မင်းလားကွ ပါရမီ

ကျနော်က နာနတ်တောလမ်းမှာနေပြီး ရုံးက သံလမ်းမှာမို့ ရုံးအသွားက ( လှည်းတန်း – သံလမ်း ) ၊ ရုံးအပြန်က ( သံလမ်း – လှည်းတန်း ) ပေါ့ ၊

ကျနော်အမြဲစီးနေကျ ဘတ်စ်ကားတွေက ၄၈ မီနီဘတ်စ် ၊ ၅ဝ ၊ ၁၇၄ ၊ ၁၈၃ ၊ ၂၂၆ စတဲ့လိုင်းကားတွေပါပဲ ၊

အဲဒီကားတွေ အားလုံးက ကားခ ငါးဆယ်ပါ ၊ ၄၅ နဲ့ ၁၈၈ ဆိုရင် တစ်ရာပေးရပါတယ် ၊

ကျနော်ကတော့ ငါးဆယ်နဲ့ ရောက်တဲ့ခရီး အရေးလည်းမကြီး အရင်လည်း မလိုမို့ ငါးဆယ်တန်ကားတွေပဲ စီးသူပါ ၊

ကပ်စေးနည်းတာ မဟုတ်သလို ချွေတာတာမျိုးလည်း မဟုတ်ပဲ ငါးဆယ်နဲ့ရောက်တဲ့ခရီးမို့ ငါးဆယ်ပဲ ပေးစီးတတ်တဲ့ အကျင့်ပါ ၊

မနေ့က ဇန်နဝါရီ ၂ရ ညနေ ရုံးပြန်ချိန်မှာ ဒီ ပါရမီဇာတ်လမ်း စခဲ့ပါတယ် ၊

သံလမ်းမှတ်တိုင်မှာ ကားက အတော်စောင့်လိုက်ရပြီး ပါရမီ ၁၇၄ တစ်စီးထိုးဆိုက်လာပါတယ် ၊

ကားပြတ်နေတာမို့ ကားကနည်းနည်းကျပ်ကျပ်ပေါ့ ၊ ကားပေါ်အရောက်မှာ အိတ်ထဲက ငါးဆယ်တန်ကို အဆင်သင့် ထုတ်ကိုင်ထားပါတယ် ၊

ဒီအချိန်မှာ စပယ်ရာက ဟိုနားဒီနား တစ်ရာ ၊ ဟိုနားဒီနား တစ်ရာ ၊ လှည်းတန်းအထိ တစ်ရာဆိုပြီး ပိုက်ဆံလိုက်ကောက်ပါတယ် ၊

ငါးဆယ်ပေးတဲ့သူတွေကို တစ်ရာဆိုပြီး ထပ်တောင်းရင်း ကျနော့ဆီအရောက်မှာ လက်ထဲက ငါးဆယ်တန် ပေးလိုက်တော့ ဘယ်လဲ တဲ့ ၊

လှည်းတန်း ဆိုတော့ တစ်ရာ တဲ့ ၊ ထုံးစံမရှိဘူး ညဘက်လည်း မဟုတ်ဘူး ဆိုတော့ သူ တုန့်ကနဲဖြစ်သွားတယ် ၊

မပါရင် အလကား စီးသွား တဲ့ ၊

တနင်္ဂနွေသား ဒေါသက စထွက်လာပြီ ၊

ငါ မပါလို့ မဟုတ်ဘူး ၊ မင်းတို့ လူပါးဝလို့ မပေးတာ ၊ စကားပြော မရိုင်းနဲ့ လို့ ခပ်ထန်ထန်ပြန်ပြောလိုက်တော့ ကျနော့ကို စိုက်ကြည့်တယ် ၊

ကျနော်က ရုံးယူနီဖောင်းနဲ့ပါ ၊ သူ ဟိုဘက်ပြန်လှည့်သွားပြီး

ဘာကောင်တွေလည်း မသိဘူး လို့ ပြောလိုက်တဲ့ အသံကို ကြားလိုက်ရတော့ စိတ်ကထောင်းကနဲ ဖြစ်သွားတယ် ၊

ဟေ့ကောင် မင်းဘာပြောတာလည်း ဆိုပြီး လှမ်းဆွဲလိုက်တယ် ၊ ခင်ဗျား မိုက်လို့လား တဲ့ ၊

အဲဒီအချိန်မှာ ဘေးက ယောင်္ကျားလေး တစ်ယောက် ( သူကလည်း ယူနီဖောင်းနဲ့ပါပဲ ၊ ဘယ် ကုမ္ပဏီရယ်တော့ ကျနော် မသိပါဘူး ) က မင်း

မိုက်ရိုင်းလှချည်လား ဆိုပြီး လှမ်းထိုးလိုက်ပါတယ် ၊ ကားက ကျပ်တော့ လူတွေလည်း လုံးထွေးကုန်ရော ၊

အဲဒီအချိန်မှာ ဒရိုင်ဘာက ကားကိုထိုးရပ်လိုက်ပါတယ် ၊ ကားက ဘူတာရုံလမ်းထိပ်နား ရောက်နေပါပြီ ၊

ဘေးလူတွေက ဝိုင်းဆွဲလို့ စပယ်ရာက အပေါက်ဝနား ကျနော်တို့က အထဲဘက်မှာ ၊

ဒရိုင်ဘာက ဘာဖြစ်တာလည်းဆိုတော့ ကျနော်နဲ့ အဲဒီယောင်္ကျားလေးက ရှင်းအပြ ၊

ကျန်တဲ့ခရီးသည်တွေကပါ ဝိုင်းပြောတော့ ဒရိုင်ဘာက နောက် မင်း အဲဒီလို မလုပ်နဲ့ ဆိုပြီး သူ့နေရာ သူပြန်သွားပါတယ် ၊

တကယ်တမ်းကျနော်တို့က ၁ ယောက် ၂ ယောက်ထဲဆို သူတို့ ၃ ယောက်နဲ့ ဒီ့ထက် ပိုဆိုးမှာ ၊

အခုက ဘေးက ခရီးသည်တွေပါ ပါတာမို့ နောက်ဆုတ်သွားတာပါပဲ ၊

( ငါးဆယ်ကို တစ်ရာ ၊ တစ်ရာကို နှစ်ရာ ပေးလိုက်ရလို့ မကျေနပ်ပေမယ့် အောင့်သက်သက်နဲ့ လိုက်လာရသူတွေလည်း ပါပေမပေါ့ ၊

ကောင်မလေးတစ်ယောက်က ကျမ ရဲဘော်ဟောင်းမှတ်တိုင်ကတက်တာ ၊ နှစ်ရာတန်ကို ပြန်မအမ်းဘူး ၊

သမိုင်းအထိ တစ်ရာ ၊ ဒီဘက်ကို နောက်တစ်ရာပေးလိုက်ရတာတဲ့ ) ၊

ကားက နည်းနည်းကျပ်နေလို့ အဲဒီသကောင့်သား စပယ်ရာကို ဓါတ်ပုံ မရိုက်လိုက်ရဘူး ၊

လှည်းတန်းရောက်မှ ဓါတ်ပုံတစ်ချို့နဲ့ မှတ်တမ်းတင်လိုက်တယ် ၊

( စပယ်ရာ လူပါးဝခြင်းဘေးမှ ကင်းဝေးကြပါစေ )

ဪ ဒီမနက် ရုံးလာတော့ စီးလာခဲ့တာ ၁၇၄ ပါပဲဗျာ ၊ စပယ်ရာတိုင်း မိုက်ရိုင်းတာတော့ မဟုတ်ပါဘူးလေ ၊

Photo2070

 

Photo2071

 

photo2071_002

 

Photo2073

 

25 comments

  • kyeemite

    January 28, 2014 at 11:04 am

    ဖြစ်ရလေ ကိုမျိုးရယ်…ဒီကောင်တွေလူပါးဝတာမှန်ပေမဲ့ ရန်ဖြစ်တာတော့အန္တရာယ်များလှသဗျာ
    ဒီကောင်တွေကလက်ရဲဇက်ရဲတွေဗျ…ကားနံပါတ်မှတ်ပြီးတိုင်လိုက်ရမှာ…

  • Myo Thant

    January 28, 2014 at 11:11 am

    ပါရမီက တိုင်လည်း အလကားပါပဲ ကိုမိုက်ရာ ၊

    မထသ နဲ့ မတူဘူးဗျ ၊ ယူနီဖောင်းချွတ်တွေ အားကိုးနဲ့ လုပ်ချင်ရာ လုပ်နေတာ ၊

    အားလုံးတော့ မဟုတ်ပါဘူး ၊ စုန်းပြူးတွေကို ပြောတာပါ ၊

    • sorrow

      January 28, 2014 at 11:20 am

      ခြုံပြီးပြောလို့တော့ရဘူးဗျ .. ပါရမီရဲ့ GM နဲ့ ဒါရိုက်တာက စစ်ဘက်ကပြောင်းလာတာဆိုပေမယ့် အလွန်ပြည့်ဝတဲ့လူတွေပါ.. အလုပ်အတူလုပ်ဖူးလို့သိပါရဲ့ ။ လုံးဝမာန်မာနမရှိတဲ့လူတွေပါ ။ အကူအညီတောင်းရင် လှိုက်လှိုက်လဲလဲ ကူညီတတ်ကြတယ် ။ ဆိုတော့ကာ တစ်ယောက်မကောင်းတစ်ယောက်ပါပဲ အဖွဲ့အစည်းနဲ့ဆိုင်တယ်လို့မထင်ပါဘူးခင်ဗျာ ။ စကားမစပ် ..ကျော်က ဘတ်စ်ကားပါဌားစားတယ်..အဟိဟိ

  • Wow

    January 28, 2014 at 11:25 am

    စိတ်လျော့ပါအူးမျိုးရယ်…

  • ကပ္ပိယ သာဒင်​

    January 28, 2014 at 11:52 am

    ကားသမာားတွေ အချိုးမပြေတာပေါ့ဗျာ
    အုပ်ချုပ်မှုမကောင်းတော့ ဂျိုထောင်နေတာပေါ့
    နားကွဲအောင်ရိုက်ပစ်လိုက်ဗျာ
    နွားတွေ

  • KZ

    January 28, 2014 at 12:02 pm

    စိတ်လျှော့လေ။
    ကိုယ် က ဗလ အားကိုးနဲ့ အနိုင်ကျင့်တယ်ဖြစ်ဦးမယ်။
    🙂

    • Myo Thant

      January 28, 2014 at 12:38 pm

      Wow ကော KZ ကော ဘယ့်နှယ်ကြောင့် စိတ်လျော့ရမှာလဲ ၊
      အဲလို လူပါးဝ မိုက်ရိုင်းတာဆို ဆွဲအထိုးချင်ဆုံးပဲ ၊

      လူက ပိန်ပေမယ့် အတွင်းအားက အပြည့်နော ၊ 🙂

  • myat pearl phyu

    January 28, 2014 at 12:15 pm

    ဘက်စ်ကားစီးရတဲ့ ဒုက္ခကတော့ ပေါ့သေးသေးမဟုတ်ဖူးချင့်….
    အဲ့ရို ဟိုနားဒိနားကို ပဆံတိုးတောင်းတဲ့ဟာဒွေ သိပ်မြင်ကတ်ပဲ…
    ၃ မှတ်တိုင်လောက်လေးတက်တာကို ညနေဘက်နော် ညဘက်လည်းမဟုတ်ဘူး…(တကယ်ဆို ညဘက်လည်း ပိုတောင်းစရာကို မလိုဒါပါ…)
    ၅ဝ ခရီး ၁၀ဝ တောင်းဒယ်.. ကပ်စေးနဲတာမဟုတ်ဘူးနော်..
    အရေးကြီးရင် ၁ မှတ်တိုင်လည်း ၂၀ဝ ပေးရ ပေးရ ..
    ဟိုနားဒိနား တက်ကစီပဲ စီးရရ စီးပါတယ်အေ…
    ပဆံပိုတောင်းတာကို မြင်ကပ်ဆုံးပဲ…
    အပြောအဆိုကလည်း တကယ့်ဟောက်ဆာဂျင်ပဲ..
    ကားပေါ်အတင်းတွန်းတင် ၊ ဆွဲတင် ၊ ဆွဲချ က ရှိသေးဒယ်…
    ဒရိုင်ဘာကလည်း ဒက်စတော့များအုပ်ချလိုက်ရင် လူက ဘယ်ပြေးကပ်ရမှန်းမသိပု..
    ဘးနားက တိုင်ပဲ အသားကုန်ဖက်ထားရဒယ်..
    မထူးခြားတဲ့ အထူးများကလည်း ကြပ်ညှပ်သပ်နေဒါပဲ..
    ကားကကြပ် ..လမ်းကပိတ်နဲ့ …
    ဒါတောင် ကျုပ်အလုပ်က ဘက်စ်ကားမစီးရလို့ တစ်ခါတစ်ရံ စီးမိတာလေး ပြောရဒါနော်…ေိခိ

  • nozomi

    January 28, 2014 at 1:43 pm

    အဲဒီလို ကြုံရရင် ကျွန်တော်လဲ ဒေါသဖြစ် စိတ်တိုမိမှာပဲ
    စိတ်ထဲကလဲ ရိုက်ပစ်နေမိမှာ

    အပြင်မှာတော့ လက် နဲ့ မတုံ့ပြန်သင့်ဘူးထင်တာပဲ
    သူတို့က ဘာမှ စဉ်းစားကြတာ မဟုတ်ဘူး
    သူ တို့ နဲ့ ရန်ဖြစ်ရတယ်ဆို ဥပဒေကြောင်းအရ ကိုယ်သာနေတောင် ကိုယ့်မှာ ထိခိုက် ဒဏ်ရာရမယ် အနဲဆုံးတော့ သိက္ခာကျမယ်
    အဓိက က သူတို့ လုပ်လိုက်တာနဲ့ တန်တဲ့ ရလဒ် ရဘို့ပဲ ဟာ
    အခုလို ဓါတ်ပုံရိုက် မှတ်တမ်းတင် သူ့တို့ဆီက သက်ဆိုင်တဲ့လူ ကို တရားဝင်တိုင်
    ဘယ်လို အရေးယူလဲ စောင့်ကြည့် ၊ မယူဘူး လား အဲဒီ ဖြစ်စဉ်ကိုပါ အားလုံးသိအောင် တင်
    ဒါမှနောက် ဒါမျိုး မလုပ်ရဲတော့ပဲ ဆင်ခြင်နိုင်လာမှာ
    ကားသမားကတော့ ရန်ဖြစ်လို့ ဒီလိုင်းက ထုတ်လိုက်ရင် နောက်လိုင်းသွားမောင်းတာပဲ

    ကို ဆောရိုးက သူတို့ဆီက ဂျီအမ် နဲ့ သိတယ်ဆို ဒီဖြစ်စဉ်လေး အသိပေး ပေး ပါလား
    ဒါဆို ပါရမီ ကိုရော မတရားခံရတဲ့သူကိုပါ ကူညီရာ ရောက်မလားလို့

    • sorrow

      January 28, 2014 at 1:53 pm

      ကာယကံရှင်မဟုတ်တာကတစ်ကြောင်း … မျက်မြင်အခြေအနေကို အတိအကျမသိတာကတစ်ကြောင်း ဦးမျိုးအနေနဲ့ ဖြစ်စဉ်တခုလုံးကိုတိတိကျကျနဲ့ တရားဝင်တိုင်ချင်ရင်တော့ ကူညီပါမယ်ဗျ ။

      • Myo Thant

        January 28, 2014 at 2:01 pm

        အဲဒီကားပုံကြီး ရိုက်ပြထားတာပဲ ၊
        စပယ်ရာက အထဲမှာ ၊ အပေါက်ဝကဟာ အကူစပယ်ရာပေါ့ ၊

        ကျနော့်စိတ်ကူး မှားချင်လည်း မှားမယ် ၊
        တိုင်ဖို့ကတော့ ဆောရီးပဲ ၊ ဘာမှ ထူးမယ် မထင် ၊
        ကောမန့်တွေအတွက် ကျေးဇူးပါဗျို့ ၊

  • kai

    January 28, 2014 at 2:14 pm

    မီဒီယာပေါ်တင်တာတော့.. ကောင်းပါတယ်..
    လက်တွေပါတာက.. မကောင်းဘူး..။
    မတော်.. ယူအက်စ်လို..သေနတ်ကိုင်လို့ရတဲ့တိုင်းပြည်လိုဆို… ကျပ်ငါးဆယ်နဲ့.. သတ်ကြ… သေကြမှာလားဟင်င်… ရယ်လို့..။ :buu:

    • Myo Thant

      January 28, 2014 at 2:20 pm

      ငါးဆယ်ကြောင့်မဟုတ် ၊ 🙁

      ပိုတိုး ပိုတောင်းတဲ့ လူပါးဝတာ မိုက်ရိုင်းတာကို မခံချင်တာ ၊

      ဒေါသတွေ သဂျီးဆီ ရောက်ကုန်မယ်နော့ ၊ 🙂

  • TNA

    January 28, 2014 at 3:59 pm

    ဒေါသထိန်းကိုမျိုးသန့်ရေ။ ဟိုနေ့ကပဲ တယောက်ကို ခါးပိုက်နှိပ်ဆိုပီးဝိုင်းရိုက်ကြလို့တဲ့နော်။ အဆင်းမှာ တွန်းချလို့ရန်ဖြစ်တာကို ပါရမီကသုံးယောက်က သံတုတ်တွေနဲ့ဝိုင်းရိုက်တာတဲ့နော်

    • Myo Thant

      January 28, 2014 at 4:09 pm

      ဒီညနေ ၁၇၄ ပဲ စီးပလိုက်ဦးမယ် ၊ 🙂

  • ဒညင်းဝက်

    January 28, 2014 at 8:54 pm

    ( စပယ်ရာ လူပါးဝခြင်းဘေးမှ ကင်းဝေးကြပါစေ )

    တကယ်လိုအပ်တဲ ့..ဆုတောင်းပဲ.. ဦးမျိုးရေ..

  • naywoon ni

    January 28, 2014 at 11:30 pm

    အဲ့ကား​ဒွေ အပြန်​သိမ်​းတဲ့အချိန်​​စောင်​့ပြီး ဗုံး​ထောင်​ဗျာ ကိုမျိုး( ​မြှောက်​​ပေးတာ:)

    • Myo Thant

      January 29, 2014 at 12:54 pm

      ဒုတ်ခေါ ၊ ဗုံးထောင်ရမယ်ဆိုပါလား ၊

      ဘယ်နား ဝယ်လို့ ရမလဲဟင် ၊ 🙂

  • ကျော်စွာခေါင်

    January 29, 2014 at 12:21 am

    ကိုသန် ့ရေ…
    မတန်ဘူးထင်ရင် မလဲပါနဲ ့ဗျာ…
    ဆင်းရဲချမ်းသာတာက အဆင့်အတန်းလို ့ ကျနော် မထင်ပါဘူး…
    လူ ့စရိုက်ကသာ အဆင့်အတန်း လိုု ့ ထင်သူပါ..။
    တစ်ချို ့က ဆင်းရဲပေမယ့် စိတ်ထားကောင်းတယ်..
    တစ်ချို ့က ဆင်းရဲပြီး ပညာမဲ့တဲ့အထဲ မိုက်ရိုင်းသေးတယ်..။
    ကျနော်ကတော့ ဒီလိုလူတွေနဲ ့ကျနော့်ဘဝ မလဲချင်ဘူး… ဒေါသတော့ ဖြစ်ရတာပေါ့လေ…
    ဒေါသနောက်မှာ ထပ်ဖြစ်လာမယ့် အကြောင်းတွေ မိသားစုတွေ ထောက်ထားပြီး ဘေးမဲ့ပေးလိုက်တာဘဲ..။
    ကားစီးရတဲ ့ဒုက္ခတော့ စိတ်ညစ်တယ်..တစ်ချို ့က ကားစီးတာချင်းအတူတူ ယုတ်မာတယ်..
    တခါက ဆူးလေကနေ တာမွေဘက်ပြန်တာ ညနေဘက်..။ အလုပ်ကပြန်လာတဲ့ ကောင်မလေးကို အစိမ်းခြွေ ခြွေနေတာ..
    အမြင်မတော်လွန်းလို ့ ဝင်ကာပေးတာကို ဒါးနဲ ့ကပ်ထောက်ပြီး ပွင့်သွားချင်လို ့လားတဲ့…။
    မကြားချင်ယောင်ဆောင်ပြိး ကြုံတဲ့မှတ်တိုင်မှာ ကလေးမ လက်ဆွဲပြီး ဆင်းလာခဲ့ရတာ..။ ကောင်မလေးခမြာ ငိုတော့မယ်..။

    အဲဒိလိုကြီး ဆိုတော့ ဗျာ…
    မိုက်ရိုင်းရမ်းကားတာ စပါယ်ယာတင်မကဘူး…အဲလို ကောင်တွေလဲ ပါသေးတယ် ကိုသန့်ရ။

    • Myo Thant

      January 29, 2014 at 1:00 pm

      ဟုတ်ပ ကိုကျော်စွာရေ
      ကျနော်က နေ့တိုင်း ဘတ်စကားနဲ့ နှစ်ပါးသွားရသူဆိုတော့
      လူပေါင်းစုံကို မြင်တွေ့နေရတာပါ ၊
      စပယ်ရာကောင်း ဒရိုင်ဘာကောင်း ၊ စပယ်ရာဆိုး ဒရိုင်ဘာဆိုး ၊
      ခရီးသည်ကောင်း ခရီးသည်ဆိုး အမျိုးမျိုးပါပဲဗျာ ၊

  • zaw min

    January 29, 2014 at 12:46 am

    ပါရမီရော..အဓိပတိရော..၂၀၄..၂၁၀..အတူတူပဲဗျ…လူတွေကို လူလို့မမြင်တတ်တဲ့သူတွေလို့ပဲမှတ်ယူပါတယ်…ဟိုတစ်လောက အဲဒီလှည်းတန်းနားမှာပဲ မီဒီယာသမားတစ်ယောက်က သူတို့ကားကိုဓါတ်ပုံရိုက်ရမလားဆိုပြီး သံတုတ်နဲ့လိုက်ရိုက်တယ်လို့သိလိုက်ရတယ်…အဆိုးဆုံးကတော့ ဒီကောင်တွေကလမ်းကျပ်ပြီဆိုရင် လမ်းပြောင်းပြန်မောင်းတော့တာပဲ..ကားလေးတွေကိုဂရုမစိုက်တော့ဘူး..ခရီးသည်တွေကို ဂရုစိုက်ရကောင်းမှန်မသိဘူး…လူ့ဘဝနဲ့ မတန်တဲ့သူတွေလို့မှတ်တယ်ဗျာ…

  • padonmar

    January 29, 2014 at 1:19 am

    ဒူဝါရေ
    အန်တီကတော့ ကိုယ်နဲ့ နီးစပ်သူတွေရဲ့ အလုပ်က မကောင်းသတင်းဆိုရင် သူတို့ကို ဘယ်မှာ ဖတ်ကြည့်လို့ လက်တို့တယ်။ဒါ မိတ်ဆွေကောင်း ဝတ္တရားပဲ။
    စားကောင်းလျှင် သင့်မိတ်ဆွေကိုပြောပါ၊
    စားမကောင်းလျှင် ကျွနုပ်ကို ပြောပါဆိုတဲ့ ထမင်းဆိုင်တွေက ဆိုင်းဘုတ်တွေ့ဖူးတယ်မလား။
    အကြောင်းအရာမှန်မမှန်နဲ့ အရေးယူသင့်မသင့် သူတို့ဖာသာ ဆုံးဖြတ်လိမ့်မယ်။

  • kai

    January 29, 2014 at 3:29 am

    ရန်ကုန်မြို့မယ်… လူမိုက်ဂိုဏ်း… (ယာကူစာလို.. မာဖီးယားလို.. ဂိုဏ်း…) ပေါ်ထွက်ဖို့လိုနေတာ.. ဘာလို့အခုထိ မဖြစ်လာသေးလည်းမသိ… :mrgreen:

    • ဦးဦးပါလေရာ

      January 29, 2014 at 10:07 am

      ဖြစ်လာပါတယ် သူကြီး…
      ရန်ကုန်မှာ ရော နယ်မြို့ အချို့မှာပါ လူမိုက်အဖွဲ့ အကြီးအသေး ပေါင်းစုံရှိပါတယ်။

      အကြွေးတောင်းခိုင်းလို့ရတယ် ….
      ရိုက်ခိုင်းလို့ရတယ် ….
      အမှု့အခင်းတွေမှာ ညှိရခက်ရင် ညှိခိုင်းလို့ရတယ်…
      ကြားဘူးသလောက်တော့ တဖက်နိုင်ငံခေါ်သွားပြီး အစဖျောက်ခိုင်းလို့တောင် ရတယ် လို့ ဆိုပါတယ်။

    • sorrow

      January 29, 2014 at 11:37 am

      တဂျီးနှယ့်..မသိတာလဲ မဟုတ်…ရှိသမှသိပ်ရှိ….အင်အားလေးသိန်းကျော်တောင် ရှိတယ်…အဟီးဟီး

Leave a Reply