ဒဿန

မီ မီJanuary 30, 20141min1859

ပိုက်ဆံချမ်းသာသူက

သူဌေးဖြစ်တယ်

 

သူဌေးသားက

ငွေဖြုန်းတတ်တယ်

 

ေြွမွကို ပြန်မျိုတဲ့ဖား

ပုံပြင်ထဲမှာကြားဖူးတယ်

 

မသိမတတ်လည်း

ဒီခေတ်မှာဆရာဖြစ်တယ်

 

နားမလည်အောင်ရေးထားရင်

မော်ဒန်ကဗျာဖြစ်တယ်

 

မိန်းမမုဒိန်းမုှ

ဟုတ်ပါ့မလားထင်မိတယ်

 

မြန်မာနိုင်ငံမှာ မဖြစ်လာဖို့

ကြယ်ကြွေနေ့တိုင်းဆုတောင်းမယ်

 

 

 

 

 

 

 

9 comments

  • myat pearl phyu

    January 30, 2014 at 5:34 pm

    ှရှင်ဘုရင် နဲ့ ညားတော့ မိဖုရား ဖြစ်တယ်…
    သူတောင်းစားနဲ့ ညားတော့ ခွက်ဆွဲရတယ်…
    နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တော့ မထူးပါတယ် …
    သန်းခေါင်ထက်တော့ ညဉ့် မနက်နိုင်ပါပြီကွယ်…
    (MPP ‘s opinion )

  • kai

    January 30, 2014 at 5:49 pm

    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်…။
    မင်းတို့.. ငါတို့.. လူတွေကြောင့်..
    လူတွေရဲ့အတွေးအခေါ်တွေကြောင့်…

    အတွေးအခေါ်ကိုလွှမ်းမိုးတာ.. ဘာသာရေး..
    ဘာသာရေး…။ :mrgreen:

    • Mr. MarGa

      January 30, 2014 at 6:23 pm

      ဘာသာရေး ဘာသာရေးနဲ့
      တကယ့်တကယ်ကျ လူ လူ
      လူက ဘာသာရေးကို ဖန်တီးတာ :mrgreenn:

      • kai

        January 31, 2014 at 4:26 am

        အဲဒီ ဘုရားဟော ဗုဒ္ဓဓမ္မတွေကို ဟိန္ဒူ၊ ရိုးရာနတ်တွေနဲ့ရောသမမွှေပြီး.. လိုရာစိတ်ကြိုက်ဖြည့်စွက်ပြုပြင်ထားတဲ့.. ဘာသာရေးကို.. ဘယ်သူတွေဖန်တီးထားသလည်း.. သိလား.. :mrgreen:

        • Wow

          February 7, 2014 at 1:45 pm

          ဒဂျီးလို ကျပ်လွန် (ကျပ်ပြည့်ယုံမက ကျော်နေတဲ့) တွေဖစ်မှာပေါ့….
          အနော်တို့ ကျပ်မပြည့်တွေကတော့ အေးချေး…. ကန်တော့ချင် ထိုင်ကန်တော့လိုက် .. မကန်တော့ချင် ဘုရားဟော ဒေသနာမစစ်ဝူးပေါလိုက်… :mrgreen:

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 10:47 am

    နား မလည်အောင် ရေးထားရင်
    မော်ဒန် ကဗျာ ဖြစ်တယ် …
    ဒါမျိုးဆို ကိုယ်ဒို့က အလွန်ကျွမ်းစ် …
    :mrgreen:

  • ဒညင်းဝက်

    February 4, 2014 at 1:43 pm

    နားမလည်အောင်ရေးထားရင်
    မော်ဒန်ကဗျာဖြစ်တယ်

    အဲဒီ အယူအဆကို… လုံးဝ….လုံးဝ ဆန့်ကျင်ပါကြောင်း…

    အကြောင်းအချက် စုံစုံလင်လင်နဲ ့…ဆန့်ကျင်ဖို ့…
    စာတစ်စောင်ပေတဖွဲ ့.. ရေးပြီး..ငြင်းချင်သေးတယ်.. ။
    အချိန်မရသေးလို ့.. ။
    :kwi:

    မော်ဒန်ကဗျာ ဆိုတာ..ဘာလဲ…
    နားမလည်ခြင်းပြဿနာဆိုတာဘာလဲ…
    မော်ဒန်ကဗျာနဲ ့ဂန္ထဝင်ကဗျာ..ရဲ ့.. ကွာခြားချက်ကဘာလဲ…
    စသည်ဖြင့်….
    ……………..
    ……………..
    အပေါ်ယံလေးတွေးတတ်သူတွေကြားထဲက…. အယူအဆ…
    အဲဒီ…နားမလည်အောင်ရေးရင်..မော်ဒန်ကဗျာဖြစ်တယ်..ဆိုတာကြီးကို…
    ရယ်ချင်ပါကြောင်း….

    :kwi:

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 4, 2014 at 8:37 pm

    ဘာကဗျာဖတ်ဖတ် နားမလည်တာပဲ
    ကျုပ်တို့ညံ့လို့ဖြစ်မှာပေါ့
    ဒီကဗျာကလည်း ဘာပြောချင်တာလဲမသိဘူး
    ကျုပ်ညံ့လို့ပါဗျာ

  • မီ မီ

    February 5, 2014 at 9:24 pm

    ရယ်စရာ
    ဟင့် ###

Leave a Reply