒန်ပေါက်၊ ကြက်ဆီထမင်း နဲ့ နတ်သုဓ္ဒါ (သီးစုံထမင်း) ကတော့ တပါတ်လောက်ကြိုစီစဉ်ရတယ်။ :mrgreen:

  • kyeemite

    January 27, 2014 at 12:00 pm

    “စားကြမယ်ဟေ့ ကောင်းကောင်း”….အံ့ရော…အံ့ရော..
    ချက်တတ်တာရော..ချက်နည်းပြုတ်နည်းကိုစိတ်ရှည်လက်ရှည်ရေးပေးနိုင်တာရော…
    ချီကျူးပါ၏ မွသဲခင်ဗျား…
    အင်း..ဒီနေ့ MONDAY ဆိုတော့ ယိုးဒယားစတိုင် ကြက်ဆီထမင်းလေးစားသွားပါသည်။ 😀

    • TNA

      January 27, 2014 at 3:48 pm

      အာဟိ သူများနားကလဲမှီညမ်းထားပါတယ်။ ကွ့ကိုယ်လဲထပ်ဖြည့်ပါတယ်။ လိုတိုးပိုလျှော့လုပ်ထားပါတယ်။ ဥပမာပဲထမင်းဆိုရင်ကိုယ့်အကြိုက်အတိုင်းချက်စားပါတယ်။ ဟီဟိ။

  • ဦးကျောက်ခဲ

    January 27, 2014 at 12:07 pm

    တွားပါဘီ… တွားပါဘီ မွသဲကို မကျေနပ်တော့ဘူး…
    ကျောက်စ်က စင်ကာပူ Mandarin Style, Chatterbox ကြက်ဆီထမင်း တင်မလို့…
    ရေးလို့ မပြီးတပြီးမှာ မွသဲ ဦးသွားတယ်… တော်ဘီ တင်တော့ဘူး…
    မနေနိုင်လို့ ပြောရရင်…
    မွေးမြူရေးကြက် ၂လသားအရွယ် ၁ပိဿာကျော် အကောင်က ပိုစားလို့ကောင်းပါတယ်…
    စကားမစပ်… ဝတ်ရည်ကို ခွက်ဒစ်စ် မပေးဘူးလားဟင်…
    😀

    • TNA

      January 27, 2014 at 3:45 pm

      အာဟိ မေ့တွားလို့ ဝတ်ရည်က ကြက်ဆီထမင်းတမျိုးပဲ အကုန်ပါတာပါကျောက်စ်ရယ်။ အိမ်မှာ ကွ့ကိုယ်ချက်လဲအဲနည်း အလှုလုပ်လဲအဲနည်းပဲချက်တယ်။ ရိုးရိုးနည်းထက်ပိုကြိုက်လို့။ အာဟိအာဟိ။ ကျန်တာသူ့ဗားရှင်းနဲ့ကိုယ့်ဗားရှင်းပြောင်းထားပါတယ်။ ငိငိငိ။ သူ့ဟင်းဦးတာနဲ့တူညားကို ဟင့်ဟင့်ဟင့်
      ကျွန်မကတော့ ဗမာကြက်ပဲကြိုက်တယ်။ ဒီထမင်းတွေအကုန်ကိုဗမာကြက်နဲ့ပဲချက်တယ်။ ထမင်းပေါင်းကလွဲလို့။ မွေးမြူရေးကပွစိဖွယ်တယ်ကြီး အသားများလို့ကြိုက်ဖူးရယ်။

    • TNA

      January 27, 2014 at 3:58 pm

      ဝတ်ရည်ကိုနာမည်မဖြုတ်ပဲဒီအတိုင်းထည့်ပေးထားဒယ်လေ။ ငွင်းငွင်းငွင်း

  • မဟာရာဇာ အံစာတုံး

    January 27, 2014 at 12:39 pm

    အင်း … ချွေးမွ ကြည့်ရတာလည်း …
    ကျုပ်တို့ရွာက ဘဖြူ အတိုင်းပဲလား မတိဘာဘူးရယ် …
    ဘဖြူကတော့ဖြင့် …
    ဟင်းအိုးလည်း သည်ရော ဘဖြူလည်း ဆယ်ရော ..
    ဟင်းအိုးလည်း ချရော ဘဖြူလည်း ဝရော …
    ဆိုသလိုပဲ …. အစားအရာမှာ စချက်ကတည်းက စိတ်ချထားရတတ်တာ .. အဟွတ် ..
    :mrgreen:

    ထမင်းပေါင်း ချက်တဲ့နေ့ကျ လာစားမယ်ဗျာ ..

    • KZ

      January 28, 2014 at 11:43 am

      နာချက်တဲ့ ဟင်း နာမမြီး ပါဘူးးး
      အရသာ မကောင်းလို့။
      သူများချက်တာမှ ဝင်ကူရင်း စားတာ။
      😀

  • Wow

    January 27, 2014 at 2:04 pm

    ဒန်ပေါက်နဲ့ နတ်သုဓာတော့ ကြိုက်ဝူး… ကျန်တဲ့ ထမင်းတွေ အကုန်ကြိုက်အိ…. :kwi:

    • KZ

      January 28, 2014 at 11:50 am

      ဒါကျ အကြိုက်မတူတော့ဘူးးး
      :kwi:

  • surmi

    January 27, 2014 at 4:11 pm

    တရားဝင်ကိုကြေငြာလိုက်ပါပေါ့လား
    ဒုက္ခ ဘဲ
    ကျုပ်က မဒမ်ကိုအင်တာဗျူးရဦးမှာ

    • TNA

      January 27, 2014 at 4:16 pm

      အာဟိ ဦးဆာမိနည်းကလွယ်လို့ ကူးထားတာ။ အဲတော့ဒီအတိုင်းခွဒစ်ပေးပြန်ထည့်ပလိုက်တယ် ခွင့်မတောင်းလိုက်မိဘူး ဆောဒီးပါ။ ခွင့်လွှတ်တယ် ခွင့်ပုတယ်ဆို ဒါန်ပေါက်ထမင်းလေးချက်ကျွေးပါ။ ငပိလဲကူးထားတယ်။ ကြိုပေါထားတာ :kwi:

  • Ma Ma

    January 27, 2014 at 4:17 pm

    မသဲကတော့ ဧည့်သည်များအောင် ခေါ်နေသလိုပဲ။
    ဘယ်လိုအကြောင်းပြပြီး သွားရပါ့ 😀

    • TNA

      January 27, 2014 at 5:09 pm

      အာဟိ အာဟိ :kwi:

  • kai

    January 27, 2014 at 4:30 pm

    ထမင်းဆိုင်ပြန်ဖွင့်ရင်.. အရင်ဆုံးကတော့.. ကျုပ်ကအားပေးမှာပဲ..
    သတင်းစာထဲထည့်မလို့.. :mrgreen:

    ဖြစ်ပုံက.. ယူအက်စ်က လေဒီတွေများ… နေ့စဉ်က..လစဉ်..အဲဒီကနှစ်တွေစီလာတော့… တရက်တရက်.. ဘာဟင်းချက်ရမှန်းမသိ… ရွာလည်နေတတ်တာ..
    သတင်းစာထဲ.. KZထမင်းဆိုင်လေး.. .နေ့စဉ်ရက်စဉ်လေး.. စီပေးလိုက်တော့.. ဟန်ကျကြသတဲ့..

    သာဓုပါတဲ့ဗျား..။

    • TNA

      January 27, 2014 at 5:07 pm

      ဒီပိုစ့်မထည့်နဲ့ဒဂျီး ပတ်တနာတက်တွားမယ် တူညားဟာဒွေလဲပါဒယ် နောက်မှကိုယ်ပိုင်ပိုစ့်ကျမှ ထည့် အောင်မြတ်လေး တော်သေးဟေးဟေး :mrgreen:

  • ဒီမှာတင်တထိုင်တည်းဖတ်လို့မဖြစ်လို့ PDF လုပ်သိမ်းလိုက်တယ်မမရေ။
    ဒါမှ ချက်ကြည့်တဲ့အခါ ပြန်ဖွင့်ကြည့်လို့အဆင်ပြေမှာ။
    ချက်တဲ့တီတဲရော၊ရေးတင်တဲ့မမကော ကျေးကျေးပါ။

    • KZ

      January 28, 2014 at 11:58 am

      ပုံ လုပ်ပေးတဲ့ ညီမလေးကိုလည်း ကျေးကျေးပါ

      :chit:

      • TNA

        January 29, 2014 at 5:53 pm

        ပုံကလေးလှပါအိ သော်သော်ရေ ကျေးကျေးဘာ။ ဒီထမင်းဆိုင်ပိုင်ချင်က စဖိုမူးကိုပေးမဝင်ဘူး။ လော့အင်ဝင်မရလို့ အီးးးးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးး

  • ဒညင်းဝက်

    January 27, 2014 at 10:01 pm

    ထမင်းဆိုင်…ပြန်ဖွင့်ပြီ…
    အစားငမ်းစရာ..နေရာ…ပြန်ရပြီ..

    အဟိ

    :kwi:

    • TNA

      January 29, 2014 at 5:53 pm

      ငါလဲမျှော်နေတာအေ့။ သူများချက်တာတွေအတုခိုးမို့။ ပျော်ထှာ

  • Shwe Ei

    January 28, 2014 at 9:09 am

    ဆွိဆွိ ဘယ်ရောက် ???

    • KZ

      January 28, 2014 at 11:40 am

      ဒီမှာပါ ပျာယေးရေ။
      မအားလို့ရော။ မွသဲဖြေနိုင်တာရောမို့ ခဏ နားနေတာပါ။
      လွမ်းလို့ မေးသလားးး

      :chit:

      • TNA

        January 29, 2014 at 5:54 pm

        မွတဲ လဲလော့အင်ဝင်မရလို့ ဂုမှရောက်သတော့

  • nozomi

    January 28, 2014 at 1:49 pm

    တပတ်လောက် ရှိပြီ ထမင်းစား ပျက်နေတာ
    စာကို သရေယိုပြီး ဖတ်သွားပါတယ်
    အပြင်မှာပါ တကယ်ကျွေးရင် ပိုကောင်းပါ့မယ်

    • KZ

      January 28, 2014 at 2:23 pm

      မွသဲရေ ဒီမှာပြောနေတယ်။

      😀

      • TNA

        January 29, 2014 at 5:55 pm

        ရတယ်ရတယ် ဝယ်သားစား ကြိုက်သလောက်စားကျသလောက်ရှင်း :mrgreen:

  • Paing Lay

    January 28, 2014 at 3:39 pm

    ဒီတစ်ခေါက် စားစရာဒွေက တားတားကြိုက်ကြိုက်တွေချည်းပဲ :mrgreen:

    • TNA

      January 29, 2014 at 5:56 pm

      အဝစားပါချင့်

  • padonmar

    January 28, 2014 at 9:18 pm

    တီဒုံကလည်း အီကိုကွတ်နဲ့ ပုဇွန်စပယ်ရှယ်လို့ ခေါင်းစဉ်တပ်ပေးပြီးမှ စိတ်ထဲကပဲ အမျိုးမျိုးချက်နေနိုင်တယ်။
    ခွေးလွှတ်ပါဗျို့။
    ……
    .ယောက်ခမွက ဒါးဂျီးကိုင်
    ချွေးမွက ဒယ်ကိုင် လို့
    တယ်လိုက်ပါလား။

    • TNA

      January 29, 2014 at 5:57 pm

      ဟင့် အာတီဒုံးမီးမီးပုဂျွန်ချားဘူးချင့်။ ပုဂျွန်းစီးရီးပီးရင် တခြားစီးရီးလဲထည့်ပေးဘာချင့် :kwi:

    • KZ

      January 29, 2014 at 6:11 pm

      ဟိ

      အာတီဒုံပါတဲ့ ပုံလည်းရှိတယ်။
      အနော်ရယ်၊ မွသဲရယ် အာတီဒုံရယ် ၃ ယောက်။
      အာတီဒုံဟင်းစပ်ရမှ တင်တော့မယ်

      :chit:

  • weiwei

    January 29, 2014 at 9:18 am

    ဒီပို့စ်မြင်တော့မှ ပေးထားပြီးသားကတိကို အမှတ်ရသွားတယ် ..
    ဘာတွေချက်ပေးရရင် ကောင်းမလဲလို့ စဉ်းစားလိုက်အုန်းမယ် ..

    • TNA

      January 29, 2014 at 6:02 pm

      မဝေရဲ့မီနူးလဲအတုခိုးယူရန်စောင့်မျှော်လျှက်

    • KZ

      January 29, 2014 at 6:05 pm

      ဝေ။
      ကတိတွေ မမေ့သေးဘူးနော်။
      😀

    • KZ

      January 29, 2014 at 6:07 pm

      မွအိကို သတိရတယ်။
      ရုံးအရွှေ့အပြောင်းနဲ့ မအားဘူးထင်လို့ နောက်တစ်သုတ်မှ ပူစာမှာ။

      🙂

    • TNA

      January 29, 2014 at 6:07 pm

      ဟုတ်တယ် ချွေးမွလေးရေ စာဖိုမူးမွအိဆီကတောင်းအုံး

  • Crystalline

    January 29, 2014 at 2:32 pm

    ဒီနှစ် နျူးရဲရယ်စလူးရှင်းမှာ အစားအသောက်တွေမငန်းတော့ဘဲ ဝိတ်လျော့ပါမြီဆိုပြီး အခုလိုဖွယ်ဖွယ်ရာရာလေးတွေရေးထားတော့လည်း.. စိတ်ကမခိုင်ချင်တော့ :((

    • TNA

      January 29, 2014 at 5:59 pm

      အော်ဝိတ်ချချင်ရင် ထမင်းပေါင်းလုပ်ချားဘာဒယ်ချို ခရစ်ကလေးရယ်။ ထမင်းပေါင်းလုပ်ချားပေါ့ကွယ်။ :mrgreen:

  • Mr. MarGa

    January 29, 2014 at 3:39 pm

    ဟဲဟဲ………..
    တနင်္လာ ဖျောက်
    ကျန်တဲ့နေ့တွေအတွက် အော်ဒါပေးပါတယ်။
    ထမင်းပေါင်းကိုတော့ မန်းစတိုင် ပြန်ပေါင်းပေးဘာ :mrgreenn:

    • TNA

      January 29, 2014 at 6:00 pm

      မန်းထမင်းပေါင်းတော့တတ်ဘူးအေရယ်။ မိုးကုတ်ထမင်းပေါင်းတော့သိဒယ် ပြန်လေ့လာလိုက်အုံးမယ်အေ့။ မိုးကုတ်ကလဲအခြောက်ပေါင်းပဲ။

      • KZ

        January 29, 2014 at 6:09 pm

        မန်းလေးပေါင်းက သများပေါင်းတတ်တယ် မွသဲ။

        😀

  • myat pearl phyu

    January 30, 2014 at 2:03 pm

    စားလို့ကောင်းမှာပဲ နော် .. ပုံလေးနဲ့ပါ တွဲမြင်လိုက်မယ်ဆိုရင်ဖြင့်

    ရှလွတ် ရှလွတ်ပေါ့…

    • TNA

      January 30, 2014 at 9:01 pm

      အာဟိ ချက်ပီးရင် ဒါ့ပုံရိုက်ဖို့မေ့မေ့သွားတယ် စားပီးမှချည်းသတိယတယ် :mrgreen:

  • Novy

    January 30, 2014 at 3:20 pm

    သဲနဲ့ ဆွိရေ..
    တပတ်စာလုံး စားသွားတယ်..
    ဒန်ပေါက်ချက်နည်းလေးမေ့နေတာနဲ့အတော်ပဲဖြစ်သွားတယ်
    ကျေးဇူးပါရှင်

    • KZ

      January 31, 2014 at 6:18 pm

      လာ အားပေးတာ ကျေးဇူးပါ မနိုရေ။

      🙂

  • ဦးကြောင်ကြီး

    January 31, 2014 at 1:21 pm

    လူသားစားမယ်….

    • KZ

      January 31, 2014 at 6:18 pm

      ဘယ်လူမျိုးသားစားမတုန်းးးး
      😀

Leave a Reply