တွေ ့လျှင် . . .ပြောကြပါ

alinsettFebruary 4, 20143min1416
0000
26 . 1 . 2014

 

 

* တွေ ့လျှင် ပြောကြပါ. . . *

သိပ်မလွတ်လပ်သော ကောင်းကင်ထဲ. . .

ငါ့ အတောင်ပံတွေကို ဖြန့်. . .ဝဲခနဲပျံပြီး. . .

ငါ့သီချင်း ငါရှာပါရစေ. . .

မင်္သကာဖွယ်ရာ တိမ်တိုက်တွေနဲ့. . .

ရှုပ်ထွေးလှတဲ့ ကောင်းကင်ထဲ. . .

ငါဆိုရမယ့် သီချင်းလေးက ဘယ်မှာလဲကွယ်. . .

အတောင် ညောင်းတဲ့ငှက်မို့ . . .

ပျက်ကျတော့မယ့်ဆဲဆဲလို့ မလှောင်ပါနဲ့ကွယ်. . . .

ဇွဲနဲ့ လုံ ့လ ကို ဒဏ်ကြေဆေးလို လိမ်းကျံပြီး

ဆက်ပျံနေမယ်. . .

ငါ့သီချင်းလေး ငါမဆိုရသေးသ၍. . . .

 

မျှော်လင့်ချက်ဟာ မနက်ဖြန်မဟုတ်ပါဘူး

မကြာခင်ရောက်လာတော့မယ့် တစ်စက္ကန့်

လက်ခုပ်သံတစ်ချက်လောက်တော့ ကြားချင်တယ်. . .

လောဘ ကြီးသူမို့ . . . .

သီချင်းဟောင်းတွေ မဆိုချင်. . .

လျှာပြတ်ကျတတ်လွန်းလို့. . .

မနေမနား. . .တသွားတည်းသွားပြီး. . .

ငါရှာနေတဲ့သီချင်းက. . .

အမှန်တရားတွေနဲ့ ရေးစပ်သီကုံးထားတဲ့

သံစဉ်တေးသွား. . . .

တွေ့ရတော့ခဲတယ်. . .

 

တွေ ့များတွေ ့ရင်ပေါ့. . .

ငါ အော်ဆိုနေမယ်. . .

နားဝင် ချိုချို မချိုချို. . .

 

 အလင်းဆက်( Gazette )

26 / 1 / 2014 / 14 : 48 PM

 မရမ်းကုန်း

6 comments

  • TNA

    February 4, 2014 at 1:28 pm

    တွေ့ရင်ပြောမအေ ဒါပေသိတခုတော့ မေးထားဗျဇီ နီ့အသံကောင်းပါရဲ့လား။ :mrgreen:

    • ဒညင်းဝက်

      February 4, 2014 at 1:32 pm

      အသံတော့..ကောင်းပါတယ်..
      သူများနားမခံသာတာလေးတစ်ခုပဲ..အပြစ်ပြောစရာ ရှိပါတယ်..။
      အဟိ.. ။

      :kwi:

      ကဗျာလေးကို..ဖတ်ပြီး..ပထမဆုံးကွန်မန့်လေးပေးသွားတဲ ့..တဲသီကို.ကျေးဇူးတင်ပါတယ်…လို ့ ..။

      ကွန်မန့်မပေးဖြစ်သော်လည်း.. ကျနော့် စာများကို..ဖတ်ရှုခံစားပေးလျက်ရှိကြသူများကိုလည်း.ကျေးဇူးတင်ပါတယ်..လို ့…

  • Mr. MarGa

    February 4, 2014 at 2:18 pm

    နားဝင်ချိုချို မချိုချို အော်ဆိုနေမယ်ဆိုလို့ နားပိတ်ထားဖို့ အရင်သတိရလိုက်တယ်။
    ဒါနဲ့
    26 / 2 / 2014 / 14 : 48 PM ဆိုတော့
    အနာဂါတ်ကို ကြိုသွားပြီးများ ရေးထားသလား ဟင် 🙄

    • ဒညင်းဝက်

      February 4, 2014 at 7:01 pm

      အေးကွ…
      နာ…စာရိုက်တာမှားသွားတာ.. ။
      အမှန်က.. 26 . 1 .2014 .

      ဘယ်လိုက ဘယ်လို 2 ဖြစ်သွားတယ်မသိ ။
      အမှားများနှင့်..ကျနော်.. အလွဲများနှင့် သူရ..ဆိုပြီး..စာအုပ်တစ်အုပ်ထုတ်ရမလိုဖြစ်နေပြီ. ။

      သေချာ ဖတ်ပြီး..ဝေဖန်ပေးတဲ့အတွက်..
      ကျေးဇူးပါ.. သဂျားမဲ

      😆

  • အရိပ်စစ်

    February 5, 2014 at 8:47 pm

    အမှန်တရားအများစုက နားဝင်မချိုတာ များတယ်လို့
    ပြောရင် မှားလားဟင်….

    • ဒညင်းဝက်

      February 6, 2014 at 7:37 am

      မမှားဘူးပေါ့ကွယ်
      အမှန်က အမှန်တရားရဲ့အရသာကို ခါးတယ်လို့ ထင်နေကြသူတွေဟာအမှားရဲ့ မာယာအောက်မှာနစ်မွန်းရင်း
      အမှန်တရားရဲ့အရသာကို မသိလို့ပါ. . . .

      တကယ့်အမှန်တရားရဲ့အရသာက နားဝင်လည်း ချိုပါလိမ့်မယ်
      နားထောင်တတ်ရင်ပေါ့. . .

      :kwi:

      အားပေးဖတ်ရှုပေးသွားလို့ ကျေးဇူးပါနော်

Leave a Reply