ဝမ်းနည်းခြင်း…။

black chawJanuary 29, 20141min20315

မိတ်ဆွေများ သိပြီး ဖြစ်ကြတဲ့ အတိုင်း ဘလက်ချော ဆိုတဲ့ အမည်းကောင်ဟာ…
ဝမ်းနည်းစရာရှိရင် ရှာကြံဝမ်းနည်းနေတတ်တဲ့ ကောင်မျိုးပါ…။
ဟိုတလောကပဲ အဆိုကျော်မကြီး ထားရဲ့မြေးမလေး၊
ရော့ကာကြီးဇော်ဝင်းထွဋ်ရဲ့ သမီးကြီး၊
တစ်ခုလပ်ကောင်ငယ်လေး ကိုအီတိုး ရဲ့ အစ်မ
ချန်ချန်း ဆိုတဲ့ ကလေးမလေး ရည်းဇားရှိနေပြီဆိုတဲ့ သတင်းကြောင့်
ထမင်းတောင် မစားနိုင်အောင် ဝမ်းနည်းပက်လက်တွေ ဖြစ်ခဲ့ပါရောလားဗျာ…။
အော် ကိုညီထွဋ် ဆိုတဲ့ ရော့ကာကြီးရဲ့
ခင်ဗျားကြီး သီချင်းတွေကို ကြိုက်ပြီး
ခင်ဗျားကြီး ကို ခရေဇီ ဖြစ်လွန်းလို့
ခင်ဗျားကြီး သမီးကိုပါ ချစ်ခဲ့မိတဲ့ ဘလက်ချော ဆိုတဲ့
ခင်ဗျားကြီးရဲ့ ပရိသတ် တစ်ယောက်ရှိတယ်ဆိုတာ
ခင်ဗျားကြီး မသိဘူးပေါ့..အော့..အော့…။
ဟယ်…ပေါရဲလိုက်တာ..။ ဟေးဟေး…။
ဟုတ်တယ်လေဗျာ…။ ကိုညီထွဋ်ကို ကြိုက်ပြီဆိုမှတော့
သူမွေးထားတဲ့ သမီး ကိုလည်း ကြိုက်မိသွားတာ ဘာများဆန်းကြယ်နေပါသလဲ…။
ဘလက်ကြီးက ဝမ်းနည်းတတ်ပေမယ့် ချန်ချန့် ကိုခွင့်လွှတ်ပါတယ်ကွယ်…။
(ခွင့်မလွှတ်လို့လဲ ရမလား သူနဲ့ ဘာမှဆိုင်တာမှ မဟုတ်တာ)
အခု လွင်မိုးကြီးသမီး ယွန်းဝတီလေး ဘက်လှည့်လို့…ပလို့ဂျိ…အာဟီး…။
(နွားအို မျက်နုကြိုက်ကြီး…ဟီး…။)
အခုလည်း ဝမ်းနည်းစရာသတင်းတစ်ပုဒ်ကြောင့် ဒီပို့စ်ကိုရေးပြီး စိတ်ပေါ့ပါးအောင်
စိတ်ထွက်ပေါက်ရှာလိုက်ရခြင်းပါကွယ်…။
ခွင့်လွှတ်ကြပါ…။
ဒီသတင်းကို ဖတ်ကြမယ့် ကိုမိုက်တို့၊ ကိုမတ်တို့၊ ကိုတိုက်တိုက်တို့၊ ကိုရဲစည်တို့
ကိုဖက်ကက်တို့၊ ကိုသူရဇော်တို့၊ ကိုအာဂလေးတို့၊ ကိုအလင်းဆက် လေးတို့၊
ကိုမာဃတို့၊ ကိုအံစာတို့ ကိုကမ်းဝေးတို့…အောင်မလေး
များလိုက်တဲ့ ဝါသနာရှင်တွေ…ဟေးဟေး။
လက်ကိုင်ပုဝါလေးတွေ ဆောင်ထားကြဖို့ ကြိုတင် သတိပေးထားပါရစေကွယ်…။
အစ်…အစ်…အစ်…ဟီး…ရွှတ်…။
အော်…သူငိုနေပြီကွယ်…။
ကဲ…သတင်းလေးကဒီလိုတဲ့ဗျ…။
အမ်စတာဒမ်မြို့က တဲ့…အစ်…အစ်…အစ်…ဟီး
ပြည့်တန်ဆာအမွှာညီအစ်မနှစ်ဦးက တဲ့…အစ်…အစ်…အစ်…ဟီး…
လူးဝစ္စ နဲ့ မာတင်ဖိုကင်စ် (၇၀) နှစ်တို့ဟာတဲ့ အစ်..အစ်..အစ်..ဟီး…ရွှတ်
နှစ်ပေါင်းငါးဆယ်ကျော် တစ်စိုက်မတ်မတ် ကြိုးစားပမ်းစားလုပ်လာခဲ့တဲ့
ပြည့်တန်ဆာအလုပ်ကိုတဲ့ အစ်…အစ်..အစ်…ဟီး
အနားယူဖို့ ဆုံးဖြတ်ခဲ့ကြတယ် တဲ့ အရပ်ကတို့ရေ…။
ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်တဲ့ သတင်းလဲဗျာ…။
အစ်…အစ်…အစ်…ဟီး…။
သူတို့ ၂ ဦးနဲ့ ပျော်ခဲ့ပါးခဲ့ကြသူ အရေအတွက်ကိုလည်း ကြည့်ပါဦး…။
သိတ်များများစားစားတော့ မရှိလှပါဘူးကွယ်…။
၃၅၅၀၀ဝ ယောက်ပဲ ရှိတာပါတဲ့…။
မိုက်ကယ်ဂျော်နီ အောင်ပု ဆိုတဲ့ ကမ္ဘာပတ်နေတဲ့ လူကြီးလည်း
ပါကောင်းပါခဲ့မယ်လို့ ထင်ရရဲ့…။
အနားယူသွားကြတဲ့ သူတို့က ပြောပါတယ်တဲ့…။
အစ်..အစ်..အစ်…ဟီး…။
ကျွန်မတို့မှာ ဖေါက်သည်အသစ်တွေကို ဆွဲဆောင်နိုင်စွမ်းမရှိတော့ပါဘူး…တဲ့…။
အသက်ပဲ ၇ဝ ရှိနေပြီ…သူတို့က ဆွဲဆောင်ချင်နေသေးတာလား မသိ..။
အမြဲလာနေကျ အသက်ကြီးကြီး ဖေါက်သည်တစ်ယောက်ပဲ ရှိပါတော့တယ်…တဲ့…။
ဟေးဟေး…ကိုဆွေ များ ဖြစ်နေမလားကွယ်…။
အင်္ဂလန် မှာနေသူကြီးဆိုတော့ ဖြစ်နိုင်တာပါပဲ…။
ဒီလူကြီးက သိတ်အစွဲအလန်းကြီးပေတာပဲ…။
ကဲ…ဒီလောက်ဝမ်းနည်းစရာကောင်းတဲ့ သတင်းကြောင့်
ဘလက်ကြီး ဒီည အရက်သောက်ပါမယ်…။
အမ်စတာဒမ်မြို့က သက်ကြီးပြည့်တန်ဆာမကြီးတွေ
အနားယူသွားကြတာကို ဘလက်ကြီးလိုပဲ ဝမ်းနည်းကြသူတွေ အနေနဲ့
ဘလက်ကြီးနဲ့ အတူ အရက်သောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…။
အစ်…အစ်…အစ်…ဟီး…ရွှတ်..ဖတ်။
အပျော်ပါဗျာ…။
အလကားနေ ဝမ်းနည်းနေတတ်တဲ့..
ကိုရွှေဘလက်…။

15 comments

  • ဦးကျောက်ခဲ

    January 29, 2014 at 12:53 pm

    အလိုလေး… ကိုရင်ဘလက် ဒီရက်ထဲမှာ ဒါတွေချည်း ရှာဖတ်နေသကိုး…
    အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတဲ့ တလည်လည်…
    အဲသည့် ဖောက်သည်ဟောင်းကြီးက ကြောင်ဂျီးပါတဲ့ ခင်ဗျား…
    ကျန်း… ဆိုင်ဆိုးမောင်တို့ သူ့ဟွသူ အရက်သောက်ချင်တိုင်း အကြောင်းရှာဒယ်…
    😀

  • အဘရဟူဒီ

    January 29, 2014 at 1:46 pm

    ထွီဇာ ကလေး လင်ယူပက်စက်လေဂျင်း ဆိုပီး …မနေ့ည က ကျော် ကျားသုံးကောင် ကို အလဲထိုးပစ်ခဲ့သဗျာ…
    သည်ရက်ပိုင်း ဝမ်းနည်းနေတာများပြောပါတယ်….
    ကြက်သွန်မြစ်ကလေးကလည်း ပြောင်ပြောင်ယောင်ယောင် ရှိသူဂျီး နဲ့ အာဟင့်. …..

    လက်ရှိ အီမိုကြက်ကေ ကို စွန့်တော့မယ်ဂျာ….
    ကျော်လည်း မြန်မြန်စွံအောင် …ဂဒုံး တုံးရင်တုံး မတုံးရင် ဇထုံး ထုံးတော့မယ်…

    ဗြဲ…..

  • Crystalline

    January 29, 2014 at 2:24 pm

    အခုတလော ဦးဘလက်ပိုစ့်တွေကတော့ မျက်စိကျယ်စရာတွေဖြစ်နေတယ်.. :))

  • ဘဆွေ

    January 29, 2014 at 4:59 pm

    ကိုချော ရယ်..အမ်စတာဒမ် က အရမ်းညစ်ပတ်လို့ အဲဒီကို မသွားဘူး..
    တို့ က သံတံတား မပုတို့..တင်နွယ်တို့လောက် သိတာပါ..ညွန့်..ညွန့်

    သွား..လူဆိုး..သူ့ပလာတာသူ သောက်ချင်တာ ကို ..သများပါ ဟိုကိုပို့လိုက်သေးတယ်…

  • TNA

    January 29, 2014 at 5:52 pm

    😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: ကူငိုဗျဇီ အူးအူးဘလက်ချင့် 😥 :byee: 😥 :byee: 😥 :byee:

  • KZ

    January 29, 2014 at 6:26 pm

    အဲဒီ ဦးညီထွတ်ဆိုတာ သများရဲ့ မတော်လိုက်ရတဲ့ ယောက်ခမပါပဲ ကိုဘလက်ရယ်။
    အီတိုးလေး ရ ကြိမ် ရခါ ….
    အဲ …..
    မင်ဂါဆောင်တုန်းက သများ အသီးကွဲလိုက်ပါသေးရော။
    စိုင်း မယူမချင်းတော့ နောက်တစ်ခေါက် အသဲမကွဲသေးပါဘူးးး

    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 30, 2014 at 8:43 am

    ခုနစ်ဆယ်ဘဲဒဲ့
    . ဈေးနှုံးချိုသာလိုက်ရန်ကောလို့
    . ဝမ်းသာအားရ သွားဘါဒယ်
    . ဟိုရောက်မှ ဈေးနှုံးမဟုတ်ဘဲ အသက်ဖြစ်နေဘါရောလါး ( ကိန်ကိန် )

  • kyeemite

    January 30, 2014 at 9:19 am

    ကွီ..ကိုဘလက်ရယ်..ဒီလောက်လည်းဝမ်နည်းပက်လက်ဖြစ်မနေပါနဲ့… 😛
    တံတားဖြူမှတ်တိုင်နားသာလာခဲ့ ..လိုက်ပြမယ်…အလန်းလေးတွေကို.. 😀

  • ရွှေတိုက်စိုး

    January 30, 2014 at 10:31 am

    အခုဆို Prome လက်ဖက်ရည်ဆိုင်က နေရာပြောင်းသွားတယ်လေ.. ရေကန်အသင့်ကြာအသင့်ပဲ..
    ကန်ဘောင်နားမှာဆိုတော့ ရေကန်အသင့်… ကြာအသင့်ကတော့.. Prome ဝင်ပေါက်နားမှာ အများကြီးပဲ……………ဟီးဟီးဟီး…
    အသဲယားထာအေ….. ဘဘဆွေတောင် ကန်ဘောင်နားကမပြန်ချင်လို. ပလက်ဖောင်းမှာ အကြာကြီးထိုင်သွားသေး…………..ခိခိ

  • myat pearl phyu

    January 30, 2014 at 1:10 pm

    ဝမ်းနည်းရင် ဂြိုဟ်တု သောက်.. များသွားရင် ဝမ်းပိတ်ဆေး ပြန်သောက်.. 😛

  • Foreign Resident

    January 31, 2014 at 9:23 am

    “I was beaten on to the streets by my husband in my early 20s,”
    Louise tells me
    “He told me unless I earned money for him he would leave me,
    and I had children and loved him, so I had to do it.”

    ဇတ် က နာလိုက်တာကွယ် ။
    Louise က သူ ဒီဘဝ ရောက်ရတဲ့ အကြောင်းရင်းကို ပြောပြတယ် ။
    သူ့ ယောက်ျားက သူ့ကို အိမ်ပေါ်ကနေ ရိုက်ချတယ်တဲ့ ။
    နင် ငါ့ ( သူ့ ယောက်ျား ) ကို ရှာမကျွေးရင် ငါ ( သူ့ ယောက်ျား ) ထွက်သွားမယ်တဲ့ ။
    Louise က ကလေးတွေကလဲ ရှိနေ ၊ သူ့ ယောက်ျား ကိုလဲ ချစ်တာနှင့် ၊
    ဒီ ဘဝ ထဲကို ရောက်လာရတာတဲ့ ။ ဇတ်နာ ပါပေ့ကွယ် ။

  • black chaw

    March 2, 2014 at 4:37 pm

    ဘလက်ချောကြီး ရဲ့ ပို့စ် မှာ ဝင်ရောက်ကွန်းမန့်ပေးသူတွေ ကို
    အထူးတောင်းပန်ပါတယ် ခင်ဗျာ…။
    အလုပ်တာဝန်တွေနဲ့ မအားမလပ် ဖြစ်နေလို့…
    ကွန်းမန့်အပြန်နောက်ကျသွားတာ ခွင့်လွှတ်ပေးကြပါခင်ဗျ…။
    အခု…
    ဘလက်ချော စစ်စစ်ကြီး ပြန်လာပါပြီ…။
    နောက်နောင် ဒီလို မဖြစ်စေရပါဘူးလို့…ကတိပေးပါတယ်…။
    ချစ်ခင်လေးစားတဲ့…ဘလက်ချော…။

  • Thuyazaw

    September 3, 2014 at 11:36 am

    အင်း ရွာလေးကိုလွမ်းလို့ ဝင်ကြည့်တာ ဟိဟိ ဝါသနာရှင်စာရင်းထဲ ရောက်နေပါလားဟရို့

Leave a Reply