၈ကျီးခိုးပါရဲ့ မောင်ဂီ.. ငါနဲ့ဂါးဂါးလေးအကြား ဝင်ခလောက် မဆန်ပါနဲ့။ ရေတယောက်ထဲချိုးရင် ကျားကိုက် တတ်တယ်ဆိုလို့ ဂျာပွန်မလေး အေးမိစံ ရေချိုးခန်းကို ပို့ခဲ့ပြီးပြီ၊ မိုမိုကို အနှိပ်ခန်းမှာလည်း ငါ့နာမည်နဲ့ဘီလ် ဖွင့်ပြီး ဆိတ်ကြိုက် ဇိမ်ခံခွင့်ပေးခဲ့ဒယ်.. ဒါလဲ မကျေနပ်သေးဘူးလား။ မင်းကို ဟိုက စွတ်စပ်အထင်ကြီးနေဒါ.. တယ်လေငါ မပြောလိုက်ချဉ်ဗူး..။ မိန်းမရှုပ် ဆေးသမား ခွက်ပုန်း လမ်းသရဲ ဖိုးတွမ်တီး.. အဲဒီဂုဏ်ပုပ်တွေထဲက တခုပဲ ရွေးထုတ်ပြလိုက်.. ကောင်မလေး မင်းကို တသက် မကြည့်ချဉ်လောက်အောင် မုန်းသွားမှာ။ ဒါတွေငါ ပြောနေရတာ ကောင်မလေး နောင်ရေး ရင်လေးလွန်းလို့.. သွေးမတော် သားမစပ်ပေမဲ့ မွေးစားသာမီးလေး တယောက်လို နှမြောလွန်းလို့ ဘဲဥကြီး ကျီးကန်းချီမှာ အမြင်မတော်လွန်းလို့ပါကွာ။ မင်းအတွက် ဂါးလေးဟာ ၁၀၁ယောက် ခြစ်သူဆိုပေမဲ့ သူ့အတွက်တော့ တကြိမ်မှာ တယောက်ပဲ ဖြစ်ခွင့်ရှိတဲ့ ခြစ်ဦးသူ တဗွင့်ထဲသော ပန်းကွ။ နှမသားဂျင်း ကိုယ်ဂျင်းစာဒက်ရင် ခုပြောတာ မင်းနားလည်ကောင်းပါရဲ့။ ဂါးဂါး ဆိတ်ညစ်သွားမှာစိုးလို့ ရှေ့မှာဟန်ဆောင် နောက်ပြောင်နေပေမဲ့ ငါ့ရင်ထဲ မီးလောင်နေပီ။ ထိုင်ဝမ် သဇင်ပန်းသည် ပင်မြင့်ထက်မှာ တင့်တယ်သလို ဖြူဖြူဖွေးဖွေး ရေဆေးငါးဂီးဟာလည်း ကြောင်နဲ့ပဲ ထိုက်တန်ပါတယ်ကွာ..။ ကြောင်ပုဇွန်ဝါး ကြွပ်ကြွပ်ဝါး ဆိုဒဲ့တိုင်း ဂါးရှေ့ရေးတွက် ငါ့လောက်ဘယ်သူ စေ့စပ်သေချာနိုင်မလဲ။ မင်းသိဖို့ကောင်းဒယ် ဂီ..

ဘာမဆို ဖြစ်နိုင်ဒယ် မောင်ဂီ

ဘာမဆို ဖြစ်နိုင်ဒယ် မောင်ဂီ

ဂါးဂါးဟာ ကစားစရာအရုပ် မဟုတ်ဘူး..၊ ဖဆပလ မဆလ နဝတ နအဖ အစိုးရအဆက်ဆက် လက်နက်ကိုင် ပုန်ကန်တိုက်လာတဲ့ ကော်သူးလေ နိုင်ငံဒေါ်ဂျီးရဲ့ ပက်ကညော ကေအန်ယူ သဗုံမကွ..။ အမ်၁၆ မောင်းပြန် ရိုင်ဖယ်ကို ညာဖက် အာပီဂျီလောင်ချာ ဘယ်ဖက်မှာကိုင်ပြီး လက်ပစ်ဗုံးခါးပတ် စလွယ်သိုင်းထားတဲ့ဓာတ်ပုံ မင်းမတွေ့ဖူးသေးလို့ပါကွာ..။ မဲဆာက်က ခလေးတွေဆို ငါ့ ပြန်တိုင်တယ်၊ စားရတာနဲ့ နားငြီးတာ မကာမိတဲ့။ ကျောပူတာသာခံမယ် နားပူတာ မခံနိုင်ဆိုတဲ့ စကားပုံထဲက ယောက်ျားလိုမျိုး မင်း မခံစားရစေဂျင်ဗူး။ မနုဿ ဒုလ္လဘ ရခဲလှတဲ့လုဘွ သဗုံနဲ့ရလို့ ယူဂျီဖြစ်သွားရင် ထောက်လှမ်းရေး စောင့်ကြည့်မှတ်တမ်း ဝင်သွားမယ်၊  ဓာတ်ပုံဆြာဂေါင်း ဂရပ်ဖစ် ဒီဇိုင်းနာဂေါင်း လိုနေတဲ့ အနာဂါတ် မြန်တျန့်ပွန်းမူဗွီ လောကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်မယ်။ ဖြစ်ချဉ်ဒါထက် ဖြစ်သင့်တာ ဦးစားပေး ဆုံးဖြတ်ပါလို့ စေတနှာရှေ့ထား အကြံပြုလျက်…

(သစ်ဆာရှိ သငယ်ဂျင်းဂေါင်း ကကြောင်)

မှတ်ချက်။ အမ်တီနိုဗွီဂျီး ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကတ်ပြီး ရွှေဘုံသာလမ်း မာမွတ်ခိုမ် အရုပ်ဆိုင်က ရဟတ်ယာဉ် ပုံကြီးချဲ့ နောက်ခံဘက်ဂရောင်း ပဲပေးဓာတ်ပုံ ရိုက်ထားတဲ့ပို့စ်လို စာတပုဒ် ဖြစ်ရင်ပြီးရော ရေးတယ်တော့ မထင်ပါနဲ့နော်..။ ဘော်ဒါဂျီး အရွယ်စုံ ဆိုက်ဒ်စုံ ခြစ်သဲတုံ ဖွဘွတ်မှာ ခုနှစ်သံချီ ဟစ်အော်သောင်းဂျန်းသလို ဆက်မခံစားနိုင်တော့လို့ ရင်ဖွင့်လိုက်တာ။

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး