ပုံဆောင်ခဲတခု၏နောက်ဆုံးတောင်းဆု

မီ မီFebruary 2, 20141min17010

 

 

အသျှင်

ဤသစ်သီးကိုယူပါ

၎င်း သစ်သီး၏အဟာရသည်

အသျှင်၏ လက်ယာဖက်၌တည်ပါစေသတည်း။

 

 

အသျှင်

ဤရေချမ်းကို သုံးသပ်ပါ

အေးမြခြင်းသည် နှလုံးသား၌တည်ပါစေသတည်း ။

 

အသျှင်

အသစ်တဖန်မွေးဖွားခြင်းကိုဖန်ဆင်းပါ

ဘဝသစ်၏ဝိညဉ်သည်

ကျွန်တော်မျိုးမ၏ ဘဝင်၌ တည်ပါစေသတည်း ။

 

အသျှင်

နေမင်း၏ရဲဝံ့မုှကိုရယူပါ

လရောင်ရဲ့ ညှို့ငင်အားကိုတွန်းလှန်ပါ

ကျွန်တော်မျိုးမ၏ မျက်ဝန်းအစုံတွင်

နေ နှင့် လတို့ တည်ပါစေသတည်း ။

 

အသျှင်

တောင်တန်းများ၏ကြံ့ခိုင်မှုကိုရယူပါ

ပင်လယ်၏မာယာသည်

အသျှင်၏ လက်ဝဲဖက်၌တည်ပါစေ

ကျွန်တော်မျိုးမ၏ စိတ်နှလုံးအား

အသျှင်၏လက်ဝဲဖက်လက်နှင့် ချီးမြှောက်ပါစေသတည်း။

 

အသျှင်

ဤမည်သော ပန်းတို့၏ရနံ့ကိုသိမ်းယူပါ

အေးမြသောလေညှင်း၌ပျော်ဝင်ပါစေ

ပူသောမီးလျှံတို့သည်

အသျှင့်ဖဝါးအောက်၌ ငြိမ်းပါစေ

ကျွန်တော်မျိုးမအား

အသျှင့် ယာဖက်လက်မှဓားတစ်လက်ပေးပါ

ဝှေ့ယမ်းလိုက်သောဓားတွင် ပန်းနံ့သင်း၍

ပူပြင်းခြောက်သွေ့ပါစေသတည်း။

 

အသျှင်

ကျွန်တော်မျိုးမ၏အမည်ကို

သမုဒ္ဒရာ၌ကမည်းတင်ပါ

မြစ်တို့၏စီးဆင်းမုှအား ပိုင်ဆိုင်ခွင့်ပေးပါ

ကန္တာရသည် ကျွန်တော်မျိုးမ၏

အထီးကျန်ခြင်း၌တည်ပါစေသတည်း ။

 

အသျှင်

ကြေကွဲခြင်းအား ကျွန်တော်မျိုးမ၏

ယာ ဖက်ဖဝါး၌လည်းကောင်း

နာကျည်းမုန်းတီးမှုအား

ဝဲ ဖက် ဖဝါး၌လည်းကောင်း

ရန်ငြိုးမီးလျှံကို ဦးခေါင်းထက်၌လည်းကောင်း

ရက်စက်ခြင်းခွန်အားကို

ကျွန်တော်မျိုးမ၏ ယာ ဖက်လက်၌လည်းကောင်း

သက်ညှာခြင်းကင်းသော လက်တုန့်ပြန်မုှကို

ကျွန်တော်မျိုးမ၏ ဝဲဖက် လက်၌လည်းကောင်း

ထာဝရ …

ထာဝရ

ပေးသနားပါ အသျှင် ။

 

 

မီမီ

 

အသျှင် ဆိုတာ ဘာသာအသီးသီးမှ ဘုရားတွေနတ်တွေကို

ပြောတာမဟုတ်ရပါရှင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • အဘရဟူဒီ

    February 2, 2014 at 1:38 pm

    တကယ်တော့ သာမီးရယ်…
    အချစ်ဆိုတာ ..ဘောလုံးကွင်းဘေး ထောင်ထားတတ်တဲ့ ..အားဖြည့်အချိုရည် ဖျော်တဲ့
    ရေဆူဆေးပြားဘဝ လိုပါပဲ …

    လိုအပ်တဲ့အချိန်မယ် အမောပြေယုံ ခပ်နည်းနည်းလောက် သောက်သုံးပြီး
    အများစု ထွေးထုတ်မှာ သိသိချည်းနဲ့ ကို .. ကျေနပ်ပျော်ဝင် ခဲ့ရတာချည်း မဟုတ်လား….

    ငိငိ..

  • ဦးကြောင်ကြီး

    February 3, 2014 at 7:56 am

    ထာဝရဆိုတဲ့စာလုံးကို နောင်ဆယ်နှစ်ကြာလျင် ပြန်ဖတ်ကြည့်ကွဲ့.. အဟိလို့ ရယ်လိမ့်မိမည်..။ ငါကတော့ ခုထဲက ရယ်ထားပြီ ခွိ ခွိ..။
    မှတ်ချက်။ နောက်တခါ နဲဗား အဲဗား ထာဝရ စာလုံးသုံးလျင် တရုတ်သဗုံ ကြေးမုံဂျီ းနှင့် တန်းတူထား တိုက်ခိုက်မည်။

    • KZ

      February 3, 2014 at 8:57 am

      ခွိခွိ။

      Never say “NEVER” ပေါ့နော်?

      😀

  • မဟာရာဇာ အံစာတုံး

    February 3, 2014 at 9:25 am

    ဘာကိုမှ ထာဝရ ယူထားလို့ မရဘာဘူး ခညာ ..
    အချစ် ဆိုတာလည်း ထာဝရ မဟုတ်သလို
    အမုန်းဆိုတာလည်း ထာဝရ မဟုတ်ပါဘူး …
    အချိန် ဆိုတဲ့ စီးဆင်းမှု အောက်မှာ
    ဒါတွေဟာ အသွင်ပြောင်းတတ်တဲ့ သဘော ရှိကြပါတယ် …
    ဒါပေမယ့်လို့လည်းအထွဋ်အထိပ် ကို ရောက်စဉ်မှာ
    ထာဝရ ဆိုတဲ့ စကားလုံးကို
    သိပ်ပြီးကို လှပတာပေါ့ဗျာ …

  • kyeemite

    February 3, 2014 at 10:17 am

    အံစာတောင် တရားပေါက်လာပြီ..ချီးယားစ် 😀

  • TNA

    February 3, 2014 at 1:45 pm

    ကဗျာပြခန်းမှာဆိုရှယ်ပဲ။ ဒဂျားဒို့မတောင်းကြဘူးလားဟေ

    • Mr. MarGa

      February 3, 2014 at 1:54 pm

      နောက်တောင် ကျနေပြီ တီသဲရ
      ဒုတိယအပုဒ်ကတည်းက တောင်းထားတာ :mrgreenn:

      • TNA

        February 3, 2014 at 1:56 pm

        အော်ငါတောင်နောက်ကျနေပါလား :mrgreen:

Leave a Reply