မျက်လုံးကောင်းတာသေချာရဲ့လား????

Shwe EiJanuary 24, 20141min21436

၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူတိုင်း မျက်လုံးနဲ့ပတ်သတ်တဲ့ပြသနာတော့ရှိကြတာပါဘဲ..သတိမထားမိတာကလွဲလို့ပေါ့လေ။

ကာကွယ်ခြင်း
မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာဟာ ကုသဖို့ခက်ခဲတဲ့ရောဂါအဆင့်ထိဖြစ်လာတတ်ပါတယ်။
By Markham Heild

es 1

အမေရိကန်လူမျိုးတွေဟာ စမတ်ဖုန်း၊ လက်ပ်တော့ပ်၊ ဒါမှမဟုတ် တက်ဘလက် တခုခု အစရှိတဲ့ ကွန်ပျူတာစခရင်လိုပုံစံမျိုးကို တနေ့ ခြောက်နာရီမှကိုးနာရီလောက်ထိ စိုက်ကြည့်နေလေ့ရှိပါတယ်။

ရှင်တို့လဲ တူတူဘဲဖြစ်လိမ့်မယ်လို့ခန့်မှန်းပါရစေ။

အိုက်လိုသာဆိုရင်တော့ “Digital Eye Strain” ဆိုတဲ့ ဝေဒနာတမျိုးခံစားနေကြရတဲ့ ၇ဝရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူ လူတန်းစားထဲမှာ ရှင်လဲတစ်ယောက် အပါအဝင်ဖြစ်လို့ရပါပြီ။

es5

“Digital Eye Strain” ဆိုတာ မကြာမကြာပြန်ဖြစ်လေ့ရှိတဲ့ မျက်စိဝေဒနာတစ်ခုအဖြစ်ကနေ ကုသဖို့ခက်ခဲတဲ့ မျက်စိဝေဒနာအဆင့်ကို ရောက်သွားနိုင်တဲ့ ရောဂါအခြေအနေတခုဖြစ်ကြောင်း The Vision Council လို့ခေါ်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု (Non Profit Organization ) ကသတင်းထုတ်ပြန်ထားပါတယ်။
The Vision Council ဆိုတာ အမြင်အာရုံပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို အထောက်အပံ့ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

“Digital Eye Strain” ဆိုတာ တနေ့တခြား စိုးရိမ်စရာဖြစ်လာနေတဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတစ်ခုပါ။ ရှင်တို့ရဲ့မျက်လုံးတွေဟာ ပုံမှန်အားဖြင့် နေရာအတည်တကျသတ်မှတ်ထားတဲ့ အမှတ်အသားတခုကို နာရီပေါင်းများစွာထိုင်ကြည့်နေဖို့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် စွမ်းအားမြင့် အလင်းရောင် ကိုထုတ်ပေးနိုင်တဲ့ ပစ္စည်းတခုခု နောက်တစ်မျိုးပြောရရင် ပြုပြင်ဖန်တီးထားတဲ့ အပြာရောင် (artificial “blue light” ) လို အလင်းရောင်မျိုးထုတ်ပေးနိုင်တဲ့ပစ္စည်းတခုခုဆိုရင် ပိုပြီးသတိထားရပါမယ်။

ဆိုတော့ Artificial “blue light” လို ဟာမျိုးနဲ့လိုအပ်တာထက်ပိုပြီး ထိတွေ့ရတဲ့အခါ ၊ နောက်ထပ်ပြောရရင် ငြိမ်နေတဲ့ အမှတ်အသားတစ်ခုပေါ်မှာဘဲ အာရုံစိုက်ဖို့ ရှင့်တနေ့တာရဲ့ လေးပုံသုံးပုံ ဒါမှမဟုတ် တနေ့လုံးနီးပါးကို အသုံးပြုရတဲ့အခါ
ဘာတွေဖြစ်မယ်လို့ထင်ပါသလဲ ???

မခံမရပ်နိုင်အောင် မျက်လုံးညောင်းမယ် ၊ မျက်သားခြောက်မယ်၊ မျက်လုံးနီမယ်၊ အမြင်အာရုံ ဝါးတားတားဖြစ်လာမယ် ၊ မျက်လုံးမှာပင်ပန်းတဲ့ဝေဒနာကိုခံစားရမယ်၊ ခေါင်းကိုက်မယ်၊ အချိန်ခဏလေး အလုပ်လုပ်ရုံနဲ့ ဇက်ကြောတယ်မယ်၊ ပုခုံးကြောနာမယ် လို့ အစီရင်ခံစာမှာဖေါ်ပြပါရှိပါတယ် 🙂

(ကွန်ပျူတာကို စိုက်ကြည့်နေတာ ခဏလေးရပ်ပြီး eye strain ဖြစ်တဲ့ဒဏ်ကိုခံနိုင်အောင် yoga eye exercise လေးနဲနဲလုပ်ကြည့်မယ်)

es 3

ဆက်လက်ဖေါ်ပြပါမည်

လေးစားစွာဖြင့်

ရွှေအိ

36 comments

  • KZ

    January 24, 2014 at 9:00 pm

    ခု ရင်ဆိုင်နေရတဲ့ ဒုက္ခထဲကတစ်ခုပဲ။
    ဆက် ရန် ကို မျှော်နေမယ်နော်

    :chit:

  • ဝင့်ပြုံးမြင့်

    January 24, 2014 at 10:08 pm

    ဟုတ်တယ်။ အခု စိုးရိမ်နေရတဲ့ ဒုက္ခတစ်ရပ်ပါ။ လိုင်းပေါ် သိပ်မတက်နိုင်တာလည်း ဒီအကြောင်းတစ်ခု ပါတယ်။

  • Lay Pai

    January 24, 2014 at 10:22 pm

    အရင် CRT monitor နဲ့ ၂ နှစ်နီးပါးလောက်မှာ မျက်မှန် သုံးရလု နီးပါး ဖြစ်နေတုံး LCD/LED monitor တွေ ပေါပေါ များများ ပေါ်လာ တော့ မတပ်ရတော့ ဘူး။ဒါပေမဲ့ ခုတော့ ပြီးခဲ့ တဲ့ တပတ်ကျော်က မျက်မှန်လုပ်ရပြီ။ အနီးမှုန်ပါ ပါဝါကတော့ ၁၀ဝ တဲ့။

  • Shwe Ei

    January 24, 2014 at 10:58 pm

    ဟတ်ကဲ့…သများလဲ နောက်တပိုင်းဆက်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။

    အိုက်ဒါ စာရိုက်ရင်း ဇက်ကြောတက်လာလို့ ဂလောက်နဲ့ ရပ်လိုက်ရတာဘာ…ေိေိ 😀

  • padonmar

    January 24, 2014 at 11:17 pm

    ရွှေအိလေး
    မျက်လုံးမကောင်းတာ သေချာနေတယ်။
    ဂဇက်နဲ့တွေ့ပြီးပိုဆိုးလာတယ်။
    ဒါ့ကြောင့် မမပြာရဲ့ ဆက်ရန်ကို မျှော်နေပါတယ်.

  • surmi

    January 25, 2014 at 12:06 am

    ​တော်​ဘီဗျာ…
    ​နောက်​​နေ့ကစပြီး အွန်​လိုင်​းမတက်​​တော့ဘူး 🙂
    တကယ်​​တော့…
    ပါဝါတိုး​နေတာလဲအမှန်​ပါဗျာ..

  • Shwe Ei

    January 25, 2014 at 8:58 am

    ခိခိ သာမီးပို့စ်က မန်းဂဇက်ကို ဝင်ပီးစာဖတ်မဲ့သူလျော့အောင်
    တိုက်တွန်းသလိုများဖစ်နေဘီလားငင် :boss:

    နောက်တပုဒ်တော့ပီးအောင်ဆက်တင်လိုက်အုံးမယ်ညော် :mrgreen:

  • ဦးကျောက်ခဲ

    January 25, 2014 at 9:19 am

    ဟမ်မယေး… ကျောင်းစရာဂျီး…
    အသက် ၄ဝကျော်လာလို့လားမသိ အဝေးကပါဝါလျော့လာပြီး…
    အနီးက မျက်မှန်ချွတ်ပြီးမှ ကြည့်လို့ရတယ်…
    အခုဒီပို့စ်ကိုဖတ်ကြည့်တော့… အင်း ဂဇက်ကို ခွင့်တင်ရင် ကောင်းမလား…
    😀

    • Shwe Ei

      January 25, 2014 at 6:23 pm

      မြန်းဂဇက်ကိုတော့ခြွင်းချက်ထားလိုက်ပေ့ါအူးလေးရယ် 🙂

  • Crystalline

    January 25, 2014 at 3:00 pm

    မျက်လုံးမကောင်းတော့တာတော့သေချာတယ် :)) .. ပထမဂိမ်းစွဲတော့မျက်မှန်တပ်ရတယ်.. မျက်မှန်မတပ်ချင်လို့ဂိမ်းဖြတ်လို့ သက်သာသွားပြီး… ဒုတိယအကြိမ်ဂိမ်းထပ်စွဲတော့ … မျက်မှန်ပြန်စမ်း..ပါဝါတိုးသွားတယ်.. အမှတ်မရှိ အခုတတိယဂိမ်းစွဲလို့ ၃ရက်မြောက်တဲ့နေ့မှာတင်… အခြေအနေမကောင်းတော့ဘူး.. အခုတော့.. အလုပ်အတွက် မျက်စိကိုပြန်မွေးနေရတယ်.. :mrgreenn:

    • Shwe Ei

      January 25, 2014 at 6:25 pm

      ဂိမ်းစွဲတာမကောင်းပါဝူး မွမွခရစ်…

      လယ်ဗယ်မတက်မချင်း သဲကြီးမဲကြီးဆော့တာတော့ ကောင်းပါတယ် ..ခိခိ 😀

  • Paing Lay

    January 25, 2014 at 3:02 pm

    အနော်ကတော့ ငယ်ငယ်တုန်းက ဂိမ်းသရဲပေါ့ အခုတော့ အင်တာနက် သရဲလေ သို့ပေသိ အနော်က ပန်းခြံထဲမှာပဲ ဝိုင်ဖိုင်သုံးဖြစ်နေလို့လားမသိ မျက်စိကျန်းမာရေးကတော့ တိန်တိန်မြည်ပဲ :mrgreen:

    • Shwe Ei

      January 25, 2014 at 6:26 pm

      မောင်ငေး အထင်နဲ့ ရမ်းပြောတာဖစ်တဲ့အတွက် မွှားပါတယ်…

      နောက်တပိုင်း ဆက်ဖတ်ကျိပါ :boss:

  • ဒညင်းဝက်

    January 25, 2014 at 6:15 pm

    ဖတ်ဖြစ်အောင် စောင့်ဖတ်နေပါမည် မမ ချွေအိ ခညင့်

    🙂

    တကယ် အကျိုး ရှိစေတဲ့ ပိုစ့်လေး တင်ပြပေးလို့ ကျေးဇူး အထူးပါ လို့

    • Shwe Ei

      January 25, 2014 at 6:29 pm

      လိမ်မာလိုက်တဲ့ ဒေါ်ဖွားမေ ယောက်ကျား… 😛

      နာ့ လင်းလင်း ကိုတော့ ချစ်သုဝေနောက်ထဲ့ပေးလိုက်ရဘီ :'(

  • အိပ်ခါနီးဖရီကွမ်စီများတာတွေကြည့်ပြီးရင် တော်တော်နဲ့အိပ်လို့မပျော်နိုင်တော့ဘူး
    အခုတော့ မျက်မှန်မပါပဲ တီဗွီ၊ကွန်ပျူတာမကြည့်နိုင်တော့ပါဘူး
    8)

    • Shwe Ei

      January 26, 2014 at 7:47 am

      အိုက်ဒါ digital eye strain ပေါ့ မနန်းရေ…(သများလဲ တူတူဘာဗြဲ)

      နောက်တပိုင်းဆက်တင်ပေးမယ့် eye yoga လေ့ကျင့်ခန်းလေး ဖတ်ဖြစ်အောင် ဖတ်ကျိပါအုံး 🙂

  • Ko chogyi

    January 25, 2014 at 9:53 pm

    ၁ဝ နှစ်​​ကျော်​ ဖန်​းသားပြင်​​ရှေ့မျက်​နှာအပ်​ပြီး လုပ်​ငန်​းဝင်​ခဲ့တာ အခု​တော့ အတတ်​နိုင်​ဆုံး ​လျော့​နေရတယ်​ ဒီပို့စ်​နဲ့ ကွန်​မန်​း​တွေ ဖတ်​မိတာ ပိုဆိုးသွားလားမသိဘူး

    • Shwe Ei

      January 26, 2014 at 7:50 am

      ကွန်ပျူတာရှေ့မျက်နှာအပ်ရတာ ဘဝဖြစ်နေဘာဘီ ကိုချိုကြီးရေ….

      ကိုဖာသာ ဉာဏ်ကူပြီး အန္တရာယ်ဖြစ်တာနည်းစေမဲ့ နည်းလမ်းကိုရှာရမှာဘာ

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 11:23 am

    အနီး ၂၀၀
    အဝေး ၂၅ဝ

    ကြိုသိရင်မင်ဘာမဝင်ပါဘူးကွာ

    မှားပါတယ်မသောင်းရယ်

    • Shwe Ei

      January 27, 2014 at 10:55 am

      မမှားပါဝူး ကိုသောင်းရယ်….ဖတ်ရင်း မှတ်ရင်း သဘောပေါက်လာဘာလိမ့်မယ် 😆

  • TNA

    January 26, 2014 at 5:24 pm

    ညက်လုံးကတော့ အစကတဲကမကောင်း ဂိုဒေါ့ ပိုဆိုး :mrgreen:

    • Shwe Ei

      January 27, 2014 at 11:03 am

      မွသဲရဲ့ မျောက်မှန်လေးအတွက် သများ အပတ်တကုတ်
      ကြိုးစားရှာဖွေထားတာလေးတွေ ဝေမျှပရဇီ …ဟိ

  • kyeemite

    January 27, 2014 at 10:19 am

    အင်း..ဆက်ရေးမဲ့လေ့ကျင့်ခန်းတွေလုပ်ကြည့်ရမှာပေါ့လေ…
    ဂဇက်မဝင်လည်း ကွန်ပူတာကတော့ ရှောင်မရပါဘူး.. ခုမှတော့ မထူးပြီ :boss:

    • Shwe Ei

      January 27, 2014 at 11:06 am

      ဟုတ်ပါတယ်…မထူးဝူးဆိုပြီး…ပစ်ထားမိမှာစိုးလို့…ကိုယ်တိုင်ရော..တခြားသူတွေရော awareness ဖစ်အောင် တင်ပေးတာဘာခီညော် 🙂

  • Ma Ei

    January 27, 2014 at 12:22 pm

    မျက်လုံးကောင်းတာ သေချာရဲ့လားဆိုရင်….
    မကောင်းတာတော့ သေချာနေပါပြီ…ရွှေအိလေးရေ…
    ဆက်ရန်လေးကို မျှော်နေမယ်နော်…

    • Shwe Ei

      January 31, 2014 at 1:48 pm

      Eye Yoga လေးစမ်းကျိဘာ 🙂

  • myat pearl phyu

    January 29, 2014 at 3:31 pm

    နာက တော့ မျတ်ရုံးဝါးလာပီဆို ကွမ်းရွှက်ရှာကပ်တော့တာပဲ..
    မြင်းခွါရွှက်ဆေးရည်သောက်ဒယ်..
    မြင်းခွါရွှက်သုပ်စားဒယ်..
    ကန်ဇွန်းရွှက်ကြော် စားဒယ်…
    အဲ့ဒါနဲ့ ပြန်ကောင်းတွားရော .. ေိခိ 😛

    • Shwe Ei

      January 31, 2014 at 5:07 pm

      ကျန်းမာရေးနဲ့ညီညွတ်အောင် အစိမ်းရင့်ရောင်အရွက်တေများများစားဘာ 🙂

  • kai

    January 31, 2014 at 7:28 am

    ကွန်ပျူတာရှေ့ထိုင်ပြီး အချိန်ကြာကြာစာရိုက်ရသူများမှာ၊ မျက်လုံး
    ြွကက်သားများအားကုန်ခြင်း၊ အညောင်းမိ၊ ခါးနာခြင်း၊ အရိုးကျီးပေါင်း
    တက်ခြင်း၊ လက်ချောင်းများနှင့် လက်ကောက်ဝတ်များနာကျင်ခြင်း စသည့်
    ဝေဒနာများ ဖြစ်လာစေပါတယ်။
    ကွန်ပျူတာကို မိနစ် ၂ဝ လောက်ကြည့်ပြီးတိုင်း အခြားတစ်နေရာသို့
    မျက်နှာမူ၍ ပေ ၂ဝ အကွာရှိ ပစ္စည်းတစ်ခုခုထံအကြည့်လွှဲပါ။ ဒီနည်းက
    မျက်လုံးအိမ်ထဲရှိမှန်ဘီလူးကို ပြေလျော့စေပါတယ်။
    ကွန်ပျူတာကို မိနစ် ၂ဝလောက်ကြည့်ပြီးတိုင်း မျက်လုံးအိမ် စိုစွတ်စေ
    ဖို့ မျက်တောင် အကြိမ် ၂ဝ ခတ်ပေးပါ။ ဒီနည်းက ကွန်ပျူတာစိုက်ကြည့်
    ခြင်းကြောင့် မျက်စိခြောက်ခြင်းနှင့် အခြားနောက်ဆက်တွဲ မျက်စိဝေဒနာ
    များမဖြစ်လာအောင် ထိန်းသိမ်းပေးပါတယ်။
    ကွန်ပျူတာခုံမှာ မိနစ် ၂ဝ လောက်ထိုင်ပြီးတိုင်း ခြေလှမ်း ၂၀
    ထလျှောက်ပေးပါ။ ဒီနည်းက ခြေထောက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ
    သွေးများစုပုံမနေတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလည်ပတ်မှု ပြန်လည်
    မျှတလာစေပါတယ်။
    အလုပ်ချိန်ပြီးပြီဆိုရင် လက်ကောက်ဝတ်ကို နာရီလက်တံလည်ပတ်
    သည့်လားရာအတိုင်း ၁ဝ ကြိမ် စက်ဝိုင်းပုံစံလှည့်ပေးပါ။ ပြီးရင် နာရီ
    လက်တံပြောင်းပြန် ၁ဝ ကြိမ် စက်ဝိုင်းပုံစံလှည့်ပါ။ ဒီနည်းက လက်
    ချောင်းလက်ဆစ်များနဲ့ လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေပါ
    တယ်။
    တစ်နေ့တာအတွက် တာဝန်ချိန်ပြီးဆုံးသွားပါက လည်ပင်းကို ငြိမ်ငြိမ်
    ထားပြီး ခေါင်းကို ညာဘက်သို့ ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ပြီးရင်
    ဘယ်ဘက်သို့ ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ပြီးရင် ခေါင်းကို အပေါ်
    အောက် ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ဒီနည်းက ဇက်ကြောတက်ခြင်း၊
    လည်ပင်းရိုးဆစ်များညောင်းညာခြင်း စသည့်ဝေဒနာများကို ချက်ချင်း
    သက်သာသွားစေပါတယ်။
    =
    Computer vision syndrome
    Therapy

    Dry eye is a major symptom that is targeted in the therapy of CVS. The use of over-the-counter artificial-tear solutions can reduce the effects of dry eye in CVS.

    Asthenopic symptoms in the eye are responsible for much of the morbidity in CVS. Proper rest to the eye and its muscles is recommended to relieve the associated eye strain. Various catch-phrases have been used to spread awareness about giving rest to the eyes while working on computers. A routinely recommended approach is to consciously blink the eyes every now and then (this helps replenish the tear film) and to look out the window to a distant object or to the sky—doing so provides rest to the ciliary muscles. One of the catch phrases is the “20-20-20 rule”:[citation needed] every 20 mins, focus the eyes on an object 20 feet (6 meters) away for 20 seconds. This basically gives a convenient distance and timeframe for a person to follow the advice from the optometrist and ophthalmologist. Otherwise, the patient is advised to close his/her eyes (which has a similar effect) for 20 seconds, at least every half hour.

    Decreased focusing capability is mitigated by wearing a small plus-powered (+1.00 to +1.50) over-the-counter pair of eyeglasses. Wearing these eyeglasses helps such patients regain their ability to focus on near objects. People who are engaged in other occupations—such as tailors engaged in embroidery—can experience similar symptoms and can be helped by these glasses. A Pacific University research study of 36 participants found significant differences in irritation or burning of the eyes, tearing, or watery eyes, dry eyes, and tired eyes, that were each improved by filtering lenses versus placebo lenses.[3]

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 1:22 pm

    ကျော် မျက်လုံးကတော့
    ခုထိ ဒေါင်ဒေါင်မြည်ဘဲ ..
    ဒါပေသိ ..
    ကွန်ပူတာကျိတာ များတွားရင်တော့
    ခေါင်းတွေ အသေကိုက်လာတတ်တယ် ..
    အိုက်ဒါ .. အိုက်ဒါ ..

    • Shwe Ei

      January 31, 2014 at 5:09 pm

      ကွန်ပူတာကို မိနစ်၂ဝလောက်ကျိပီးရင် ပေ၂ဝအကွာအဝေးကို
      စက္ကန့်၂ဝလောက်လှမ်းကျိပီး မျက်တောင် အကြိမ်၂ဝခတ်ပီးပါက
      ခြေလှမ်း၂ဝလောက်လမ်းလျှောက်ပါတဲ့ 😀

  • အဘရဟူဒီ

    January 31, 2014 at 2:11 pm

    တနေ့ ကန်းကြရမည် .. မကန်းခင် ..ကျိချင်တာ ကျိဂျ…

    ဒက်ဂလောက် ဒက်ဂလောက်

    • Shwe Ei

      January 31, 2014 at 5:11 pm

      အရဂါးနေရင်းတော့ မကန်းဝူးဟေ့….ဆတ်ဆော့တဲ့လူတေဘဲကန်းမှာ

  • zaw min

    January 31, 2014 at 4:15 pm

    အဝေးကြည့် …အမေနဲ့သမီးအတူတူလမ်းလျှောက်လာရင် အမေမမြင်သမီးသာမြင်၏…။
    အနီးကြည့်… ၁၀ဝ တန်နဲ့၁၀၀၀ဝတန် အတူတူချထားလျှင် ၁၀ဝတန်မမြင် ၁၀၀၀ဝတန်သာမြင်၏…။
    ကောင်းမကောင်း မသိပါ…၏။…၄ဝ သာ သူ့ဘာသူ ကျော်သွားပါ၏…မျက်မှန်တက်ရန် အလွန်ပြင်းပါ၏…။

    • Shwe Ei

      January 31, 2014 at 5:17 pm

      ကုသိုလ်ထူးလိုက်တာအူးလေးရယ်…ရွာထဲက နှူးဘာဂိုဏ်းသားဒေနဲ့
      နင်လားနင်လား ဘဲ သွပ် သွပ် :mrgreen:

Leave a Reply