ဟောင်ကောင် ၁ဘီလျံဒေါ်လာတန် သတို့သားအလိုရှိသည်…

ဦးေက်ာက္ခဲJanuary 24, 20141min32238

ဘာရယ်မဟုတ်ပါဘူးဗျာ ၊ ဦးကျောက်ခဲ ပျင်းပျင်းရှိတာနဲ့ Yahoo! သတင်း တစ်ပုဒ်ကို လက်ဆော့လိုက်တာပါ ။ မှားတာရှိရင် သီးခံပြီး ဖတ်ပေးကြပါဦး…

——————————————

ဟောင်ကောင်သူကြွယ်ကြီးတစ်ဦးက သူ့သမီး မယ်ဘောပြား ( ယောက်ျားရှာများကို ခွဲခြား နှိပ်ကွပ်တာမဟုတ်… အရှိကို အရှိအတိုင်း… ဟိ ) ရဲ့ အသည်းစိုင် ဆွဲကိုင်မည့် မဟာပုရိဿ သတို့သားလောင်းအတွက် ၊ ကနဦး ကမ်းလှမ်းချက်ကို စိတ်ဝင်စားသူ ၂၀၀၀ဝခန့် ရှိနေသည့်ကြားမှ ဆုတော်ငွေထပ်တိုးလို့ အမေရိကန် ဒေါ်လာ သန်း၁၃ဝ ချီးမြှင့်ဘွယ်ရှိတယ်လို့ သတင်းများကဆိုပါတယ် ။

လွန်ခဲ့သော ၂နှစ်ခန့်ကလည်း ကမ႓ာနဲ့အဝှမ်း အုတ်အော်သောင်းနင်း ဖြစ်စေမည့် ဟောင်ကောင်ဒေါ်လာ သန်း၅၀ဝ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၆၅သန်း ကို သူ့သမီးတော် မယ်ဘောပြား “ဂီဂီ” ဘဝပြောင်းအောင် ပြုစားနိုင်မည့် သတို့သားအား ချီးမြှင့်မယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးကြီး မစ္စတာချောင် (Cecil Chao) က ကြော်ငြာဖူးပါတယ် ။

ယခုတော့ဖြင့် ကမ်းလှမ်းချက်ကို တိုးမြှင့်ဖို့ စဉ်းစားနေပြီလို့ မလေးရှား ဝါနိဇ္ဇဗေဒ သတင်းများကဆိုပါတယ် ။

အသက် ၇ရနှစ်အရွယ် သူကြွယ်ကြီးမှ သူ့သမီးရဲ့ အသည်းစိုင်ကို ဆွဲကိုင်နိုင်ရင်ဖြင့် ၂ဆတိုးလို့ ဟောင်ကောင်ဒေါ်လာ ၁ဘီလျံဒေါ်လာ ချီးမြှင့်ပါ့မယ်လို့ The Edge မဂ္ဂဇင်းကို အရိပ်အမြွတ်ဆိုပါတယ် ။

“ကျနော့သမီးရဲ့ ပုဂ္ဂလိကဘဝကို ဝင်ရောက်မစွက်ဖက်ချင်ပါဘူး ။ ကျနော့သမီးလေး အိမ်ထောင်ရက်သားကျလို့ သားသမီးတွေရစေချင်သလို ၊ ကျနော့ စီးပွါးရေးလုပ်ငန်းတွေကို အုပ်စီးစေချင်တာပါ” လို့ မစ္စတာချောင် က အဆိုပါမဂ္ဂဇင်းကို ဖွင့်ဟပါတယ် ။

ဒါပေမည့် အခုလို ဓနအင်အားသုံးပြီး သားမက်လောင်းရှာပုံတော်ဖွင့်တာကို သားမီးတော် “ဂီဂီ” နဲ့ သူမရဲ့ ၉နှစ်ကြာလက်တွဲဖော် ရှောင်န်အေ့ဗ် (Sean Eav) တို့ကို ပူပန် စိတ်ပျက် စေပါတယ်” လို့ “တောင်တရုတ် နံနက်ခင်းသတင်း” (South China Morning Post) က ဆိုပါတယ် ။

“ကျမစိတ်ဝင်စားစေမည့် အမျိုးသားကို ဖေဖေ ဘယ်လိုပဲ ဥစ္စာဓနသုံးပြီးရှာရှာ ၊ ကျမတော့ မထင်ပါဘူး” လို့ ၃၃နှစ်အရွယ် သားမီးတော်က ဟောင်ကောင်သတင်းစာကို ဖွင့်ဟပါတယ် ။
“ကျမရဲ့ အချစ်၌သက်ဝင်ချင်း အလှုရံပုံငွေအဖွဲ့ကို အလုံးအရင်းနဲ့ အလှုငွေထည့်ဝင်ကြတဲ့ ပုရိဿများနဲ့လည်း ခင်ခင်မင်မင်ပါ ၊ သူတို့ကလည်း ကျမမှာ ဇနီးရှိပေမည့် စိတ်အနှောက်အယှက် မဖြစ်ကြပါဘူး”
“တတိယနဲ့ နောက်ဆုံးအကြိမ်ပြောချင်းပါ ၊ ဖေဖေ့ကို ကျေးဇူးလည်းတင်ပါတယ် ၊ ချစ်လည်းချစ်ပါတယ်” လို့ သူမကဆိုပါတယ် ။

ဟောင်ကောင်ဥပဒေအရ လိင်တူချင်းလက်ထပ်တာကို အသိအမှတ်မပြုတာမို့ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်က ပြင်သစ်နိုင်ငံမှာ “ဂီဂီ” ဟာ အခန်းအနားနဲ့ “အေ့ဗ်” ကို လက်ထပ်ခဲ့ကြောင်း သတင်းများကဆိုပါတယ် ။

မစ္စတာချောင်ရဲ့ ကနဦး သူတို့သားအတွက် ဥစ္စာဓနကမ်းလှမ်းချက်ဟာ ကမ႓ာတဝှမ်းက အမျိုးသား ၂၀၀၀ဝ လောက်ကို စိတ်ဝင်စားစေပေမည့် “ဂီဂီ” ရဲ့ နှလုံးသားကိုတော့ မယိမ်းယိုင်စေပါဘူး ။

သူမ ဖခင်ရဲ့ အပြုအမူနဲ့ပက်သက်ပြီး အလှမ်းဝေးနေသေးတဲ့ “ဂီဂီ” က ၊ ဖခင်ကြီး သူမကို ဘယ်လောက်ချစ်ကြောင်း ညွှန်းဆိုတာပါလို့ သတင်းစာကို ဖွင့်ဟခဲ့ပါသေးတယ် ။

ဒါပေမည့် ဥစ္စာဓနကမ်းလှမ်းချက်ကို လူသိရှင်ကြား မလှစ်ဟဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါကြောင်းကိုလည်း “တောင်တရုတ် နံနက်ခင်းသတင်း” (South China Morning Post) ကို ပြောပြပါသေးတယ် ။

အခုတော့ ဗြိတိသျှ ဓာတ်ရှင်ထုတ်လုပ်သူ လူရွှင်တော် Sacha Baron Cohen (Ali G, The Dictator, etc. ) က ဒီဇာတ်လမ်းကို အခြေပြုပြီး ဓာတ်ရှင်ရိုက်ဖို့ပြင်ဆင်နေကြောင်း သတင်းထွက်နေပါတယ် ။

Cheuk Nang အိမ်ခြံမြေလုပ်ငန်းစုရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ မစ္စတာချောင် နဲ့ သားမီး ဂီဂီ ကို မှတ်ချက်ပေးဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ဆက်သွယ်လို့ မရပါကြောင်း “SG Yahoo” က ရေးသားဖော်ပြထားပါတယ် ။

တကယ်တော့ မစ္စတာချောင် ဟာ ဟောင်ကောင်လူကုံထံများကြားမှာ ကျင်လည်ကျက်စားသူ ၊ ပွဲလမ်းသဘင်တိုင်းမှာ ကညာပျိုအသစ်လေးတွေနဲ့ တွဲခုတ်တတ်သူ ၊ မဒီကညာ အပါး ၁၀၀၀ဝလောက်နဲ့ အုံးစက်ရာယှဉ်ဖူးသူလို့ နံမည် ကြီးကြောင်းပါခင်ဗျား…။

မူရင်းသတင်း…. http://sg.news.yahoo.com/hk-tycoon-doubles-bounty-marry-off-gay-daughter-183432726.html

 

စာကြွင်း…
ဒီသတင်းကိုဖတ်ပြီး ချစ်ဇနီးကို ဟောင်ကောင် ၁ဘီလျံဒေါ်လာမက တန်ဖိုးထားကြောင်း ခပ်ကြွားကြွားလေးဆိုမိတာပေါ့ဗျာ ။ ဟုတ်တယ်လေ ၊ အချစ်ကို တန်ဖိုးမထားရင်ဖြင့် မယ်ဘောပြား “ဂီဂီ” ကို ဖျာသွားရောင်းမှာပေါ့… လို့

38 comments

  • surmi

    January 24, 2014 at 11:44 pm

    ယလဲ့ 🙂
    တယ်​ဟုတ်​ပါလား …
    မြန်​မာထီတို့ နှစ်လုံးထီတို့ထက်ပိုမိုက်သဗျ ဟဲ ဟဲ
    ကိုင်း ဗျာ အလိမ္မာ အိမ်ပါ ဆိုတော့
    ဟောင်ကောင်ကာလသားများ မျှော်စေသတည်းပေါ့ ….
    ရွာထဲက လူပျိုသိုး​များလည်​း ကံစမ်​းကြည်​့ဖို့မ​ကောင်​းလား အစ်​ကို​ရေ. 🙂

    • ဦးကျောက်ခဲ

      January 25, 2014 at 9:28 am

      ဟောင်ကောင်သားဖြစ်ရမယ်လို့ ရည်ညွန်းမထားလေတော့…
      ဂဇက်ကာလသားများလည်း အကြုံးဝင်ပါတယ် ကိုရင်ဆာရဲ့…
      ဟောင်ကောင် ၁ဘီလျံဆိုတော့ မြန်မာငွေ ၁၃ဝဘီလျံလေ… ဟီ ဟိ
      ဒါပေသည့်… ဒါပေသည့်… ဒါပေသည့်… အား ဟိ
      😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2014 at 8:30 am

    . ပြောရရင် အတော်ဂွကျတယ်ပြောရမှာဘဲ
    သူ့ပင်ကိုယ်စိတ်ကမှ ပုရိသမကြိုက်တဲ့ဟာ
    ( မာမီတို့ကလည်းမိန်းမဆို မကြိုက် )
    သဘောကိုက ပိုက်ဆံကြောင့်ယူရမယ့်မိန်းမက
    ရုပ်ဆိုးနေရင်တောင် မျက်နှာကိုဆောင်နဲ့အုပ်ပြီး $#^#@ ဂဒေါ့ဘါဗျာ :mrgreen:
    ခုဟာက လိုင်းလဲတူတာမဟုတ်ဘူး ဘောပြားကြီး
    ပိုက်ဆံမက်ကဲ့ရဲ့ခံပြီးယူရဦးမှာ ( ဟိုကဖီးလ်းလာဦးမှ )
    မတော်မတည့် မင်္ဂလာဦးညမှာ အခန်းထဲဝင်လိုက်တာနဲ့
    အာပီဂျီကြီးကိုင်ပြီး လာလေ လာလေဆို ပတ်ပြေးရမှာ
    မြို့ပိုင်မင်းကြီးဘောတော်ကျ မှတ်တမ်းကျန်အောင်မန်းရရင်
    သူ့ဘါသာ ပလာတာကြိုက်တာ လူ့အခွင့်ရေးပါနော
    သူမလိုတာကို ဖိအားပေးမယ့်အစား
    သူစိတ်ကြေနပ်တဲ့ကိစ္စမှာဘဲ အကောင်းဆုံးဖြစ်အောင်
    လုပ်ဆောင်ပေးသင့်တယ်လို့
    ပါပါ ဟုတ်ပါဘူးဘွာ သူ့ဒယ်ဒီကိုတိုက်တွန်းပါဒယ်

    • ဦးကျောက်ခဲ

      January 25, 2014 at 9:31 am

      ကိုရင်ပုက ကွက်ကျော်မြင်သကိုး…
      ခီညားပြောမှ အာပီဂျီကြီးစိတ်ထဲ မြင်ယောင်လာတယ်…
      ဟမ်မယေး… ဘွပျက်မည့်ကိန်း… ၁ဘီလျံလည်း မမက်တော့ပါဘူး…
      😀

  • Crystalline

    January 25, 2014 at 8:45 am

    အဲဒီ၂၀၀၀ဝထဲအူး​ကျောက်​မပါခဲ့ဘူးဆိုတာ ဘယ်​လိုသက်​​သေပြမလဲ 🙂

    • ဦးကျောက်ခဲ

      January 25, 2014 at 9:40 am

      အလိုလေးဗျာ… မယ်ခွစ်စ် တို့ ဆေးထိုးချက်…
      ဆန်ကြမ်းကို ပြုတ်သောက်ပါ့မယ်… အဲသည့်ပြုတ်မနူးကြီးတော့…
      မတော် စိတ်ဖောက်ပြီး ထန်းသီးထကျွေးမှ ဘတ်ဘ်သီးတွေ ကြွမ်းကုန်ပါ့မယ်…
      စိတ်ကူးနဲ့တောင် မချော်မိပါကြောင်းးးးး… အားဟိ
      😀

      • sorrow

        January 25, 2014 at 9:45 am

        ထန်းသီးဆိုတာဘာလဲဟင်.. ဘယ့်နှယ့်နာမည်ကြီးက ကျုပ်ညီလေးနဲ့ဆင်နေရသတုန်း…အဟိဟိ

        • ဦးကျောက်ခဲ

          January 25, 2014 at 10:15 am

          အဟစ်… ကိုရင်ဆော
          ထန်းသီး = လက်သီး
          ဘတ်ဘ်သီး = မျက်လုံး
          ဟီ ဟိ နာမယ်က အော်ရီဂျင်နယ်ပါဗျ…
          😀

  • Shwe Ei

    January 25, 2014 at 8:46 am

    ဘာပုလို့များ လိင်ပြောင်းထားတဲ့ သားမီးရီးကို ယောက်ကျားအတင်းပေးစားဘာလိမ့် :/

    ဟိုကလဲ ယောက်ကျားမယူချင်ဘဲ ဘာပုလို့ လိင်ပြောင်းဘာလိမ့် o_O

    သများနားမလည်တော့ဝူး အန်ကယ်ကျောက်စ်…..ဒါပေသိ နောက်ဆုံးတကြောင်းကတော့
    ကြော်ညာဝင်သွားမှန်းသိလိုက်ပါတယ်ခီညော် 😀

    • ဦးကျောက်ခဲ

      January 25, 2014 at 9:45 am

      လိင်မပြောင်းရသေးတဲ့ မယ်ဘောပြားပါ ချွေအိရယ်…
      ဖအေကြီးရဲ့ ခြေရာကို မှားတဲ့ဘက်မှာ အပြည့်နင်းလိုက်တာ ထင်ပါရဲ့…
      နောက်ဆုံးစာကြွင်းက ချစ်ဇနီးကို ဖားထားတာလေ… အာဟိ
      😀

  • Nyo Win

    January 25, 2014 at 3:29 pm

    အဲ့ဒီ “ဂီဂီ” က ့ ရွာထဲက ဆရာ”ဂီ” များလားဟင်..ရှင်းပြပါဆကျောက်စ်…ဟိဟိ

    • ဦးကျောက်ခဲ

      January 25, 2014 at 4:05 pm

      ဂျာပွန်ပြန် ရွာသား ဂီဂီသည် “အလော်တကုံး” ဖြစ်ဖွယ်ရှိ၍…
      အနှီ ဟောင်ကောင် ဂီဂီ သည်ကား စင်စစ်အားဖြင့် “အပြော်တကား” တည်း…
      ဘာယဲ… လူပျိုဂျီး ဆြာညို ၁ဘီလျံဒေါ်လာမန်း လုပ်တော့မို့လား… အားဟိ
      😀

  • ၈တန်းတုန်းတည်းက သူငယ်ချင်းမတစ်ယောက်(မိဘကလည်းချမ်းသာတယ်)ဟာ ဆယ်တန်းအောင်ပြီးနောက် ယောကျာ်းလျှာ(အသားမဲပြီးရုပ်ဆိုးတဲ့)နဲ့လိုက်ပြေးတယ်။
    အိမ်ကပြန်ခွဲလဲ ပြတင်းပေါက်ကနေ စောင်ကိုကြိုးလုပ်လို့ဆင်းပြေးပြန်လိုက်။
    ဖအေက ဆိုက္ကားနင်းတဲ့လူပဲဖြစ်ဖြစ် ယောကျာ်းဆိုရင်ပြီးရောကြိုက်တာနဲ့ယူပါ ဆိုတာကိုလုံးဝမရဘူး။
    အခုတော့ သတင်းမကြားရတော့ဘူး။
    ယောက်ျားလျာနဲ့ပဲဆက်ပေါင်းနေလား၊တကယ့်အစစ်ပဲရသွားပြီလားတော့မသိပါ။
    http://myanmargazette.net/157055
    တင်ဖူးတဲ့ပို့စ်လေးပါ။

    • ဦးကျောက်ခဲ

      January 27, 2014 at 12:16 pm

      စိတ်ကြီးရယ် ညစ်ပါရဲ့ သာမီးသော်ရယ်…
      အဲဒါမျိုးတွေကြားရရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတယ်… ဟိ
      အင်း… အနေကလည်းနီးစပ် ၊ ဟို ဘောပြားကလည်း သိမ်းသွင်းလို့ နေမှာပေါ့…
      😀

  • ဝင့်ပြုံးမြင့်

    January 25, 2014 at 11:37 pm

    သိပ်တော့ နားမလည်ဘူး။ လိင်လည်းမပြောင်းရသေးဘူး။ ပြီးတော့ မိန်းမကိုပဲကြိုက်တာဆိုတော့ အဲဒါ ယောက်ျား မဟုတ်ဘူးလား။

    • ဦးကျောက်ခဲ

      January 27, 2014 at 12:19 pm

      ဆြာမရယ်…
      လိင်လည်းမပြောင်းရသေး ၊ ယောက်ျားစင်စစ်လည်းမဟုတ်တဲ့…
      ယောက်ျားလျာ “မယ်ဘောပြား” ပါ ခီညာ…
      ပြောမည့်သာပြောရ ၊ ကျောက်စ်မှာလည်း တူမချည်း ၃ယောက်မို့… ဖျား ဖျား
      😀

  • ဒညင်းဝက်

    January 26, 2014 at 7:28 am

    ပြုံးစိစိနဲ့
    မြှုံးမိတဲ့ ငါးလိုမျိုး
    ဖတ်သွားပါတယ် လို့
    😆

    • ဦးကျောက်ခဲ

      January 27, 2014 at 12:23 pm

      ပြုံးစိစိမလုပ်နဲ့ ဒညင်းဝက်…
      မြှုံးမိတဲ့ငါးလို ဟစေ့ဟစေ့ (ပါးဟတ် ပြောတာ) ဖစ်တွားမယ်…
      ကျ်ားစစ်စစ်တွေရှားနေဒယ်… တန်ဖိုးထားပါ… ဟီ ဟိ
      😀

  • nozomi

    January 26, 2014 at 2:10 pm

    ကိုကျောက်ရဲ့ ရှုပါ တွေ ဗျူဟာတွေ နဲ့ ဆို ဒီ သူငယ်မ တောင့်မခံနိုင်လောက်ဘူး ဗျ
    ချက်ခြင်း မိန်းမစိတ်ပေါက်ပြီး
    ကိုကိုကျောက် ကို ယူမယ်
    ကိုကိုကျောက် ကို ယူမယ် ဖြစ်သွားမှာ သေချာတယ်

    • ဦးကျောက်ခဲ

      January 27, 2014 at 12:29 pm

      မကျီစားပါနဲ့ ကိုရင်မှို အဲ… ကိုရင်နို ရယ်
      ချစ်ဇနီးက “ဂေ့” ကနဲပဲ လေတက်တက် ၊ “ဂွီ” ကနဲပဲ ဗိုက်ကမြည်မြည်…
      မျက်မှောင်ကုပ်ပြီးကြည့်တတ်လို့ အနေအထိုင် ဆင်ချင်ရပါတယ်ဆိုမှ…
      (ဟိ… လူ အထင်ကြီးမလားလို့ပါ….)
      😀

  • kai

    January 26, 2014 at 5:18 pm

    တကယ်တော့ မစ္စတာချောင် ဟာ ဟောင်ကောင်လူကုံထံများကြားမှာ ကျင်လည်ကျက်စားသူ ၊ ပွဲလမ်းသဘင်တိုင်းမှာ ကညာပျိုအသစ်လေးတွေနဲ့ တွဲခုတ်တတ်သူ ၊ မဒီကညာ အပါး ၁၀၀၀ဝလောက်နဲ့ အုံးစက်ရာယှဉ်ဖူးသူလို့ နံမည် ကြီးကြောင်းပါခင်ဗျား…။

    တနှစ်မှာ ၃၆၅ရက်…
    ၁ဝနှစ်မှာ.. ၃၆၅ဝ ရက်…
    အနှစ် ၂ဝမှာ… ၇၃၀ဝရက်..
    မဒီကညာ.. အပါး ၁သောင်းနဲ့.. ဘယ်လိုများ.. အိပ်လိုက်တယ်မသိ…။
    အခုအသက်က.. ၇ရနှစ်ဆိုတော့.. ဖြစ်နိုင်တာပဲလေ..။
    အားကျစရာ.. :mrgreen:

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 26, 2014 at 7:27 pm

      ဘာဘဲဖြစ်ဖြစ်ပါ မြို့ပိုူင်မင်းကြီးခင်ဗျား
      . အခြေနေအရ သူ့ဖါသာ အလိုတူသူ ခြင်းရှိနေတဲ့အချိန်မှာ
      . ကိုယ့်အလိုလိုက်ပြီး
      . သူ့အိပ်ယာကို လုယူတယ်ဆိုတာ
      . ကာမေသုထိုက်တယ်ဆိုတဲ့အကြောင်း
      . ပြောဆိုဆုံးမဟောကြားတော်မူပါခင်ဗျား

    • ဦးကြောင်ကြီး

      January 27, 2014 at 2:16 am

      မစ္စတာချောင်ကို မာမွတ်ခိုမ်လို သဂျီးဂဒေါ်တယောက်နဲ့တင် လျှာထွက်နေတယ် မှတ်သလား၊ ၃ သုံးလီ ၉ ဆိုတာ မမေ့နဲ့ဦးလေ…။ အနော်ဆို ၃ လေးလီ ၁၂ အသာလေးပဲ..။ ခွစ်လေး သတ္တိရှိမှ စိမ်ခေါ်နော်.. ဦးကြောင်က ဒါမျိုးဆို အညှာဓာတ်ဗူး.. ရေကုန်ရေခမ်း တီးမှာ…

    • ဦးကျောက်ခဲ

      January 27, 2014 at 12:40 pm

      ဟီ ဟိ သဂျီးပြောဖူးတဲ့ မိနစ်၂ဝ နှုန်းနဲ့ တွက်လိုက်ရင် လိုပါသေးတယ်…
      နောက်ပြီး… မြန်မာ ၂ပါးသွားကသလို ဆိုရင်ရော….
      ဘာပဲဖစ်ဖစ်… မစ္စတာချောင်ကို မင်းတုန်းမင်းက သနားတယ် တဲ့…
      😀

  • TNA

    January 26, 2014 at 5:19 pm

    အောင်မယ်လေးကျောက်စ်ရယ် ကိုယ့်အရည်အချင်းကိုယ်ယုံလို့ သွားဖြာမရောင်းတာကိုမြန်း ဇနီးလေးကို တန်ဖိုးထားသလေးဘာလေးနဲ့အမှတ်ယူနေသေး ဟေးဟေး

    • ဦးကျောက်ခဲ

      January 27, 2014 at 1:01 pm

      မယ်ဘောပြားလေး အသီးကွဲပြီး အမျိုးသားထုကြီးကို စိတ်နာသွားမစိုးလို့ပါ…
      ချစ်စခင်စ ကြင်နာစ… ၁ဘီလျံလောက်နဲ့ မလဲနိုင်ပါဘူးဗျာ… ဟီ ဟိ
      😀

      • TNA

        January 27, 2014 at 4:09 pm

        အာဟအာဟ ဘောပြားမြန်း အင်းးးးးးးးးးးးးးးးးးးးးးးးးးးးး ပြောဒေါ့ဘာဘူး ဟီဟိ

  • Mr. MarGa

    January 27, 2014 at 11:27 am

    တွေးမိတယ်
    အဲ့ သမီးတော်ကို ထိုင်းကိုပို့ပြီး ဟိုပြင်ဒီပြင် လုပ်လိုက်မယ်ဆိုရင်
    ပိုအဆင်ပြေမလားလို့
    သူ့လုပ်ငန်းကိုလဲ အုပ်အုပ်စီးစီး ရှိနိုင်မယ် ထင်ပ
    အဲ… မျိုးဆက် အတွက်ကိုတော့
    ဟီးးးး မသိတော့ဘူး……….. :mrgreenn:

    • ဦးကျောက်ခဲ

      January 27, 2014 at 1:10 pm

      ဟဲ့… အမောင်တဂျားရဲ့…
      လုံးတဲ့သူက ကထေလ်လုပ်ပြီး ပြားဖို့လွယ်ပေမည့်…
      ပြားတဲ့သူက လုံးအောင်လုပ်ဖို့ မလွယ်သေးဘူးကွယ့်…
      ရှင်းပြရခက်ပါတယ်လေ… ပေါက်ကရတွေ မစဉ်းစားနဲ့… ဟတ်လား
      😀

  • မဟာရာဇာ အံစာတုံး

    January 27, 2014 at 12:35 pm

    ဥငေးးး
    မနည်းဘူးနော့ …
    အတွေးမမှားနဲ့ … ဟီဟိ
    (မြှောက်ပေးလိုက်ပီ)
    :mrgreen:

    • ဦးကျောက်ခဲ

      January 27, 2014 at 1:12 pm

      ဟီ ဟိ အတွေးမမှားဘူး…
      ဥစ္စာဟူသည် မျက်လှည့်မျိုးတဲ့… မတော်တာဂျီး အဖတ်တင်နေမှ… ဟိ
      😀

      • ဦးကျောက်ခဲ

        January 28, 2014 at 3:34 pm

        အဟမ်း… အိမ်မပိုင်ရင် ဂေါ်လီမလုပ်နဲ့ အံစရာ…
        တွေ့ဘီ မဟုတ်လား… ခွိစ် ခွိစ်
        😀

  • အဘရဟူဒီ

    January 28, 2014 at 10:57 am

    ဟိုက်.
    နာမည်ယီးကလည်းဆိုးထှာဗျာ
    မထိတ်သာမလန့်သာရှိပါပေ့.

    :hee:

    • ဦးကျောက်ခဲ

      January 28, 2014 at 3:37 pm

      သိပ်ကြောက်သွားလာ မောင်ရင်ဂီ…
      သူ့အော်ရင်ဂျင်နယ်ကိုက “ဂီဂီ” တဲ့…
      ဟီ ဟိ… “ဘောပြားဂီ” နဲ့ “ဒေါင်းကားယားဂီ”
      😀

  • KZ

    January 28, 2014 at 12:23 pm

    သတို့ သမီး လိုအပ်မှ ဆက်သွယ်တော့မယ်။

    😀

    • ဦးကျောက်ခဲ

      January 28, 2014 at 3:44 pm

      သတို့သမီးက ဘူ့အတွက်လဲ… မိဇာဂျီး
      ရွာထဲက မားပု မားဆွေ မားယွဲတို့ အတွက်လား…
      မနောက်နဲ့နော်… ဝေါင့်ဝေါင်ဝေါင်းက ငိုလိုက်မှာတဲ့… ဟီ ဟိ
      😀

Leave a Reply