ရွှေစက်တော်မန်းချောင်းက အသည်းရောင်းတဲ့ကောင်မလေး (နယူဗားရှင်း)

ေမာင္ရိုးJanuary 27, 20141min30234

 

 

ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပတော့မည် ။တပို.တွဲလဆန်း ၅ ရက်မှ

မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ်

နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ်

နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ်

စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ

မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။

ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။

ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ်

မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး

စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်.

အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော မကွေးမြသလွန်စေတီ ၊ မင်းဘူးစကိ္ကန်းတဲစေတီ ၊

နဂါးပွက်တောင်နှင်.လယ်ကိုင်းမြို.အနီး ဝါဏိဇ္ဖဂါမရွာစန္ဒကူးကျောင်းတော်ရာသို.သွားရောက်ဖူးမြော်နိုင်ပါသည် ။

တောရိပ် တောင်ခွင်နှင်.ခွေခေါက်၍စီးဆင်းနေသောလွမ်းမောဖွယ် မန်းချောင်းသည်ဘုရားပွဲတော်အားတစ်နည်းတဖုံအရောင်

တင်ပေးလျှက် ကြည်နူးဆွပ်ပျံ.ဖွယ်ရှိချေတော.သည်

 

 

ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး

အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက်

စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ

သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.

အဖြစ်အပျက်တို.သည်ကား …………….။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန်

ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊

သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။

လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး ..။ဒီလိုနှင်.ခတ်မှန်မှန်မောင်းရင်း လက်ပံတန်းမြို.

သို.ညလည်ခန်.တွင်ရောက်ခဲ.ပါသည် ။လက်ပံတန်းရှိ နားနေကျလက်ဘက်ရည်ဆိုင်တွင်ခဏနားရင်း ဂျိုးကြော် ၊စနိုက်

ကြော် ၊စာကလေးကြော်များနှင်.တွဲဖက်၍ကောက်ညှင်းဆီထမင်းဖြင်.ညလယ်စာကို အဆာပြေဖြည်.ဆီးကြသည်။

နောက်တကြိမ်နားမည်.နေရာသည်ဥသျှစ်ပင်လမ်းခွဲဖြစ်၍ ခရီးသည်များအပေါ.အပါးသွားထားကြရန် စပယ်ယာလေး

ကြွက်နီမှ လိုက်လံသတီပေးလေ၏။လမ်းခရီးအစသည် ချောမောခဲ.ပါသည် ။

 

 

 

 

 

 

 

 

ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ

ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည်

ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည်

ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။

ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ်

ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။

သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို.

တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး

ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။

၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို.

အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ

သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း

မကြားဟန်ဆောင်၍နေရပြန်သည် ။

ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော.

ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ.

ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ….

မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။

ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက်

တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည်

ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။

ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး

များတွင်နေထိုင်ရသည်ကိုနှစ်သက်သည်တစ်ကြောင်း တို.ကြောင်.အမြဲတန်းတည်းခိုဆောင်တွင်အိပ်လေ.ရှိသည်။ထိုနေ.

ထပ်မံကံဆိုးပါသည်။ဘုရားဖူးများပြည်.နေ၍ဈေးပေါပေါ တည်းခိုဆောင်မရ။ထို.ကြောင်..ကားပေါ်တွင်သာဒုက္ခခံ၍အိပ်ရ

ပါတော.မည်။

 

ဒီလိုနှင်. …..အကြော်စုံရောင်းသောဆိုင်မှ အညာမြေပဲကပ်ကြော်တစ်ထုတ်နှင်.ရေတစ်ဘူးဆွဲပြီးမန်းချောင်းပေါ်ဖြတ်ထိုး

ထားသော ဝါးတံတားလေးဆီသို.ထွက်ခဲ.သည်။ မန်းချောင်းပေါ်ဖြတ်သန်းလာသောလေနုအေးလေးများ၏အထိအတွေ.ကို

ခံစားရင်းပဲကြော်ဝါး၍ ဟိုတွေးဒီတွေး ……။မဆီမဆိုင်ဆရာမင်းသိင်္ခရေးသောနာမည်ကျော်မနုစာရီဝတ္ထုထဲမှ မန်းချောင်း

နဘေးတောအုပ်လေးတွင်နေသောမနုစာရီကိုသတိယနေမိသေးသည်။ ရေတစ်ဘူး ပဲကြော်တစ်ထုတ်နှင်. ဆေးလိပ်သုံးလိပ်

ကုန်သောအခါတွင်အိပ်ချင်စပြုလေပြီ ။ ကားဆီသို.ပြန်လာရင်း အတက်အဆင်းဝင်ပေါက်အနီး ထိုင်ခုံတွင်နေရာယူ၍အိပ်

ပျော်ခြင်းသို.ခဏမကြာရောက်သွားလေတော.သည် ။

မည်မျှကြာကြာအိပ်ပျော်သွားခဲ.သည်မသိ ..။ဒေါက် ဒေါက် ဒေါက် ဟူသောခတ်တိုးတိုး တံခါးခေါက်သံကြောင်. နိုးစ

ပြုလေပြီ …..အသာမှိန်းနေစဉ် ခတ်ကျယ်ကျယ်တံခါးခေါက်သံ ထပ်မံကြားရသဖြင်. မျက်လုံးအတင်းဖွင်.၍ထကြည့်မိသည်။

 

 

အမျိုးသမီးတစ်ဦး၏ပုံသဏ္ဍန်ကို ဦးစွာ​တွေ့လိုက်​ရသည်​ ။

ညနက်​သန်​း​ကောင်​ ဘာများပါလိမ်​့ဟု​တွေး​ပြီး

ပြတင်​း​ပေါက်​ကို အနည်​းငယ်​ ဟ ရင်​း..

“ဘာကိစ္စ များရှိလို့လဲဗျ “​

ဟု ​မေးမိသည်​ ။

ထိုအမျိုးသမီးမှာ တစ်​ချက်​မျှ ပြုံးပြပြီး

” ​ဈေးလာ​ရောင်​းတာ .. ယူဦးမလား”

 

ကျ​နော်​အနည်​းငယ်​​ကြောင်​သွား​လေသည်​ ။

​ဈေး​ရောင်​းသည်​ဟု​ပြော​နေ​သော ထိုမိန်​းက​လေးထံတွင်​

​ရောင်​းစရာ ဘာတစ်​ခုမှ ပါလာသည်​ကိုမ​တွေ့​ပေ။

လက်​ထဲတွင်​​မီးညှိထား​သော စီးကရက်​တစ်​လိပ်​သာ​တွေ့ရ​လေသည်​ ။

ကျ​နော်​ ​ခေါင်​းရမ်​းပြလိုက်​သည်​ ။

ထိုမိန်​းက​လေးမှာ ခတ်​ဆိုင်​းဆိုင်​း​ခြေလှမ်​းများဖြင်​့ လှည်​့ထွက်​သွား​လေပြီ ။

သူ၏ဦးတည်​ရာသည်​ ကျ​နော်​တို့ကား၏မျက်​​စောင်​းထိူးတွင်​ရပ်​ထား​သော

မိဘ​မေတ္တာ ဘုရားဖူးကားဆီသို့ ……

ကျ​နော်​့အ​တွေးတို့ရှုပ်​​ထွေးသွား​သည်​ ။

သူ ဘာ​တွေ​ရောင်​းမည်​နည်​း ……

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကျ​နော်​့ စပယ်​ယာကြွက်​နီရှင်​းပြမှ ကျ​နော်​သ​ဘော​ပေါက်​ခဲ့ရပါ၏။

​ေဩာ်​….. ဒီလိုကိုးးးး…

 

ယခင်​အ​ခေါက်​​များတွင်​ တခါမှ ကား​ပေါ်တွင်​ကျ​နော်​မအိပ်​ခဲ့ပါ ။

တည်​း​ကျောင်​း (ဧည်​့သည်​တည်​းခိုရာဝါးတဲ) ​လေးများတွင်​သာ

တည်​းခိုခဲ့ပါ၏ ။

ယခု​သော်​ ဘုရားဖူးများလွန်​းသဖြင်​့ တည်​း​ကျောင်​းများ ​နေရာပြည်​့​နေသလို

 

 

 

​ဈေးနှုံးလည်​း များလွန်​းသဖြင်​့ ကား​ပေါ်အိပ်​မိ​သော

ပထမဆုံးအ​တွေ့အကြုံမှာ အံ့ဩခဲ့ရခြင်​းဖြစ်​​လေသည်​ ။

ကြွက်​နီမှာ ယခင်​အ​ခေါက်​များမှကြုံဖူးသည်​ဖြစ်​ရာရိုးနေပြီဖြစ်​သည်​ ။

 

တကယ်​​တော့ ……

ည​ဈေးသည်​များ မားကက်​တင်​းဆင်​းကြခြင်​ပင်​..။

အ​ဝေး​ပြေးကားသမားများစုစည်​းရာဖြစ်​၍ လူမျိုးစုံ၊ စရိုက်​စုံ​လေသည်​ ။

​သောက်​​သောက်​စားစား ၊ မျက်​နှာများတတ်​​လေ​သော ကိုကိုကားသမားအချဉ်​တုံးကြီးများအား

​ဖျော်​​ဖြေ​ရေးလုပ်​ကြခြင်​းဖြစ်​​လေသည်​ ။

​ခြေ​တော်​ရာနစ်​ဆူကိုမှ အားမနာကြ ။ ကျ​နော်​သတိထားကြည်​့မိ​တော့မှ အ​တော်​ပင်​ များပြားလှသည်​ကို​တွေ့ရ​လေ​တော့၏ ။

 

စားဝတ်​​နေ​ရေး​ကြောင်​့ပဲဖြစ်​ဖြစ်​ ၊ အ​ခြေအ​နေ​ကြောင်​့ပဲဖြစ်​ဖြစ်​ ဘုရားပွဲ​တော်​ကျင်​းပရာ ပရဝုဏ်​အတွင်​း​တော့ဖြင်​့

မ​ရှောင်​သင်​့​ပေဘူးလား …

အင်​း​လေ… သူတို့လည်​း ပွဲ​တော်​ကျင်​းပ​နေသည်​လားမသိ။

 

ဒီလိုနှင်​့ … ပိန်​ရှုံ ့​နေ​သောစီးကရက်​ဗူး​လေးအတွင်​းမှ ​ကောက်​တိ​ကောက်​​ကွေး စီးကရက်​တစ်​လိပ်​ကိုမီးညှိလျှက်……

လ​ရောင်​ဝိုးတဝါး​အောက်​မှ သမင်​လိုက်​ပွဲ​တွေများကို စိတ်​မသက်​မသာဖြင်​့ ​ငေးရင်​းဖြင့်သာ…………

 

 

 

​လေးစားလျှက်​

​မောင်​ဆာမိ

 

 

 

 

 

 

 

 

34 comments

  • surmi

    January 27, 2014 at 2:47 pm

    ဒီပို့စ်​က အရင်​တုန်​းကတင်​ခဲ့ဖူးပါတယ်​ ။
    မလုပ်​တတ်​မကိုင်​တတ်​မို့ သုံးပိုင်​းကွဲသွားတဲ့ပို့စ်​ပါ ။
    အခု… သဂျီးမင်​းဆီက ပွိုင်​့ကိုဖြုန်​းတီးရင်​းနဲ့
    ဟိုရက်​ကဝင်​ကြည်​့​တော့ ရွာကလည်​းတိတ်​​ခြောက်​​နေတာနဲ့.. အဲ့ဒါ.. 🙂
    ဖတ်​ပြီးသူများသည်​းခံကြပါ ဟဲဟဲ
    ​ရေးစရာလည်​းမရှိဆို​တော့ ….
    သဂျီး ​မေတ္တာ ပို့​စေသတည်​း :mrgreen:

  • မဟာရာဇာ အံစာတုံး

    January 27, 2014 at 3:01 pm

    ရွှေစက်တော်ဆိုမှ
    ငယ့်ငယ်လေးတုန်းက တစ်ခေါက် ရောက်ခဲ့ဖူးတယ် …
    တည်းခိုဆောင်နောက်က ချောင်းထဲမှာ ဘောကွင်းစီးခဲ့တာကို သတိရမိသေးတယ် …
    နဂါးပွက်တောင်ကိုလည်း ကြောက်ကြောက်နဲ့ ကြည့်ခဲ့ဖူးသေးတယ် ..

    ဒါနဲ့ စကားမစပ်ဗျာ …
    ဦးဆာမိကြီးတစ်ယောက် အသည်း ဝယ်ခဲ့သေးသလား မသိဘူး …
    စာထဲ ဖတ်ရတာ မရှင်း မရှင်းနဲ့မို့ ….
    :mrgreen:

    • surmi

      January 27, 2014 at 3:45 pm

      @မောင်အံ
      နှစ်ခေါက်ပြန်ဖတ်ပါရဲဘော် 🙂
      နားမလည်မခြင်းဖတ်ပါရဲဘော် 🙂

      အခုတော့လည်း အချိန်ရောက်တိုင်းဘုရားပွဲကိုသတိယရုံပါကွာ
      မရောက်ဖြစ်တော့ပါဘူး

      @ဦးမျိုး
      ဖြေးဖြေးတော့လုပ်ပါနော
      တစ်ညဘဲအိပ်တာပါဗျို့
      ခရီးသည်တွေကားပေါ်ညအိပ်ကြရလို့နှစ်ညအိပ်လို့ ခေါ်တာ 🙂

  • Myo Thant

    January 27, 2014 at 3:07 pm

    ကိုကြီး ဆာမိ

    ၂ညအိပ်ဆိုတော့ ဒုတိယညမှာ ကားပေါ်ပဲ အိပ်သေးတာလား ?

    မှန်မှန်ပြော 🙂

  • Shwe Ei

    January 27, 2014 at 3:18 pm

    ရွှေစက်တော်က ခုနောက်ပိုင်း ပိုဆိုးတယ်ဗျ….ဘုရားဖူးတွေများလာတော့ တည်းခိုခန်းခ မဆန်တဆဈေးတင်တယ်…ပီးတော့ ပေးရတာနဲ့မတန်အောင် သန့်ရှင်းရေး အင်မတန်ညံ့ဖျင်းတယ်
    အိမ်သာမကောင်း….တည်းခိုခန်းညံ့….ဘုရားဖူးတွေက ချောင်းအပေါ်ဖျားကနေ ချောင်းအောက်ဖက်ထိ အိုးခွက်ပန်းကန်တွေ ဆီအထပ်ထပ်နဲ့ဆေးချတော့ ရေပါမသန့်သလိုခံစားရတယ်
    မနက်စောစော လူလဲရှင်း ရေစီးရေလာလဲကောင်းနေတဲ့အချိန်လောက်ဘဲ ရေစိမ်လို့ကောင်းတာ
    အဆိုးဆုံးက ည၁၁နာရီကျော်လဲ တည်းကျောင်းမှာနေတဲ့လူတေကို ဂစ်တာပေးမတီးဝူးတဲ့ဗျာ…သောက်ညင်ကတ်လိုက်ထှာမပြောပါတော့နဲ့ 👿

    • surmi

      January 27, 2014 at 3:54 pm

      @မရွှေအိ
      မရွှေအိပြောတာ ဟုတ်သဗျ
      အဲဒီတုန်းကတောင် အတော်ညစ်ပတ်နေပါပြီ ။
      ကျနော်လည်း မရောက်တာကြာပါပြီ
      ဓတ်ပုံထဲမှာတော့ တည်းကျောင်းတွေ သုံးဆလောက်တိုးလာသလားပဲ……

      @ဦးမိုက်
      အသည်း နိုးနိုး 🙂
      ဒီတစ်ခါသွားဖြစ်ရင်ပုဂံညောင်ဦးကိုပါ ဆက်ဆွဲဗျာ ။
      ပြီးတော့အတွေ့အကြုံလေးတွေရေးဦးပေါ့ ။

    • ကပ္ပိယ သာဒင်​

      January 28, 2014 at 12:06 pm

      တည်ခိုးခန်းတွေဈေးကြီးလွန်းတယ်
      ဂေါပကတွေက စည်းကမ်းမထန်းသိမ်းပေးဘူး
      အဆင့်မှီတဲ့ ခရီးသွားစရာဖြစ်မလာသေးဘူး
      ရုက်စားကောက်ထဲ့တွေ

  • kyeemite

    January 27, 2014 at 3:22 pm

    ကိုဆာမိ အသည်းကြိုက်တယ်တစ်ခါပြောဖူး တာ ဒါ့ကြောင့်ကိုး..ခိခိ 😀
    ကျုပ်လည်း မိသားစုနဲ့တစ်ခေါက်ရောက်ဖူးတယ်..အဲတုန်းက ကလေးနှစ်ယောက်က
    နဲနဲငယ်သေးတော့ မမှတ်မိတော့ဘူးတဲ့..အင်း..တစ်ခေါက်လိုက်ပို့ရပေလိမ့်အုံးမယ်…
    သတိရတယ်ကိုဆာမိရေ..

  • ဦးကျောက်ခဲ

    January 27, 2014 at 3:25 pm

    အသည်းသည် ကောင်မလေးက…
    “ကိုကို ယောက်ျားမဟုတ်ဘူး… ချိတ်နာဒယ်” ဆိုပြီး ခြေဆောင့်သွားလေရဲ့…
    ပျော်စေပြက်စေ… နောက်တာပါ ကိုရင်ဆာရေ…
    အဲသည့်လိုကနေ ရောဂါဘယတွေကို ကိုရွှေမျက်နှာများတွေကတဆင့်…
    တတိုင်းပြည်လုံးရော အိမ်သူသက်ထားတွေကိုရော ဖြန့်လိုက်ကြတာ…
    ကျောက်စ်သိတဲ့ ကားသမားညီအကိုဆိုရင် မိသားစုပါအပါခေါ်ပြီး…
    “အေ” နဲ့ လူ့ဘုံခန်းဝါကိုစွန့်သွားကြတယ်လေ…
    မသိနားမလည်ချင်းနဲ့ ဆင်းရဲချင်းပေါင်းတော့… အမျိုးကန်းရော…
    🙁

    • surmi

      January 27, 2014 at 4:03 pm

      အစ်ကိုဦးကျောက်ရေ
      ပြောရရင်လည်းခက်သဗျ ။
      ကားသမားဆိုတဲ့ကောင်တွေကလည်း
      တစ်ရွာတစ်ကျည်ဆောက်ချင်တာကလား
      တွေ့မရှောင်တွေများတယ်ဗျို့ ။
      ဒါကြောင့် ပန်တော်ကျများရဲ့ဈေးကွက်က ကိုကိုကားဆရာတွေဖြစ်နေတာ ။
      ရောဂါကိုတော့ အခုထိကြောက်သေးပုံမရဘူးဗျို့
      အင်း……
      ပြောရလည်းခက်ပါတယ်ဗျာ

  • TNA

    January 27, 2014 at 4:33 pm

    ဒါတော့ဖတ်ဖူးသေးဘူးကိုဆာမိရေ။ ဘုရားရိပ်မှာအံ့ဩစရာပါ။ ဟိုတခါ လမ်းမှာသရဲခြောက်တာတော့ မှတ်မိလိုက်ပါရဲ့။ ကိုဆာမိတိုက်ဆိုင်တာလား အတင်းများ ဟဲဟဲ စတာနော်

    • surmi

      January 28, 2014 at 9:52 am

      @ မသဲနု
      ဒီပို့စ်က ကြာပြီဗျ ။
      သုံးပိုင်းကွဲပြီးကို့ယို့ကားယားဖြစ်နေတာ
      တိုက်ဆိုင်တာမဟုတ်ဘူးမသဲနုရေ
      ီဒီလိုနေရာ ဒီလိုအခြေအနေမှာ ကြုံတတ်ကြပါတယ် ။
      ကျနော်က အချိန်သိပ်မကြာပေမယ့် ကားသမားအဖြစ် ခရီးသယ်တင် ၊ ဘုရားဖူး နဲ့ ကုန်ကား တွေလိုက်မောင်းဖူးတာမို့ပါ

      @မွန်မွန်
      ဒါဘာဟုတ်သေးလဲဗျာ
      တချို့များ ကိုယ့်ကိစ္စလည်းပြီးရော
      ရဲတိုင်မယ် ဘာမယ်နဲ့ချိန်ခြောက်ပြီး
      မောင်းထုတ်တတ်သေး……
      ရွံစရာ 🙁

  • အော်.. သရဲခြောက်တယ်လို့ ထင်မိတာ.. လက်စသတ်တော့ အသည်းရောင်းတာကိုး..
    သူတို့မလည်း အသည်းတွေ များလိုက်တာနော်.. ဖတ်ရတာ စိတ်တောင် မကောင်းဘူး..

  • တကယ်ပဲမဝယ်လိုက်ဘူးလားဦးဆာ
    😀
    နောက်တာနော်။
    တခြားနေရာတော်တော်များများရောက်ဖူးပေမယ့်ရွှေစက်တော်ကိုလုံးဝမရောက်ဖူးသေးဘူး။
    ဖေဖေမေမေကတော့ခဏခဏရောက်သား။ဒီနွေကိုဖေဖေကတစ်မိသားစုလုံးသွားဖို့ကြဖို့ပြောနေတာတောင် နွေရာသီကြီးအညာခရီးမသွားချင်ဘူးဆိုပြီး အင်တင်တင်လုပ်နေတာ။
    တစ်ခေါက်တော့ ရောက်အောင်သွားပါဦးမယ်။

    • surmi

      January 28, 2014 at 10:27 am

      @နန်​း​တော်​ရာသူ

      အမှုပိုကြီး​အောင်​​တော့ လုပ်​​နေပြီ 🙂
      တစ်​​ခေါက်​​ဘောက်​​တော့သွားသင်​့တယ်​ဗျ
      မတူတဲ့ဓ​လေ့​တွေနဲ့ မူကွဲတဲ့အစားအ​သောက်​​လေး​တွေလည်​း​တွေ့ရမှာပါ
      အညာက ချစ်​ဖို့​ကောင်​းပါတယ်​ဗျာ ..

      @အလက်​ဆင်​း
      မဖတ်​ရ​သေး​တော့အသစ်​ဖြစ်​တာ​ပေါ့ကွယ်​
      တကယ်​​တော့… သဂျီးဆီက ပွိုင်​့ခိုးတာပါကွယ်​ဟဲဟဲ

  • ဒညင်းဝက်

    January 27, 2014 at 9:56 pm

    ကျနော်ကတော့..
    အခုမှ သေချာဖတ်မိတာရယ်.. .။

    ဖတ်ပြီးတော့… ဟင်းးးးခနဲ..သက်ပြင်းချမိတော့တာပဲ…

  • nozomi

    January 28, 2014 at 1:30 pm

    ရွှေစက်တော်ကို တစ်ခါမှ မရောက်ဖူးဘူး
    အသည်းရောင်းတယ် ဆိုတော့ ဘာအသည်းလဲ ဗျ
    အမဲသည်း လား ကြက်သဲ လား
    အသဲ တွေက မစားတာကောင်းတယ် ရောဂါရမယ် ဗျ
    ကိုဆာမိ ကြည့်ရတာ အသည်းတော မကြိုက်ဘူး အသားတော့ ကြိုက်တယ် ထင်ရဲ့
    ငြင်းတာတွေ မလုပ်ပါနဲ့ ဗျာ အားနာစရာကြီး

    • surmi

      January 30, 2014 at 11:09 am

      @ဦးနို
      ​မြေလတ်​အသည်​း​လေ.. ဟဲဟဲ..
      ​နောက်​တာပါဗျာ
      အသည်​း​ရောအသား​ရောမကြိုက်​ပါဘူး
      အသီးအရွက်​လတ်​လတ်​ဆတ်​ဆတ်​​လေးပဲအား​ပေးမလားလို့..
      ဒုက္ခ ထဲမှာရှာကြံ​ပျော်​တတ်​ရင်​​တော့
      ဒီခရီးမျိုးသွားလို့ရသဗျ
      အင်​း… မငြင်​းရင်​မဖြစ်​သမို့ ငြင်​းရတာ အပြစ်​မဆိုသာပါဘူး​ကျောင်​းဒကာရယ်​ 🙂

      @မခိုင်ဇာ

      မဆွဲရဲဘူးဗျို့
      သူများတွေဆက်ဆွဲဖို့ အစ ထုတ်ရုံသက်သက်
      🙂

  • KZ

    January 28, 2014 at 2:29 pm

    ဟိ။
    အဲဒီ ကိစ္စကို တရားဝင် ခွင့်ပြုခွင့် မပြုခွင့် ဆက်ဆွဲလိုက်လေ ဆာဆာ။

    :mrgreen:

  • က ဆာ မ ိ တို့ လို့ လမ်း ပေါ် သွား နေ တဲ့ ကာ း သ မား မ ပြော နဲ့
    နယ် တ ကာ လှည့် ဈေး ရောင်း ရ တဲ့ အ ရောင်း သ မား များ လဲ

    ကိုယ့် ရှိ တာ လေး လာ ရောင်း တဲ့ သူ နဲ့ ကြုံ ဘူး ပါ့

    • surmi

      January 30, 2014 at 11:17 am

      အစ်ကိုကြီးကိုပေါက်ရေ
      အဲသလိုလေးတွေတကယ်ရှိသဗျ
      ကျနော်ကတော့ ဖြစ်စဉ်တစ်ခုကိုပုံဖေါ်ရုံသက်သက်ပါ
      အစ်ကို့အတွေ့အကြူံလေးတွေလည်းလုပ်ပါဦးနော

      @မြတ်ပုလဲဖြူ
      လာရောက်ချီးမြှင့်ပေးတာကျေးကျေးပါဗျာ
      သိပ်မကြောက်ပါနဲ့
      အဲဒီဘီလူးတွေက သိသာထင်ရှားပါတယ်လေ
      တချို့ကတော့ ဟိုလိုလို ဒီလိုလို

  • myat pearl phyu

    January 28, 2014 at 4:25 pm

    အသည်းရောင်းတယ်ဆိုလို့ ဘာများလဲပေ့ါ…

    ကလို လား… အသည်းဒွေကလည်း နေရာတကာ ရောင်းဝယ်ကြဒါ ပေါသကိုးနော် …

    ရွှေစက်တော်ကို မရောက်ဖူးသေးတော့ စာတွေထဲကပဲ ဒေသန္တရဗဟုသုတယူရတယ်ချင့်…

    အသည်းစားဘီလူးဒွေ ..သာမီးတို့ ကြောက်ကြောက် … 😛

  • kai

    January 28, 2014 at 4:38 pm

    ဘုရားရှင်လက်ထက်က… ဥတ္တရာတရားနာချင်သမို့.. သူ့ယောကျာ်းကို.. ပြည့်တန်ဆာသီရိမာနဲ့လွှတ်ပေးထားတာ.. အပေါ်ထပ်မှာ.. သီရိမာတို့က.. အသည်းရောင်း…အောက်ထပ်မှာ.. ဂေါတမဘုရားရှင်ကတရားဟော…

    လူသားဟာ.. လူသားအလုပ်လုပ်ကြတာမှာ.. အပြန်အလှန်လေးစားသမှုထားမယ်..ရှိမယ်ဆို… အစွန်းရောက်ပြီးကန့်သတ်ချုပ်ချယ်မှု.. မရှိသင့်… :mrgreen:

    • surmi

      January 30, 2014 at 11:31 am

      @သဂျီးမင်း
      သဂျီးမင်းအနေနဲ့ ဓမ္မပဒ ကိုမှီငြမ်းသွားတာလေးမှတ်ထားမယ်နော်
      :mrgreen:

      @ဆရာခေါင်
      အသာလုပ်ပါဆရာရယ်
      ဘယ့်နယ်သာရမှာတုန်း
      ဆရာခေါင်ပို့စ်တွေထဲမှာပေးချင်တဲ့မက်ဆေ့ချ်လေးတွေ
      မသိမသာထည့်သွားတာလေးအတုခိုးနေရတာပါခင်ဗျ
      အဲ……
      ညဈေးသည်လေးတွေကတော့
      ဘဝနဲ့ရင်းပြီး မဝရေစာစားနေရပေမယ့်
      သေမင်းတမန်တွေဖြစ်မှန်းမသိဖြစ်လို့………

  • ကျော်စွာခေါင်

    January 29, 2014 at 2:57 am

    ကိုဆာ ..
    ပထမပြောချင်တာက ကိုဆာ တစ်ကယ်ကို စာရေးတာကောင်းတယ်..
    အရပ်ဒေသတစ်ုခုရဲ ့ပါတ်ဝန်းကျင်ကို ဖော်ညွှန်းသွားတာလေးတေါ သတိထားလေ့လာမိတယ်..
    ကျနော်ရေးတာက ပြတ်တောင်းတောင်းကြီး ကိုဆာနဲ ့ယှဉ်လိုက်ရင်လေ..။
    စာပါ အကြောင်းအရာကိုတော့ ကိုယ်တိုင်တွေ ့ကြုံဘူးသလို သူတို ့ဘဝတွေက သနားစရာတော့ ကောင်းသားဗျ…
    အတွေ ့အကြုံက သင်သွားလို ့သာ ဝမ်းရေးနဲ ့ယှဉ်လို ့ သူတို ့တွေ ရဲရဲတင်းတင်း ဖြစ်ပြီး နေကြပေမယ်..
    သူတို့တွေရဲ ့နာကျည်းစရာ အဲဒီဘဝရဲ ့ ပထမညတွေကို တွေးပြီး ကျနော်က စိတ်မကောင်း ဖြစ်နေတတ်တာ..။
    ကယ်သူမယ့်ပြီး လုံးလည်လိုက်နေတာပါဘဲဗျာ…။

  • Crystalline

    January 29, 2014 at 3:19 pm

    ရွှေစက်တော်ရောက်ခဲ့ဖူးသလို..နဂါးပွက်တောင်လည်းရောက်ခဲ့ဖူးတယ်.. အဲဒီနဂါးပွက်ကတော့ဘာမှလည်းဟုတ်ဘူး :)) .. ကျမတို့လည်း တိုးကကားကြီးစီးလုံးငှားပြီး မိသားစုလိုက်ရွှေစက်တော် ရောက်ခဲ့ဘူးတယ်.. အဲဒီချောင်းနားက ဝါးတဲလေးတွေမှာပဲညအိပ်ကြတာ.. ကျမတို့ရောက်ခဲ့တဲ့အချိန်က လူရှင်းတော့ ကိုယ်တွေပဲအေးအေးဆေးဆေး… တဲထဲအိပ်တာ ပူလွန်းလို့.. နောက်ဆုံးအဒေါ်နဲ့ကျမတို့တွေ တဲ့ရှေ့ကပြင်လေးမှာထွက်အိပ်တော့ အေးချမ်းလိုက်တာ.. အဲဒီအရသာကိုတော့ခုထိမမေ့ဘူး.. ဒါပေမယ့် ကံကောင်းလွန်းတဲ့အဖြစ်လည်းဖြစ်ခဲ့သေးတာ.. အထက်စက်တော်ရာကိုတက်တော့ ကားကိုရပ်ရတာမြေညီမှာမဟုတ်..ကားသမားက ဂျမ်းတုံးလည်း ခုမထားဘူး.. ကားပေါ်ကလူအချို့..ကားသမားတွေကအောက်ဆင်းကြည့်ကြတယ်.. ကျမနဲ့တချို့က ကားပေါ်ကျန်ခဲ့တာ.. အဲဒီမှာကားက နည်းနည်းချင်းနောက်ပြန်လှိမ့်တာ.. ကံကောင်းလွန်းလို့ အဲဒီကားရှေ့နားအစ်ကိုကရှိနေလို့…ချက်ချင်းတုံးခုရတာ.. မဟုတ်ရင်မတွေးရဲစရာဘဲ..
    သူတို့နဲ့လည်းရင်းနှီးသွားတော့ ကြုံလို့ သူတို့အကြောင်းမေးမိတော့ အဲဒီကားမောင်းတဲ့ဆရာလည်း အေကိုက်ပြီးဆုံးသွားတယ်တဲ့..

    • surmi

      January 30, 2014 at 11:40 am

      @ခရစ်စတယ်လိုင်း
      ကံကောင်းလို့ပါလားဗျာ ။
      ကားသမားအတော်ပေါ့ဆတာပဲ
      ပြန်ကျလိုက်ရင်မလွယ်ကြောဗျ
      အဲဒီနေရာကတမျိုးပဲ………
      ညဖက်ချမ်းပြီး နေ့ခင်းသေအောင်ပူတာလေ
      ကျနော်တို့ကတော့ ပူတဲ့အချိန်အထက်စက်တော်ရာကိုတက်နေတာ
      လေတဖြူးဖြူးနဲ့ အပူသက်သာတယ်

      @မောင်သဂျား
      နောက်တခါပြန်သွားကြည့်
      ကျုပ်ပြောတာဟုတ်မဟုတ်
      အရမ်းမယုံနဲ့ 🙂

  • Mr. MarGa

    January 29, 2014 at 3:20 pm

    မယုံရင် ပုံပြင်မှတ် ဆိုတော့
    ယုံတာမို့ ပုံပြင် လို့တော့ မှတ်တော့ပါဘူး ဗျာ
    တကယ်လဲ ရှိတတ်၊ ရှိဆဲတွေကို
    ကျနော်သွားတုန်းက ရောက်ပြန် မို့
    မန်းချောင်း ညရှုခင်းတောင် မခံစားခဲ့ရ…………

  • padonmar

    January 29, 2014 at 11:24 pm

    ဟိုအရင် ဒရိုင်ဘာ ခေါ်နိုင်တဲ့ အချိန်တုံးက အလုပ်ပေးမိတဲ့ထဲမှာ ၂ ယောက်တောင် အေ နဲ့ သေသွားကြတယ်။ရောဂါသိပြီး သိပ်မကြာဘူး။ ကားမောင်းတော်ပြီး သဘောကောင်းတဲ့သူတွေမို့ တော်တော် နှမျောမိပါတယ်။

    • surmi

      January 30, 2014 at 11:48 am

      @အစ်မပဒုမ္မာ
      အစ်မရေ
      တချို့ကလည်းဂရုမစိုက်တာ
      တချို့ကလည်း နားလည်မုှလွဲပြီးအသိမှားနေတာ
      သူတို့တွေက ဆစ်ဖလစ်နဲ့ A နဲ့အတူတူလို့ထင်နေတာဗျ
      ဆိုတော့……
      ဆေးကုလို့ရမယ်ထင်နေတတ်ကြတာ

      @ကိုပိုင်လေး
      အဲဒီမှာတော့မသိ
      မြို့ကြီးတွေမှာတော့ နိုင်ငံခြားသားတွေကို
      အချဉ်ဖမ်းဖို့ ကြံနေကြတာမနဲ…… 🙂

      @မမီမီ
      ဟုတ်ကဲ့
      ကျေးကျေးပါဗျို့

  • Paing Lay

    January 30, 2014 at 10:49 am

    နောက်ဆိုရင်တော့ Tourist တွေအထိ ဈေးကွက်ချဲ့လာဦးမလားမသိ :mrgreen:

  • မီ မီ

    January 30, 2014 at 10:54 am

    ဘုရားမြေမှာ ရှက်စရာကောင်းလိုက်တာ

  • kai

    January 31, 2014 at 4:38 am

    ပြည့်တန်ဆာလုပ်ငန်းကို.. တရားဝင်ဥပဒေနဲ့ခွင့်ပြုသင့်လှတယ်..။
    အနည်းဆုံး.. ဆင်းရဲတဲ့ပြည်နယ်တွေက.. တချို့ဒေသတွေမှာ ဥပဒေပြု.. ခွင့်ပြုသင့်လှတာပေါ့..
    အဲဒါဆို..ဆေးစစ်တာ.. ဘာညာတွေလည်း တရားဝင်မို့.. ရောဂါကူးသက်သာမှာပေါ့…။

    ကျုပ်သာအမတ်ဆို.. မြန်မာအနောက်ကမ်းရိုးတန်းပြည်နယ်.. မောင်တောဖက် နယ်စပ်ဒေသမှာ ခွင့်ပြုဖို့.. လွှတ်တော်မှာတင်သွင်းတယ်..။
    အဲဒီနယ်မှာ အလုပ်လာလုပ်နေတဲ့. စိနတိုင်းသားတွေနဲ့.. ဘင်္ဂလားတွေပေါင်းပြီး.. ဗမာရုပ်လေးတွေထွက်လာမှာသေချာ…

    နောက်တာနော..နောက်ပြီး တကယ်ပြောတာ…။ :mrgreen:

  • ဦးကြောင်ကြီး

    January 31, 2014 at 1:38 pm

    အသဲရောင်း အလဲထောင်း တပွဲကောင်း ငရဲဖောင်း..

Leave a Reply