ချက်ကော့ကြီးချယ်နယ်လ်မှ နွေရာသီအတွက် အထူးထုတ်လွှင့်တင်ပြချက်

မိဘပြည်သူများခင်ဗျား အခုဆိုရင် ဘာလိုလိုနဲ့ နွေရာသီရောက်တော့မှာ ဖြစ်သည့်အတွက် လူကြီးမင်း
တို့ ဧ။် ကျန်းမာရေးအတွက် သိသင့် သိထိုက်တာလေးများ၊နွေရာသီတွင် ဆောင်ရန်ရှောင်ရန်များနှင့်
ပတ်သတ်ပြီး ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်သော ချက်ကော့ကြီး ချန်နယ်လ်မှ
ထုတ်လွှင့်တင်ပြလိုပါတယ်။

နွေရာသီဟာ အိုက်ပါတယ်ခင်ဗျာ။ ပြီးတော့ ပူပါတယ်။ လမ်းများများလျှောက်ရင် ချွေးထွက်ပြီး
ရေဆာလာပါမယ်။ ရေများများသောက်ပြီးရင်တော့ ရှုပေါက်ချင်လာပါမယ်။ ဒါတွေဟာ နွေရာသီရောက်ကြောင်း ပြတဲ့ လက္ခဏာတွေပါ။

ယခင်ဆောင်းရာသီမှာ ၀တ်ဆင်ခဲ့တဲ့ဂျာကင်တွေ၊ စောင်တွေ၊ အနွေးထည်တွေကို သိမ်းချင်လည်း သိမ်းပါ။ မသိမ်းချင်လည်း လွှင့်ပစ်လိုက်ပါ။အဟောင်းဈေးနဲ့ ရောင်းချင်ရင်လည်း ကိုယ့်ဟာကိုယ်စုံစမ်းပြီး ရောင်းကြပါလို့ အကြံပေးလိုပါတယ်။

နွေရာသီဟာ အပူရှိန်မြင့်မားတဲ့အတွက် နေပူထဲထွက်သည့်အခါ ကတ္တရာလမ်းမအပူဒဏ်ခံနိုင်အောင်
ခုံဖိနပ်စီးပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလုံအလောက်ကာကွယ်နိုင်ရန် ပီစီအိုဖုန်းဆိုင်များတွင်
ထားရှိတတ်သည့် ထီးအကြီးကို ဆောင်းပါလို့ ပြောချင်ပါတယ်။

မျက်နှာအသားအရေကိုလည်း နေရောင်ခြည် ဒဏ်အလွယ်တကူ မခံရစေရန် မြန်မာရုပ်ရှင်ကားများတွင်
အသုံးပြုသည် ဓားပြစွပ်သည့်မျက်နှာဖုံးသော်လည်းကောင်း၊ ပွဲဈေးတန်းတွင် အလွယ်တကူဝယ်ရ်ျရနိုင်သော အရုပ်မျက်နှာဖုံးများသော်လည်းကောင်း အသုံးပြုသင့်ပါသည်။

ရာသီမှာ အဖြစ်များတာကတော့ မိတ်ပေါက်တာတို့ ၊ ချွေးအအေးပတ်ပြီး ဖျားနာတာတွေပဲ ဖြစ်ပါတယ်။ဒီ့အတွက်လည်း စိတ်မပူပါနဲ့ ။ မိတ်ပေါက်ရင် မိတ်ဖောက်ပေးရပါမယ်။မီးပူပူမှာ သံယောင်းမတစ်ခုကို ကပ်ပြီး အပူပေးပါ။ ပြီးရင် ထိုသံယောင်းမနဲ့ မိတ်ဖောက်လိုက်ပါ။ ဖောက်ပြီးရင် သွားတိုက်ဆေးသော်
လည်းကောင်း ခရမ်းချဉ်သီးသော်လည်းကောင်း အုံလိုက်ပါ။ ဒါဆိုရင် အေးအေးဆေးဆေးပါပဲ မိတ်ဖောက်ခြင်း လုပ်ငန်းပြီးဆုံးသွားပါပြီ။

ချွေးအအေးပတ်ပြီး ဖျားနာတာကြောင့်လည်း စိတ်မပျက်ပါနဲ့ ။ ချွေးအအေးမပတ်ဘဲ အပူပတ်အောင်
ပြောင်းလဲပစ်လို့ ရပါတယ်။ နွေရာသီဖြစ်ပေမယ့် ချွေးအအေးပတ်နေသူတစ်ယောက်ကို ဂွမ်းစောင်ထူထူ၃ထည်လောက်ခြုံပေးကာ အနီးအနားတွင် မီးဖိုရှိပါစေ။၂နာရီခန့် ကြာမြင့်ပြီးနောက်
ချွေးများ ရွှဲရွှဲစိုကာ ရောဂါပျောက်ချင်လည်းပျောက်ပါမည်။ မပျောက်ပါက အအေးပတ်ခြင်းမှ အပူပတ်ခြင်းသို့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနောက်မှာတော့ အနီးအနားရှိ ဆေးပေးခန်းသို့ လျင်မြန်စွာ
သွားရောက်နိုင်ပြီ ဖြစ်ပါတယ်။

အခုတင်ပြမှာကတော့ နောက်ဆုံးအချက်ပဲဖြစ်ပြီး ဒီဟာလေးနဲ့ ဒီနေ့ အစီအစဉ်ကို အဆုံးသတ်လိုက်ချင်ပါတယ်။

နွေရာသီဟာ ပူလောင်တဲ့အတွက် ချွေးထွက်များပြီး ချွေးစိုခြင်းကြောင့် တစ်နေ့ ကိုမကြာခဏဆိုသလို အင်္ကျီလဲလှယ်ပေးရပါတယ်။ လျှော်ဖို့ အပုံလိုက်ဖြစ်တတ်သောကြောင့် မမြင်ချင်လောက်အောင် စိတ်ညစ်သူများအနေဖြင့် အလျင်မြန်ဆုံးနည်းကတော့ဝတ်ပြီးသားအင်္ကျီများကို အဆင်ပြေသောမြေလွတ်မြေရိုင်းများတွင် ကျင်းတူးပြီး မြုပ်ပစ်လိုက်ပါ။အလျင်မြန်ဆုံးဖြင့် ပျောက်ကွယ်သွားတာကို အံ့သြဖွယ်ရာတွေ့ ရှိရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့အခုလို ချက်ကော့ကြီးချယ်နယ်လ်ကို အားပေးကြည့်ရှူသူများကို ကျွန်တော်များအနေနဲ့ 
ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်များ ချယ်နယ်လ်နာမည်အတိုင်းပဲ လူကြီးမင်းတို့ လည်း ချက်ကော့ကာ အပြတ်ဆော့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျား။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)