ဖြစ်နိုင်ခြေ…

 

ကျနော်တို ့နိုင်ငံမှာ သမိုင်းတွေ များတာ လူတိုင်းအသိ။
ဘုရားသမိုင်းကအစဝိဇ္ဇာသမိုင်း၊ နတ်သမိုင်း၊သိုက်သမိုင်းနိုင်ငံရေးသမိုင်း..ပုဂံရာဇဝင် စုံနေတာဘဲ၊ တော်တော်များများက
ရာဇဝင်ဆရာ၊ သမိုင်းရေးဆရာ၊ စာရေးဆရာတွေရဲ ့အနုပညာနဲ ့အတွေ းချဲ ့ရင် ချဲ ့သလောက် ပေါ့
ကျနော်ငယ်ငယ်က မြန်မာ သမိုင်းကို တော်တော် စိတ်ဝင်စားတာစာကျက်လိုက်ရင် ခဏဘဲသမိုင်းကြောင်းကို ခြုံငုံပြီး..သိသွားတာ
စကားမစပ် ကျနော့်အဖေကတော့ သမိုင်းကို စိတ်မဝင်စားပါဘူးသူက ဘာသာပြန် တွေဘဲ ဖတ်တာအဲ ..သူက အတွေ းကောင်းတယ်ကျားကစား သိပ်တော်တယ်။ သားသမီးတွေ အကုန်လုံးကို ကျားကစားတတ်အောင်သင်ပေးခဲ ့တယ်
အကြောင်းကိစ္စ တစ်ခု ကြုံလာရင် ကွက်ကျော်မြင်တတ်အောင်တဲ ့
အယောင်ပြ..တစ်ကောင်ကျွေးပြီး နှစ်ကောင်ရိုက်ကင်းကြီးထိုးကျွေးပြီး ၃ကောင်ရိုက်..
နည်းတွေစုံသလောက် အတွေ ့အကြုံရတယ်..ဘဝမှာ ပြသနာတစ်ခု တွေ ့လာရင် အဖေပေးခဲ ့တဲ ့ကျားကစားနည်းပညာက တော်တော် အသုံးဝင်တာ
တစ်ဘက်က ခင်းလာတဲ ့ပြသနာကို ကွက်ကျော် မြင်တတ်လာတာပေါ့..
သမိုင်းနဲ ့စချီပြီး ဘယ့်နှယ့် ကျားကစားတာ ရောက်သွားလဲ ဆိုတော့ဒီလိုဗျ..။ 
အလုပ်က ဇာတ်သဘင်ဆိုတော့ ဇာတ်နဲ ့နတ်က တွဲနေတာဒါဟိုးရှေးအစဉ်အလာထဲက..။ ဇာတ်ပွဲမှာ ကပြမှုတွေ အောင်မြင်အေးချမ်းဘို ့..အဆင်ပြေဘို ့ ဇာတ်နဲ ့ပါတ်သက်တဲ ့ပွဲတွေ ပေးရတယ်၊ နောက်ပြီး ဇာတ်မင်းသားမှန်ရင် နတ်သမိုင်း သိုက်သမိုင်းကို ဖတ်မှတ်လေ့လာထားမှ တော်ကာကြတယ်။ နောက်ပိုင်းမင်းသားကြီးတွေဆို ပိုဆိုးပေါ့..
ပွဲ့ ကြည့်ပရိတ်သတ်ကလဲ နတ်သမိုင်း သိုက်သမိုင်းဆို တော်တော် ကြိုက်ကြတာ။ ကြားဘူးမှာပါဗျာ
ပန်တျာကြည်လင်ပန်တျာ တင်တင်မြင့် တို ့ဆို ကိုဘုန်းကြွယ် မမြစိမ်းနဲ ့နာမည်ကျော်ခဲ ့တာ။ဇာတ်သဘင်တွေမှာ ကပြမှုများတာက ရေငံပိုင် ဦးရှင်ကြီး၊ ကိုးမြို ့ရှင် ပုလဲယဉ်၊အမေနံကရိုင်း၊ အမေရေယဉ်၊နဲ ့တောင်ပြုံးညီနောင်ပေါ့….
ကျနော်က နတ်သမိုင်းတွေသိပ်မက ပေမယ့် လေ့လာ ဖတ်ရှုထားပါတယ်ကိုယ်တိုင်ကလဲ စာဖတ်တာဝါသနာပါတော့
အတော်ဘဲပေါ့
ကျနော်သိပ်မကချင်တာက နတ်သမိုင်းရေးသူတွေ ဘယ်လောက်ဘဲ ဖွဲ ့နွဲ ့ရေးပေမယ့် ၃ရမင်းနတ်တွေ အားလုံးက အယူတိမ်းပြီးအစိမ်းသေနဲ ့သေခဲ ့ကြတော့ ဦးချကန်တော့တာနဲ ့သရဏဂုံ ပျက်နိုင်တာကို သိလို ့ပါ..။သူတို ့ကို ကိုယ်က အားကိုးမယ့်အစား ကိုယ်ကတောင်မေတ္တာပို ့ပေးရဦးမှာ။
ဒါပေမယ့်ဗျာဇာတ်မင်းသားဆိုတာက ဇာတ်ဆရာနဲ ့စာချုပ်ပြီးကတည်းက ကိုယ့်ကိုကိုယ်မပိုင်တော့ဘူး၊ ဇာတ်ဆရာနဲ ့ပရိတ်သတ် အလိုကျ ကပြရတာပါ.
ကျနော်တစ်နှစ်ကြုံရတာက ဇာတ်ဆရာက လူရွှင်တော်လဲ ကတယ်နတ်ဇာတ်ထုပ်နောက်ပိုင်းတွေလဲ ကတယ်ပြီးရင်
နတ်ပူးတာနဲ ့..သူလုပ်ထားတဲ ့လက်ဖွဲ ့ကြိုးတွေကို ရောင်းတော့တာဘဲ..။ ရိုးသားတဲ ့သူတွေက ဘာမှ မစဉ်းစားဘူးဝယ်တာပေါ့..
ကျနော်က သိတယ်..ဘာမှ မစွမ်းဘူး..မစွမ်းဆို နေ ့လည်တိုင်ဆို ယိမ်းသမလေးတွေ ကောင်လေးတွေကို သွားတိုက်ဆေး အခွံတွေနဲ ့အပ်ချည်ကြိုးအနီတွေ ကြိုးကျစ်ပြီး လုပ်ထားတာကို သူက ဖောက်သည်ဈေးနဲ ့ချုပ်ဝယ်တာ..ဘာသိဒ္ဓိမှ မရှိဘူး..။ယုံ
ရွာတစ်ရွာမှာကတော့ ကျနော်နဲ ့တိုးတာဘဲ..။ အဲဒီရွာကလဲဗျာတစ်ရွာလုံး ကိုကြီးကျော် ခေါင်းစွဲတဲ့..။ ကျားမ မရွေးကိုကြီးကျော်ဘဲ။ ရွာသားတွေက တောင်းဆိုတာ ဒီည ကျော်လေးကျော်( ကိုကြီးကျော်၊ပခန်းကျော်၊ဇီးတောကျော်၊ တောင်သမန်ကျော်) အော်ပဒါကပေးဘို ့။ တစ်ယောက်ထဲ ကို လေးမျိုးနဲ ့ဗျ..။ကန်တော့ပွဲတွေဗျာဇာတ်စင်ပေါ်မှာ အပြည့်ဘဲ

ဒီတော့ဇာတ်ဆရာက ပေသီးခေါက်ပြီကန်တော့ပွဲတွေထဲမှာကလည်း ပိုက်ဆံတွေ ဖွေးနေတာဘဲလေ..။ သူကလက်ဖွဲ ့ရောင်းကောင်းမှာလဲ သေချာသိနေတော့သူကိုယ်တိုင်မကတော့ဘူးကျနော့်ဘက်လှည့်လာတာ။
အကြီးဆုံး ကိုကြီးကျော်နေရာက ကပြပေးပါတဲ ့..ကျန်တာက လက်ထောက်နဲ ့ယိမ်းမင်းသား၃ယောက်ကမယ်တဲ ့..
ငြင်းလို ့လဲမရဘူးဦးက ဘာဖြစ်လို ့ကိုယ်တိုင်မကလဲမေးတော့ အလုပ်များလို ့တဲ ့..။ညာတာ။။သိတယ်။
ကျနော်က နတ်မပင့်တတ်ဘူးပင့်လဲ ကြွမှာမဟုတ်ဘူး ပြောပြီး ငြင်းပါသေးတယ်..။ဟန်ဘဲလုပ်ပေးပါတဲ ့။
ငြင်းမရတော့လဲ ကပေါ့..
ညကျတော့ ဟို၃ယောက်ကတော့ အူမြူးနေတာပေါ့ကြက်ပေါင်ဆွဲမယ်အအေးချမယ်..အရက်မော့မယ်ဂွင်ကြီးမိတယ်ပေါ့။
ရှေ ့မှာ ဇာတ်လမ်းခင်းပြီးလို ့ နတ်တွေ ပင့်စာရွတ်တာနဲ ့ဘေးက ၃ယောက်ကတော့ တုန်တော့တာဘဲတစ်ကောင်မှ 
နတ်မဝင်ဘူးသူတို ့က ညဦးထဲက တုန်ချင်နေကြတာ။
ပြီးတာနဲ ့နတ်ယိုင်ဒိုးနဲ ့ကတာပေါ့..မြူးနေတာဘဲကိုယ့်မှာသာ သပြေပန်းစည်းလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိဘဲမေ ့ပြီး သူတို ့ကတာကို ငေးနေတာ..။ကြည့်လို ့တော့ကောင်းသားဗျ။
ဒိမောင်တွေ နတ်ကတာနဲ ့အောက်က ရွာသားတွေကလဲ နတ်ခေါင်းပေါင်းကို ပိုက်ဆံတွေ လာဆက်တာ နည်းတာမဟုတ်ဘူး….
ဒါ သူတို ့ရမှာလေကိုယ့်မင်းသားတွေ ပိုမြူးပြီပေါ့ အရက်လေးမော့လိုက် ၊ကြက်ပေါင်လေးဆွဲလိုက်နဲ ့
လှည့်ကနေရင်း ပရိတ်သတ်မကြားအောင် ကိုယ့်ကိုတောင် တိုးတိုးလေး ကပ်ပြောသွားသေးတယ်
အကိုဝင်ကတော့လေ..အကိုက အကြီးဆုံးနတ်ဘဲရှယ်ကြီးနော်အပီသာဆွဲ…” တဲ ့
ကြည့်လို ့မှ မဆုံးသေးဘူးပွဲခင်းထဲက ရုတ်ရုတ်သဲသဲ ဖြစ်လာလို ့ကြည့်လိုက်တော့ သန်သန်မာမာ လူနှစ်ယောက်နဲ ့မိန်းကလေးတစ်ယောက်တုန်တုန်ယင်ယင်နဲ ့ဇာတ်စင်ပေါ်ခုန်တက်လာပြီးကြမ်းကြမ်းတမ်းတမ်းကို ကတော့တာဘဲ
က နေရင်းနဲ ့နတ်ကနေတဲ ့မင်းသားတွေကို မပြောမဆို ပါးဝင်ရိုက်တာဗျာဖြန်းကနဲဖြန်းကနဲဘဲပွဲခင်းတစ်ခုလုံးလဲ ရုန်းရင်းခတ်နေတာ။
ကိုယ့်ကောင်တွေထိုင်ရက် လဲတောင်ကျတယ်။ ခေင်းပေါင်းပုဝါတွေလဲ ကျွတ်ပြီး ရုပ်ပျက်ဆင်းပျက်ဘဲ
တက်လာသူတွေပါးစပ်ကလဲ
ဇီးတောကျော်ကွ”
တောင်သမန်ကျော်ဟေ့”
ကိုကြီးကျော်တဲ ့ဟေ့” ဆိုပြီး လဲနေတဲ ့မင်းသားလေးတွေကို ဆောင့်ကန်နေတာ..
ကျနော်လဲ လန် ့ပြီဘာဖြစ်လို ့ဖြစ်နေမှန်းကို မသိတာ
အဲဒီကျမှ လက်ဖွဲ ့အော်ရောင်းနေတဲ ့ဇာတ်ဆရာ ကားလိပ်ကြားထဲကနေပေါ်လာတာ..သူလဲ ကြောက်နေတာ….
ဘာဖြစ်ကုန်တာလဲဦး”
ဟာပုဂ္ဂိုလ်စစ်တွေ ဝင်လာတာမင်းသား ကိုကြီးကျော်ကို မြန်မြန်ပင့်တော့ ..သူက ခေါင်ချုပ်ဘဲ..လုပ်လုပ် မြန်မြန်ပင့်” တဲ ့..
မြန်မြန်ပင့်လို ့ရတတ်လားဗျာ…..စက်ဘီးနင်းတာမှ မဟုတ်တာနတ်ပင့်တာပါဆိုမှ ။
နတ်ဝင်ဘို ့နေနေသာသာနတ်လာအောင်ဘယ်စာနဲ ့ခေါ်ရမှန်းတောင်မသိတာ..
ဒါပေမယ့် စင်ပေါ်မှာ အခြေအနေက လုံးဝမကောင်းတော့ ပါးရိုက်ခံရဘို ့က ကိုယ်တစ်ယောက်ဘဲ ကျန်တော့တာဒါတောင် သပြေပန်းစည်းလေးကိုင်ပြီး စင်ပေါ်က ဌက်ပျောပင်လေးကိုကွယ်ပြီး ရပ်နေလို ့
ကိုယ့်ဘက်က ၃ကောင် ကျွေးလိုက်ရပြီ။ ပရိတ်သတ် ထောင်သောင်းရှေ ့မှာ ခေါင်းဆောင်မင်းသား ပါးရိုက်ခံရလို ့တော့ မဖြစ်။
သူတို ့က ပုဂ္ဂိုလ်စစ်တဲ ့…..
လာမလုပ်နဲ ့ ဘယ်နတ်ဝင်ဝင်တစ်ယောက်မှ မှတ်ပုံတင်ပါလာတာမဟုတ်ဘူး….။ ပါးစပ်ပြောဘဲရတာ..
စက္ကန် ့နဲ ့အမျှ စင်ပေါ်ဝဲယာမျက်စေ့ ကစားလိုက်တော့….တွေ ့ပြီ
နတ်အော်ပဒါကဘို ့ရွာတော်ရှင်အဘိုးကို ပင့်ဖိတ်ပြီး ဆက်ထားတဲ ့ရွာတော်ရှင်ဓါး….
ဌက်ကြီးတောင်ဓါးလိုဘဲ အရှည်ကြီးထိုင်းက ဝယ်လာတာတဲ ့..ဓါးသွားပေါ် ဆံပင် တင်ရင်တောင်ပြတ်ကျတယ်ဆိုဘဲ
ဆုံးဖြတ်ချက်ချပြီးတာနဲ ့ လွှားကနဲ ကန်တော့ပွဲတွေကို ခုန်ကျော်ပြီးကျနော် ဓါးကို ဆွဲယူပြီးမွှေ ့ကစားရင်း….
ဟိတ်” ဆိုအော်လိုက်ပြီး ပြန်ခုန်လိုက်တာ။ဦးအောင်ဇေယျနယ်သားတဲ့ ဟေ့
ကျနော်လှုပ်တာနဲ ့အောက်က ဆိုင်းဆရာတွေကနပ်တယ်နတ်ဆိုင်းကို မြူးနေအောင်တီးတော့တာ…..
ကိုယ့်ကို ဝိုင်းလာတဲ ့ကိုကြီးကျော် ၃ ယောက်လုံးကို ဓါးနဲ ့ကာပြီး ပါးကို အသားကုန် တစ်ဖြောင်းဖြောင်းနေအောင် တန်းစီပြီး ရိုက်ထည့်ပစ်တာ။ကျနော်ကဖြစ်ချင်ရာဖြစ် ရင်းလိုက်တာ….။ ။
၃ ကောင်ကျွေးပြီး ၃ကောင်ပြန်ရိုက် ၊ ကင်းကြီးဝင်တဲ ့အကွက်
ဟိုနတ်၃ပါးလဲ ဘယ်လိုဖြစ်လဲ မသိဘူးတုန်တုန်ရင်ရင်နဲ ့ကျနော့်ကို ဦးချပြီး စင်ပေါ်မှာဘဲ ခွေလဲ ကျသွားတာ
ဒါတောင်တစ်ယောက်က ကျနော့်ဒူးခေါင်းကို ဖက်ပြီးမှ ထွက်သွားတာ
ဒါတောင် ရှေ ့နောက်စိတ်မချလို ့ဓါးကို အသားကုန်မွှေ ့ပြီး ဌက်ပျောပင်တွေ ပါ အပိုင်းပိုင်းဆွဲခုတ်ပစ်သေးတာနောက်ကျောမလုံလို ့။ တော်ကြာနောက်ကပါတ်တက်လာရင် ဘယ့်နှယ့်လုပ်မလဲ….
အခြေအနေ အေးတယ်ထင်မှ ကိုယ်လဲ နန်န န် ့၊ နန်န ့န် ့လုပ်ပြီး ဟန်လေးလုပ်ကရဲတာ
အောက်က ပိုက်ဆံတွေ လာဆက်တာတောင် စိတ်ကမအေးလို ့လက်လေးနဲနဲတုန်ပြီး ခွေချပစ်လိုက်တာ….
ဆိုင်းကလဲ နတ်ပို ့ဆိုင်းလေးနဲ ့ပေါ့ဗျာ
ဇာတ်ရုံနောက်မှာတော့ မင်းသားငယ်၃ ယောက်နဲ ့ဇာတ်ဆရာ စကားတွေ များနေကြလေရဲ ့
အဲဒီညက အဖေ့ကို သတိတွေရပြီး ကျေးဇူးတင်လိုက်တာ
ညက ကျနော်သုံးလိုက်တာ ၃ ကောင်ကျွေးပြီး ကင်းကြီးဝင်တဲ ့အကွက်လေ
……….x……….
ဟိုး….ရခိုင်မှာ ဖြစ်ခဲ ့တာက ပိုဆိုးသေးတယ်..
ကျနော်တို ့အဖွဲ ့ကို ကြိုက်လို ့ အဲဒီမြို ့က ပြန်ဌားတာ ဒါရောဆို ၃ ခါ ရှိပြီ၉ ညပေါ့။ဒီတော့ ဇာတ်လမ်းတွေက ထပ်ပြိီပေါ့
ပြဇာတ်အသစ်ရေးရတာ၊ ပြဇာတ်တိုက်ရတာက ပင်ပန်းတယ်။ 
ဒီကြားထဲ အော်ပဒါ က စီစဉ်ရသေးတယ်။ ဒီညတော့ ဇာတ်ဆရာ အကြံပေးလို ့“ ပုပ္ပါးမယ်တော် သားနှစ်ဖော်”
တောင်ပြုန်းညီနောင် အော်ပဒါ ကဘို ့စီစဉ်တာပေါ့
ကျနော်က အဖြည့်သဘောနဲ ့ကိုဗျတ္တနေရာက ကမှာ..။ သူငယ်ချင်း ဇင်မက ပုပ္ပါးမယ်ဝဏ္ဏ..
လက်ထောက်မင်းသားငယ်ဖြစ်တဲ ့ နိုင်အောင်နဲ ့အောင်ဆန်းမင်းက တောင်ပြုံးညီနောင်ဖျဉ်းကြီး ဖျဉ်းလေး..
ကျနော့် တပည့်ကျော်ကြီး ( ပြဇာတ်တုန်းက ကြိုးဆွဲချတုန်း ကြိုးဖြုတ်မှားတဲ ့ကျေးဇူးရှင်) မောင်မောင်က မင်းကျန်ရစ်။( တစ်ချို ့က မင်းကျန်စစ်နဲ ့မှားတယ်) သူကလဲ ဘုန်းကြီးလူထွက်ဆိုတော့ စာစကားများများပြောနိုင်တယ်
ဒါတောင်သူက ဒီေနရာက မက ချင်ဘူးတောင်ပြုန်းမင်းနေရာဘဲ က“ချင်တယ် လုပ်သေးတာ။ ကျနော်က ဟို၂ ယောက်က ငယ်တယ်ခင်ဗျားက အသက်နဲနဲ ကြီးတယ်မင်းကျန်ရစ်နေရာက အခန် ့က” ဆိုတော့

 

ဂုန်း( လူကြမ်းဆန်ဆန်) နေရာမို ့ မကချင်ဘူးလုပ်နေတာ
မဟုတ်ပါဘူး….တစ်ကျပ်ဝန်….ဝန်နီက လူကြမ်းဝန်စိမ်းက နောက်လိုက်….မင်းကျန်ရစ်က ဇာတ်ပို ့ဘဲ ဆိုပြီး အတင်းရှင်းပြရတာ..
နောက်ဘယ်လိုမှ ငြင်းမရလို ့ကတာ။သူ ့အဖေကတော့ ကျရာနေရာက ကပေါ့လို ့ဝင်ပြောပေးတယ်။ကိုမောင့်အဖေက နှဲဆရာ သိပ်တော်တာနှဲ၂ လက်ကို ပါးစပ်ထဲမှာ တစ်ပြိုင်တည့်ထည့်မှုတ်နိုင်တယ်လက်တစ်ဖက် နှဲတစ်လက်ဘဲ။ ရွှေတံဆိပ်ရ
သူ ့ခေါင်းကတော့ အမြဲတန်း ကတုံးကို ပြောင်နေအောင်ရိတ်ထားတာ။ ပညာတတ်ပေမယ့် လူကပ်လူတတ်ဗျ..
ဒီလိုနဲ ့ ညရောက်တော့ က” ရော ဆိုပါတော့ ..ကိုယ်က အစပိုင်းဘဲ ပါတာလေကိုဗျတ္တ သေပြီးတော့ ကိုယ့်အခန်းပြီးပြီဆိုတော့အေးဆေးပေါ့။ ကျန်တာ သူတို ့ဆက်က မှာ
ကိုယ့်အခန်းမှာလဲ ဂစ်တာတီးတဲ ့ ဝိုင်းခေါင်းဆောင် ကိုရွှေမြိုင်နဲ ့ အတူကောင်မလေးတွေနဲ ့ကြူနေတာလေ….
ခဏနေတော့ ဇာတ်ဆရာ အခန်းထဲ ပြေးဝင်လာပြီး
ဝေ့သား၊ ကြည့်လုပ်ဦးဝေ့ဇာတ်စင်ပေါ်မှာ သတ်နေကုန်ရာ” ဆိုပြီး လာပြောပါရော….
ဘာဖြစ်တာလဲဦး
ဟို၂ယောက်ကတော့ ဟိုနတ် ၂ယောက်ဘဲမောင်မောင်က ဇာနတ်ဝင်လဲ မသိရာ…..ဟို မန်းသားချေတွေ သေဘို ့ရာ
သူရိုက်နေရာဝေ့”
စင်ပေါ်တက်ကြည့်တော့……
ဟာ….ဘာလဲ
ပုပ္ပါးမယ်တော်နဲ ့သား၂ပါးဘဲ ဝင်ကြွရမှာကိုမောင်က ဘာနတ်ဝင်လို ့တုန်ပြီး တောင်ပြုန်းညိနောင်ကို လှိမ့်ကန် လှိမ့်ရိုက်လုပ်နေတာလဲ။ ဟို၂ယောက်လဲ လိမ် ့နေတာဘဲ..။လွန်လွန်းတယ်ဗျာပါးနားရိုက်ပြီး လဲနေတဲ ့နိုင်အောင်ကို ရင်ဘတ် ဆောင့်နင်းနေတာ
ဒါနဲ ့ကိုယ်လဲ ကားလိပ်ကြားထဲကနေ…..
ဟေ့….ကိုမောင်..ဘာလုပ်နေတာလဲရပ်တော့” 
အံမယ် ကိုယ်တော်က ခေါင်းမှာလဲ ပဝါနီ ၊ ရင်ဘတ်မှာ ပုဝါစိမ်း၊ လက်မှာက လှံကြီးနဲ ့…..မျက်လုံးကြီး ပြူးပြီး ကျနော့်ကို လက်ညိုးထိုးပြီး လှမ်းအော်တယ်….
ငါကျန်စစ်သားနတ်ဟေ့” တဲ ့။

ကြားမကြားဘူးပေါင်ဗျာကျန်စစ်သားနတ်လို ့ပုဂံရာဇဝင် တုတ်ထမ်းပြီး ပြောရမယ်လို ့စာဆိုရှိပေမယ့် ၊ သူရဲကောင်းကျန်စစ်သား နတ်ဖြစ်သွားတယ်လို ့တစ်ခါမှ မကြားဘူးပါဘူး
တစ်ချက်စဉ်းစား ကြည့်လိုက်မှ အဖြေပေါ်တာ….။ ကျနော့်ကိုရွှီးလို ့ရမလားကိုမောင်ရယ်။
ခင်ဗျားဘုန်းကြီး လူထွက်ဖြစ်ပြီးနတ်သမိုင်းမှ မကျေတာ….။ ညနေကတည်းက တောင်ပြုန်းမင်းနေရာက မ က” ရလို ့ ခင်ဗျားတင်းပြီးပယ်ပယ်နယ်နယ် သမနေတာသိတာပေါ့….
ဒေါသကလဲထွက်လာတယ်။ ကိုယ်သင်မှ မင်းသားဖြစ်၊ ကိုယ်တင်မှ စင်ပေါ်ရောက်….
ကိုယ်ဇာတ်စီးပေးလို ့ဒီအော်ပဒါ ကရတာကိုယ့်ကို လာပါတ်နေသေးတယ်
လှေကြီးပေါ်မှာ လှေငယ်တင်၊ ဇာတ်ကြီးပေါ်မှာ ဇာတ်လေးလာထောင်တာ
ကိုရွှေမြိုင်လက်ထဲ မိုက်ခ် ထည့်ပေးပြီးမှာစရာရှိတာ..မှာရင်း….
ဟိတ်မင်းတို ့ပုဝါ စတွေ ငါ့ကို ပေးစမ်း ” နီးရာ ယိမ်းမင်းသမီးလေးတွေဆီက ပုဝါနှစ်စယူပြီး
တစ်စကို ရင်မှာစည်းတစ်စကို ခေါင်းမှာပတ်လို ့သံလျှက်ကိုဆွဲယူပြီးကိုရွှေမြိုင်ကို အချက်ပေးလိုက်တာနဲ ့
မိုး..းးးး” ဆိုတဲ ့အသံကို ဟိန်းနေအောင် အော်လိုက်တော့အောက်က ဆိုင်းဆရာတွေလဲ ယောင်တောင်ပေါင်တောင်နဲ ့နတ်ပင့်ဆိုင်းတီးတော့တာပေါ့သူတို ့လဲ နတ်တွေများပြီး အပေါ်မှာ တစ်ကယ်ဆော်နေလို ့လန် ့နေတာ….
မိုးးးးး ဆိုတာ ဇာတ်အထာနဲ ့ နတ်ပင့်ဆိုင်းတီးဘို ့အချက်ပေးတာ
နတ်ပင်းဆိုင်းဆုံးလို ့ပါတ်မကြီး တဗိန်းဗန်းတီးနေတုန်း………
အနော်ရထာ နတ်တဲ ့ဟေ့……………..” လို ့ကိုရွှေမြိုင်အော်တာနဲ ့

ကိုယ်လဲ တစ်ပါတ်ကျွမ်းပစ်ပြီး လွှားကနဲ ခုန်ဝင်သွားတော့ ကျန်စစ်သားနတ် ကြောင်ပြီး ကြည့်နေတုန်း….
သူ ့ရင်ဘတ်ကို ဖလိုင်းကစ်နဲ ့တွန်းကန် ကန်ပစ်လိုက်တာ ကျန်စစ်သားနတ် ကိုမောင် ဇာတ်စင်ထောင့် ကိုလွင့်ပြီး ခွေလဲသွားတာ
ကိုယ်ကလဲ ခြေမြန်လက်မြန် သူကျနေတဲ ့လှံကိုပါ ကောက်ယူပြီးသူ ့ရင်ဘတ်တက်နင်းရင်း
သားတော်ကျန်စစ်သားနတ်နန်းကို အမောင် ပြန်ဘို ့အချိန်ကျလေပြီ….ယခုပြန်လျှင်ပြန်မပြန်ရင် ခမည်းတော် ထပ်ပြီးဆုံးမ
ရတော့မယ်….” ဆိုမှ
အောင်မယ်ငိုမဲ ့ငိုမဲ့နဲ ့ကျန်စစ်သားနတ် ပြန်ကြွသွားတယ်ပေါ့လေတုန်တုန် တုန်တုန်နဲ ့ ကန်တော့ပြီး ခွေလှဲချလိုက်တာ
ကိုယ်လဲ မဆီမဆိုင်ပြီးတာနဲ ့ဘေးနားမှာ ခပ်ကြောက်ကြော်ရပ်ကြည့်နေတဲ ့ ပုပ္ပါးမယ်တော် ပုခုံးကို ဆွဲဖက်ပြီး…..
အနော်ရထာနတ်တဲ ့ဟေ့…..” လို ့အော်ရင်း ကားချဘို ့အချက်ပေးလိုက်ရတာ
ကိုယ်လဲ မြန်မြန်သိမ်းမှ။ နဲဆရာက မကြည်တဲ ့အကြည့်နဲ ့ကြည့်နေတာ သိတယ်
သူက ဆံပင်တစ်မွှေးမှ ရှိတာမဟုတ်။ ကတုံးကြီး..
သူသားက ကျန်စစ်သားနတ်ဆိုတော့ ကိုယ်က သူ ့ထက်ကြီးတဲ ့အနော်ရထာနဲ ့ဝင်သမ ထားတာ
ဇာတ်ထဲမှာကလဲ ဇာတ်သုံး သင်္ကန်းတွေ က ပေါပါဘသိနဲ ့….
တော်ကြာ…..
ရှင်အရဟံရဟန်းကြွလာတယ်ဆိုပြီး..ကိုယ့်ကို ပါးဝင်ရိုက်နေရင် ကိုယ်ခံရမှာ….
ပုဂံ ရာဇဝင်ကို ခေါင်တို ့က သိပြီးသားအဟေးးးဟေးးးး။
ပြဇာတ်ပြီးတော့ ကိုရွှေမြိုင်က ပြောတယ်
ဇော်မင်း..သမ လိုက်တာ နည်းနည်း အရှိန်များတယ်ကွမင်းလူ အခုထိခွေပြီး ငိုနေတုန်းဘဲ”
ကျနော်လဲ စိတ်မကောင်းပါဘူးမရည်ရွယ်ပါဘူး…”
သူ ့အဖေနဲဆရာ..မင်းကို တင်းနေတယ်..ဘယ်လိုပြောမလဲ”
အိုနတ်ဝင်သွားတာ..ကျနော်တောင်မသိလိုက်ဘူးဘဲ ပြောရမှာပေါ့…”
မင်းကလဲ…..အဘိုးကြီးက စာတတ်တယ်နော်အနော်ရထာနတ် လို ့မှ မရှိတာ”
ကျန်စစ်သားနတ်ရောကြားဘူးလို ့လား…”
အေးအဘိုးကြီးက မနက်ကျ စာရင်းရှင်းမယ် ပြောနေတယ်မင်းကြည့်လုပ်ဦး”
ရတယ်….သမိုင်းမှာဟာကွက်ရှိတယ် မပူနဲ ့ကဲလုပ်..ခဏနေ နှစ်ပါးသွားထွက်ရမှာ…”
……….
ထင်တဲ့အတိုင်းပါဘဲ မနက်မိုးလင်းလို ့မိတ်ကပ်ဖျက်ပြီိးတာနဲ ့နှဲဆရာက ဇာတ်ဆရာကို အစည်းအဝေး ခေါ်ပေးဘို ့လုပ်တော့တာ
တစ်ဖွဲ ့လုံး လူစုံပါဘဲ။အဓိက က ကျနော့်ကို တည်တာပေါ့….
နေပါဦးမင်းသားရဲ ့ညက အော်ပဒါကတော့.. နောက်ဆုံး ဝင်ကြွလာတာ အနော်ရထာနတ်လို ့ကြားလိုက်လို ့ပါ”
ဟုတ်ပါတယ်ဦး”
ကျုပ်ဇာတ်ထဲ လိုက်ပြီးနှဲမှုတ်လာတာ ကြာပြီခြေသလုံးကို တုတ်နဲ ့ရိုက်ရင်တောင် စည်တိုသံ ထွက်နေပြီအနော်ရထာနတ်လို ့တခါမှ မကြားဘူးပါဘူး….”
နတ်က သူ ့ဘာသာဝင်လာတာဗျ…”
ကျုပ်သိတာက အနော်ရထာဆိုတာ ပုဂံပြည်ကို ရှင်အရဟံ ကျေးဇူးနဲ ့သထုံကနေတစ်ဆင့် ဗုဒ္ဓဘာသာပြန် ့ပွားလာအောင်လုပ်ခဲ့တဲ့ဘုရင်ဘဲ…”
ဟုတ်တာပေါ့…”
ဘုရားတွေ ဆိုလည်း တည်ထားလိုက်တာလှည်းဝင်ရိုူးသံ တညံညံ ပုဂံဘုရားပေါင်း လို ့တောင် မှတ်သားရတာ မဟုတ်လား…”
မှန်တာပေါ့ ဦးရယ်…”
ဒီလောက် ဘုရားတွေ လက်ညိုးထိုးမလွဲ တည်ထားတဲ ့မင်းက အယူတိမ်းပြီး နတ်စိမ်း ဖြစ်နိုင်ပါ့မလား”
ဦးက ဘုရားတွေတည်တာဘဲ ကြည့်တာကိုး…..ဘုရားတည်တယ်ဆိုတာ သာသနာပြုခြင်း အစစ်အမှန်မဟုတ်ဘူး….ဘုရားသာသနာပြုတယ်ဆိုတာဘုရားစေတီတွေတည်တာနဲ ့မပြည့်စုံဘူး….နောက်ပြီး….အနော်ရထာမင်းကြီး သာသနာ
သန် ့ရှင်းတယ်ဆိုပြီး….တစ်ချို ့ကိုထောင်ချ နတ်တွေကို လှောင်ထား၊ နဲ ့မကျေနပ်သူတွေရှိခဲ ့တယ်..”
အင်း……”
ပုဂံခေတ်က ကျောက်စာတွေ အများကြီးဘဲကျန်စစ်သားရဲ ့သားဖြစ်တဲ ့ရာဇကုမာရ ကျောက်စာက အစ ရှိတယ်…”
အင်း…..”
ဒီနေ ့ခေတ်မှာ ဘုရင် မဟုတ်တဲ ့သာမန်အရပ်သားဖြစ်တဲ ့အနာဂမ် ဆရာသက်ကြီးတို ့ ၊ အနာဂမ် ဒေါ်ငွေဘုံတို ့ကိုတောင် ခုခေတ်
စာရေးဆရာတွေက စာအုပ်တွေ ရေးပြီးမှတ်တမ်းတင်ကြတယ်…”
အဲဒါနဲ ့ အနော်ရထာ ဘာဆိုင်လို ့တုန်း….”
ဆိုင်ပါသော်ကောဦးရယ်…..အနော်ရထာလောက် ဘုရားတွေ မတည်ပေမယ့် တရားကို တစ်ကယ်ကျင့်လို ့အနာဂမ်ဖြစ်သွားတာကို တိုင်းပြည်က အသိအမှတ်ပြုတယ်….”
အင်း..”
တိုင်းခန်းလှည့်ရင်းထီးချက်စောင့်နတ်က ကျွဲယောင်ဆောင်ပြီ်း ဝင်ခတ်လို ့ အနော်ရထာ ကျွဲခတ်ခံရပြီး အစိမ်းသေ သေခဲ ့တယ်
ဘုရားတွေ တည်ခဲ ့ပေမယ့်လို ့….ပုဂံတပြည်လုံးက ကျောက်စာတွေထဲမှာ အနော်ရထာ ဘုရင်ကြီး သောတာပန် ဖြစ်သွားတယ်လို ့များ ကြားဘူးလား…..အနာဂမ်ဖြစ်သွားတယ်လို ့များကြားဘူးလို ့လား…”
အင်းဒါတော့ မကြားမိပါဘူး…..”
သူသာဘုရားတွေတည်သလောက် တရားကျင့်ခဲ့ရင် ဗျာတစ်တိုင်းပြည်လုံးအုပ်ချုပ်နေတဲ ့ဘုရင်ကြီးဘဲတိုင်းသူပြည်သားက ကျောက်စာ မရေးဘဲ နေမတဲ ့လား…”
အင်းးးးးး”
ကျနော် ထင်တယ်တိုင်းခန်းလှည့်နေရင်းသူက ဘုရင်ကြီးဟေ့ ဆိုတဲ ့မောဟ ဝင်နေချိန်မှာ ကျွဲဝင်ခတ်လိုက်တော့တရားသတိရှိမှာ မဟုတ်ဘူးဒါကြောင့် အစိမ်းသေနဲ ့သေပြီး ညက နတ် အဖြစ် ဝင်ကြွလာတာ ဖြစ်နိုင်တယ်ဦးရဲ ့”
အေးပေါ့လေ……ဒါလဲ ဖြစ်လောက်ပါရဲ ့…”
ပြီးတာနဲ ့နှဲဆရာသားအဖလဲ ပါးစပ်က ပွစိပွစိနဲ ့တပ်ဆုတ်သွားရော
………………..
အစည်းအဝေးကတော့ အောင်မြင်စွာပြီးသွားပါပေါ့….။ သူကချည်လာတော့ ကိုယ်ကလဲ ပြန်ချုပ်ရတာပေါ့
အနော်ရထာကိုတော့ အားနာပါရဲ ့
တော်သေးတယ် ကိုယ်က စာဖတ်လို ့….
ဒါကြောင့် သမိုင်းဆရာကြီး ဒေါက်တာ ဦးသန်းထွန်းကပြောတာ
သမိုင်းသင်တာမအ အောင်….” တဲ ့..
ကျနော် လက်ခံတယ်ကျနော်တို ့က သမိုင်းလိမ်တွေကြားမှာ ကြီးခဲ ့ရတာရှေးက သမိုင်းတွေကိုး။။
ခုတော့ သမိုင်းက ပြောင်းလာပြီခေတ်က ပြောင်းလာပြီ
ကျနော်တို ့ ကလေးတွေ အလှည့်မှာ….သူတို ့တွေ မအ အောင် ၆၂ ခု သမိုင်းကနေ ဒီနေ ့သမိုင်းအထိ သေချာ ပြောပြသင့်တာ
ကလေးတွေ သမိုင်း မအ” ရအောင်ပေါ့
ဟိုတုန်းကတော့ နှဲဆရာ သားအဖရန်အတွက်အေးအောင် ပြောခဲ့ရတာ
အခု ဒီစာရေးနေရင်းမှ ပြန်တွေ းကြည့်နေတာ….
ဟုတ်တော့ဟုတ်သား…..
တိုင်းပြည်အုပ်ချုပ်ဘုရင်လုပ်ရင်း၊ ဘုရားတွေ တည်ခဲ့တဲ့ အနော်ရထာဘုရင်ကြီး…..
သောတာပန်ဖြစ်တယ်လဲမကြား….
နတ်ပြည်ရောက်တယ်လဲ မကြား….
ပြောရမယ်ဆို နောက်ပိုင်း သမိုင်းကို ပျောက်သွားတာ

 

အနော်ရထာဘုရင်တောင် ဒီလာက်လုပ်ရက်သားနဲ ့သောတာပန်တောင်မဖြစ်တာ

 

ဟင်းးးဟင်းးး

 

ဒင်းကြီးတစ်ယောက် ခုမှ စာအုပ်လေး ဖတ်ချင်ယောင်ဆောင်နေရုံလောက်နဲ ့ကတော့

 

..

 

မထင်။

 

ကျော်စွာခေါင်

 

30 comments

  • kai

    January 31, 2014 at 3:06 am

    ဘာတဲ့..

    ဒင်းကြီး…တစ်ယောက် ခုမှ စာအုပ်လေး ဖတ်ချင်ယောင်ဆောင်နေရုံလောက်နဲ ့ကတော့…
    ..
    မထင်။

    ကောင်းပါလေ့..
    ဆိုတော့..
    မြန်မာပြည်မယ် အခြေခံဥပဒေပြုခဲ့တာ… ၃ခုရှိတာမှာ.. ၂ခုဟာ.. ၁၄စည်းထဲဝင်တယ်ဗျ..
    1947 Constitution = 1948 to 1962 ( ၁၄နှစ်)
    1974 Constitution = 1974 to 1988 ( ၁၄နှစ်)
    2008 Constitution = 2008 to 2022? (OR) = 2004 to 2018?

    .. ဝိကီကိုးကားရရင်…
    http://en.wikipedia.org/wiki/Constitution_of_Burma
    ၁၉၆၂ မှာ ဘိုနေဝင်းအာဏာသိမ်းပြီး ဖျက်လိုက်တဲ့…. ၁၉၄ရ ခြေဥဟာ.. ၁၉၇၃မှာ အသစ်ပြန်ဆွဲတယ်..။
    ၁၁နှစ်ကြာတယ်..။
    ၁၉၈၈ မှာ ဘိုစောမောင် အာဏာသိမ်းပြီးဖျက်လိုက်တဲ့.. ၁၉၇၄ ခြေဥဟာ … ၁၉၉၃မှာ ပြန်ဆွဲဖို့လုပ်တယ်..။ ၁၉၉၆မှာ ဒီချုပ်ထွက်လိုပျက်တယ်..
    ၂၀၀၄မှာ ပြန်လုပ်တယ်..။ ၂၀၀၈မှာ အတည်ပြုတယ်…။

    ၂၀၀၈ ခြေဥမှာ ချွင်းချက်ရှိမလားတော့ မသိ..။
    သေချာတာကတော့… ဒီဘာသာရေး.. ဒီမိုး.. ဒီမြစ်.. ဒီလူတွေနဲ့.. ဖျက်ရ/ပျက်မှာပါပဲ..။

    စာဖတ်ပြီး လေကျားထိုးနေတဲ့… ဟိုပုဂ္ဂိုလ်သေရင်.. တခုခုဖြစ်မယ့်ပုံ..။

    ကိုရင်ခေါင့်စာနဲ့မဆိုင်ပါဘူး..” ဖြစ်နိုင်ခြေ… ဖြစ်နိုင်ခြေ”ရေးကြည့်နေတာ…. :mrgreen:
    ကိုရင့်စာနဲ့ဆိုင်တောရေးရရင်တော့…
    သောတာပန်.. ရဟန္တာ.. စတဲ့အရိယာအဆင့်တွေက.. သေပြီးမှသွားရတဲ့နေရာတွေလို့မယုံကြည်ပါဘူး..
    အသက်ရှင်သန်နေတဲ့ တလံမျှလောက်သော ခန္ဓာမှာတင်ရှိနေတာလို့… ယုံကြည်ပါကြောင်း.. :buu:

    • ကျော်စွာခေါင်

      February 1, 2014 at 1:37 am

      “ကိုရင့်စာနဲ့ဆိုင်တောရေးရရင်တော့…
      သောတာပန်.. ရဟန္တာ.. စတဲ့အရိယာအဆင့်တွေက.. သေပြီးမှသွားရတဲ့နေရာတွေလို့မယုံကြည်ပါဘူး..”


      မှန်ပါတယ် သူကြီးရေ…
      မသေခင် ကျင့်ကြံရမယ့် တရားတွေပါ…။ မသေခင်မှာဘဲ ကျင့်ကြံရင်း မဂ်သဘောအရ သိနိုင်ပြီး အေးငြိမ်းနေစေတဲ့ နယ်ပယ်ပါ..။

  • kyeemite

    January 31, 2014 at 8:47 am

    နတ်ပွဲ နှစ်ပွဲလုံး ဝင်သမတာတော့ မျက်စေ့ထဲတောင်မြင်လာပြီးပြုံးမိတယ် ဆြာခေါင်(အနော်ရထာနတ်)ရေ…
    😀
    အော်မေ့လို့…. ခုမှ စာအုပ်လေး ဖတ်ချင်ယောင်ဆောင်နေ တဲ့လူဂျီးရဲ့ “ဖြစ်နိုင်ခြေ” က အဝီစိပဲဗျ 😛

    • ကျော်စွာခေါင်

      February 1, 2014 at 1:46 am

      အကိုမိုက် ကသာ ဖတ်ရင်းပြုံးတာ…
      အဲ့အချိန်တုန်းက ကျနော်လဲ အမြန်စဉ်းစားပြီး အလုပ်သင့်ဆုံးလို ့ ဆုံးဖြတ်ပြီး လုပ်ရတာ..
      ကျောကတော့ မလုံတာ အမှန်ဘဲဗျ…
      ဟို နှဲဆရာတွေက မာန်အောင်းကျွန်းက လူမိုက်တွေဗျ.. နာမည်ကြီး…။
      ဟို နတ်၃ ယောက်လဲ ကိုယ်က ပိုကြမ်းမှ ရမှာမို ့ ဟိတ်သုံးလိုက်တာ.. စိတ်ထဲကတော့ တစ်ကယ့်ပုဂ္ဂိုလ်စစ်ဖြစ်နေရင်
      ကျနော့် အမှုက ကြီးတယ် ဗျ..
      ကိုယ်က ဒါးယောင်ပြပြီး ပါးဝင်ရိုက်တာ…
      ဟိုတစ်ယောက် ထွက်ကာနီး ကိုယ့်ဒူးကို( ခြေထောက်ကို) လာဖက်ပြီး တုန်နေတုန်းကဆို
      “ ငါ့များ ကုန်းကိုက်ဘို ့လား” တွေးပြီး သူ ့ခေါင်းကို လက်နဲ ့အတင်းဖိထားတာ…
      ဟုတ်တယ်လေ…နတ်တွေရော ကုန်းပြီး မကိုက်ဘူးလို ့ ပြောနိုင်တာမှ မဟုတ်တာ..

  • Shwe Ei

    January 31, 2014 at 9:37 am

    နတ်ဆိုတာနဲ့ အဝင်ကြမ်းတော့မယ်လို့ တထစ်ချစွဲလောက်အောင်ကို

    နတ်ဝင်သည်တွေကလဲ ကြမ်းတယ်နော် ..

    နတ်တွေက အစိမ်းသေလို့ ဒေါသကြီးကြတာဖစ်မယ်.. 🙄

    သောတာပန် အနာဂမ် ကိတ်စတော့ စာဖတ်ရုံနဲ့ နားမလည်နိုင်ဘူး

    ကျနော်တော့ ဇာတ်ပွဲဆို မိုးဝင်း မိုးမင်း ချမ်းသာ
    ဂလောက်ဘဲ သိတာ…
    ဒါပေသိ ဇာတ်မင်းသားတွေ ပြောတဲ့ ဇာတ်စကားတွေကို နားမလည်ပေမဲ့
    နားထောင်ကောင်းသလိုလိုရှိလို့ သဘောကျတယ်ဗျ 🙂

    • ကျော်စွာခေါင်

      February 1, 2014 at 1:52 am

      မရွှေအိ
      နတ်တော်တော်များများ ကြမ်းတယ်ဆိုတာတော့ ဟုတ်တယ်ဗျ…
      နောက်တစ်ခုက နတ်ဒိုး….
      အဲဒီ နတ်ဒိုးသံက သင်္ကြန်ဒိုး တို ့ လက်ဝှေ ့ ဗိန်းဗောင်းတို ့ထက် လူ ့စိတ်ကို ပိုကြွစေတယ် မအိ..။
      ဂီတကြောင့်လဲ ပါတယ်..။
      တစ်ချို ့လုပ်စားတွေ ကျတော့လည်း လူတွေကို ဖြဲခြောက်ချင်လို ့ ပိုကြမ်းပြတာ ရှိပါတယ်..
      ချွင်းချက်ကတော့ ဦးရှင်ကြီးနတ်က အသိမ်မွေ ့ဆုံးပါဘဲ..

  • ဦးဦးပါလေရာ

    January 31, 2014 at 11:07 am

    ကျုပ်လဲ ကျားကစားတာ အတော်ဝါသနာပါသဗျ…
    ဒါပေသိ ကိုကျော်စွာခေါင် လို လက်တွေ့အပလိုင်း မလုပ်တတ်သေးဘူး…
    :mrgreen:

    နတ်ကို ကန်တော့တာတော့ သရဏဂုံပျက်တယ်လို့ မထင်မိဘူး..
    တစ်စုံတစ်ခုကို-
    ကြောက်လို့
    ပျော်လို့(အပျော်သဘော၊ နောက်ပြောင်တဲ့သဘော)
    အကျိုးလို လို့
    ထုံးစံ အရမို့ ကန်တော့တာတွေကြောင့် သရဏဂုံ မပျက်ဘူးလို့ပဲ ဇွတ်ထင်ထားမိတယ်။
    ကိုးကွယ်ရာအဖြစ် ကန်တော့မှသာ သရဏဂုံ ပျက်တယ်လို့ထင်တာပါပဲ…။

    တနေ့ကတင် လသာဘုံကျောင်းမှာ အန်းကုန်းကြီးရယ် စစ်သူကြီးလိုလို သရဲမိစ္ဆာလိုလိုဟာတစ်ခုရယ်ကို
    အမွေးတိုင်ထွန်းပေးမိလိုက်သေးတယ်။
    အဲဒါကို ပျော်လို့ (လျှောက်လည်ရင်းလုပ်တာ) အထဲ ထည့်လိုက်တယ်လေ…။
    :mrgreen:

    • ကျော်စွာခေါင်

      February 1, 2014 at 1:58 am

      ကိုပါရေ..
      ကျနော် ကိုပါ့အယူအဆကို လက်ခံပါတယ်..
      ကိုးကွယ်တဲ့သဘော မဟုတ်ဘဲ အဘိုးအဘွားမိဘကို လက်အုပ်ချီ အသိအမှတ်ပြုတဲ့ သဘောမျိုးထားရင်
      ရနိုင်တယ်လို ့ နောက်ပိုင်းတွေးတတ်လာပါတယ်…။
      ဘုရားရှင်က သံသရာမှာ မတော်စပ်ဘူးတဲ့ ဆွေမျိုးမိဘ မရှိလို ့…ဟောခဲ့တော့..
      သူ ့ဘဝပေး မကောင်းလို ့ အစိမ်းဘဲသေသေ အကျက်ဘဲသေသေ…
      ကိုယ့်အဘိုးအဘွား မိဘ ဦးလေးအရွယ်တွေကို ဂါရဝ ပြုတာဘဲလေလို ့…သဘောထားလိုက်တာပါဘဲ..။

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 12:42 pm

    ဟီဟိ
    ဖတ်လိုက်ရတာ ပျော်စရာကြီး …
    အောက်က ကြည့်နေကြတဲ့ ပရိသတ်တွေကတော့
    ဘာမှ သိမှာမဟုတ်ဘူး
    အပေါ်မှာတော့ ဖိုက်တင် ပလေးနေကြပြီ …

    နတ်ကတယ် ဆိုမှ
    ငယ်ငယ်တုန်းက ရွာမှာ နတ်ကပြီဆို သွားကြည့်တယ်
    အဲ့ဒီတုန်းက နတ်ကတော် တစ်ယောက်က
    ဖလားခွက်ကြီးကို လက်ကလေးပေါ် တင်ထားရင်း အောက်ကို မှောက်ပြတယ်
    ဖလားခွက်က အောက်ကို ကျမသွားဘူးဗျာ
    လက်ကလေးမှာ ကပ်ရပ်လေးပဲ …
    အဲ့ဒီပြကွက်ကို အတော် သဘောကျခဲ့မိတာပေါ့ …
    ဒါနဲ့ သူ့လို လုပ်ကြည့်ရော … ရတာပဲ …
    :mrgreen:

    • ကျော်စွာခေါင်

      February 1, 2014 at 2:10 am

      ှSpeed…speed…
      အရှိန်ပေါ့ အံဇာရေ..
      သံကမ ္ဘာလုံး တစ်ဝက်ခြမ်းထားတဲ့အထဲမှာတောင် ဦးမောင်မောင် ဆပ်ကပ်က ဆိုင်ကယ်စီးပြခဲ့တာလေ…။
      ဒါပေမယ့် အံဇာတော်တယ်..
      လူတော်တော်များများက နတ်ပွဲကြည့်ပြိး အံ့ဩပေမယ့် အိမ်ပြန်ရောက်ရင် ကိုယ်တိုင်စမ်းမကြည့်ကြဘူး…
      နတ်တွေ အရက်ပုလင်းလိုက်မော့တယ် မမူးဘူးဆိုတာလဲ ဧကရာဇ်မြစ်ကို ပါးစောင်မှာ ငုံထားတာ..
      ကွင်းပိုင်ကြိးတို ့မဖဲဝါတို ့ဝင်ရင် အသားစိမ်းစားတယ်ဆိုတာ..
      အမဲသားကို ရှာလကာရည်နဲ ့ကြိုစိမ်ထားတာ ..အရောင်က အသားစိမ်းဘဲ အထဲမှာ ကျက်နေပြီ.. ၁၀၀% တော့ မကျက်ပါဘူး
      လူရှေ ့မှာသာ ဘာမှ မဖြစ်တာ နောက်ကွယ်မှာ အဲ့နတ်ကတော်တွေ ထိုးထိုးအန်တာဘဲ…

      ကချင်ပြည်နယ်ဘက်မှာဆို အရင်က ရေခဲသေတ္တာမရှိတော့ အသားစိမ်းတွေကို ယမ်းစိမ်းနဲ ့နယ်ပြီး ဝါးဆစ်ပိုင်းထဲထည့် အလုံပိတ်ထားပြီး သဲမြေမှာ မြှုပ်ထားကြတယ် ..လိုတော့မှ ဖော်စားတာ …မပုတ်မသိုးဘူး..အံ့ဇာ။

  • Crystalline

    January 31, 2014 at 1:59 pm

    အမှန်‌တိုင်‌း‌ပြောရရင်‌…ဒီပို့စ်‌မှာ ကွန်‌မင်‌့‌တွေပဲဖတ်‌ရပြီး စာ‌ရေးသူ‌ရေးထားတာကို‌
    ‌အောက်‌ဆုံးနာမည်‌ပဲ‌တွေ့ရတယ်‌…ဖုန်‌းနဲ့ဖတ်‌ကျိတာ..တတ်‌ကျွမ်‌းနားလည်‌သူများကူညီကြပါ 🙁

    • အဘရဟူဒီ

      January 31, 2014 at 2:03 pm

      ပန်းသီး ဝယ်လိုက်ပါ

      😛

      • ကျော်စွာခေါင်

        February 1, 2014 at 2:12 am

        ဂီတို ့များ…
        အိုသွားမှ ပိုပြိး တော်လာလိုက်တာ….။

  • Crystalline

    January 31, 2014 at 2:45 pm

    ကွန်ပူတာနဲ့မှဖတ်ရသွားတယ်.. ဇာတ်ပွဲတွေနတ်ပွဲတွေတခါမှမကြည့်ဖူးလို့ ဘာမှန်းကိုမသိတာ.. ဦးခေါင်ရေးတော့မှတော်တော်လေးတီးမိခေါက်မိသွားတယ်.. ကိုယ်တွေငယ်ငယ်က ခံယူတတ်ပုံကတော့ အသက်၁ဝနှစ်ကျော်ကြီးတဲ့ အစ်ကိုရင်းတွေနဲ့ကျားကစား.. ကိုယ်ကရှုံးတော့မယ်ဆို ဂျကုန်ကစားမှာနော်ပြော.. သူတို့ကကိုယ့်လောက်တော့အသာလေးပေါ့.. သူတို့အသာစီးပြန်ရသွားရင် ဂျနိုင်ကစားမှာနော်ဆိုပြီးညစ်တွန်းနည်းနဲ့ပဲကစားခဲ့တာ.. :mrgreenn:

    • ဦးကြောင်ကြီး

      February 1, 2014 at 1:31 am

      ဒါဆို ခွစ်လေးနဲ့ ဦးကြောင် နပန်းလုံးတမ်း ဆော့ချင်တယ်.. ခွစ်လေး အမြဲနိုင်စေ့မယ်.. ဘိုလဲပေါ..

      • ကျော်စွာခေါင်

        February 1, 2014 at 2:17 am

        ကိုကြောင်တို ့များးးး
        လှိုင်းလာမှဘဲ ပေါ်လာတော့ဒယ်..
        အပျောက်ကို မခံတာနော်…ထပ်ချပ်ဘဲ.. း)

    • ကျော်စွာခေါင်

      February 1, 2014 at 2:15 am

      တူတူဘဲ လှိုင်းရေ..
      အဖေနဲ ့ကျားကစားရင် ကိုယ်တွေ အမြဲရှုံးတာ…
      ကိုယ်နဲ ့ ကိုယ့်အကိုကျားထိုးနေတုန်း အဖေက ဘက်လိုက်ပြိး သူ ့သားဘက်က ဝင်ပြောလို ့ကိုယ် ရှုံးခြေမြင်ရင် ငိုချင်တာ ဘဲသိတယ်..။

  • KZ

    January 31, 2014 at 6:29 pm

    မနက်စောစော ဖတ်ပြီး ရီလိုက်ရလို့ ။
    အတွေ့အကြုံတွေ ကို အိုင် မသွားအောင် ရေးတတ်တာကို ကြိုက်တယ်။
    အကြောင်းအရာမျိုးစုံ ကို မထပ်အောင် ရေးနိုင်တာကို ကြိုက်တယ်။
    ပေးချင်တဲ့ မတ်စိ (message)ကို ခပ်ပါးပါးထည့်ရေးတာကို ကြိုက်တယ်။

    နောက်……………..
    ………….

    အင်းး ……………
    ……………

    ဒီလောက်ပါပဲ။

    😀

    • ကျော်စွာခေါင်

      February 1, 2014 at 2:20 am

      မျက်မျန်ကြီးတပ်ပြီး လူကို လိုက်မြှောက်နေတာဗဲ…
      ….
      ….
      ဘာဟင်းချက်တုန်းးးးးး မ ကေဇီ။

  • နတ်တွေ၊ဘိုးတော်တွေ ဘာမှမကိုးကွယ်ပေမယ့်
    နတ်ဝင်တာတော့မြင်ဖူးတယ်
    ငယ်ငယ်က ဘဘဆန်စက်က လူယုံအဒေါ်ကြီးက ဆန်စက်မှာထိုင်ပြီးဆေးလိပ်သောက်နေရင်းက
    နတ်စင်က ဆိုင်းသံဗုံသံတွေကြားပြီး တဖြည်းဖြည်းနဲ့ထက နောက်ပိုင်းလမ်းပေါ်ပြေးထွက်သွားတာ
    နတ်ပွဲထဲအထိရောက်ရော။ဟိုထဲရောက်တော့ နတ်ကတော်တွေကပုဝါတွေဘာတွေပေါင်းပေး စည်းပေးတာပေါ့။အဒေါ်ကြီးလဲကနေလိုက်တာ ဖတ်ဖတ်မော။
    ပြီးလည်းပြီးရော ရှက်လို့တဲ့ ပြန်ပြောတိုင်းရှက်နေတာမှ။

    • ကျော်စွာခေါင်

      February 1, 2014 at 2:22 am

      မနန်းရေ..
      အဲဒါကတော့ ကိုယ်တွေ ဘဲ..
      ကိုယ့်ရဲ ့ပင်ကိုယ် အသိစိတ်ကို တစ်ခြားသောနာမ်အသိစိတ်တစ်ခုက ကပ်နိုင်ခွာနိုင်တဲ့သဘောက တော်တော် အံ့ဩစရာ ကောင်းတယ်…။

  • ဝင့်ပြုံးမြင့်

    February 1, 2014 at 12:54 am

    ရှယ်ပဲ။ ရီလိုက်ရတာ။
    ဒါပေမယ့် ဟိုလူကြီးကတော့ အရမ်းတော်တာပါနော်။ အနိုင်နဲ့ပိုင်းသွားတယ် မထင်ဘူးလား။ သူ့ကို ရှုံးတဲ့လူက သန်း ၆ဝနီးပါး ။ ကိုယ်လည်း အပါအဝင်။ ကလောင်ကလေးတစ်လက်တောင် ဒေါ်လာ ၆သိန်း မတန်သေးဘူး ဟီး ။

  • ကျော်စွာခေါင်

    February 1, 2014 at 2:28 am

    မျှစ်ကြော်..(မပြုံး)
    မထင်နဲ ့နော်…
    အိမ်ခြေယာခြေမဲ့နေတဲ ့ ကိုယ်မကောင်းတဲ ့ ယာစကာတစ်ယောက်တောင် နေ့ည ဘယ်အချိန်ဖြစ်ဖြစ် လူကြားကို သွားရဲတယ်…
    သူ ့ခမြာ…..

    ……
    သန်း၆ဝကို သူနိုင်တာ မဟုတ်ပါဘူး….
    မျိုးဆက်၆ဝလောက် သူရှုံးသွားတာ…။


    ( စကားမစပ်…ခင်လို ့သာ မျှစ်ကြော်လို ့ ခေါ်နေမိတာ… တစ်ကယ်တမ်းကျ မျှစ်ကြော်က နာမည်ကြီး စာရေးဆရာမဘဲ..
    မျှစ်ကြော်ရဲ ့စာအုပ်တွေ ဖတ်ချင်တယ်..)

  • ဒညင်းဝက်

    February 4, 2014 at 1:37 pm

    ကျနော်တို ့က သမိုင်းလိမ်တွေကြားမှာ ကြီးခဲ ့ရတာ….

    တဲ့…. သမိုင်းလိမ်ဆိုတဲ ့ စကားလုံးလေးကို..သေချာဆက်တွေးကြည့်တော့မယ်…

  • Ma Ma

    February 4, 2014 at 6:48 pm

    ရာဇဝင်နဲ့ချီပြီး ဖြစ်နိုင်ခြေကို တွက်ပြလိုက်တော့…….. :kwi:

  • kai

    February 5, 2014 at 4:49 am

    ဖြစ်နိုင်ခြေတခုတွေးမိလို့…
    အခုလို လိပ်ခဲတည်းလည်းဖြစ်နေတဲ့ခြေဥကိစ္စဟာ.. တပ်မတော်အာဏာသိမ်းတာနဲ့…ပြတ်သွားမလားပဲ..။

    ပြင်လို့မရအောင်ဆွဲထားတဲ့ ခြေဥကိုပြင်ချင်ရင်.. အာဏာသိမ်းပြီင်္းဖျက်… အသစ်ကပြန်စမှရလိ်မ့်မယ်..။
    ဒေါ်စုက.. ကာချုပ်ဆီအကူအညီတောင်းသင့်တယ်..။

    ဆိုတော့..
    ၁) ဦးသိန်းစိန် ပြန်တက်ရင်.. ဒေါ်စုအာဏာမရ.. ဒေါ်စုအာဏာမရရင်.. အနောက်နိုင်ငံတွေ ဆာယိုနာရ
    ၂) ဦးရွှေမန်း သမ္မတဖြစ်ရင်.. ဘိုခင်ညွှန်နဲ့ပြန်ပေါင်းထုတ်..။ အခုစာဖတ်နေသူကြီးနဲ့ ဆွေစဉ်မျိုးဆက် လက်စားချေခံရ..
    ၃) ဒေါ်စုသမ္မတဖြစ်ရင်.. အနောက်နိုင်ငံတွေရင်းနှီးမြုတ်နှံမှုတက်..။ စာဖတ်နေသူကြီးနဲ့ဆွေစဉ်မျိုးဆက်ဘဝ လွတ်ငြိမ်းချမ်းသာရာရ..။

    Win-Win လိုချင်ရင်.. တိုင်းပြည်က… ၃ ဖြစ်မှ ရမယ်..။ :mrgreen:

  • Paing Lay

    February 5, 2014 at 4:29 pm

    သမိုင်းကို တလွဲနားလည်ရင် ရှုးမယ်တဲ့………အခုတော့လဲ……….:kwi:

  • kai

    February 19, 2014 at 4:48 am

    မြန်မာတွေ နတ်တွေကို.. သူများဆီကခိုးထားတာမှာ…
    ၃ရမင်းဆိုတာ.. ဟိန္ဒူနတ်တွေကို.. မြန်မာအမည်ပြောင်းထားတာတဲ့..။ (ဟိန္ဒူနတ်တွေ ပိုသိသူ ရှိရင်.. စာရင်းတွက်ပြပါ)
    အဲဒီကနေအရှိန်လွန်ပြီး.. မင်းအနော်ရထာက.. နိုင်ငံရေးနဲ့ဆွဲလှည့်ရင်း အရက်သမား..။ လူသတ်သမား..။ အရူး..အနူ..အသေဆိုးသမား..စသဖြင့်ထပ်တိုးလိုက်ကြတာ..
    အပြင်၃ရမင်းထပ်ရတယ်ဆိုပဲ..
    အတွင်း၃၇..အပြင်၃ရပေါ့..။
    ကြားပေါက်နတ်တွေလည်းရှိသေး..။

    အဲဒါ.. အင်ပို့နတ်တွေတော်တော်များဆိုတာမို့… ကိုယ်ပိုင်နတ်အသစ်ကလေးများမလုပ်ချင်ကြဖူးလားရယ်လို့…
    မေးချင်ကြောင်း..
    မှတ်ချက်။။ နတ် (Nut) :mrgreen: “ဦးဦးကြောက်ကြောက်”

  • ရဲစည်

    February 19, 2014 at 11:23 am

    ဝင်းမော်ဦးနတ်
    ဖုန်းမော်နတ်
    ၂၀၀ရ ဂျပန်နတ်
    သေနတ်သံနဲ့ ဒီမိုကရေစီဒိုးကို Remix လုပ်ပီး ပင့်ကြည့်မယ်။
    ဘာရယ်မဟုတ် သဂျီးက နတ်အသစ်လိုချင်တယ်ဆိုလို့
    😛

  • Mr. MarGa

    February 19, 2014 at 11:37 am

    အွမ်….. ဖတ်ပြီး မန့်ဖို့ကျော်သွားတဲ့စာပါလား
    ဖြစ်နိုင်ချေတွေ ချတွက်ရင်တော….
    ဆုံးမှာမဟုတ် :mrgreenn:

Leave a Reply