ဆန္ဒ

မီ မီJanuary 30, 20141min1097

 

ဖိနပ်ပြင်တဲ့လူကြီးတစ်ယောက်

ကျွန်မနောက်ကိုလိုက်လာတယ်

ဖိနပ်ပြင်ဦးမလား ……ဆိုရဲ့

 

ထီးပြင်သူလူတစ်ယောက်

နောက်တစ်ခေါက်တွေ့ပြန်တယ်

ထီးပြင်စရာရှိလား……ဆိုရဲ့

 

ဟင့်အင်း……

ကျွန်မပြင်ခြင်နေတာ

ရှင်တို့မသိပါဘူး

ဒဏ်ရာဗလဖွာနေတဲ့နှလုံးသားကို

အကောင်းအတိုင်းပြန်ဖြစ်ဖို့

ရော့ …သောက်လိုက်ဆေးတစ်ခွက်

ရော့……ယူထား နှလုံးသား

ဘယ်သူများပေးမလဲလေ

 

ကျွန်မလမ်းတွေလျောက်နေတယ်

နေရာအနှံ့လျောက်သွားတယ်

တနေရာမှာတော့

လူပုံကြမ်းကြမ်း

နှလုံးသားဖြူဖြူ

တစ်ယောက်သောသူ……အတွက်

ရက်ရက်ရောရောပေးလိုက်မယ်

ရော့…………အဆိပ်ရေတခွက်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

7 comments

  • Myo Thant

    January 30, 2014 at 4:35 pm

    မိုက်သကွယ် 🙂

  • myat pearl phyu

    January 30, 2014 at 5:30 pm

    နှလုံးအစားထိုး လဲလှဲလိုက်ပါလား … မီ
    အဆိပ်ခွက် ပေးတာကတော့
    တဆိပ် အကြင်နာမဲ့လှဒယ်ကွယ် .. (စတာပါကွယ်… :P)

  • kai

    January 30, 2014 at 5:50 pm

    ဆိုတော့..
    တရက် ၂ပုဒ်ထက်ပိုမတင်ရပါကြောင်း… ဆန္ဒပြုလိုက်ရပါသည်။

  • Mr. MarGa

    January 30, 2014 at 6:11 pm

    အဆိပ်ရေတော့ မသောက်တော့ဘူးကွယ်
    ဒီလင့်လေးကို သွားကြည့်ဖို့ ဖိတ်ခေါ်တယ်
    http://myanmargazette.net/191567
    ကဗျာပြခန်းက ဒီလိုကဗျာတွေကို ကြိုဆိုနေပါတယ် လို့ 🙂

  • မီ မီ

    February 2, 2014 at 8:45 am

    ကျေးဇူးတင်ပါတယ် ဆရာဆရာမတို့ရှင့်

  • အရိပ်စစ်

    February 5, 2014 at 1:21 am

    အတွေးကောင်း အရေးကောင်းးးးးး

Leave a Reply