လေးဇီးကွတ်ရဲ့ လေးဇီးကွတ်

Ma MaJanuary 30, 20141min21026

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်လိုက်အုံးမယ်။

သူတကာတွေလို ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာတွေ မလုပ်တတ်တော့ ကိုယ်တတ်သမျှကို သိသူကျော်သွား၊ မသိသူဖော်စား (မသိသူကျော်သွား၊ သိသူဖော်စားမဟုတ်ပါ) ဖို့ နည်းပေးလမ်းပြလုပ်ခြင်းသာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ………
ခိုင်ဇာရဲ့ ထမင်းဆိုင်အတွက်ချက်ဖို့ စဉ်းစားထားပြီး တကယ်ချက်ပေးတဲ့အခါကျတော့ မေ့ကျန်ခဲ့တဲ့ ဟင်း၂မျိ ုးပါ။

ချက်ပုံချက်နည်းတွေက လွယ်ကူလွန်းလို့ တတ်သိကြသူတွေများမယ်လို့ မှန်းမိပေမယ့်
မသိသေးတဲ့ ကိုယ့်လိုပဲလေးဇီးတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ :kwi:

ကိုယ်တိုင်လည်းကြိုက်ပြီး အလွယ်တကူလည်း ချက်စားနိုင်တဲ့ ဝက်သားအချိ ုချက်၊ ဝက်သားအငံချက်နဲ့ ဝက်သားငါးခြောက်ဟင်းတွေပါပဲ။ ဝက်ထဲက မထွက်တာတော့ မပြောနဲ့နော်။ 😀

ဝက်သားအချိ ုချက်ဖို့ ဆီ၊ သကြား၊ ဆားနဲ့ ဝက်သားပဲ လိုပါတယ်။

ဝက်သားကို ခုတ်ထစ်ရေဆေးဆားနယ်ထားပါ။
အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ပူလာရင် သကြားထည့်ပါ။
သကြားပျော်ပြီး အမြှုပ်ထလာပါလိမ့်မယ်။
သကြားအမြှုပ်မထတော့တဲ့အထိအပူပေးပြီး ဆားနယ်ထားတဲ့ ဝက်သားထည့်ပြီး မွှေပါ။
ဆီပြန်သည်အထိလုံးပြီးရင် ရေထည့်ပြီး ဝက်သားနူးသည်အထိတည်ပါ။

လေးဇီးကွတ်ပီသပါတယ်နော်။ :mrgreen:

ဝက်သားအချိ ုချက်ထက် လေးဇီးတဲ့ ဝက်သားအငံချက်နည်းရှိသေးတယ်ဆိုရင် လေးဇီးသူများ သဘောကျလောက်ပါရဲ့။

ဝက်သားကို တရုတ်ငံပြာရည်နဲ့လုံးပြီး ဆီပြန်ရင် ရေထပ်လို့ ဝက်သားနူးတဲ့အထိချက်ရင် ဝက်သားအငံချက်ရပြီ။ 😀

အင်မတိအင်မတန်လေးဇီးသူတွေအတွက် ဝက်သားငါးခြောက်ချက်ကတော့ 2 in 1 ချက်စားလို့ရတယ်။ 😆

ဝက်သားကို ရေဆေး တုံးတစ်ပြီး ငါးခြောက်အသားမျှောင်း (ငါးရံ့ခြောက်ဆိုပိုကောင်းတယ်။) တွေကိုလည်း လက်တစ်ဆစ်စာစီလောက် ပိုင်းဖြတ်ပြီး ရောထည့်ပြီး လုံးချက်၊ ရေခမ်းရင် ဝက်သားနူးအောင် ရေနည်းနည်းထပ်ထည့်ပြီး ရေစပ်စပ်ကျန်အောင် ချက်ရင်ရပြီ။

2 in 1 အတွက် နောက်တစ်နည်းကတော့ အဲဒီဟင်းကို စားမကုန်လို့ကျန်တာကို အဆာလုပ်ပြီး ကြာဇံကြော်ရင်လည်း စားကောင်းတယ်။

ကြာဇံကြော်ဖို့အတွက် ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ။
ဝက်သားနဲ့ ငါးခြောက်တွေကို သေးသေးလေးတွေဖြစ်အောင်လှီးပြီး၊
ဂေါ်ဖီလှီးထားပါ။ ကြက်သွန်မြိတ်လေးတွေကို တစ်လက်မစီလောက် ဖြတ်ထားပါ။

ကြက်သွန်ဖြူ ကို ဓားပြားရိုက်၊ ဆီနည်းနည်းနဲ့ ဆီသတ်ပြီး ဝက်သားနဲ့ငါးခြောက်ကိုထည့်၊ ဂေါ်ဖီလှီးထားတာထည့်၊ ရေထည့်ပြီး ဆူအောင်တည်။ ရေဆူရင်ကြာဇံထည့်၊ အချိ ုအငံမြည်းပြီးရင် ကြက်သွန်မြိတ်လေးဖြူ းပြီး စားလို့ရပြီ။ 🙂

26 comments

  • padonmar

    January 30, 2014 at 8:42 pm

    ဝက်သားငါးခြောက်ချက် ပြောဖို့ ကျန်ပါသေးတယ်။ဆက်ပါအုံး။

    • Ma Ma

      February 2, 2014 at 8:28 pm

      တဝက်တပျက်ရေးထားတာ တက်သွားလို့။
      အခုထပ်ဖြည့်ပြီးသွားပြီ။ 🙂

  • KZ

    January 30, 2014 at 8:44 pm

    ဟယ်။
    ချစ်မ လေးဇီးကွတ်က နောက် တနင်္လာမှ တက်မှာ။
    ဟိ။
    အကြံအဖန်လုပ်ထားတယ်။

    😀

    • KZ

      January 30, 2014 at 8:46 pm

      ချစ်မ ခုပို့(စ) ခေါင်းစဉ်ကြည့်ပြီး လန့်သွားတာ၊။
      စကက်ဂျူးလုပ်ထားတာကို တက်သွားပြီ ဆိုပြီးးးး
      တော်ပါသေးရဲ့
      :mrgreen:

      • Ma Ma

        February 2, 2014 at 8:30 pm

        အမှန်က ခိုင်ဇာပိုစ့်တက်ပြီးမှ တင်မယ်ဆိုပြီး သတိရတုန်းရေးထားတာ။
        😆

  • TNA

    January 30, 2014 at 9:18 pm

    ရှင်းတမ်းကအရင်လာတာပေါ့။ အဲလိုလား။ ဒါပေမဲ့ ဒီရှင်းတမ်းလဲမှတ်ထားလိုက်ပါတယ်။ နောက်ထမင်းဆိုင်လဲလာပါမယ်။

    • Ma Ma

      February 2, 2014 at 8:33 pm

      အထူးထူးအပြားပြားချက်တတ်သူတွေကို အားကျမခံလုပ်ပြီး ……
      တတ်သလောက် မှတ်သလောက်နဲ့ ကြွားထားတာ။
      ကိုယ့်ပိုစ့်ကိုယ်ပြန်ဖတ်ပြီး ရှက်ဖို့တောင် ကောင်းနေသလားလို့။ :kwi:

  • ကျော်စွာခေါင်

    January 31, 2014 at 2:41 am

    မမရေ
    လေးဇီးတယ်သာပြောတာ မမက တခုပြိးတခု ချက်ပြနေတာ..
    ကျနော်ကသာ ပီဇာ ဖုတ်တာ ပြောမယ်ဆိုပြီး မတင်ဖြစ်သေးတာ..
    ခဏစောင့်နော်…
    ပီဇာကောင်း စားချင်ရင် ပလောင်တောင်တက်နှေးတယ် ..တဲ့ မမရဲ ့.။

    • Ma Ma

      February 2, 2014 at 8:45 pm

      လက်ဖက်ကောင်းစားချင်ရင်သာ ပလောင်တောင်တက်နှေးရတာပါ ခေါင်ရေ။
      ပီဇာကောင်းစားချင်လို့ ပန်းချီဆရာ လက်မြန်အောင် ဆုတောင်းနေပါတယ်။ 🙂

      မဖြစ်မနေချက်ရမယ့် အခြေအနေမှာ
      ပျင်းနေလို့မရတဲ့ အခြေအနေမှာ
      ခုလို လွယ်ကူမြန်ဆန်တဲ့ ဟင်းလေးတွေ ချက်စားနိုင်ကြောင်း မျှဝေချင်တာပါ။ 🙂

  • kai

    January 31, 2014 at 4:12 am

    သကြားကိုကျော်လိုက်ရင်.. မဲသွားသတဲ့..
    (ရွာသူ သကြားလုံးကြော်ကတော့ဖြူသလား..မဲသလား..မသိ ) :mrgreen:

    ဆိုတော့… ပိုပြီးလေးဇီးကွတ်သွားအောင်…
    ရိုက်ကွတ်ကာ ထမင်းအိုးထဲ “ဆီ၊ သကြား၊ ဆားနဲ့ ဝက်သား” အကုန်ပစ်ထည့်ပြီး တခါထဲလုံးချက်လိုက်လို့.. ရ/မရ..

    • Ma Ma

      February 2, 2014 at 8:50 pm

      ဝက်သားအချိ ုချက်ဟင်းရဲ့အဓိက အသက်က သကြားကို ဆီနဲ့ကြော်ရာမှာ အချိန်အဆ လိုတာပါပဲ။

      ဆီပူထဲ သကြားထည့်ပြီး မွှေပေးနေရင်…….
      အရင်ဆုံး သကြားက အရည်ပျော်သွားတယ်။
      နည်းနည်းကြာလာရင် အမြှုပ်ထွက်ပြီး အညိုရောင်သမ်းလာတယ်။
      အဲလိုကနေ အမြ့ပ်တွေ သေသွားတဲ့အချိန်မှာ အညိုရောင်ရင့်လာတုန်း (မဲမသွားခင်၊ တူးမသွားခင်) ဝက်သားထည့်မွှေရပါတယ်။
      သဂျီးပြောသလို အကုန်ပစ်ထည့်ပြီး မချက်ကြည့်ဖူးဘူး။
      ချက်ကြည့်ပြီးရင် အကြောင်းပြန်ပေးမယ်။ :mrgreen:

  • kyeemite

    January 31, 2014 at 9:57 am

    “ဝက်သားအချိ ုချက်ဖို့ ဆီ၊ သကြား၊ ဆားနဲ့ ဝက်သားပဲ လိုပါတယ်။”
    အိုက်ဒါက…ဝက်သားပြုတ်ကြော်ကြီးလိုပဲနော်…ဟင်းခတ်အမွှေးအကြိုင်လဲပါပု 😛
    လေးဇီးကွတ်ကို လေးဇီး…အဲ..အဲ..လေးဇားပါဒယ် 😀

    • Ma Ma

      February 2, 2014 at 8:56 pm

      တရုတ်ငံပြာရည်အကြည်နဲ့ အရင်ဆုံး ရေခမ်းအောင်လုံးပြီးမှ ရေထည့်ချက်ရတာ။
      အငံအတွက် ဆားလည်းမထည့်ပဲ တရုတ်ငံပြာရည်အကြည်ကိုပဲ ထည့်ရတာမိုဝက်သားပြုတ်နဲ့မတူဘူး။
      ချက်စားကြည့် မိုက်တယ် မိုက်မိုက်။
      ့ 🙂

  • ဦးဦးပါလေရာ

    January 31, 2014 at 11:14 am

    အဲသလို ချက်ရင် စားလို့ကောင်းတယ် ဆိုတာ လက်တွေ့သက်သေပြဖို့လဲ လိုမယ်နော…
    😀

    • Ma Ma

      February 2, 2014 at 8:59 pm

      သက်သေပြဖို့အတွက် ချက်လာခဲ့ရင် စားပြပါ့မယ်။ :mrgreen:

  • ဦးကြောင်ကြီး

    January 31, 2014 at 1:25 pm

    ဝက်သားအချဉ် ချက်ချင်ရင်တော့ သိုးအောင် ထားလိုက်ပါ… မှိုလေးတွေပါ အဆစ်ရဦးမည်…

    • Ma Ma

      February 2, 2014 at 9:04 pm

      အဲ…..အဲဒါတော့ လေးဇီးကွတ် မဟုတ်ဘူး။
      ကြောင်ကြီးကွတ် 😆

  • လေးဇီးကွတ်ဆိုမှ တကယ့်လေးဇီးကွတ်ပါပဲ
    အတော်ပဲ ဒီညဝက်သားလုံးထားတယ် မနက်ကျလေးဇီးကွတ်လိုက်ဦးမှ
    😀

    • Ma Ma

      February 2, 2014 at 9:08 pm

      သော်လေးနဲ့တွေ့မှ လေးဇီးကွတ်လည်း အားရှိသွားတော့တယ်။ 🙂

  • zaw min

    January 31, 2014 at 11:20 pm

    ကိုခိုင် ပြောတာမှန်ပါ၏…သကြားကိုဆီထဲထည့်ကျော်လျှင်မဲပါသည်..ခါးလည်းခါးပါသည်…
    မီးဖိုပေါ်မှာအိုးကိုအနည်းငယ်ပူလျှင် သကြားကိုထည့်ပါ…ညိုသွားတာနဲ့ချက်ချင်း ဝက်သားကို့ထည့်ပါ…
    နည်းနည်း ပိုစားကောင်းမဲ့နည်းပြောပြရရင်တော့ …ဝက်သားကိုရေစင်စင်ဆေးပါ ပြီးလျှင် အနေတောလေး တုံးပြီးတာနဲ့ကြက်သွန်ဖြူ သုံးလေးတက်လောက်ကို ဓါးပြားရိုက်ပါ၊ဂျင်း လက်တစ်ဆစ်လောက်ကို ဓါးပြားရိုက်ပါ…ဝက်သားနဲ့အတူရောပြီး ဆား၊ဟင်းချိုမှုန့် ပဲငံပြာရည်အကြည်ရေအနည်းငယ်နဲ့အနောက်ရည်အနည်းတို့ထည့်ပြီး ရောသမမွှေပါ…ဆယ့်ငါးမိနစ်လောက်ကြာမှချက်ပါ…Rice Cooker ထဲထည့်ပြီးလည်းချက်နိုင်ပါသည်။ရေအနည်းငယ်ထည့်ပြီး…ဝက်သားနှုးလျှင် ဆွဲလို့ရပါပြီ…
    ဝက်သားငံချက်ကို သကြားမထည့်ပဲ…ပဲငံပြာရည်ပိုထည့်ပါ…ကြက်သွန်နီဥ အသေးလေးတွေကို အခွံနွာပြီး အလုံးလိုက်ထည့်ချက်ပါ…

    • kai

      January 31, 2014 at 11:51 pm

      အင်း..
      ဂျပန်တွေချက်နည်းအရဆိုရင်တော့.. ဆာကေးအရက်(ဟင်းချက်ဝိုင်)ရယ်.. မီရင်(သကာရည်)ရယ်နဲ့ချက်မယ်ထင်တယ်ဗျ..။
      အရက်ဟာ..အပူကြောင့် အရက်ငွေ့ပျံရင်.. အချိုသကာရည်ကျန်ရစ်ပြီး… သကာရည်ကတော့.. သကြားဖြစ်မဲ့အရည်ပေါ့..။ မတူး..မခါးပါကြောင်း…။

      ငါးပါးသီလ တလွဲသမားတွေနဲ့တော့… အစားကောင်းအသောက်ကောင်း..မတန်..။ :mrgreen:

  • Crystalline

    February 1, 2014 at 8:46 am

    ချစ်‌မ‌ရေ သူများက‌တော့ဆား သကြား ရှာလကာရည်‌ ငံပြာရည်‌အကြည်‌ အရက်‌(option) ပဲငံပြာရည်‌အ‌နောက်‌အကုန်‌‌ရောသမ‌မွှေ..သွန်‌နီ‌လေးစိတ်‌.ငရုတ်‌‌ကောင်‌းအ‌စေ့လိုက်‌ထည်‌့…သွန်‌ဖြူအခွန်‌ကြမ်‌းခွာအလုံးလိုက်‌…ဂျင်‌းဒါးပြားရိုက်‌ ဆီပါ‌လေရုံထည်‌့ပြီး ‌‌ပေါင်‌းအိုးထဲထည်‌့ချက်‌တယ်‌… ၁ဝမိနစ်‌ဆိုစားရပြီ :))

    • Ma Ma

      February 2, 2014 at 9:11 pm

      လေးဇီးကွတ် နည်းအသစ်ရပြီ 🙂

  • Ma Ma

    February 2, 2014 at 5:51 pm

    နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ……ဆိုတာကိုတောင် သွားသတိရမိသေးတော့တယ်။
    အမှန်တော့ ရေးထားပြီး draft ထဲမှာ save လုပ်တာ မှားပြီး publish ကို နှိပ်မိသွားတာ။
    Esc ပြန်လုပ်လိုက်လို့ ပိုစ့်တက်မသွားဘူးလို့ ထင်လိုက်တာ။
    ကွန်မန့်တွေ မေးလ်ဘောက်စ်မှာတွေ့မှ တက်သွားမှန်း သိလိုက်တာ။
    ပြန်ပြင်ဖို့ ကွန်မန့်တွေ ပြန်ဖို့ ကြိုးစားပေမယ့် အချိန်ကြောင့်ရော၊ ကွန်ကြောင့်ရော မပြန်နိုင် ဖြစ်သွားလို့ တောင်းပန်ပါတယ်။ 🙁

  • ဒညင်းဝက်

    February 4, 2014 at 1:47 pm

    ဒေါ်ဖွားမေကြီးကို…ပြဖို ့…ပရင့်ထုတ်သွားမယ်နော်…

    • Ma Ma

      February 4, 2014 at 6:50 pm

      ခုတော့လည်း ဒေါ်ဖွားမေကို သတိရပြီပေ့ါ။
      😀

Leave a Reply