“အ မှတ် တ မဲ့ မှ သည် ……….”

    “အ မှတ် တ မဲ့  မှ သည် ……….”

 

 

အ ခု တ ေ လာ ကျ နော် ခေါင်း ထဲ မှာ ဘို ဘို ဟန်  ငယ် ငယ် က နာ မည် ကြီး တဲ့

သီ ချင်း လေး ရဲ ့  စာ သား တစ် ပိုင်း တစ် က ရောက် ရောက် လာ ပါ တယ်။

ကျ နော် တို့ ခေတ် တုံး က တော့ အ တော် ကို လူ ကြိုက် များ ခဲ့ တာ ကိုး။

“ အ မှတ် တ မဲ့ နဲ့ တွေ့ ရှိ ရီ း စား ဟောင်း လေ း ကို “ ဆို တဲ့ စာ သား လေး ပါ ။

အဲ ဒီ အ ထဲ က  “အ မှတ် တမဲ့” ဆို တဲ့ စာ သား လေးကို သ တိ ရ နေတာပါ။

ကျ နော် ကျင် လည် ဖြတ် သန်း ရာ  နေ့ စဉ် ဘ ဝ တွေ မှာ အ မှတ် တမဲ့ ကနေ

အ မှတ် တ ရ ဖြစ် စ ရာ တွေ အ များ ကြီး ရှိ တာ က တော့ အ မှန် ပါ ဘဲ။

တစ် ခါ တစ် ရံ ကို်ယ်  အ မှ တ် တ မဲ့ ပြော လိုက် မိ တာ လေးက

တစ် ဖက် သား မှာ သွား ပြီး ကြည် နူး စေ တာ ရှိ သ လို

စိတ် ထိ ခိုက် စ ရာ ဝမ်း နည်း စ ရာ တွေ လဲ ရှိ တတ် ပါ တယ်။

တစ် ခါ တစ် လေ တော့ လေး အ မူ့ မဲ့ အ မှတ် မဲ့ နဲ ့

စ က္ကန့် ပိုင်း လောက် လေး ဖြ စ် လိုက် တာ လေး က

စိတ် ထဲ မှာ မ မေ့ နိုင် မ ဖျောက် နိုင် လောက် အောင် စူး ဝင် နေ တတ် မျိုး လဲ

ကြုံ ရ တတ် ပြန ် ပါ တယ်။

 

 

တစ် ခါ က ကျ နော် ့ မိတ် ဆွေ အ မျိုး သ မီး တစ် ယောက် က သူ့ စိတ် ထဲ မှာ

တ နုံ့ နုံ့ နဲ့ ခံ စား နေ ရ တာ လေး ကို ပြော ပြ ဘူး ပါ တယ်။

သူ က ကိုယ် ပိုင် စီး ပွား ရေ း လုပ် ငန်း ရှင် တစ် ဦး ပါ ဘဲ။

မိန်း မ သား ဖြစ် ပေ မယ် ့ ဆောက် လုပ် ရေး လုပ် ငန်း ကို ဝါ သ န ာ ပ ါ တော့

မြေ ကွက် တွေ ကို ဝယ် ပြီး ကိုယ် တိုင် ဦး စီး ပြီး ဆောက် တဲ့ လုပ် ငန်း ကို လုပ် ပါ တယ်။

မိ ဘ ဘိုး ဘွား လက် ထက် က တည်း က ချမ်း သာ သူ တစ် ယောက် လဲ ဖြစ် ပြီး

သ ဘော သ က္ကာ ယ ကောင်း သူ  အ လှူ အတန်း ရက် ရော သူ

စိတ် ဓါတ် ပြည့် ဝ  သူ  ရိုး သား ကြိုး စား သူ ဆို တဲ့ နာ မယ် ကောင်း တွေ နဲ့

ပြည့် စုံ တော့ ခင် မင် သူ လဲ ပေ ါ များ ပါ တယ်။

 

တစ် ရက် တော့ သူ ရယ် မဝေ ဆို တဲ့ မိတ် ဆွေ ကောင် မ လေး တစ ် ယောက်နဲ့

မ င်္ဂ လာ ဆောင် တစ် ခု ကို အ တူ သွား ကြ ပါ  သ တဲ့။

မ ဝေ နဲ့ သူ က လုပ် ငန်း ခြင်း ဆက် စပ် မူ့ မ ရှိ ပေ မယ့်

တစ် ယောက် နဲ့ တစ် ယောက် ခင် ကြ တော့ မ ကြာ ခ ဏ ဆို သ လို

အ တူ စား  အ တူ သွား နေ  လေ့ ရှိ ပါ သ တဲ့။

သာ မန် မိတ် ဆွေ ထက် ပို ပြီး ခင် မင်ရင်း နှီး တဲ့ အ ဆင် ့လို ့ ပြော ရင် လဲ ရ ပါ သ တဲ့။

မ င်္ဂ လာ ဆောင် ပွဲ အ ပြီး မှာ ရေ အိမ် ခ ဏ ဝင်ကြ တဲ့ အခါ

မ ဝေ  က ရေ အိမ် ထဲ  ဝင် ခါ နီး မှာ

“ မ မ ကျ မ ပိုက် ဆံ အိတ် လေး ခ ဏ လေး ယူ ထား ပေး နော်   “

ဆို ပြီး သူ့ ပိုက် ဆံ အိတ် ကို အပ် ခဲ့ ပါ သ တဲ့။

အဲ လို စောင့် နေ တုန်း ပိုက်ဆံ အိတ် ကိုင် ထား ရင်း  မ ပြီး ပြတ် သေး တဲ့

အ လုပ ် အ ကြောင်း ကို စဉ်း စားနေ ရင်း က နေ ဘယ် လု ိ ဖြစ် သွား တယ် မ သိ ၊

မ ဝေ  ရဲ့ ပိုက် ဆံ အိတ် ဇစ် ကို ဆွဲ ဖွင့်  လိုက် မိ ပ ါ သတဲ့။

 

အ မှတ် တ မဲ့ နဲ့ ပိုက် ဆံ အိတ် ဇစ် ကို ဆွဲ ဖွင် ့ လိုက် တဲ့ အ ချိန် မှာ

ဘဲ မဝေ က လဲ အိမ် သာ တံ ခါး ဖွင် ့ ထွက် လာ တာ နဲ့ အံ ကိုက် လို ဖြစ် သွား ပါ သတဲ့။

ဇစ်  ကို  ဆွဲ ဖွင့် နေ တုန်း တန်း လန်း ကြီး ကို မဝေ လဲ တွေ့ သွား ပါ တယ်။

အဲ ဒီ အ ချိန် မှာ မှ “ငါ သူ များ အိတ် ကို ဖွင့် မ ိလျက် သား ဖြစ ်နေ ပါ  လား “

ဆို တာ ကို  ပြန ်သ တိ ရ လိုက် မ ိ ပါ သ တဲ့။

မဝေ  က လဲ သူ့  ပိုက် ဆံ အိတ် ဇစ် ဖွင့် နေ တာ ကြီး ကို တွေ့ တော့

အံ့ လဲ အံ့ ဩ မျက် နှာ တွေ လဲ ပျက် နေ တာ ပေါ့၊။

ကိုယ် က လဲ သူ များ  ပိုက် ဆံ အိ တ် ကို ဖွင် ့ လိုက် မိ ပြီ ဆို တဲ့ အ သိ ဝင် သွား တော့

အား လဲ အား နာ မျက် နှာ ပျက် ပျက် နဲ့ ချက် ခြင်း ရှင်း ပြ ပြီး တောင်း ပန် ရ တော့ တာ ပေါ့။

အဲ လို တောင်း ပန် တော့ မ ဝေ က

“ရ ပါ တယ် မ မ ရဲ့ ဘယ် လို မှ မ ထင် ပါ ဘူး ” လို့ ပြော ပေ မယ် ့

ကိုယ့် စိတ် ထဲ မှာ တော့သူ မျက် နှာ ပျက် သွား တာ ကို ဘဲ ပြန ် မြင် နေ မိ ပါ သတဲ့။

 

ပိုက် ဆံ အိတ် ကိ စ္စ က  အ ခု ချိန် ထိ ရင် ထဲ မှာ မ ရှင်း သေး ပါ ဘူး တဲ့။

“သူ ငါ ့ ကို ဘယ် လို များ ထင် သွား မ လဲ “ ဆို တဲ့   အ တွေး က လူ ကို

နှိပ် စက် နေ တုန်း ဘဲ လို့ ပြော ပြ ပါ တယ်။

“  ကို ပေါက် ရေ

ကျ မ က လဲ ဘာ ရယ် မ ဟုတ် ဘူး အ မူ့ မဲ့ အ မှတ် မဲ့ နဲ့ ဇစ် ကို ဆွဲ ဖွင့် မိ တာ လေ။

ဇစ် အ ဖွင့် သူ လဲ ထွက် အ လာ ကွက် တိ ဘဲ။

ကျ မ လဲ အဲ ဒီ တုံ းက  အ တော် ကို ထူ ပူ သွား တာ ဘဲ။

မ ဝေ က လဲ မျက် နှာ တွေ ပျက် သွား တာ ပေါ့၊

ဟို က ကိုယ့် ကို ဘယ် လို များ ထင် သွား မ လဲ ပေါ့။

တ ကယ် လို့ များ ကျ မ အဲ လို ဇစ် ဖွင့် လိုက် တဲ့ နေ့ မှာ မှ

သူ အိတ် ထဲက အ ဖိုးတန် လက် ဝတ် ရ တ နာ များ ပျောက်တာ

ဒါ မှ မဟုတ် သူ ထည့် ထား တဲ့ ငွေ များ လျော့ နေတာ  နဲ့

သာ  တိုက်ဆိုင် သွား ရင် ဘယ် လို မှ ဖြေ ရှင်းလို့  ရ မှာ မဟုတ် ဘူး လို့ တွေး မိ လေ

ကျ မ ရင် တွေ ပူ လာ လေ လေ ဘဲ။

ကျ မ သာ

သူ့ရဲ့ ဝန် ထမ်း တစ် ယောက် ဒါ မှ မဟုတ်

ဆင်း ရဲ ချို ့ တဲ ့ သူ တစ် ယောက် သာ ဖြစ် နေ ခဲ့ ရင်

သူ ခိုး  လို့ ထင် ခံ ရ မှာ သေ ချာ ပေါက ်ဘဲ နော်။

ဒါ ပေ မယ့် သူ များ ပိုက် ဆံ အိတ်  ဇစ် ကို ဘာ လို ့ များ ဖွင့် မိ တယ် ဆို တာ

ပြန် စဉ်း စား လို့ ကို မ ရ တာ ” လို့ သူ က ပြော ပါ တယ်။

 

ဒီ လို အ မှတ် တ မဲ့ လုပ် မိ ပြော မ ိတာ လေး က  နေ  မ ထင် မှတ် ဘဲ

ပြ ဿ နာ ကြီး ထွား သွားတ ာ မျိုး ကျ နော် ဘ ဝ  မှာ ရှိ ခဲ့ ဘူး ပါ တယ်။

ကျ နော် အ စိုး ရ ဝန် ထမ်း ဘ ဝ မှာ ရှိ နေ စဥ ်တုံး က ေ ပါ့။

ကျ နော် တာ ဝန ်ယူ ရ တာ က စက် ရုံ ဝန် ထမ်း တွေ အ လုပ်ဝင် ချိန် ထွက်ချိန် ကို

မှတ် ရ တဲ့  အ လုပ် ပါ။

တစ် ရက် ဘတ် စ် ကား နဲ့   အ လုပ် လာ တဲ့ အချိန်

“ ကို ပေါက် ငါ  အ လုပ် နောက် ကျ ရင ်မ မှတ် နဲ့ နော်” လို့  ကျ နော် နဲ့

တစ် ဌာ န ထဲ မှာ အ လုပ် လုပ် တဲ ့ ကောင် မ လေး က လှမ်း ပြော တာ ကို

ကျ နော် က လဲ

“အေး ဆေး ပါ နင် နောက် ကျ ရင် ငါ မ မှတ် ဘဲ ထား လိုက် မယ် “ လို့ ပြော လိုက် မ ိ ပါ တယ်။

သိပ်  မ ကြာ ခင်  ရက် ပိုင်း မှာ ဘဲ ဌာ န မှူး က ကျ နော် ကို ခေါ် တွေ့ ပြီး

ထု ချေ လွှာ တင် ခိုင်း ပါ တယ်။

အ ကျုးိ အ ကြောင်း မေး ကြည် ့ တဲ့ အ ခါ

အ လုပ ်ဝင် ချိန် မှ တ် တဲ့ ကိစ္စ မှာ ကျ နော် က ဘက် လိုက် မူ့ ရှိ တယ် မှတ် ချင် သ လို မှတ် တယ်

ဆို ပြီး  တိုင် ကြား ခံ  ထား ရ တဲ့ ကိစ္စ ပါ ဘဲ။

ဘာ ဘဲ ပြော ပြော အ မှတ် တ မဲ့ ပြော လ ိုက် မိ တဲ့  စ ကား လေး တစ် ခွန်း က

လုပ် ငန်း ကို လာ ထိ ခိုက် စေ တာ ပါ ဘဲ။

 

တစ် ခါ သား မှာ လဲ အင် မ တန် ချစ် ကြ တဲ့ မောင် နှ မ နှ စ် ယောက်

အ မှတ် တ မဲ့ ပြော လိုက ်မ ိတဲ့ စကား လေး တစ် ခွန်း ကြောင့်

မ ခေါ် နိုင် မ ပြော နိင် အောင် ဖြစ် သွား ကြ တာ ကို တွေ့ ဘူး ပါ တယ်။

တစ် ရက် အ မ လုပ် သူက သူ့ မောင် အိမ် ကို မုန့် ဟင်း ခါး ပို့ ပါ တယ်။

မုန့် သွား ပို ့ တဲ့ က လေး ကို

“ဒါ ဖိုး ဖိုး နဲ့ အဖွား အတွက် ပို ့ တာ” လို ့ ပြော လို့ မှာ လိုက် မ ိပ ါတယ်။

သူ ့ တို့ အိမ်က လဲ နှစ် အိမ် ဘဲ ခြား ကြ တာပါ။

သူ့ တို့ အ ဖေ နဲ့ အ မေ က သူ ့ မောင် လေး နဲ့ အ တူ နေ ကြ ပါ တယ်။

သူ့ သ ဘော က တော့  အ ဖေ နဲ့ အ မေ အ တွက် ပို့ လိုက် မယ်။

ကျန် တဲ့ လူ က အိမ် လာ စား ဆို တဲ့ သ ဘော နဲ့ ပါ ။

ဒါ ပေ မယ် ့သူ့ မောင် က တော့ သူ တို့ ကို မ စား စေ ချင် လို့ ဆို တဲ့

အ ဓိ ပ္ပါယ် ကောက် လို က် တော့ မောင် နှ မ တွေ စကားတွေ များ ကြ ရ ပါ တယ်။

 

 

အင် မ တန် မှ ရှုပ ်ထွေး ပွေ လီ လှ တဲ့ လူ လော ကြီး မှာ

လူ တိုင်း လူ တိုင်း က ကိုယ့် အာ ရုံ နဲ့ ကိုယ်

ဘ ဝ ကြီး ကို မော ပန်း တ ကြီး မောင် းနှင် နေ ကြ ရ တာ ပါ။

အဲ တော့ အာ ရုံ တွေ ထွေ ပြား ကြ ပါ တယ်။

ဒီ တော့ လဲ အ မှတ် တ မဲ့ ဆို တဲ့ ကိ စ္စ မျိုး က လူ တိုင်း ကြုံ နိုင် ပါ တယ်။

အဲ လို ကြ ုံ တဲ့ အ ခါ မှာ   အ မှတ် တ မဲ့ ဖြစ် တာ နေ မှာ ဆို တဲ့

စိတ် နဲ့ ခွင် ့လွှတ် ဘို့ ကြိုး စား ကြ ရ မယ် ထင် မိ ပါ တယ်။

ဒါပေ မယ့် လဲ အဲ လို ခွင့် လွှတ် တွေး နဲ့ နေ နို်င် ဘို ့ ဆို တာ သိ ပ ်တော့

လွယ် ကူ တဲ့ ကိစ္စ တော့ လဲ မဟုတ် ဘူး နော်။

 

 

 

ကို ပေါက် လက် ဆောင်  အ တွေး ပါး ပါး လေး

25-1-2014

 

 

 

 

18 comments

  • snow smile

    January 25, 2014 at 10:29 am

    ကို ​ပေါက်​ ရဲ့ စာ ​တွေ ပုံ ​တွေ ရင်​ ထဲ ကို ​ရောက်​ ​စေ တဲ့
    ဲ့ ဖန်​ တီး မှု ​တွေ ပါ
    အ နု ပ ညာ ဖန်​ တီး မှု ့ ဆို တာ ပ ရိ သတ်​ ရင်​ ထဲ
    စွဲ မြဲ စွာ ခံ စား ​နေ မှ ပါ
    ခံ စား ချက်​ ထိ ထိ မိ မိ ရှိ ​နေ မှ ပ ရိ သတ်​ က လက်​ ခံ ​နေ မှာ ပါ
    နာ မည်​ ကြီး တာ မ ကြီး တာ ဆို တာ
    ကံ ဉာဏ်​ ဝီ ရိ ယ နဲ့ လဲ ဆိုင်​ ပါ တယ်
    တ ချို့ အ နု ပ ညာ ရှင်​ ​တွေ သက်​ ရှိ ထင်​ ရှား
    မ ရှိ ​တော့ တဲ့ အ ခါ မှ အ ရမ်​း နာ မည်​ ကြီး လာ တာ ​တွေ
    ရှိ ဘူး ပါ တယ်​
    လူ ဆို တာ ​အောင်​ မြင်​ ​ကျော်​ ကြား ထင်​ ရှား ချင်​ တာ
    သ ဘာ ဝ မို့ နား လည်​ ခံ စား မိ ပါ တယ်​
    လုပ်​ ယူ လို့ မ ရ ဘူး ဆို တာ ကျွန်​ မ တို့
    လက်​ ခံ နိုင်​ ရ ပါ မယ်​
    သူ များ ​အောင်​ မြင်​ တာ ကို လဲ လက်​ သင်​့ ခံ နိုင်​ ရ ပါ မယ်
    ​လော က မှာ​
    ဆွဲ တင်​ ချင်​ ​ယောင်​ ​ဆောင်​ ပြီး လွှတ်​ ချ တဲ့ သူ ​တွေ များ လှ ပါ တယ်​
    မျက်​ နှာ ဖုံး စွပ်​ ထား တဲ့ သူ ​တွေ က်​ို
    ကိုယ်​ ဖြတ်​ သန်​း ခဲ့ တဲ့ အ ​တွေ့ အ ကြုံ ​တွေ အ ရ
    ​ရှောင်​ ရှား နိုင်​ ရ ပါ မယ်​
    ကျွန်​ မ အ မြင်​ က ​တော့
    ပရိ သတ်​ က စာ ​ရေး သူ ကို ​ရွေး ချယ်​ တာ ပါ
    စာ ​ရေး သူ က ပ ရိ သတ်​ ကို ​ရွေး ချယ်​ လို့ မ ရ ပါ ဘူး
    ကို ​ပေါက်​ ရဲ့ ​ဆောင်​း ပါး ​တွေ
    ကို ​ပေါက်​ ရဲ့ က ဗျာ ​တွေ
    ကို ​ပေါက်​ ရဲ့ ဓာတ်​ ပုံ ​တွေ က သာ
    ကို ​ပေါက်​ ဘာ ဆို တာ ကို ပ ရိ သတ်​ ကို
    တင်​ ပြ တဲ့ ကို ​ပေါက်​ အ တွက်​ အ ​ကောင်​း ဆုံး
    သက်​ ​သေ ​တွေ ပါ

    • snow smile
      ရေ စိတ ်ရှည် လက် ရှည် ဖတ် ပြီး ဝေ ဖန် ပေး တာ ကျေး ဇူး ပါ

      နာ မည် မ ကြီး ချင် ပါ

      စာ ဖတ် သူ များ က အား ပေး ေ န ရ င် ကျေ နပ် ပါ သည်။

      snow smile
      လဲ စာ ရေး ကောင်း သည် ့ သူ လို့ ကွန် မင်း ကို ဖတ ်ပြီး ခံ စား ရ ပါ သည်
      ကျ နော် တို့ ရွာ အတွက် စာ ရေး သူ တစ ်ယောက် တိုး လာ ပြီ လို့ ထင် ပါ သည်။
      စာ ရေး စေ ချင် ပါ သည်
      ဒီ ရွာ ထဲ မှာ
      snow smile
      တင် လာ မယ် ့ ပိုစ် များ ကို မျှော်ေ န ပ ါသည် ခင် ဗျား

  • ဦးကျောက်ခဲ

    January 25, 2014 at 10:30 am

    ဟီး… အဲသည့် ဘိုဘိုဟန်ရဲ့ သီချင်းကို ငယ်ငယ်က ဖျက်ဆိုဖူးသဗျ…
    “အမှတ်တမဲ့နဲ့ ေ- ွးစိ ၊ ပုရွက်ဆိတ် ကိုက်လို့အော်” ….
    အတည်မန့်ပါ့မယ်…
    အဲသည် စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့အချိန် ၊ အမှတ်တမဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေက…
    အတော်လေး ရှင်းပြရခက်ပါတယ်…
    ဘာရယ်မဟုတ် ကိုယ့်အတွေးနဲ့ကိုယ် ငေးမိတာတောင်မှ ရာဇဝတ်မှုဖြစ်တတ်သေး…

  • Foreign Resident

    January 25, 2014 at 11:37 am

    ” အ မှတ် တ မဲ့ ဖြစ် တာ နေ မှာ ဆို တဲ့
    စိတ် နဲ့ ခွင် ့လွှတ် ဘို့ ကြိုး စား ကြ ရ မယ် ထင် မိ ပါ တယ်။
    ဒါပေ မယ့် လဲ အဲ လို ခွင့် လွှတ် တွေး နဲ့ နေ နို်င် ဘို ့ ဆို တာ သိ ပ ်တော့
    လွယ် ကူ တဲ့ ကိစ္စ တော့ လဲ မဟုတ် ဘူး နော် ”

    ဟီ ဟိ ၊ ကျနော် ကတော့ သူများကို ထူးပြီး ခွင့်လွှတ်စရာ မလိုဘူး ။
    ကျနော် ကိုယ်တိုင်က သိပ်ပြီးလဲ မနာတတ် ၊ မခံစားတတ်လို့ ၊
    များသောအားဖြင့် သိပ်မကြာခင်မှာဘဲ ၊ မေ့ကိုသွားတာဗျာ ။

  • ကို ဖော မ နာ တတ် တာ တော့ သိ ပါ

    ကျုပ် သာ ခင် ဗျား လောက် အ ဆဲ ခံ ရ ရင်

    ခံ နို်င် ရည် ရှိ မယ် မ ထင် ပေါင် ဗျာ

  • snow smile

    January 25, 2014 at 9:02 pm

    အ မှတ်​ တ မဲ့ က အ မှတ်​ တ မဲ့ ဘဲ ဖြစ်​ သွား တာ မျိုး ရှိ သ လို

    အ မှတ်​ တ မဲ့ က အ မှတ်​ တ ရ ဖြစ်​ သွား ခဲ့ တာ ​တွေ လဲ ရှိ တတ်​ ပါ တယ်​

    ​နောက်​ ပြီး အ မှတ်​ တ မဲ့ က ​နေ တ သက်​ တာ မှတ်​ မှတ်​ ရ ရ
    ဖြစ်​ သွား တာ ​တွေ လဲ မ ​ရေ တွက်​ နိုင်​ ပါ ကို ​ပေါက်​ ​ရေ

    (စာ ​ရေး ဘို့ အား ​ပေး တာ ​ကျေး ဇူး တင်​ ပါ တယ်​)

  • snow smile
    စာ ေ ရး ပါခင် ဗျာ
    တိုက် တွန်း အား ပေး ပ ါသည်

    အ မှတ် တ မဲ့ လေး ကြောင့် အ မှတ် တ ရ စာ ရေး သူ တစ ်ယောက် ဖြစ် လာ စေ ချင် ပ ါသည်

  • ဒညင်းဝက်

    January 26, 2014 at 7:25 am

    ခွင့်လွှတ်ခြင်းဟာ
    အနုပညာတစစ်ရပ်လိုပါပဲ

    နှလုံးသားနဲ့ရင်းပြီး ဖန်တီးယူရတာ
    နှလုံးသားနဲ့ရင်းထားလို့
    တခါတခါ ဖန်တီးယူစရာတောင် မလိုပဲ သူ ့အလိုလို ဖြစ်ပေါ်သွားတဲ့အနုပညာလိုမျိုး. . . .

    🙂

  • padonmar

    January 27, 2014 at 1:11 am

    ကျမလည်း တခါက မောင်တဝမ်းကွဲလေးရဲ့ အိပ်ရာဘေးမှာရပ်စကားပြောရင်း အမှတ်တမဲ့ သူ့ခေါင်းအုံး ကောက်နမ်းမိတာ မိဝေးဖဝေးမှာ အင်မတန် ညစ်ပတ်တဲ့ မောင်လေးရဲ့ ခေါင်းအုံးက နံလွန်းလို့ မျက်နှာကို ရှုံ့မဲ့သွားမိတာပဲ။
    ကိုယ့်အိပ်ရာ ကိုယ့်ခေါင်းအုံးစွပ်တွေ လဲပြီးတိုင်း အနံ့နံမနံ နမ်းမိတဲ့ အကျင့်ကြောင့် ဖြစ်မယ်ထင်တယ်။
    မမလည်း ကိုယ့်ပိုက်ဆံအိတ်ကိုယ် ကစားတတ်တဲ့ အကျင့်ကြောင့်ဖြစ်မှာပေါ့။
    ရွာထဲက မမနဲ့ မဝေတော့ မဟုတ်ပါဘူးနော်။JK

  • ရွာ ထဲ က မ မ သာ ဆို လျင် သူ ့ အ မွှာ ညီ မ သွေး သောက် ညီ မ လေး မ ပါ ဘ ဲ ဘယ် သွား လိမ့် မ လဲ နော်

  • kyeemite

    January 27, 2014 at 11:00 am

    ဟုတ်ပါ့ ကိုပေါက်ရေ …မမ နဲ့ မဝေ ကိစ္စကတော့ အတော်ရှင်းရခက်ကြီးနော…
    အမှတ်တမဲ့ မှသည် …အင်း..အတွေးတွေက မဆုံးတော့..
    ဒီကိစ္စမျိုးကတော့ တတိယလူ…ဥပမာ ကိုပေါက်ပေါ့..ကနေနှစ်ဦးလုံးကိုသီးခြားစီတွေ့ပြီး
    ရှင်းပြရင်ပိုကောင်းမယ်ထင်မိပါကြောင်းးးး

  • ကျ နော် တို့ သည် ပြ ဿ နာ တ စုံ တ ရာ ရှိ ခဲ့ လျင်

    လော က ကြီး ရဲ့ သတ် မှတ် ချက် တွေ နဲ့ ချိန် ထိုး ဆုံး ဖြတ် တဲ့ အခါ မှာ

    လွဲ မှား တဲ့ အကြောင်း ရေး ထား ပြီး သာ း ရှိ ပါ တယ်

    နောက် ရက် တင် မယ် ကို မိုက်စ်

  • snow smile

    February 27, 2014 at 12:22 am

    Padonma ​ရေ
    ပိုက်​ ဆံ အိတ်​ ဖွင်​့ လိုက်​ တာ က မမ ပါ
    ဘာ ရယ်​ မှန်​း မ သိ ဘဲ ဖွင်​့ လိုက်​ တာ ပါ
    အ သိ ညီ မ ​လေး တစ်​ ​ယောက်​ နဲ့ ပါ
    ခု ချိန်​ ထိ လဲ သူ နဲ့ သွား သွား လာ လာ ပါ ဘဲ
    သူ က ​တော့ ​မေ့ ​လောက်​ ပြီ
    မမ က ​တော့ ခု ထိ ရင်​ ထဲ ရှိ ​နေ တုန်​း ပါ
    ​နောက်​ ဘယ်​ ​တော့ မှ အဲ့ လို မ ဖြစ်​ ရ ဘူး ဆို တဲ့ သ တိ ရယ်​
    ကိုယ်​ လဲ သူ များ က အဲ့ လို့ ဖြစ်​ ခဲ့ ရင်​ အ ထင်​ မ လွဲ သင်​့ ဘူး
    ဆို တဲ့ အ သိ ရယ်​ က
    ရင်​ ထဲ မှာ အ မြဲ ရှိ သွား ခဲ့ တာ ပါ.ဘဲ
    ကျန်​ တဲ့ အ ​ကြောင်​း ​တွေ က ​တော့
    ကို ​ပေါက်​ က ရုပ်​ လုံး ​ဖော်​ ထား တာ ​တွေ ပါ
    စာ ​ရေး ဆ ရာ ဆို ​တော့ လဲ ပို ပို သာ သာ ​လေး
    ထဲ့ ​ပေး လိုက်​ တာ ​ပေါ့

  • ကျ နော် စာ ရေး တော့ ကိုယ် တိုင် သိ တာ ရယ် သူ များ ပြော ပြ တာ ရယ် ကို ရော မွှေ ပြီး ရေ း ရ ပါ တယ်။
    စာ ရေး တဲ့ သူ တစ် ယောက် က သူ များ အ ကြောင်း ကို ပြန ်ေ ရး ရင် ဒဲ့ ဒိုး မ ရေး ရ ပါ ဘူး။
    ဖြစ ်ရပ် မှန် ဇာတ်လမ်း တို့ ကိုယ်ေ ရး မှတ် တမ်း တို ့ သာ အ တိ အ ကျ အမှန် အတိုင်း ရေး ရ တာပါ။
    ကျန် တာ တွေ က တော့ ကိုယ် တင် ပြ ချင် တဲ့ ကိုယ် ပေး ချင် တဲ့ အ ကြောင်းအ ရာ ကို သာ ဦး တည် ပြီး ပုံ ဖော် ရ ပါတယ်။
    အဲ တော့ နောက် ခံ အချက် အ လက် အကြောင်း အ ရာ တွေ ကို ပြောင်း လဲ ရ ပါတယ်။
    ကျ နော် ေ ရး တဲ့ အ ကြောင်း အရာ ကို ဖတ် လိုက် မိတဲ့ အ ခါ “အော် ငါ့ အ ဖြစ် နဲ့ ဆင် တူ သား ဟဲ့”လို့ ဖြစ် အောင် ရေး ပါ တယ်။
    ကျ နော် ကအ ပြင် မှာ လဲ လေ ပေါ တော့ ကျ နော် စာ တွေ မှာ လည်း အပို ဆာ ဒါ း တွေ ပါ တတ် ပါ တယ်။

  • Ma Ma

    February 27, 2014 at 10:32 am

    ကိုပေါက်ရေ
    ကျမကို စောင်းပြောထားသလိုပဲ။
    ကျမလည်း ပိုက်ဆံအိတ်ဇစ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့အကျင့်ရှိတယ်။
    ခုချိန်ထိတော့ သူများပိုက်ဆံအိတ် ဖွင့်မိတာမျိုး မရှိသေးပေမယ့် ငါလည်းသတိထားမှဆိုပြီး တွေးမိသွားတယ်။

    ကိုဖောပြောသလိုပဲ ကျမလည်း မေ့ပျောက်လွယ်လို့ တမင်ခွင့်လွှတ်ဖို့ကြိုးစားရတာမျိုးမဟုတ်ပဲ အလွယ်တကူ မေ့ပျောက်သွားတာချည်းပဲ။

  • စောင်း မ ပြော ပါ ဘူး မမ ေ ရ

    ဖြစ် တတ် တဲ့ သ ဘော လေး တွေ ပါ။

    ကျ နော် ကို သူ များ က လာ ပြော ပြ ရင် စာ တစ် ပုဒ် ဖြစ် သွားတ ာ ပါ ဘဲ။
    ဒီ ပိုစ် က လဲ မ မ ဟို တစ် ခါ ပြော တဲ့ မျက် နှာ များ ၏ မ မ ျား၏ လိုဘဲ ရွာ သူ snow smile ပြော ပြ တာ ကို ရေး တာ။
    နောက် ဆို ရင် snow smile လဲ ရွာ ထဲ မှာ စာ ရေး သူ တစ် ယောက် ဖြစ ်လာ မယ် လို့ ထင် မိ ပါ တယ်။
    ရေး ပါ မ snow smile ရေ

Leave a Reply