လမ်းမများ…။

black chawMarch 2, 20141min21127

ကိုခင်ဝမ်းကြီးကတော့
လမ်းရဲ့ သယ်ဆောင်ရာ ဟို…အဝေးကို…အဝေးကို…။
ရယ်လို့ နှုတ်ဆက်ခဲ့ဘူးပါတယ်…။
ကိုကြွက်နီ ခေါ် ဆရာသိမ်းတင်သားကျတော့…
၂၀၀၃ ခုနှစ် မတ်လထုတ် ဟန်သစ်မဂ္ဂဇင်းထဲမှာ အခုလို ရေးခဲ့ပြန်ပါရောလား…။

လမ်းတွေကို ကျွန်တော်က သယ်ဆောင်ခဲ့ရတာလည်း ရှိခဲ့၊
သူတို့က ကျွန်တော့်ကို သယ်ဆောင်ခဲ့ရတာလည်း ရှိခဲ့ပြီပေါ့…။

တဲ့…။
ဟုတ်တယ်…။
ကျွန်တော်တို့တတွေဟာ လမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို
ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့အခါတွေလည်း ရှိခဲ့…။
လမ်းတွေကို သယ်ဆောင်ပြီး ခရီးဆက်ကြရတဲ့ အခါတွေလည်းရှိခဲ့…။
ဒါ…သိတ်တော့မဆန်းပြားလှပါဘူး…။
ဖြစ်တတ်တဲ့ သဘောတွေပါပဲ…။
အင်း…ဒီပို့စ်ကို ဝင်ဖတ်နေတဲ့ မိတ်ဆွေ…။
ခင်ဗျားကို မေးခွန်းလေးတစ်ခုလောက် မေးခဲ့ပါရစေဗျာ…။
အခုလောလောဆယ်…
ခင်ဗျားက လမ်းရဲ့ သယ်ဆောင်ရာ အလိုက်သင့်မျောပါနေချိန်လား…။
ဒါမှမဟုတ်…
ခင်ဗျားသွားချင်ရာရောက်ဖို့…
လမ်းတွေကို သယ်ဆောင်ထမ်းပိုးပြီး သွားနေချိန်လား…။
ကျွန်တော်ကိုယ်တိုင်ကရောတဲ့…။
ဟုတ်ကဲ့…။
လမ်းရဲ့ သယ်ဆောင်ရာနောက် ကောက်ကောက်ပါအောင်…
အလိုက်သင့်မျောပါနေရာက…
လမ်းမကြီးတစ်ခုကို သယ်ဆောင်ထမ်းပိုးပြီး
ခရီးဆက် ဖို့ ထွက်လာခဲ့ချိန်
လို့ ပြောရတော့မှာပါပဲ…။
ဟုတ်ကဲ့…။
လမ်းတွေက သိတ်အရေးကြီးပါတယ် မိတ်ဆွေ…။

လမ်းပေါ်က အထမ်းသမားကြီး ဘလက်ချော…။

27 comments

  • ကထူးဆန်း

    March 2, 2014 at 5:58 pm

    လမ်းရဲ့ သယ်ဆောင်ရာကိုဘဲလ ိုက်ပါလျှက်ပါ ဘဘ ဘလက်ရေ..

    • black chaw

      March 18, 2014 at 9:30 am

      @ ကထူးဆန်း ;
      ွရိုးရိုးလေးနဲ့ ရှင်းရှင်းလေး ပေးသွားတဲ့
      လိုရင်းရောက်သော ကွန်းမန့် ပါဗျာ…။
      ကျေးဇူးပါ ကိုထူးဆန်းရေ…။
      ကွန်းမန့် အပြန်နောက်ကျနေတာ ခွင့်လွှတ်ပါဗျ…။

    • black chaw

      March 18, 2014 at 9:38 am

      @ ဒိတ်ဒိတ်ကြဲ ငမွဲ ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။

  • marblecommet

    March 3, 2014 at 11:06 am

    လူတော်တွေကတော့ ကိုယ့်လမ်းကိုယ် ဖောက်သွားနိုင်ကြတယ်..
    ကျော်တို့လို ငနုံတွေကတော့ ကိုယ့်လမ်းလည်း ကိုယ်မဖောက်နိုင်
    သူများလမ်းကိုလည်းမလိုက်ချင်(ဆန်မစိ သောက်စားဂျီးပေါ့)
    စမ်းဖန်းရမ်းဖန်းသွားနေရင်း သူများခြေထိုးတာပဲ ခံနေရတာပဲဗျ….

    • black chaw

      March 18, 2014 at 9:44 am

      @ marblecommet ;
      ဒီလိုပါပဲ ညီလေးရေ…။
      ရပ်မနေဖို့က ပို အရေးကြီးပါတယ်ဗျာ…။

  • kyeemite

    March 3, 2014 at 11:32 am

    ♪ ♫ ♬ ♭ ♮ ♯ “လျှောက်အုံးဟေ့…လျှောက်အုံးဟေ့♪ ♫ ♬ ♭ ♮ ♯
    ♪ ♫ ♬ ♭ ♮ ♯ နောက်ဆုံးနေ့…ထိ ကိုယ်ပလက်ဖေါင်းမင်းသား အရင့်စား..♪ ♫ ♬ ♭ ♮ ♯

    ထာဝရလမ်းဆက်လျှောက်နေတဲ့…
    ကြီးမိုက်။

    • black chaw

      March 18, 2014 at 9:46 am

      @ kyeemite ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ…။

  • ဦးဦးပါလေရာ

    March 3, 2014 at 11:51 am

    ကျုပ်ကတော့ လောလောဆယ်
    လမ်းဘေးထွက်ထိုင်နေသူဆိုတော့
    ပြောရတာ မျက်နှာငယ်လိုက်တာနော်…..။
    😀

    လမ်း …. ဆိုတာတွေကတော့ ….

    အဝေးပြေးလမ်းမကြီးတွေ .. လို
    ပန်းတိုင်အရောက် မတုန့်မဆိုင်းပဲ –
    အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းသွားရတဲ့ လမ်းမျိုးတွေလဲ .. ရှိ

    မြို့တွင်း လမ်းမ လမ်းသွယ်တွေ .. လို
    တဦးကို တဦး – ပိတ်ဆို့ ကျော်တက် တွန်းတိုက် တိုးဝှေ့ ရင်း
    တရွ့ရွေ့ ခရီးဆက်ရတဲ့ လမ်းမျိုးတွေလဲ ရှိတတ်သပေါ့ … ကိုချောရေ…။

    ကျုပ်ရဲ့ ဘဝမှာ ဖြတ်သန်းရသမျှ လမ်းတွေကို
    မြေပုံတစ်ခုလို ချရေးကြည့်ရင်
    လမ်းချိုး လမ်းကွေ့တွေ
    လမ်းမ လမ်းမြှောင်တွေ
    ဖြတ်လမ်းတွေ ပတ်လမ်းတွေနဲ့
    ရှုတ်ရှက်ခတ်လို့ များ နေမလားပဲ….

    တစ်ခုပဲ တောင့်တမိတယ် ကိုချောရေ…
    လမ်း..
    လမ်း…
    ဘယ်လောက်လှမ်း လှမ်း ….
    လမ်းဆုံးရင်တော့ ရွာ တွေ့ ချင်မိတယ်.. ဗျာ..။

    • black chaw

      March 18, 2014 at 9:49 am

      @ ဦးဦး ပါလေရာ ;
      ဟုတ်တယ် ကိုပါကြီးရေ…။
      လမ်းတွေက အများကြီး…။
      လမ်းဆုံးရင် ရွာတွေ့ဖို့ အရေးကြီးပါတယ်ဗျာ…။

  • ဦးကျောက်ခဲ

    March 3, 2014 at 12:50 pm

    အရင်တုန်းကတော့ ကိုယ့်လမ်းကိုယ်ဖောက်ရတယ်…
    အခုတော့ အဲသည့်လမ်းပေါ် နင်းလျှောက်ရင်း ပြန်သယ်နေရတယ်…
    🙂

    • black chaw

      March 18, 2014 at 10:02 am

      @ ဦးကျောက်ခဲ ;
      လျှောက်လည်း လျှောက်ခဲ့ဘူးတယ်…။
      ဖေါက်လည်း ဖေါက်ခဲ့ဘူးတယ်…။
      နာမည် ကိုက ကျောက်ခဲပေပဲ ကိုကျောက်ရယ်…။
      လိုအပ်ရင် လမ်းခင်းပေးမယ့် ကျောက်ခဲပေါ့ နော့်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 3, 2014 at 12:58 pm

    ကျော်ကတော့ ပိုက်ဆံမရှိတဲ့အခါ
    အကြွေးကစ်ပြီး ကံ စီမံရာပေါ့လို့ ရောချ
    (ကံ)လမ်းရဲ့သယ်ဆောင်ရာနောက်ကိုလိုက်တယ်
    ပိုက်ချံနဲနဲစိတဲ့အခါ လက်ငင်းသောက်ပီး မှန်လာရင်
    လမ်းဂိုဖြောင့်ဖြောင့်မသွားဘူး ကွေ့လိုက်ကောက်လိုက်
    ဟိုလမ်းကွေ့ဒီလမ်းကွေ့နဲ့ လမ်းကြောင်းသစ်တွေရှာဒယ်
    အဲ ဘိုင်ပြတ်သွားပြန်ရင်
    (ကံ)သယ်ဆောင်တဲ့လမ်းနောက်ပြန်လိုက်တယ်

    • black chaw

      March 18, 2014 at 10:06 am

      @ မိုက်ကယ် ဂျော်နီအောင်ပု ;
      ဝါရင့်တဲ့ အသောက်သမားတွေကျတော့
      အရက်ကို မြင်ရုံနဲ့ မသောက်ခင်က မူးကြသတဲ့…ကိုအောင်ပုရေ…။
      အဲဒီအဆင့်ရောက်အောင် ကြိုးစားကြတာပေါ့ဗျာ…။
      ဟေးဟေး…။

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 2:03 pm

    ဟုတ်ဘာဒယ်
    လမ်းက သိပ်ကို အရေးကျီးဘာဒယ်
    တချို့ဆို လမ်းရဲ့ သယ်ဆောင်ရာနောက် လိုက်ရင်းက ထောသွားကြတယ် …
    ဒါမယ့် … သူလျှောက်ခဲ့တဲ့ လမ်းကတော့
    အဖာတစ်ရာ အစပ်နဲ့ ကျန်ခဲ့တယ် …

    • black chaw

      March 18, 2014 at 1:34 pm

      @ မဟာရာဇာအံစာတုံး ;
      လမ်းတောင် အဖါတစ်ရာ အစပ်နဲ့ ကျန်ခဲ့တဲ့ လမ်း…တဲ့…။
      မှတ်သားသွားပါတယ် အံစာကြီးရေ…။

  • kai

    March 3, 2014 at 2:19 pm

    အခုလူတွေကိုထမ်းပိုးပြီး လိုရာကိုလွယ်လွယ်ပို့ပေးနေတဲ့ ယူအက်စ်အင်တာစတိတ်လမ်း(ဖရီးဝေး)တွေကို သမ္မတအိုက်ဆင်ဟောင်ဝါလက်ထက်မှာ. ဥပဒေထုတ်ဖေါက်တာပေါ့..။
    အဲဒီတုံးက.. အိမ်နီးချင်းမက်ဟီကိုက အလုပ်သမားတွေကို.. ဗီဇာပေးပြီးအလုပ်ခန့်..သုံးပြီးလမ်း ဖေါက်တာအများကြီးပဲ..။
    နှစ်အလိုက်.. ဂရင်းကဒ်..နောက် နိုင်ငံသားပေးပစ်တာ…။

    အဲဒီအချိန်က.. လမ်းဖေါက်ဖို့အလုပ်လာလုပ်ခဲ့သူတွေကို.. တိုင်းပြည်က.. လိုရာလမ်းထမ်းပြီး.. ဘဝအဆင့်တင်ပေးလိုက်ပါတယ်..
    သားစဉ်မြေးဆက်.. စားကြသွားကြတယ်ပေါ့..။

    “လမ်း”…အကြောင်းရယ်ပါ..။

  • padonmar

    March 3, 2014 at 10:10 pm

    ကျမလည်း လမ်းအကြောင်း ရေးလက်စရှိတယ်။
    ပြောချင်တာချင်းတူသလိုလိုပဲ။

    • black chaw

      March 18, 2014 at 1:37 pm

      @ padonmar ;
      ပြောချင်တာ ချင်းတူရင်တောင်
      ပြောပုံပြောနည်း ကွာမှာပါ အစ်မရယ်…။
      ရေးလက်စကို စောင့်ဖတ်ပါ့မယ်ဗျာ…။

  • မမချွိ

    March 4, 2014 at 12:56 pm

    ခုလျှောက်နေတဲ့လမ်းကတော့ လျှောက်သင့်တယ်ထင်လို့ လျှောက်နေတဲ့လမ်းပဲ။
    အဲ လျှောက်နေရင်းတော့ ကိုယ့်လုပ်ချင်တာလေးတွေ လုပ်ရတာပေါ့နော့။
    ညောင်းတဲ့ အချိန်ကျတော့လည်း ကားကြုံလေး လိုက်၊ တကစီလေး ငှါးစီးလိုစီးပေါ့။

    😀

    • black chaw

      March 18, 2014 at 1:40 pm

      @ မမချွိ ;
      နာမည် ခဏခဏ ပြောင်းလို့ မူးသွားပြီ…။
      အဓိက ကတော့ ခရီးရောက်ဖို့ပါပဲ မမချွိရယ်…။
      သင့်တော်သလိုသာ စီမံပါလေ…။
      😀

  • kai

    March 4, 2014 at 1:26 pm

    “မိုးပေါ်မှာသူ ့နာမည်နဲ ့ကြယ်တလုံးသားရှာတွေ ့သွားပီ
    သားကဖအေထက်ပိုတော်ရမယ်မဟုတ်လား

    အိမ်အပြန်လမ်းမှာ – ကျနော်ကသားကိုထမ်းလို ့

    မြစ်ကမ်းပါးကကျနော်တို ့ကိုထမ်းလို ့” (အောင်ဝေး)

    • black chaw

      March 18, 2014 at 1:47 pm

      ု@ kai ;
      ကွန်းမန့် အပြန်နောက်ကျသွားတာ ခွင့်လွှတ်ပါ သူကြီးရေ…။
      လက်တွေ့ကျ လွန်းတဲ့ လောကကြီးထဲမှာ
      ကဗျာဆန်ဆန် သိတ်တွေး သိတ်ရေးရင်
      လူတွေနဲ့ သိတ်မနီးစပ်လှပါဘူးဗျာ…။
      ကျွန်တော့်ရဲ့ ဒီပို့စ်မှာ ကိုနောင်ကြီး (အောင်ဝေး) ကဗျာလေးကို
      ကွန်းမန့် အဖြစ်တွေ့လိုက်ရတဲ့ ဖီလင်က
      တော်တော် မိုက်ပါတယ်…။
      ကျေးဇူးပါဗျာ…။

  • TNA

    March 4, 2014 at 1:40 pm

    လမ်းရဲ့သယ်ဆောင်ရာကို လိုက်နေဆဲပါ။

  • Mr. MarGa

    March 6, 2014 at 10:04 am

    လမ်းတွေ လျှောက်နေဆဲ…
    ပျောက်တန်တာတွေလဲ ပျောက်နေဆဲ…
    မြေပုံတွေ၊ သံလိုက်အိမ်မြှောင်တွေ မပါတော့လဲ
    စမ်းတဝါးဝါးနဲ့
    လမ်း ဆက်လျှောက်နေဆဲ………

    • black chaw

      March 18, 2014 at 1:43 pm

      @ Mr. MarGa ;
      ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့…သကြားရေ…။
      ငါတို့ သွက်သွက် လျှောက်မှ ဖြစ်မယ်ဟ…။
      😀

Leave a Reply