တရုတ်လုပ် စစ်ကား အစီး ၂ဝ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ

zaw mgAugust 8, 20101min1031

တရုတ်လုပ် စစ်ကား အစီး ၂ဝ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ

IVECO ကား

မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စားစစ်ထရပ်ကား အစီး ၂ဝ ခန့်ကို ဩဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း  ကျယ်ဂေါင် – မူစယ် နယ်စပ်ဂိတ်မှတဆင့် လွဲပြောင်းယူခဲ့ကြောင်း သျှမ်းသံတော်ဆင့်  အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။
IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန်  ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့ကတရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင်ထွက်ခွာသွား ကြောင်း သိရသည်။
မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , IVECO စသည့် တံဆိပ်အမျိုးအစားပါ တရုတ်လုပ်စစ်ထရပ်ကား အမြောက်အများကို လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကတည်းက ဝယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ဝယ်ယူခဲ့သော  တရုတ်လုပ်ကားတစ်စီး၏ တန်ဘိုးသည် ကားအမျိုးအစားအလိုက် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀ဝ ခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၆ သောင်းမှ ယွမ်ငွေ ၂ သိန်းအထက် အထိ တန်ဖိုးရှိနိုင်ကြောင်း ကား ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

မြန်မာစစ်တပ်က တရုတ်ကားကုမ္ပဏီများထံမှ  ကားဝယ်ယူရာတွင် တန်ဖိုးကျသင့်ငွေကို ပစ္စည်းဖြင့်လဲလှယ်၍ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း အဆိုပါအင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားကြောင်းသိရသည်။

One comment

  • လင်းဝေကျော်

    August 9, 2010 at 4:31 am

    စစ်တပ်မှာကားကောင်းကောင်း တိုင်းပြည်ကာကွယ်ဖို့ တာဝန်ထမ်းဆောင်ဖို့ ရှိသင့်တယ်ဆိုတာကို လုံးဝ လက်ခံပါတယ်။
    လူတွေ အတွက် ဘတ်စ်ကားကောင်းကောင်း ကိုယ်ပိုင်ကားကောင်းကောင်း ရှိသင့်တယ် ဆိုတာလည်း ပြောချင်ပါတယ်။
    မြန်မာပြည်က ကားအဟောင်းတွေ ကို ကားအသစ်တွေနဲ့ မှတ်ပုံတင်ခွင့်ပြုပါ။ (အလုံးချိန်းခွင့်ပေးလိုက်ပါ။)
    အဲကွန်းဖွင့်ထားတဲ့ ဘတ်စ်ကားတွေ ရန်ကုန်တကယ်ပြေးဆွဲပေးပါ။ နယ်တွေမှာ လည်း ဘတ်စ်ကားပြေးပါ။

Leave a Reply