နွေဦး

marblecommetJanuary 31, 20141min1175

နံနက်

စက္ကူပန်းပွင့် ထောင့်စွန်းလေးမှာ

ငါ့…ကိုယ်ခံအား ရပ်တည်နေပုံက

မယုံနိုင်ဖွယ်…

ဟောဒီ အပူပိုင်းစိုစွတ် အိပ်မက်ထဲ

မျှော်လင့်ငွေ့ရည်ဖွဲ့နေတဲ့

မြစ်ကလေးရယ်

ငါ့ အသက်ဓာတ်နဲ့(သာ)တိုးလျဝပ်စင်းပါ…။

တံလျှပ်တွေနဲ့ ကခုန်ဖို့

နောက်ဆုံးပေါ် အနုပညာနဲ့

ရဲရင့်လှိုက်ဖိုနေတဲ့ ပွဲတော်တွေကလည်း

ရိုးပြတ်ရနံ့ကို တိတ်တခိုး ရှိုက်ငင်လို့

မခွဲနိုင်ဘဲ စိတ်ကြီးဝင်မိပုံများ

ပြောပါတယ်…

သူ့… တောတန်းလေးမှာပဲ

အကြိမ်ကြိမ် သူငယ်နာပြန်လို့…။

အစကတည်းက

ဗိုင်းကောင်းကျောက်ဖိ ရင်ခုန်သံကို

မညာစကောင်းပါဘူးကွယ်…။

ပေါ်ဦးပေါ်ဖျားအနမ်းနဲ့

လရောင်ပေါက်ဖွားရာ

ညနေကြယ်ဟာ

လိပ်ပြာနဲ့ အနုမြူလင်္ကာပန်းကို

ပထမဆုံး ဝတ်မှုန်ကူးခဲ့သူပဲ…။

တကယ်တော့

ကမ္ဘာကြီးရဲ့ မပြီးဆုံးသေးတဲ့

ရှေးဟောင်းနှောင်းဖြစ် ပြန်တမ်းမှာ

ခမ်းနားလွန်းတဲ့ အညတြတွေဟာ

အဲဒီ အာရုဏ်ဦးတွေထက်

ကြိုလှနေခဲ့တယ်ဆိုတာ

ဒီ အပျိုစင်ကလေး

ကောင်းကောင်း သိတာပေါ့…။ ။

ကမ်းဝေး

30 . 1 . 2014

ကြာသပတေး

ည 11း40

5 comments

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 12:19 pm

    မသိပါဘူးဗျာ
    နွေဦး ဆိုလို့
    ရွာထဲက ဥနွေဦးကြီးအကြောင်းများ ရေးတာလားလို့ ..
    နွေဦး ကဗျာ ကိုးးး ဟီးး

  • Shwe Ei

    January 31, 2014 at 12:34 pm

    နွေဦး

    သစ်ရွက်ကြွေနဲ့စိတ်ကူး

    ငါရူးသွားလိမ့်မယ်

    မနေ့ကလိုဘဲ ဒီအတိတ်ဟာပူလောင်ဆဲ

    ဥဩငှက်သံကြားမှာ နင့်ကိုငါလွမ်းတယ်

  • kyeemite

    January 31, 2014 at 2:00 pm

    ဂွတ်တယ်ဆြာကမ်းရေ့…တစ်နေ့ ဆုံပြီး ရွတ်ကြအုံးစို့

  • ဒညင်းဝက်

    February 4, 2014 at 1:36 pm

    ပေါ်ဦးပေါ်ဖျားအနမ်း
    ဆိုတာလေးမှာ…ဖျားသွားပါတယ်…

  • အရိပ်စစ်

    February 4, 2014 at 11:19 pm

    မိုက်ခ်တယ်ဟ……

Leave a Reply