အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၆ ( Tauranga / Rotorua )

Foreign ResidentFebruary 3, 201417min18514

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၆ ( Tauranga / Rotorua ) ။

၁၂ – ၁၂ – ၂၀၁၃ ။

ဒီနေ့ မနက် ၁ဝ နာရီလောက်မှာ နယူးဇီလန် နိုင်ငံ Tauranga ဆိုတဲ့ ဒေသကို ရောက်ပါတယ် ။

ဒီတစ်ခါတော့ ရေလယ်မှာ ကျောက်မချဘဲ ကမ်းနား / ဆိပ်ကမ်း ကို သင်္ဘော တိုက်ရိုက် ကပ်ပါတယ် ။

အဘ လည်း မနက်စာ စားအပြီး မို့လို့ အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်ခွင့် ရခဲ့ပါတယ် ။

6 ဒီနေ့ မနက် ၁ဝ နာရီလောက်မှာ နယူးဇီလန် နိုင်ငံ Tauranga ဆိုတဲ့ ဒေသကို ရောက်ပါတယ် ။

6 ဒီနေ့ မနက် ၁ဝ နာရီလောက်မှာ နယူးဇီလန် နိုင်ငံ Tauranga ဆိုတဲ့ ဒေသကို ရောက်ပါတယ် ။
6 ဒီနေ့ မနက် ၁ဝ နာရီလောက်မှာ နယူးဇီလန် နိုင်ငံ Tauranga ဆိုတဲ့ ဒေသကို ရောက်ပါတယ် ။

6 ဒီတစ်ခါတော့ ရေလယ်မှာ ကျောက်မချဘဲ ကမ်းနား  ဆိပ်ကမ်း ကို သင်္ဘော တိုက်ရိုက် ကပ်ပါတယ်

6 ဒီတစ်ခါတော့ ရေလယ်မှာ ကျောက်မချဘဲ ကမ်းနား  ဆိပ်ကမ်း ကို သင်္ဘော တိုက်ရိုက် ကပ်ပါတယ်
6 ဒီတစ်ခါတော့ ရေလယ်မှာ ကျောက်မချဘဲ ကမ်းနား ဆိပ်ကမ်း ကို သင်္ဘော တိုက်ရိုက် ကပ်ပါတယ်

ဒီနေ့ အတွက် External Excursion ကိုတော့ ၊ Rotorua Maori Village Encounter ဆိုတဲ့ ၊

Maori တိုင်းရင်းသား ရွာ မှာ ယဉ်ကျေးမှု လေ့လာတဲ့ Excursion ကို အဘတို့ ရွေးထားပါတယ် ။

အဲဒီ Rotorua Maori Village Encounter က လူကြီး တစ်ဦးကို ဒေါ်လှ ၁၇၉ ကျပါတယ် ။

ဈေးကြီးတဲ့ Excursion လို့ ဆိုရပေမယ့် ၊ သူ့ထက် ဈေးကြီးတာတွေလဲ အများကြီးပါ ။

Excursion တွေ ဈေး ကတော့ ဒေါ်လှ ၇၉ ကနေ ဒေါ်လှ ၂၇၉ အထိ အမျိုးမျိုး ပါဘဲကွယ် ။

6 အဲဒီ Rotorua Maori Village Encounter က လူကြီး တစ်ဦးကို ဒေါ်လှ ၁၇၉ ကျပါတယ်

6 အဲဒီ Rotorua Maori Village Encounter က လူကြီး တစ်ဦးကို ဒေါ်လှ ၁၇၉ ကျပါတယ်
6 အဲဒီ Rotorua Maori Village Encounter က လူကြီး တစ်ဦးကို ဒေါ်လှ ၁၇၉ ကျပါတယ်

ကမ်းနား / ဆိပ်ကမ်း ကို သင်္ဘော ကပ်ပြီး သိပ်မကြာမှီ ၊ ၁ဝ နာရီ ခွဲ မှာ လူစုကြပြီး ၊

၁ဝ နာရီ ၄၅ လောက် မှာ Tauranga ဆိပ်ကမ်း ကနေ ၊

အဘတို့ရဲ့ Rotorua Maori Village Encounter Excursion စထွက်ပါတယ် ။

နေ့လည် ၁၂ နာရီ လောက်မှာ အဲဒီဒေသ ရဲ့ အဓိက မြို့ Rotorua ကို ရောက်ပါတယ် ။

နယူးဇီလန် Rotorua မြို့ က ရဲကား တွေ ကတော့ ထူးဆန်းပါပေ့ ။

ရဲကား တစ်စီး နှင့် တစ်စီး အရောင်တွေလဲ မတူဘူး ။

ဩဇီ နှင့် သွေးချင်း နီးလို့ ထင်တယ် ရဲကား တွေ က ဩဇီ လုပ် Holden အမျိုးအစား တွေ ။

Rotorua မြို့ထဲက အဘတို့ သွားကြမယ့် Tamaki Maori Village ရဲ့ ရုံးခန်းကို ၊

ခဏဝင် အပေါ့အပါးသွားကြပြီး Tamaki Maori Village ကို ဆက်ထွက်လာခဲ့ကြပါတယ် ။

<http://www.tamakimaorivillage.co.nz/>

6 နယူးဇီလန် က ရဲကား တွေ က တစ်စီး နှင့် တစ်စီး အရောင်တွေလဲ မတူဘူး ။

6 နယူးဇီလန် က ရဲကား တွေ က တစ်စီး နှင့် တစ်စီး အရောင်တွေလဲ မတူဘူး ။
6 နယူးဇီလန် က ရဲကား တွေ က တစ်စီး နှင့် တစ်စီး အရောင်တွေလဲ မတူဘူး ။

အဲဒီ Tamaki Maori Village အတွက် Guide ကတော့ ဒေသခံ Maori တိုင်းရင်းသား ဖြစ်ပြီး ၊

အဘတို့ ကို သင်္ဘော ဆိပ်မှာကတည်းက လာကြိုပြီး ၊ Bus နှင့် လာတဲ့ လမ်းတစ်လျှောက်မှာ ၊

သူတို့ Maori တိုင်းရင်းသား တွေရဲ့ Culture ကို သေချာ ရှင်းပြနေပါတယ် ။

ပြီးတော့ အခုရောက်မယ့် Maori Village မှာ ဘာတွေ ကြုံရမယ် ၊

ဆောင်ရန် ရှောင်ရန် တွေကို သေချာ ရှင်းပြ ၊ ဇတ်တိုက် ပြင်ဆင်ပေးပါတယ် ။

Rotorua မြို့ ကနေ မိနစ် ၄ဝ လောက် မေါင်းပြီးတဲ့ အခါ ၊

အဘတို့ သွားတဲ့ Tamaki Maori Village ကို ရောက်ပါတယ် ။

သူတို့ Maori ဘာသာစကား အရ Tamaki ဆိုတာ Fortified ခံတပ် ပေါ့လေ ။

အဲဒီ Maori Village ကို ရောက်ပေမယ့် ၊ အထဲကို ဝင်ခွင့် မပေးပါဘူး ။

အဘ တို့  Bus ၂ စီးစာ Tourist တွေ ရောက်လာ လူစု / စုံ မိတဲ့ အခါ ၊

အဲဒီ Maori Village ထဲကနေ တံပိုး မှုတ်သံ ၊ အော်သံ ဟစ်သံ တွေ ကြားရပါတယ် ။

( ဟဲ ဟဲ ၊ ငါတို့ ရွာ စည်းရိုး အဝ မှာ လူစိမ်းတွေ ရောက်နေကြောင်း တပ်လှန့်တာပါ )

အဲဒီမှာ Maori တိုင်းရင်းသား တိုက်ခိုက်ရေးသမားတွေ က အရင်ဆုံး ရွာပြင်ထွက်လာပြီး ၊

သူတို့ ရဲ့ War Dance စစ်ခင်းပုံကို စတင် ပြင်ဆင်ပြီး လူစိမ်း ကို ခြောက်လှန့်ပါတယ် ။

အဲဒါက သူတို့ Maori ဘာသာစကား အရ Wero ဆိုတဲ့ an aggressive challenge လုပ်တာလေ ။

< the wero, an aggressive challenge of the visitor at the beginning of the ceremony,
is the most spectacular part of the pōwhiri. >

6 သူတို့ ရဲ့ War Dance စစ်ခင်းပုံကို စတင် ပြင်ဆင်ပြီး လူစိမ်း ကို ခြောက်လှန့်ပါတယ် ။

6 သူတို့ ရဲ့ War Dance စစ်ခင်းပုံကို စတင် ပြင်ဆင်ပြီး လူစိမ်း ကို ခြောက်လှန့်ပါတယ် ။
6 သူတို့ ရဲ့ War Dance စစ်ခင်းပုံကို စတင် ပြင်ဆင်ပြီး လူစိမ်း ကို ခြောက်လှန့်ပါတယ် ။

ပြီးတဲ့ အခါမှ ရွာ ရဲ့ ခေါင်းဆောင် ထွက်လာပြီး ၊ Maori တိုင်းရင်းသား ဘာသာစကား နှင့် ၊

ဘာ အတွက်လာတာလဲ ၊ တိုက်ခိုက် ဖို့လား / ငြိမ်းချမ်းစွာလား လို့ မေးပါတယ် ။

အဲဒီမှာ ၊ ကျနော်တို့ Tourist အဖွဲ့ထဲက ကြိုရွေးထားတဲ့ ကိုယ်စားလှယ် တစ်ယောက်က ၊

တိုက်ခိုက် ဖို့မဟုတ်ဘဲ ငြိမ်းချမ်းစွာ အလည်လာတဲ့ အကြောင်းကို ပြသတဲ့ အနေ နှင့် ၊

၁ ။ Maori ရွာ ခေါင်းဆောင် နှင့် အဘတို့ Tourist ကိုယ်စားလှယ် တို့ ၊

နှာခေါင်းထိပ် နှင့် ဦးခေါင်းထိပ်တွေ နှင့် အချင်းချင်း တို့ထိပြီး ပြရပါတယ် ။

အဲဒါကို သူတို့ Maori ဘာသာစကား အရ Hongi လို့ ခေါ်တယ် ။

< http://en.wikipedia.org/wiki/Hongi>

6 နှာခေါင်းထိပ် နှင့် ဦးခေါင်းထိပ်တွေ နှင့် အချင်းချင်း တို့ထိပြီး ပြရပါတယ် အဲဒါကို Hongi လို့ ခေါ်တယ် ။

၂ ။ အဘတို့ ကိုယ်စားလှယ်က သူ သယ်ဆောင်လာတဲ့ ငြိမ်းချမ်းရေး လက်ဆောင် ကို ပေးပါတယ် ။

အမှန်ကတော့ ခုလေးတင်မှ လမ်းဘေးက နှုတ်လိုက်တဲ့ မြက်ကို ပေးတာပါ ။

ဟီ ဟိ ၊ စတိ ပေါ့လေ ။ အဲဒီ ငြိမ်းချမ်းရေး လက်ဆောင် ကို rautapu လို့ ခေါ်တယ်တဲ့ ။

( By accepting the rautapu, a leaf or carved effigy, that the lead warrior will place

on the ground before the visitors as a symbolic offering of peace )

6 အဘတို့ ကိုယ်စားလှယ်က သူ သယ်ဆောင်လာတဲ့ ငြိမ်းချမ်းရေး လက်ဆောင် rautapu ကို ပေးပါတယ် ။

6 အဘတို့ ကိုယ်စားလှယ်က သူ သယ်ဆောင်လာတဲ့ ငြိမ်းချမ်းရေး လက်ဆောင် rautapu ကို ပေးပါတယ် ။
6 အဘတို့ ကိုယ်စားလှယ်က သူ သယ်ဆောင်လာတဲ့ ငြိမ်းချမ်းရေး လက်ဆောင် rautapu ကို ပေးပါတယ် ။

အဲဒီ ၂ ခု လုပ်ပြီးတဲ့ အခါမှ ၊ ရွာ ခေါင်းဆောင် က ရွာဖက်ကိုလှည့်ပြီး ၊

သူတို့ Maori တိုင်းရင်းသား ဘာသာစကား နှင့် ကြိုဆိုဖို့ ပြောလိုက်ပါတယ် ။

အဲဒီတော့မှ ရှေ့က Maori တိုက်ခိုက်ရေးသမားတွေ ကလည်း မျက်နှာကြောတွေလျှော့သွားပြီး ၊

ရွာထဲကနေ ဗုံတီး သီချင်းဆိုသံတွေ ထွက်လာပြီး ၊

သူတို့ Maori ဘာသာစကား အရ Pōwhiri ဆိုတဲ့ Welcoming Ceremony လုပ်ပါတော့တယ် ။

<http://en.wikipedia.org/wiki/P%C5%8Dwhiri>

အဘတို့ Tourist Group ကိုလဲ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတော့တယ် ။

အဲဒီတော့မှ အဘတို့ လဲ Tamaki Maori Village ထဲကို ဝင်ကြည့်ခွင့်ရပါတော့တယ် ။

ရွာထဲမှာတော့ Maori တိုင်းရင်းသား ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ၊

Maori တိုင်းရင်းသား အမျိုးသမီး / သား တွေဟာ ၊ သူတို့ရဲ့ ရိုးရာ အိမ်လေးတွေရှေ့မှာ ၊

သူတို့ရဲ့ နေ့တဓူဝ အိမ်အလုပ်တွေ ၊ အကတွေ ၊ စစ်ရေး လေ့ကျင့်တာတွေ ကို လုပ်နေကြပါတယ် ။

အဘတို့ ရဲ့ Maori Guide က တစ်နေရာချင်းစီမှာ တစ်ခုချင်းစီကို ရှင်းပြသွားပါတယ် ။

ဟဲ ဟဲ ၊ ဒီပုံ ကတော့ သူတို့ ရိုးရာ အိမ်လေးတွေရှေ့မှာ ၊

အဘ ကိုယ်တိုင် ၊ သူတို့ Maori Warriors တွေနှင့် အတူ ၊

သူတို့ ရဲ့ Maori War Dance / an aggressive challenge လုပ်နေတဲ့ပုံလေ ။

ဟဲ ဟဲ ၊ အဘ လျှာထုတ် ခြိမ်းခြောက်နေတဲ့ပုံဟာ အသက်ပါလွန်းလို့ ၊

တော်ယုံ အသည်းငယ်တဲ့ ရွာသူား ဆိုရင် ၊ လိပ်ပြာလွှင့်သွားမစိုးလို့ ၊

အဘ မျက်နှာကို မပြဘဲ ၊ ဖျက်လိုက်ရသကွယ် ၊ ဟီ ဟိ ။

6 Tamaki Village ထဲက Maori ရိုးရာ အိမ်လေး ။

6 Tamaki Village ထဲက Maori ရိုးရာ အိမ်လေး ။
6 Tamaki Village ထဲက Maori ရိုးရာ အိမ်လေး ။

6 အဘ ကိုယ်တိုင် ၊ သူတို့ Maori Warriors တွေနှင့် အတူ သူတို့ ရဲ့ Maori War Dance  an aggressive challenge လုပ်နေတဲ့ပုံလေ

သူတို့ရဲ့ အိမ်တွေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ရှင်းပြပြီးတဲ့အခါ ၊

Maori တို့ရဲ့ နာမည်ကျော် ဟင်းချက်ပုံ Hangi ကိုပြပါတယ် ။

< http://en.wikipedia.org/wiki/H%C4%81ngi>

သူတို့ရဲ့ Hangi ဟင်းချက်ပုံ ကတော့ ၊

အသား ငါး စတာတွေကို မီး နှင့် တိုက်ရိုက်ချက်တာ မဟုတ်ဘဲ ။

ပထမ မြေကျင်း အကြီးကြီး တူးလိုက်တယ် ။

အဲဒီ မြေကျင်း ကြီး ထဲကို ၊ ကျောက်တုံး အကြီးကြီး တွေ ထည့်လိုက်တယ် ၊

အဲဒီ ကျောက်တုံး အကြီးကြီး တွေ အပေါ်မှာ မီး ပြင်းပြင်းဖိုပါတယ် ။

အဲဒီ ကျောက်တုံး အကြီးကြီး တွေ ခြစ်ခြစ်တောက် ပူလောင်လာတဲ့အခါ ၊

မီး နှင့် လောင်စာတွေက ိုဖယ်ပြီး ၊ ဖက် နှင့်လုံခြုံအောင် အုပ်ထားတဲ့ စားစရာတွေကို ၊

အဲဒီ ခြစ်ခြစ်တောက် ပူလောင် နေတဲ့  ကျောက်တုံး တွေ အပေါ်မှာတင်ပြီး ၊

အဲဒီ စားစရာတွေရဲ့ အပေါ်ကနေ မြေကြီးနှင့် ပြန်အုပ်ထားတာပါ ။

ပုံစံက သား ငါး စားစရာတွေကို မြေကြီးထဲမှာ ကင် / ပေါင်း လုပ်တာပါ ။

ဆီ ဆား အချိုမှုန့် ဘာမှ မထည့်တဲ့အတွက် ကျန်းမာရေးနှင့် ညီညွတ်မယ် ထင်ပါတယ် ။

6 သူတို့ရဲ့ Hangi ဟင်းချက်ပုံ ၊ သား ငါး စားစရာတွေကို မြေကြီးထဲမှာ ကင်  ပေါင်း လုပ်တာပါ

6 သူတို့ရဲ့ Hangi ဟင်းချက်ပုံ ၊ သား ငါး စားစရာတွေကို မြေကြီးထဲမှာ ကင်  ပေါင်း လုပ်တာပါ
6 သူတို့ရဲ့ Hangi ဟင်းချက်ပုံ ၊ သား ငါး စားစရာတွေကို မြေကြီးထဲမှာ ကင် ပေါင်း လုပ်တာပါ

ဟင်းချက် သရုပ်ပြ ပြီးတဲ့နောက် ၊ သူတို့ရဲ့ ရွာလယ် ခန်းမ ကို ခေါ်သွားပြီး ၊

အဘ တို့ကို ၊ သူတို့ရဲ့ ယဉ်ကျေးမှု ရိုးရာ အက ၊ သီချင်း စတာတွေနှင့် ဖျော်ဖြေပါတယ် ။

အဲဒီအချိန်မှာ ၊ တချို့တွေက အဘ တို့ စားသောက်ဖို့ကို ပြင်ဆင်နေကြတယ်လေ။

6 အဘ တို့ကို ၊ သူတို့ရဲ့ Maori ယဉ်ကျေးမှု ရိုးရာ အက ၊ သီချင်း စတာတွေနှင့် ဖျော်ဖြေပါတယ် ။

6 အဘ တို့ကို ၊ သူတို့ရဲ့ Maori ယဉ်ကျေးမှု ရိုးရာ အက ၊ သီချင်း စတာတွေနှင့် ဖျော်ဖြေပါတယ် ။
6 အဘ တို့ကို ၊ သူတို့ရဲ့ Maori ယဉ်ကျေးမှု ရိုးရာ အက ၊ သီချင်း စတာတွေနှင့် ဖျော်ဖြေပါတယ် ။

အဲဒီ သူတို့ရဲ့ ရိုးရာ အက ၊ သီချင်း ဆို ပွဲပြီးတဲ့ အခါမှာတော့ ၊

အဘ တို့ကို ၊ Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အစားအစာတွေနှင့် ၊

ခန်းမကျယ်ကြီးထဲမှာ ၊ Buffet နေ့လည်စာ ကျွေးပါတယ် ။

အသား ငါး မျိုးစုံ ကို ကင်ပေါင်း ပေါင်းထားပြီး ၊ ကန်စွန်းဥ ၊ အာလူး နှင့် မုံလာဥနီတွေလဲ ပါပါတယ် ။

အမှတ်တရ ကတော့ အဲဒီ မုံလာဥနီ ကင်ပေါင်း က အရမ်းချို ၊ အရမ်းစားကောင်းတာဘဲ ကွယ် ။

6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အစားအစာတွေနှင့် Buffet နေ့လည်စာ ။

6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အစားအစာတွေနှင့် Buffet နေ့လည်စာ ။
6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အစားအစာတွေနှင့် Buffet နေ့လည်စာ ။

6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အဘ ရဲ့ နေ့လည်စာ ။

6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အဘ ရဲ့ နေ့လည်စာ ။
6 Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ အဘ ရဲ့ နေ့လည်စာ ။

စားသောက်ပြီးတဲ့အခါမှာတော့ ၊

ရွာထဲ နှင့် ရွာဘေးနားက တောအုပ်ထဲကို လှည့်လည် လျှောက်ကြည့်ကြပြီး ၊

နေ့ခင်း ၂ နာရီ ခွဲလောက်မှာ Tamaki Maori Village ကနေ ပြန်ထွက်လာခဲ့ပါတယ် ။

6 Tamaki Village ရဲ့ ရွာ့ ခြံတခါး ဂိတ် ။

6 Tamaki Village ရဲ့ ရွာ့ ခြံတခါး ဂိတ် ။
6 Tamaki Village ရဲ့ ရွာ့ ခြံတခါး ဂိတ် ။

6 Tamaki Village ထဲက ရွာလယ် လမ်း နှင့် ဒေသခံ အပင်တွေ ။

6 Tamaki Village ထဲက ရွာလယ် လမ်း နှင့် ဒေသခံ အပင်တွေ ။
6 Tamaki Village ထဲက ရွာလယ် လမ်း နှင့် ဒေသခံ အပင်တွေ ။

အပြန်လမ်းမှာတော့ ၊ Rotorua မြို့လယ်က Rotorua Museum အနီးမှာ ခဏရပ်ပေးပါတယ် ။

Rotorua Museum နှင့် ပန်းခြံ ကိုတော့ ဝင်မကြည့်ဘဲ အပြင်ကနေဘဲ ဓါတ်ပုံရိုက်ကြပါတယ် ။

<http://en.wikipedia.org/wiki/Rotorua_Museum>

6 Rotorua မြို့လယ်က Rotorua Museum နှင့် ပန်းခြံ ။

6 Rotorua မြို့လယ်က Rotorua Museum နှင့် ပန်းခြံ ။
6 Rotorua မြို့လယ်က Rotorua Museum နှင့် ပန်းခြံ ။

ပြီးတော့ Rotorua Museum နှင့် ပန်းခြံ အနားက ရေပူစမ်း လေးကို သွားကြည့်ကြပါတယ် ။

အဲဒီ ရေပူစမ်း ရဲ့ နာမည်က Whangapipiro / Rachel Pool လို့ခေါ်ပါတယ် ။

အဲဒီထဲမှာ ထုံးဓါတ် နှင့် alkaline များတဲ့ ရေတွေရှိပြီး ၊

ကန်ထဲက ရေ ရဲ့ အပူချိန်က ၁၀ဝ ဒီဂရီ စင်တီဂရိတ် တောင် ရှိပါတယ် ။

အဲဒီ ရေပူစမ်းက ရေ ကို ရေပိုက်နှင့် သွယ်ယူ ပြန်လည် သန့်စင်ပြီး ၊

အနီးက Polynesian Spa မှာ အသုံးပြုကြပါတယ် ။

<http://www.waymarking.com/waymarks/WM412V_Whangapipiro_Rachel_Pool_Rotorua_New_Zealand>

နယူးဇီလန် နိုင်ငံဟာ ကမာ္ဘ့ မီးတောင် Chain / Ring ပေါ်မှာ တည်ရှိတဲ့အတွက် ၊

မီးတောင်တွေ ရေပူစမ်းတွေ အများအပြား ရှိပါတယ် ၊ ငလျှင်လဲ မကြာခဏ လှုပ်လေ့ ရှိပါတယ် ။

အဲဒီ ရေပူစမ်း ပြီးတဲ့ အခါမှာတော့ အဘတို့ရဲ့ Cruise သင်္ဘောကြီးဆီကိုဘဲ ပြန်ခဲ့ပါတော့တယ် ။

တော်သေးဘီ ။

အဘ ဖေါ ( F R ) ။

6 အဲဒီ ရေပူစမ်း ရဲ့ နာမည်က Whangapipiro (or)  Rachel Pool လို့ခေါ်ပါတယ်

6 အဲဒီ ရေပူစမ်း ရဲ့ နာမည်က Whangapipiro (or)  Rachel Pool လို့ခေါ်ပါတယ်
6 အဲဒီ ရေပူစမ်း ရဲ့ နာမည်က Whangapipiro (or) Rachel Pool လို့ခေါ်ပါတယ်

6 Rachel ရေပူစမ်းက ရေ ကို အနီးက Polynesian Spa မှာ အသုံးပြုကြပါတယ် ။

6 Rachel ရေပူစမ်းက ရေ ကို အနီးက Polynesian Spa မှာ အသုံးပြုကြပါတယ် ။
6 Rachel ရေပူစမ်းက ရေ ကို အနီးက Polynesian Spa မှာ အသုံးပြုကြပါတယ် ။

14 comments

  • မဟာရာဇာ အံစာတုံး

    February 3, 2014 at 9:06 am

    မိုက်တယ်ဗျာ …
    မလိမ်မာဘူး ..
    ဒါနဲ့ အဲ့ဒီမှာ ထမင်းစားဘူးလားဗျ …
    ဟင်းတွေချည်း တွေ့လို့ ..

    • Foreign Resident

      February 3, 2014 at 9:26 am

      မဟာရာဇာ အံစာတုံး says:
      ” ဒါနဲ့ အဲ့ဒီမှာ ထမင်းစားဘူးလားဗျ … ဟင်းတွေချည်း တွေ့လို့ .. ”

      အဲ့ဒီမှာ ထမင်း မရှိဘူး ။ ပေါင်မုန့် တစ်ချပ်တော့ ပါတယ်လေ ။
      ကျန်းမာရေး နှင့် ညီညွတ်အောင် ပေါင်မုန့် တစ်ချပ် နှင့်
      ငါးပေါင်း ဘဲ အဓိကထားပြီး စားခဲ့တာ ။ 😛

  • KZ

    February 3, 2014 at 9:43 am

    ညင်းညင်းးးးး
    နယူးဇီလန် အပင်ကိုမြင်ရမှပဲ စိတ်ချမ်းသာတော့တယ်။
    ဘာလို့လည်းဆို ပြီးခဲ့တဲ့ တစ်ပတ်က ဆိုတဲ့ နယူးဇီလန်က အပင်မျိုးတွေ စိုက်ပျိုးထားတဲ့နေရာသွားလည်ခဲ့တာ။
    အနော်မှ နယူးဇီလန် မရောက်ဖူးပဲဟာနော်။ :mrgreenn:
    သူတို့ ပြောတာ ဟုတ်မဟုတ်။ သို့လောသို့လောဖြစ်နေတာ။
    ခုမှပဲ ဟင်းးးးး ကျတယ်။
    အဲဒီ ဒေသခံ အပင်တွေ တွေ့ခဲ့တယ်။
    😀

    • KZ

      February 3, 2014 at 9:44 am

      အဲ။
      အဲဒါက Secret Garden တဲ့။

  • kyeemite

    February 3, 2014 at 10:13 am

    ကိုဖေါရဲ့ ဓါတ်ပုံတွေ တော်တော်ကောင်းတာပဲ..ကြည်ရှင်းနေတာပဲ..ပို့စ်ကဒ်ကျနေတာပဲ
    အပေါ်ဆုံးက ကျွန်းစုပုံလေးလှလိုက်တာ…

  • ဦးဦးပါလေရာ

    February 3, 2014 at 11:23 am

    -အဲဒီ တိုးခရီးစဉ်မျိုး ကျုပ်တို့နိုင်ငံမှာ အသေအချာ လုပ်သင့်တယ်-
    -တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ နေထိုင်စားသောက်ပုံ ဓလေ့ထုံးစံအသီးသီးကို
    -ဧည့်သည်လဲ ပါဝင် ဆင်နွဲခွင့်ရတဲ့ အစီအစဉ်မျိုးတွေနဲ့ပေါ့…
    -လက်ရှိငပေါ အစိုးရကို ဘေးချိတ်ပြီး
    -ပိုက်ဆံတတ်နိုင်သူက ကိုယ့်ဘာသာကို စီစဉ်လုပ်ကိုင်သင့်တယ်…

    • Foreign Resident

      February 3, 2014 at 11:33 am

      ဦးဦးပါလေရာ says:
      ” ဧည့်သည်လဲ ပါဝင် ဆင်နွဲခွင့်ရတဲ့ အစီအစဉ်မျိုးတွေနဲ့ပေါ့… ”

      ကျနော်လည်း ဦးပါ ပြောတဲ့ ၊
      ဧည့်သည်လဲ ပါဝင် ဆင်နွဲခွင့်ရတဲ့ အစီအစဉ် ကို ကြိုက်တယ် ။
      နောက် Post မှာ အဲဒီ အကြောင်း နဲနဲ ထည့်ရေးအုန်းမယ် ။

    • sorrow

      February 3, 2014 at 11:54 am

      ဦးဦးပါရေ …အဲ့မျိုးတိုးက cultural တိုးလို့ခေါ်တဲ့ ဒေသတစ်ခု လူမျိုးစုတစ်ခုရဲ့ ယဉ်ကျေးမှု , လူနေမှု , အစားအသောက် အနေအထိုင် တွေကို လေ့လာတဲ့ တိုးမျိုး …. အရင်က ဘဖော ရေးဖူးတဲ့အီတလီက La Sorgente Farm ကိုသွားလေ့လာတဲ့ တိုးမျိုးက အစိုးရအထောက်အပံ့ ပါမှ..တိုင်းပြည်လဲအေးချမ်းမှ ဖြစ်နိုင်တဲ့ကိစ္စမျိုးပါ ။ ( အဲ့တုန်းက ဘဖောဝတ်ရတဲ့ အေပရွန်က အလွန်မိုက်ဆိုပဲ ….ဖွတာ…ဖွတာ…အဟီး ) လူမျိုးစုတွေကို စစ်ပြန်ခင်းနေတဲ့ တိုင်းပြည်မျိုးမှာ security purpose အရ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့တောင်ထင်ပါတယ် ။ တိုးကုန်ပဏီတွေအနေနဲ့လဲ … ကိုယ့်ဧည့်သည်ကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ဥရောပနဲ့ အော်ဇီဆီက များကြီးများကြီး သင်ယူဖို့လိုသေးပါတယ် ။ ဘဖော ရေးတဲ့စာတွေဖတ်ပြီး သိမ်ငယ်စိတ်ဝင်တယ် ။ အစိုးရမထောက်ပံ့ပေးပဲနဲ့တော့ လူများတိုင်းပြည်လိုမျိုးက နောက်ဆယ်နှစ်မဖြစ်နို်င်ဘူး ( ကိုယ်ပိုင်အမြင်ကိုပြောပါတယ် ) ။ စကားအတင်းစပ် ဘဖောကတဲ့ Haka war dance မိုက်တယ်…အဟိဟိ

      • ကထူးဆန်း

        February 4, 2014 at 10:01 am

        ရော်
        ဒီတိုင်းရင်းသားကြီးတွေ အတော် နွမ်းပါးတာဘဲ
        ဖိနပ်လဲ မပါ သူများမြင် အထင်သေးစရာဖြစ်နေပါ့မယ် .
        ဒီက နာဂတိုင်းရင်းသားများလို ကမာ္ဘကျော် ဘောင်းဘီတို နဲ့ တစ်ရုတ် ဝေါ့ကင်းရှုးတွေ ဆင်ပေးပြီး လှံ ကို်င်ခိုင်းတာ မဟုတ်ဘူး ..
        သူများ အမြင် မတင့်တယ် ပါဘူး မောင်တို့ ရာ ..
        ကွိကွိ .. :harr:

  • kai

    February 3, 2014 at 5:12 pm

    ဆောင်းရာသီဆိုသူတို့တွေဘယ်လိုဝတ်ကြမယ်မသိ..။
    အခုတော့ အပေါ်အဝတ်မပါပေါ့နော..။ ဒီမှာစွတ်အေးနေတာ.. ဂိဂိထနေတာမို့.. နေရောင်နွေးနွေးပုံလေးတွေနဲ့.. နွေးစရာ..။

    ဆိုတော့..
    ဒီလ၁၄ရက်နေ့မှာ.. အယ်လ်အေကမြန်မာအသင်းတခုက.. လူ၇ဝလောက်စုပြီး.. မက်ဟီကိုဖက်ပင်လယ်ကမ်းတလျှောက် ဇိမ်ခံသင်္ဘောကြီးစီးပြီးခရီးသွားကြမယ်တဲ့..။
    ၃ရက်ခရီး တယောက်၃၂ဝဒေါ်လှပဲတဲ့..။ ဗာလင်တိုင်းနေ့ကြီး လူနည်းနေလို့.. လိုက်ရင်ထပ်လျှော့မယ်တောင်လေသံပစ်နေတယ်..။
    လိုက်ချင်တာ..
    သတင်းစာထွက်ရမယ့်ရက်နဲ့တိုက်နေလို့… မြိုချလိုက်ရတယ်..
    ဂလု..။ :buu:

  • Ma Ma

    February 3, 2014 at 7:28 pm

    အဲဒီရွာက တိုးရစ်တွေ သွားလည်နေကျမဟုတ်ဘူးလား။
    သူတို့ ရဲ့ War Dance စစ်ခင်းပုံကို စတင် ပြင်ဆင်ပြီး လူစိမ်း ကို ခြောက်လှန့်ပါတယ် … ဆိုတာ
    ဧည့်သည်တွေ စိတ်ဝင်စားအောင် တမင်လုပ်ပြတာများ ဖြစ်နေမလားးး

    • ကထူးဆန်း

      February 4, 2014 at 10:03 am

      ဟိဟိ .. အန်တီ မမ အတော် ရိုးပါလား ..

      • Ma Ma

        February 4, 2014 at 7:02 pm

        အယ်…
        ကထူးဆန်းပြောတာကို နားမလည်ဘူး။
        ရိုးတာ မဟုတ်ပဲ။
        အ တာဖြစ်မယ်။ 🙁

        တလက်စတည်း ကျန်ခဲ့တာလေး မန့်လိုက်အုုံးမယ်။
        Maori တွေရဲ့ Hangi ဟင်းချက်ပုံ အတိုင်းချက်ထားတဲ့ နေ့လည်စာ စားချင်တယ်။ :mrgreen:

  • ဒညင်းဝက်

    February 4, 2014 at 12:07 pm

    သစ်ပင်တွေက.. စိမ်းစိမ်း..
    ကောင်းကင်က..ပြာပြာ…
    နေချင်စရာ နိုင်ငံတစ်ခုလို ့ မြင်မိပါရဲ ့…
    😆

Leave a Reply