တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု

Yin Nyine NwayAugust 8, 20103min562

တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု

ဝိုး…..မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ ။ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာ ရေခဲမိုးရွာသွန်းမှုကနေ မိုးတိတ် သွားတဲ့အခါ အခွန်လှပတဲ့ ရေခဲချပ်လေးတွေ ပန်းပုဆရာတစ်ယောက်က သွန်းထု ထားသလား ထင်မှတ် ရလောက်အောင် လက်ရာလှပစွာ ထွက်ပေါ်လို့ လာပါတယ် ။ ရေခဲမှုန်လေးတွေ ဖြန့်ကျဲထားသလို ရွာသွန်းတာ ဖြစ်ပြီး အောက်ခံ ပန်း(သို့မဟုတ်) အရောင်ကို အတိုင်းသား မြင်ရလောက်အောင် ကြည်လင် လှပါ တယ် ။ ကဲ့ ရေခဲမိုးကနေတဆင့် ဖြစ်ပေါ်လာတဲ့ လှပတဲ့ အနုပညာလက်ရာ သဘာဝ တရားကြီးကို ခံစား ကြည့် ရအောင် ။

မြင်မြင်သမျှ သဘာဝတရားကြီး ရဲ့ အလှအပဖန်ဆင်းမှုဟာ လူသားတွေတမင်တကာ ပြုပြင်ဖန်တီးထားတဲ့ အရာ တွေထက် သာလွန်လှပတယ်ဆိုတာကိုတော့ကျွန်မတို့အားလုံး ဝန်ခံရပါလိမ့်မယ် ။


ဒီရေခဲသီးလေးတွေကလည်း တမူထူးခြားသက်ဝင်စွာ လှပလို့နေပါတယ် ။

ကဲ ဒီပန်းပွင့်ကြီးတွေကို ကြည့်ပါဦး ဘယ်လောက်လှပါသလည်း ။ မူရင်းပန်းပွင့်က အနားသတ် အတွန့်လေး တွေအ တိုင်း ရေခဲပြီး ဖြစ်ပေါ်နေတာပါ ။

လိမ္မော်ရောင် ပန်းပွင့်ရေခဲချပ်လေးပါ ။



ဝိုးးး ဒီတစ်ခုကလည်း အောက်ခံအဖြူရောင်အပင်မွှားလေးတွေအပေါ်မှာ သဘာဝအတိုင်း ဖြစ်ပေါ် နေတဲ့ ရေခဲ လွှာလေးတွေဖြစ်ပါတယ် ။

အောက်ခံပန်းပွင့် အဝါရောင်အတိုင်းဖြစ်ပေါ်နေတဲ့ ရေခဲမှုန်လေးတွေပါ ။

ဒီပန်းခင်းကြီးကလည်း ဘယ်လောက်တောင်လှပါသလဲ ။ ကြည်လင်ဖောက်ထွင်းမြင်ရတဲ့ ရေခဲပန်း ခြံလေးတစ် ခုလိုပါပဲ ။

သစ်ရွက်ထဲမှာပါတဲ့ အကြောလေးတွေအတိုင်း ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ ရေခဲအချပ်လေးပါ ။


ဒီလိုပွင့်ချပ်ကြီးဆို ဘယ်လောက်လှပါသလည်း ။ မူရင်း ပွင့်ချပ်အတိုင်း တသွေမတိမ်း ရေခဲပန်းပုထုထားသလို လက်ရာ မြောက်လှပါတယ် ။

2 comments

  • laaminnthar

    August 8, 2010 at 5:20 am

    သဘာဝက အရမ်းဆန်းကြယ်တာပဲနော်
    ထင်တောင် မထင်ရဘူး အရမ်းလှတာပဲ။

  • winne

    August 8, 2010 at 9:03 am

    ပုံက တပုံဘဲ မြင်ရတယ် ကျန်တာကတော့ အကွက်လေးတွေ ဖြစ်နေတယ်နော်

Leave a Reply