သင်​ရိုးညွှန်​းတမ်​း

ko sixJanuary 29, 20141min2319

သားဖွား​ခန်​းမှာ
ငိုသံ အား​ပေးသံ နှစ်​သိမ်​့သံ​တွေနဲ့
ဒုက္ခကို ညှပ်​ဆွဲ​မွေးဖွား

စာသင်​ခန်​းမှာ
ငိုသံ အား​ပေးသံ နှစ်​သိမ်​့သံ​တွေနဲ့
ဒုက္ခကို ​ပေါင်​ချိန်​အနှီး​ထွေး

မီးသဂြိုဟ်​ခန်​းမှာ
ငိုသံအား​ပေးသံ နှစ်သိမ့်သံ​တွေနဲ့
ဒုက္ခကို ​ညောင်​​ရေအိုးလုပ်​လို့

​အော်​…
ရုပ်​ကလပ်​အ​ဟောင်​း
မှတ်​တိုင်​တစ်​​ချောင်​း
အမည်​နာမတစ်​ခု
​ကြေးစည်​သံတစ်​ချက်​​အောက်​မှာ
ငါတို​တစ်​​တွေ
စက်​ဝိုင်​းသစ်​ရှာပုံ​တော်​ဖွင်​့ရပြန်ပြီ
ကိုစစ်​(ရူပ​ဗေဒ)

9 comments

  • kyeemite

    January 30, 2014 at 8:15 am

    ကဗျာလေးကိုကြိုက်တယ်ကိုဆစ်ရေ…“စက်​ဝိုင်​းသစ်​ရှာပုံ​တော်​ဖွင်​့ရပြန်ပြီ”
    ဟုတ်ပါတယ်…သံသရာစက်ဝိုင်းကမလွတ်မြောက်သေးသ၍ စက်ဝိုင်းအသစ်အသစ်တွေ
    မဆုံးနိုင်အောင်ရှာဖွေနေကြရအုံးမှာပါပဲ 🙁

  • Mr. MarGa

    January 30, 2014 at 8:46 am

    ဒီ စက်ဝိုုင်းထဲမှာ ပဲ
    ပြုံးလိုက် ပျော်လိုက် ငိုလိုက် ရယ်လိုက် နဲ့
    သံသရာလည် နေတာပါလား ဗျာ

  • ko six

    January 30, 2014 at 10:39 am

    ​ကျေးဇူးပါပဲ
    Kyeemite ငယ်​ငယ်​တုန်​းက
    ​ကောင်​းပြီး ဘာလို့ခုမှမိုက်​ရတာတုန်​း …..ဝိမုတ္တိလမ်​း​ပေါ် တက်​ချိန်​တန်​​နေပါပြီဗျာ….

    • kyeemite

      January 30, 2014 at 11:54 am

      ကိုဆစ်ရေ..ငယ်ငယ်တုန်းကလည်း သိပ်မကောင်းလှပါဘူးလေ..ခုလိုပါပဲ 😀

  • ko six

    January 30, 2014 at 10:43 am

    Mr.MarGa ​ရေ….
    ကျ​နော်​က​တော့
    အဲဒီစက်​ဝိုင်​းထဲမှာ
    ​ပျော်​စရာရှာမ​တွေ့​တော့ပါဘူးဗျာ…

  • အရိပ်စစ်

    February 4, 2014 at 11:36 pm

    ကြိုက် ….
    တဂယ် ကြိုက်တာပါရှင့်….

  • ko six

    February 6, 2014 at 5:43 pm

    ​ကျေးဇူးပါပဲဗျာ
    ရွာက​လေးမှာ….
    ကျ​နော်​က တစ်​​နေရာရာက​နေ
    တာဝန်​ထမ်​း​နေခွင်​့ရတာ
    ​ပျော်​စရာပါ​လေ

  • kai

    February 6, 2014 at 6:24 pm

    တချို့က…မဲညိုဖြူရောင်..
    တချို့က.. ရွှေပေ..
    တချို့က.. ကညစ်..
    ထားရစ်ခဲ့ကြတယ်လေ..
    သမိုင်းဟာ.. လူ့ခြေရာတွေပေါ့..
    ခြေရာမတိမ်အောင်.. မိုက်/ချစ်တွင်း နက်ကြပါစို့..။ :mrgreen:

Leave a Reply