Gardens By the Bay – အပိုင်း (၁)

ဇီဇီFebruary 5, 201415min30021

 

Gardens By the Bay ဒီပုံကိုတော့ အင်တာနက်မှ ရှာသည်။
Gardens By the Bay
ဒီပုံကိုတော့ အင်တာနက်မှ ရှာသည်။

ကဲ။

ဒီတစ်ပတ်တော့ စလုံးက ဘဘလီတို့ အင်မတန် လက်မထောင်ရတဲ့ နေရာတစ်ခုကိုသွားခဲ့တာကိုပြောပြမယ်။

စလုံးကို Garden City ကနေ City in the Garden အဖြစ်ပြောင်းလဲဖို့ လုပ်ခဲ့တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တစ်ခုပေါ့။

ဒီ ဖန်တီးမှုအတွက် ဆု တွေ ရထားတာ (၆) ခု။

၁) Award for Outstanding Achievement (20th Annual Thea Award)

၂) Breakthrough Contribution to Tourism (Singapore Experience Awards 2013)

၃) 2013 RIBA Lubekin Prize (Royal Institute of British Architects)

၄) Design for the Large Scale Public Development (Landscape Institute Awards)

၅) Design of the Year (President’s Design Award 2013)

၆) World Building of the year (World Architectural Festival 2012)

 

ဂါးဒင်း အနေနဲ့ ၃ ခုခွဲထားတာပေါ့။ (အပြင်ဘက်ပိုင်းတွေပါ)

Bay East Garden က 32 hectares (79 acres) ကျယ်သတဲ့။

Bay South Garden ကတော့ အကျယ်အရ at 54 hectares (130 acres) ဖြစ်ပြီး အကျယ်ဆုံးပဲတဲ့။

Bay Central Garden ကတော့ 15 hectares (37 acres) ကျယ်ပြီး အရှေ့ နဲ့ တောင်ဘက် Garden ကြား ဆက်စပ်ပေးပါတယ်။

တခြားအပြင်မှာလည်း သွားစရာ၊ ကြည့်စရာတွေရှိပါသေးတယ်။ အဓိက အတော့ အဲဒီ ဂါးဒင်းတွေထဲက သစ်ပင်ပုံစံ အဆောက်အအုံတွေပေါ့။ ညဘက်ဆိုလည်း မီးတွေ ထွန်းထားတာ အတော်လှပါတယ်။

IMG_6517
ဒါက အပြင် ဂါးဒင်းနေရာတွေ

 

IMG_0892
သစ်ပင် ပုံစံ အဆောက်အအုံတွေ။
IMG_0905
အဲဒီ အဆောက်အဦးတွေကို တံတားလေးတွေ ဆက်ပေးထားတာ။
IMG_0930
အဲ့တံတားပေါ်ကနေမြင်ရတာတွေ
IMG_0944
အဲ့တံတားပေါ်ကနေမြင်ရတာတွေ
IMG_0953
အဲ့တံတားပေါ်ကနေမြင်ရတာတွေ

 

IMG_0947
အဲ့တံတားပေါ်ကနေမြင်ရတာတွေ

 

IMG_0946
ဒီ ပေါ်မှာတော့ စားသောက်ဆိုင်ရှိတယ်။
Supertree လို့ခေါ်တယ်။ ဝင်ကြေးပေးရလို့ မတက်တော့ဘူးးး ခွိခွိ။
IMG_0955
အဲ့တံတားပေါ်ကနေမြင်ရတာတွေ
IMG_6511
သစ်ပင် ပုံစံ အဆောက်အအုံတွေ။

အဓိက (Key Attraction) ကတော့ Dome ၂ ခု ပေါ့။

၁) The Flower Dome က နည်းနည်းနိမ့်ပြီး 38 meters (125 ft) ပိုကျယ်ပါတယ်။ 1.2 hectares (3.0 acres) ကျယ်သတဲ့။ အတွင်းထဲမှာ ဂါးဒင်း ၆ ခုရှိတယ်။ နာမည်ကြည့်လိုက်တာနဲ့ ဘယ်ဒေသ/ရာသီဥတုက သစ်ပင်တွေကို ပြုစုထားတယ်ဆိုတာ သိနိုင်တာပေါ့နော…

  • The succulent garden
  • The Australian garden
  • The South African garden
  • The South American garden
  • The Mediterranean garden
  • The Californian garden

 

IMG_6495
1

 

IMG_6494
2 – ဒါမိုး နာ တို့ ရွာမှာ ပေါထေးးး

 

IMG_6482
3

 

IMG_6479
4

 

IMG_6477
5

 

IMG_6476
6

 

7
7

 

IMG_6456
8

 

IMG_6450
9

 

10
10

 

11
11

 

IMG_6386
12

 

IMG_6356
13

 

14
14

 

IMG_6353
15

 

၂) The Cloud Forest က ပိုမြင့်ပေမဲ့ 42-metre (138 ft) နည်းနည်းပိုကျဉ်းပါတယ်။ 0.8 hectares (2.0 acres) ရှိပါတယ်။

  • The entry level – ဝင်လိုက်တာနဲ့ မြင်ရမှာက ၃၅ မီတာမြင်နဲ့ ရေတံခွန်နဲ့ လူလုပ်တောင်ကုန်းငယ်လေးး
  • The lost world – ရေတံခွန်နောက်ကနေ ဓာတ်လှေကားနဲ့ တက်သွားရင် ရောက်သွားမဲ့ တောင်ထိပ်လေးး;
  • The cloud walk – အဲလိုတောင်ထိပ်ကနေ တံတားနဲ့ လူလျှောက်လမ်းလေးတွေ လုပ်ထားပေးပါတယ်။
  • The Cavern and the Crystal Mountain – အဲဒီမှာ ကျောက်ပန်းဆွဲတို့ ခရမ်းစွဲတို့ စတာတွေကို ပြထားတာ။
  • The Treetop walk – ခုနကလို လူလျှောက်လမ်း အနိမ့်လေးပါ။
  • The Secret garden – အဲဒီမှာ နယူးဇီလန်က အပင်တွေ ဖန်းတွေ စိုက်ထားတာပါ။
  • Earth Check and +5 degrees – ဒီမှာတော့ ၂၁၁၁ မှာ အပူချိန် ၅ ဒီဂရီ မြင့်တက်လာချိန်အထိ အတောအတွင်း ကမ႓ာကြီး ပြောင်းလဲလာနိုင်မှုကို documentary movie ပုံစံ ရော၊ Exhibition ပုံစံရော ပြထားတာပါ။

 

IMG_6545
35-m High Man-Made Mountain and Water Fall

 

35-m High Man-Made Mountain and Water Fall
35-m High Man-Made Mountain and Water Fall

 

35-m High Man-Made Mountain and Water Fall
35-m High Man-Made Mountain and Water Fall

 

IMG_6570
Cloud Walk ကို အောက်မှ မြင်ရပုံ

 

Cloud Walk ကို အောက်မှ မြင်ရပုံ
Cloud Walk ကို အောက်မှ မြင်ရပုံ

 

IMG_6580
Lost Worldတောင်ထိပ်ကို သွားတဲ့ လမ်းမှာ

 

IMG_6584
တောင်အတွင်းထဲမ အပြင်ရေတံခွန်ကို မြင်ရပုံ
IMG_6586
တောင်အတွင်းထဲမ အပြင်ရေတံခွန်ကို မြင်ရပုံ

 

IMG_6591
အတွင်းမှာလည်း ဒီ လို လေးတွေ လုပ်ထားတယ်

 

IMG_6598
အပြင်ကို ဒီလိုမြင်ရတယ်

 

IMG_6600
လူသွားလမ်းရဲ့ ခြေနင်းဇကာပေါက်က ခြောင်းခဲ့တာ

 

IMG_6604
Cloud Walk ပေါ်ရောက်ပြီ

 

Cloud Walk ပေါ်ရောက်ပြီ
Cloud Walk ပေါ်ရောက်ပြီ

 

Crystal Mountain - ခရမ်းစွဲ
Crystal Mountain – ခရမ်းစွဲ

 

IMG_6652
ကျောက်စက်ပန်းဆွဲတွေ – တို့ဆီမှာလို အစစ်မရှိတော့ ရသလိုလုပ်ရတာ။

 

IMG_6655
Tree Walk ကနေ Cloud Walk ကို လှမ်းရိုက်တာ

 

Tree Walk ကနေ Cloud Walk ကို လှမ်းရိုက်တာ
Tree Walk ကနေ Cloud Walk ကို လှမ်းရိုက်တာ
IMG_6666
ပြန်ဆင်းတော့ ရေတံခွန်နောက် ကနေ ဆင်းရတာ

 

IMG_6680
ဘယ်ကဝယ်တုန်းတော့မသိ – အင်ကြင်းကျောက်လိုဟာမျိုးတွေ

 

IMG_6661
Secret Garden – နယူးဇီလန်က အပင်တွေ ဖန်းတွေ စိုက်ထားပျိုးထားတာတဲ့။
ဒီအပင်မျိုး ဘဖော ပို့(စ) မှာ ပါတာ တွေ့လိုက်တယ်။
ဒေသပေါက် အပင် ဆိုလားပဲ။
IMG_6668
Secret Garden – နယူးဇီလန်က အပင်တွေ (Fern) ဖန်းတွေ စိုက်ထားပျိုးထားတာတဲ့။
IMG_6671
Secret Garden – နယူးဇီလန်က အပင်တွေ (Fern) ဖန်းတွေ စိုက်ထားပျိုးထားတာတဲ့။
IMG_6672
Secret Garden – နယူးဇီလန်က အပင်တွေ (Fern) ဖန်းတွေ စိုက်ထားပျိုးထားတာတဲ့။
IMG_6673
Secret Garden – နယူးဇီလန်က အပင်တွေ (Fern) ဖန်းတွေ စိုက်ထားပျိုးထားတာတဲ့။

 

ဟတ်ကဲ့။

ကြည့်ရတာလည်း မောရောပေါ့။

ဒီလောက်ပါပဲ ……………………….

………………………………………………လို့ မပြောသေးပါဘူးးး  :mrgreenn:

ဟိုဘက် တစ်ပို့(စ) ကျန်ပါသေးတယ်။

အဲဒီဘက်မှာ အတင်းပြောချင်တာရှိပါသေးတယ်။

😀

လာအားပေးပါဦးလို့

 

 

21 comments

  • Mr. MarGa

    February 5, 2014 at 11:02 am

    ပုံတွေ တက်မလာလို့ မကြည့်ရသေးဘူး
    ဒါမင့် ဟိုဘက်ပို့စ် အရင်ရောက်သွားလို့
    အထင်ကြီးစိတ်ကို နည်းနည်း လျှော့ပြီး ပုံတွေကို ကြည့်မယ်တွေးတယ်
    လောလောဆယ်တော့ ပုံပေါ်အောင် စောင့်ဦးမယ် :mrgreenn:

  • Mr. MarGa

    February 5, 2014 at 11:16 am

    သူ စိုက်တဲ့ နယူးဇီလန်က အပင်တွေ ဆိုတာက
    ကိုယ်တွေဆီက ပိန်းပန်း တို့ မီးကွင်းဂမုန်း တို့နဲ့ ဆင်သလိုလို…………… :mrgreenn:

    • KZ

      February 5, 2014 at 12:44 pm

      ဟုတ်ပါ့အေ။
      ပြထားတာ ရိုက်လာတာပဲ။
      ငတို့ဆီမှာ အိမ်တိုင်းရှိတဲ့ဟာမိုးတွေ..

      :mrgreenn:

  • Ma Ei

    February 5, 2014 at 12:35 pm

    No 5 ပုံမှာပါတဲ့ ဖူးတံအမြင့်ကြီးတွေနဲ့ အပင်က ဒို့ဆီက ပဒေသာဂမုန်းနဲ့ တူတယ်နော်…

    • KZ

      February 5, 2014 at 12:41 pm

      အဲ။
      မွအိ။ အနော် ပဒေသာဂမုန်းကို မမြင်ဖူးဘူးးး
      အဲဒီ အပိုင်းက ကျနော်တို့ အခေါ် ကန္ဒာရပင်ရှိတဲ့နေရာအပိုင်းလေ။
      အပင်တို့ အရွက်တို့မှာ ဆူးတွေနဲ့။

      • Ma Ei

        February 5, 2014 at 12:54 pm

        အညာတို့ ရှမ်းပြည်တို့မှာ အလေ့ကျပေါက်တာရယ်…
        နာနတ်ပင်လိုမျိုး အပင်ကြီးတယ်…ဖူးတံ အမြင့်ကြီးထွက်လာပြီး ပွင့်၊
        အပွင့်ကနေ အပင်လေးတွေ ဖြစ်..အဲ့လိုမျိုး…
        🙂

  • KZ

    February 5, 2014 at 12:57 pm

    ဟုတ်တယ်။
    ရထားလမ်းဘေးမှာ အများကြီးးး
    ဟိ

    😀

  • အဘရဟူဒီ

    February 5, 2014 at 1:44 pm

    နှိပ်စက်ပါ့ဗျာ…
    ကို အဲလ်ဘတ် ကို လာတွေ့ချင်တာ တပိုင်းသေ….ဆိုမှ
    ဗျဲ…

    • KZ

      February 5, 2014 at 1:56 pm

      လာခဲ့လို့။။
      မော်လဒယ် ရှာပေးမယ်။

      😀

  • Foreign Resident

    February 6, 2014 at 5:52 am

    ” Secret Garden – နယူးဇီလန်က အပင်တွေ ဖန်းတွေ စိုက်ထား ပျိုးထားတာ တဲ့။
    ဒီအပင်မျိုး ဘဖော ပို့(စ) မှာ ပါတာ တွေ့လိုက်တယ်။ ဒေသပေါက် အပင် ဆိုလားပဲ ”

    The “Silver Fern” (foliage) is acknowledged as a national emblem in New Zealand.
    ” Silver Fern ” ဟာ နယူးဇီလန် နိုင်ငံရဲ့ National Flora Emblem ဖြစ်ပါတယ် ။

    —http://en.wikipedia.org/wiki/Floral_emblem#New_Zealand—
    —http://en.wikipedia.org/wiki/Silver_Fern—

    • KZ

      February 6, 2014 at 3:07 pm

      အဲလိုသိလိုက်တော့ ဟင်းးးကျတာပေါ့ ဘဖောရယ်။
      နို့မို့ မရောက်ဖူးတဲ့ သများဖြင့် ဟုတ်မှဟုတ်ရဲ့လား ခိုးလို့ခုလု.

      😀

      ကျေးဇူးတင်ပါတယ်

  • Wow

    February 6, 2014 at 11:47 am

    သစ်ပင်ပုံ အိမ်ကြီးဒွေ သဘောကျတယ်.. :kwi:

    • KZ

      February 6, 2014 at 3:09 pm

      အဲလာ အိမ်တွေဟုတ်ဘူးးး
      တက်လို့ရတာ တပင်ပဲရှိတယ်။
      ကျန်တာ အပင်တွေ စိုက်ထားတာ။
      အဲ။ အပင်တွေရဲ့ အိမ် လို့ ပြောလို့ရတာပေါ့။
      :kwi:

  • TNA

    February 6, 2014 at 9:10 pm

    ပုံတွေ မြင်ရသေလောက်အားပေးသွားပါတယ်။ လှလိုက်တာ။ ချင်ကျားပူကိုချီးကျူးပါတယ်။ ရှိသလောက် မြေပေါက်စလေးမှာ အဲလိုကြီးကျယ်ခန်းနားအောင်လုပ်ထားနိုင်တာ တကယ်တော်ပါတယ်။ ပုံတွေအကုန်မမြင်ရတာနှမျောတာ။ နောက်နေ့မှလာအုံးမအေ

    • KZ

      February 7, 2014 at 8:05 am

      ဟင်။
      ပုံတွေ အကုန်မမြင်ရဘူး ဟုတ်လားးး
      အနော် ဆိုဒ် လျှော့ဆိုလို့ လျှော့ထားတယ် မွသဲ။
      ဓာတ်ပုံတင်တာနဲ့ကို အကျိုးမပေးပါဘူးလေ။

      :hint:

      • TNA

        February 8, 2014 at 4:46 pm

        ဂုထိအစုံမကျိရသေးဘူးတော့။ တခါဖွင့်လိုက် နဲနဲကျိလိုက်နဲ့ စုံသေးဘူးတော်ရေ။

        • KZ

          February 8, 2014 at 5:22 pm

          လာလာကြည့်တာကိုပဲ ကျေးဇူးတင်ပါတယ် မွသဲရယ်။
          ဒီ ကွန်နဲ့တော့ မလွယ်ဘူးထင်ပါတယ်

          :hint:

  • ပုံတွေကြည့်ရဖို့အကြာကြီးစောင့်ရတယ်။
    နံပါတ်၃ပုံက မမဓာတ်ပုံထဲမှာမြင်ဖူးတယ်။
    ပန်းပင်တွေက တစ်ပြုံတစ်စုလိုုက်တွေ ဖန်တီးစိုက်ပျိုးအလှဆင်ထားလို့ ရှုမောဖွယ်ရာဆိုပေမယ့်
    ကိုယ့်ဆီမှာမြင်ဖူးနေကျတွေနော်
    ရေခံမြေခံနဲ့ရာသီဥတုတူတာကြောင့်လည်းပါမယ်။

    • KZ

      February 7, 2014 at 7:46 pm

      အာဟင့်။
      သာမီးပို့(စ) ဘာလို့လူမဝင်လည်း သိပါပြီလေ။
      ဓာတ်ပုံ။
      ဒီဓာတ်ပုံတွေကို အချိုးမကျတင်နေမိတာ။
      :hint:

      ပြောရရင် အဲဒီတစ်နေရာတည်းကို မေ ၂၀၁၃ မှာ တခါ (အပြင်ဘက်)
      ဇန်နဝါရီ ၂၀၁၄ မှာ တစ်ခါ (အတွင်းဘက်) ၂ခါသွားရတာပါကွယ်။
      🙂

  • ဒညင်းဝက်

    February 7, 2014 at 9:10 pm

    ဟုတ်တယ်
    တစ်မိနစ် လေးကျပ်နဲ့ ပုံတွေ မြင်ရဖို့အကြာကြီးစောင့်လိုက်ရတယ်

    ဒါပေမယ့်
    ရောက်ဖူး
    မြင်ဖူး
    သိဖူးသွားလို့ ကျေနပ်တယ်
    ကျေးဇူးတင်ပါတယ်

    • KZ

      February 8, 2014 at 5:23 pm

      အလက်ဆင်းရေ
      ကျေးဇူးပါ

      🙂

Leave a Reply