ကျားဆိုတာ …

မီ မီFebruary 3, 20141min18013

 

 

 

အမေ

လောကနိယာမ

သမီးကြားဖူးတာက

ကျား တွေမြက်မစားဘူး တဲ့လေ

ကျားမှန်ရင်

တောဘုရင် ဂုဏ်ပုဒ်နဲ့

တိုက်ခိုက် ကြိုးစားပြီး

ဝမ်းမီး ငြိမ်းစေတာလေ ။´

 

လက်ရုံးခြင်းယှဉ်ဖက်

ပြိုင်ဘက်ကိုဗိုလ်မထား

ကျား ဆိုမှကျား

သမီး လေးစားတယ်အမေ ။

 

အမှောင်ကွယ်ခြုံပုဒ်ထဲက

ခုန်အုပ်မယ်ဆိုရင်လဲ

အသံပေးအမြီးလှုပ်

အစာအတွက် တိုက်ခိုက်ရင်

ကျွဲကိုကိုက်လည်းဒီခွန်အား

သမင်ကိုကိုက်လည်းဒီခွန်အား

ယုန်သူငယ်ကိုက်လည်းဒီခွန်အား

သမီးလေးစားတယ်အမေ ။

 

ကျားမှောင်ခို ရောင်းဈေးက

သိန်း တရာ ဆိုလဲဟုတ်တယ်

ကျားတကောင်လုံးအသုံးဝင်လို့

တရုပ်ပြည်တင်ပို့တာ

ကျား မစင်ပါဆေးဖက်ဝင်တယ်

သမီးလေးစားတယ်အမေ ။

 

လောကသဘာဝ

ကျားဆရာ ကြောင်လို့ပြောကြတယ်

ကြွက်မရရင် အရိုးရှာတဲ့

့ကြောင်သူတော်ရဲ့မစင်

ပျော့ပျော့နဲ့အနံ့ပြင်းလို့

ဘယ်သူမှ ဈေးမပေး

လေ ကွယ်ရာပြေးလို့

အမေရယ် ……

ဝဋ် ကြွေး တွေ ကြေပါစေ။

 

 

13 comments

  • ရွာ ထဲ က ကြောင် ကြီး က တော့
    ဘာ ပြင်း သ လဲ မ သိ
    ကောင် မ လေး တွေ အား လုံး က ရှောင် ကြ တယ် ဗျို့

  • TNA

    February 3, 2014 at 1:56 pm

    မိုက်မှမိုက် ကဗျာဆရာမလားဟင် ရှယ်ပဲကဗျာတွေ

  • ဦးကြောင်ကြီး

    February 3, 2014 at 1:56 pm

    ကြောင်ကတိုး ချေ းတုံး သိန်းထောင်ချီတန်တာ မီမီ မသိလေရော့သလား..။
    မီမီ့အတွက်
    ဦးကြောင်ထွက်
    တချက်ပြီးတချက်
    ဖွတ်ဖွတ်ညှက်
    ပျော့တဝက်
    မာတဝက်
    အရောင်းသွက်
    တာဝန်ကျေလျက်
    ကြောင်ဦးနတ်..

  • ဂွတ် ပိုအမ်…

    ဒီထဲမှာ ခပ်ဆိုးဆိုး ကြောင်ကြီးတစ်ကောင်ရှိတယ်..
    အနံ့ပြင်းမပြင်းတော့ သေချာမသိဘူး..မီးတော့ တောက်တယ်..
    သတိထားပါလို့.. :mrgreen:

  • အဘရဟူဒီ

    February 3, 2014 at 4:47 pm

    ကျားဆိုလို့ ဝင်ဖတ်တာ
    ထင်တာလည်း မှုတ်ဖူး
    ဗြဲ …

  • kai

    February 3, 2014 at 4:50 pm

    ကျားဆရာကြောင်…
    ကြောင်ဆရာကြွက်တဲ့..

    ကြောင်ကသစ်ပင်တက်တတ်လို့တဲ့..
    ကြွက်ကကြိုးတန်းလျှောက်တတ်လို့တဲ့..

    ပေါက်တပ်ကရ.. :mrgreen:

    • lele kyi

      February 7, 2014 at 8:59 pm

      သူကြီး ပြောမှ Tom & Jerry ကြည့်ချင်လာပြီ။အကောင်သေးသွားလို ့ ဆရာကြီးဖြစ်သွားတယ်ထင်ခဲ့တာ။

  • Mr. MarGa

    February 4, 2014 at 8:51 am

    ကဲ… မီမီရေ့
    ဟိုကြောင်ဇိုးကြီးက အလျှော့မပေးသေးဘူးနော့
    လုပ်ထား လုပ်ထား……
    မလျှော့နဲ့ကွ

    • KZ

      February 4, 2014 at 9:02 am

      နောင် ဘိန် နောင် ဘိန်
      :-d
      မီမီကြောင့် မနေ့ညက ကြောင် မအိပ်နိုင်ဘူးနော် တဂျားးးး

      ကြောင့် ကို နိုင်မဲ့သူပေါ်ပြီကွ။

      :mrgreen:

      • Mr. MarGa

        February 4, 2014 at 9:51 am

        ဟုတ်ပ
        ကြောင်ခမျာ အိပ်ချင်မူးတူးနဲ့ ဝင်လာရရှာတာ
        ဟီဟိ
        ကျားဆရာ ကြောင်
        ကြောင်ဆရာ မီမီ ဖြစ်တော့မည်
        :mrgreenn: :mrgreenn:

  • ဒညင်းဝက်

    February 4, 2014 at 11:34 am

    သူလေးရဲ ့အတွေးတွေလည်း..
    ဂျွမ်းပစ်နေတာပါပဲလားကွယ်…

    ကောင်းပါလေ့…
    :kwi:

  • ဘိုးဘိုးကြောင်
    မြေးလေးကျား
    ဆိုတာတော့ တွတ်ပီထဲဖတ်ဖူးသကွဲ့
    ကျားဆရာဂိုဒ်ဖမ်းနေတဲ့ ကြောင်ဇိုးတစ်ကောင်တွေ့လာတယ်ထင်ဘ

  • အရိပ်စစ်

    February 5, 2014 at 12:59 am

    အစ အဆုံး အကုန် အသုံးဝင်နေတာပဲနော်
    စိတ်ကူးလေး ကောင်းလိုက်တာ

Leave a Reply