စနစ်ကြောင့်လား… အကျင့်ကြောင့်လား…

alinsettFebruary 10, 20142min25730

 

သူရ တော်တော် စိတ်လေသွားတယ်။

မြန်မာပြည်မှာက မဖြစ်သင့်တာ တော်တော်များများ ဖြစ်နေပြီး ဖြစ်သင့်တာတွေကတော့ ဖြစ် မနေဘူး။

ဒီတော့ ဟိုတွေးဒီတွေး ဟိုမြင် ဒီမြင် ဖြစ်တတ်တဲ့ သူရကို မြန်မာပြည်ကြီးက အတော် စိတ်ပျက်စေတယ် ။

ဟိုတနေ့က သူရရဲ့မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောရင်းနဲ့

သဂျီးပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတဲ့ စကားကို သတိရသွားပြီး အတွေးပွါးများခဲ့ရသေးတယ်။

———————————–

အဲဒီမိတ်ဆွေနဲ့ သူရ ရှစ်မိုင်လမ်းဆုံနားကနေ လမ်းဖြတ်ကူးတာပါ။

လူကူးမျဉ်းကျားကနေကူးတာပါပဲ။

ဒါပေမယ့် ကားတွေက အေးဆေးပဲ ။

လူတွေ ဆယ်ယောက်လောက် တန်းစီပြီး ကူးဖို့စောင့်နေတာကို ခဏရပ်ပြီးကူးစေဖို့ ကားသမားတွေမှာ စိတ်ကူးမရှိဘူး။

ရပ်ပေးစရာ မလိုသလိုပဲ။

သူရတို့က ကားအကျဲမှာ အတင်းဖြတ်ပြေးဖို့ ကြိုးစားရတယ်။

ဒါပေမယ့် ကားအကျဲလေးမှာ အသည်းအသန်ကူးလို့ အတိုက်ခံရပြီးသေရတဲ့ အသက်တွေ များလှပြီ ။

ပြီးတော့ သူရတို့ ဖြတ်ကူးမယ် ဟန်ပြင် လိုက်တာနဲ့ ဟိုခပ်လှမ်းလှမ်းက လာနေတဲ့ကားက မီးတွေတောက်ပြနေပါလေရော။

အင်း ဖြတ်မကူးနဲ့ဦး။ သူတို့ကတော့ ရပ်ပေးဖို့ အစီအစဉ်မရှိလောက်ဘူး။ အရှိန်နဲ့ မောင်းမြဲ ဆက်မောင်းလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ။

မီးတွေ တဖျတ်ဖျတ်တောက်ပြပြီး အရှိန်မလျှော့ပဲ မောင်းလာတဲ့ ကားတွေ ရှေ့မှာ ….

သူရတို ့ ဘယ်လောက် အရေးကြီးကြီး ဖြတ်မကူးသင့်ဘူး။   အတိုက်ခံ…. သေရဖို့များတယ်။

ပွတ်ကာသီကာလေး ဟိုဘက်ကို လွတ်မြောက် ရောက် သွားနိုင် ဖို့ရာက ၁ဝ % တောင် မရှိလောက်ဘူး။

အတိုက်ခံရပြီး ကျိုးပဲ့သေဆုံးသွားဖို့ကတော့ ၉ဝ % လောက် သေချာနေတယ်ပေါ့။

 

အဲဒီမှာ သူရ ရဲ့ နှုတ်က လွှတ်ခနဲ ပြောမိတာက

” လူကူးမျဉ်းကျားမှာ လမ်းကူးမယ့်သူတွေ ရှိရင်

ငါးမီတာ အကွာကနေ ကားကို ခဏရပ်ပေးရမယ်ဆိုတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဘယ်ကားမှ မလိုက်နာကြပါလားဗျာ”

 

 

ဆိုင်းဘုတ်ထဲက..စည်းကမ်း... အဟက်...
ဆိုင်းဘုတ်ထဲက..စည်းကမ်း…
အဟက်…

အဲဒီလို ပြောတော့ သူရ ရဲ့ မိတ်ဆွေက ပြန်မေးတယ် ။ ” ငါးမီတာ ဆိုတာ အကွာအဝေး ပေဘယ်လောက် ကို ပြောတာလဲ ” တဲ့ ။

 

သူရ အံ့ခနဲ ဩောသွားတာပေါ့။

မေးတဲ့သူက ….သူရထက် ပညာပိုတတ်တယ်လို့ဆိုနိုင်တဲ့သူပါ။

လက်ရှိ သူ ့ အသက်မွေးဝမ်းကျောင်းအလုပ်က  K M D မှာ တပည့်ပေါင်းများစွာကို သင်ပေးနေရတဲ့ ဆရာပါ။

သူ . . . .ရထားတဲ့ ဘွဲ့ နဲ့ သူ ့ အနေအထားက ငါးမီတာမှာ ပေ ဘယ်လောက် ရှိလဲ မသိတာ အံ့ဩစရာကြီးပါ။

 

သူရ နဲ့ အဲဒီမိတ်ဆွေက ပြောမနာဆိုမနာရင်းနှီးသူတွေမို့ ဆဲဆဲဆိုဆိုနဲ့ အပြစ်တင်ပစ်လိုက်တယ် အေးရော။

 

ငါးမီတာ မှာ ဘယ်နှစ်ပေရှိလဲတောင် မသိရကောင်းလား ပေါ့။

ဒါပေမယ့် မိတ်ဆွေကလည်း အားမလျှော့ပါဘူး။

အဲဒီလို မသိတဲ့ လူတွေ အများကြီးပဲဟ တဲ့။ ကျောင်းမှာတုန်းက သင်ပေးခဲ့ပေမယ့် အခု ကျောင်းနဲ့ ဝေးလို့ မမှတ်မိတော့ဘူး တဲ့။

 

မမှတ်မိတော့တဲ့ သူ တို့ မှတ်ဉာဏ်ကိုပဲ အပြစ်တင်ရမလား။

မှတ်မိအောင် ထိထိမိမိ သင် မပေးခဲ့နိုင်တဲ့ ပညာရေးစနစ်ကိုပဲ အပြစ်တင်ရမလား။

 

တကယ်တော့

ဒီ အတွက်အချက်ကလေးလောက်ကို

ကလေးကအစ သိနေသင့်တယ်မဟုတ်လား ။

 

အခုတော့ သူရရဲ့ မိတ်ဆွေလို ဘွဲ့ရပညာတတ်ဆိုသူတစ်ယောက်တောင် မသိဘူးဆိုတော့. . .

အဲဒီလို မသိတဲ့သူတွေ ဘယ်လောက်များနေလဲ

 

ဆက်တွေးရပါတယ်။

 

ပညာ ကောင်းကောင်းမသင် ခဲ့ ရတဲ့ အောက်ခြေလူတန်းစား ပညာမဲ့ အသက်မွေးသူတွေလည်း အများကြီးလေ။

 

အထူးသဖြင့် သူရတို့ တိုင်းပြည်က …ကားမောင်းသူ တွေရဲ့ အနေအထားကို စစ်တမ်းကောက်ကြည့်ရင်. . .

ပိုက်ဆံချမ်းသာပြီး ကားကိုကိုယ်တိုင်မောင်းရတာကြိုက်တဲ့ ကားမောင်းသူတွေရယ်. . . .

 

ပညာမဲ့ စည်းစိမ်မဲ့လို့ သူဌေးရဲ့ ကားကို လခစားနဲ့ မောင်းပေးရတဲ့ ကားမောင်းသူတွေရယ်. . .

ဒါပဲ ရှိတယ် ။

 

ထပ်အတွန့်တက် ပြောရ ရင်တော့ . . .

ကိုယ်တိုင် ကားမောင်းတဲ့ သူဌေးတွေရယ်. . .

ကားမောင်းခြင်းကို အလုပ်အကိုင် တစ်ခုလို အားထားပြီး ဝင်ငွေရှာဖွေရတဲ့ ကားမောင်းသူတွေရယ် ပေါ့။

 

အဲဒီနှစ်မျိုးထဲမှာ . . .

ကိုယ်တိုင် ကားမောင်းတဲ့ သူဌေးတွေက ပညာတတ်တွေလို ့ ခပ်လွယ်လွယ်မှတ်ချက်ချထားလို့ရပါတယ်။

ကျောင်းကောင်းကောင်းမှာ အဆင့်မြင့်မြင့် နဲ့ ပညာတွေ သင် ယူ ခဲ့နိုင် မှာပါ။

ပြီးတော့ လုပ်ငန်းကြီးကြီးတွေကို အမြင် ကျယ်ကျယ်နဲ့ လုပ်ကိုင် နိုင် မှာပါ။

အဲဒီလိုလူမျိုးတွေထဲက ကားကို ကိုယ်တိုင်မောင်းသူတွေက ငါးမီတာ အကွာအဝေးမှာ ရပ်ပေးရမယ်ဆိုတဲ့ ယာဉ်စည်းကမ်း ကို မသိဘူးဆိုတာ မဖြစ်သင့်ပါဘူး ။

ရပ်ပေးသင့်ပါလား..ဆိုတဲ ့ အသိလေး.. ရှိသ့်ပါတယ်.. ။  ( ရှိ တဲ ့သူတွေ ကို မဆိုလိုပါဘူး )

သိသိကြီးနဲ့ ကိုယ့်တစ်ဘို့ထဲကြည့်တယ်ဆိုရင်တော့ သူ့အဆင့်အတန်းပေါ့လေ ။

 

ပြောစရာရှိတဲ့အပိုင်းက

ကားမောင်းစားရသူတွေပါ။

အထူးသဖြင့် ရန်ကုန်မြို့ထဲမှာ ပိုင် ရှင် ကိုယ်တိုင် မောင်းတဲ့ ကားနဲ့ . . .

ကားမောင်းခြင်းအလုပ် လုပ်မှ ထမင်းစားရလို့ မောင်းနေတဲ့ကား ဘယ်ဟာက များမလဲ။

 

သေချာပါတယ်။  လခစား…. ရရစားစား ကားမောင်းသမားတွေ မောင်းတဲ့ကားက ပိုများမှာပါ ။

 

ပညာတွေ ဘွဲ့တွေ မရခဲ့သူတော်တော်များများဟာ. . .

အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ကားမောင်းသင်ပြီး ကုမ္ပဏီတွေမှာ လခစား ကားမောင်းတဲ့အလုပ် လုပ်ကြတယ်။

 

ထောင် နှုတ်ခမ်းရယ် ဆေးရုံနှုတ်ခမ်းရယ် သချိ င်္ုင်း နှုတ်ခမ်းတွေရယ်ကို

နင်းပြီး လုပ် ရတဲ့ အလုပ်ပါ လခ ကောင်းတယ်လို့ ဆိုနိုင် တဲ့အတွက် ဘွဲ့တွေ ပညာရပ်တွေနဲ့ ဝေးခဲ့သူ ယောကျာ်းလေးတော်တော်များများက

ကားမောင်းခြင်းအလုပ် ကို အသက်မွေးဝမ်းကျောင်းကြတာကိုး ။

တချို့ကလည်း Taxi မောင်းစားကြတယ်။Taxi သမားတစ်ယောက်ရဲ့ ဝင်ငွေကလည်း မနည်းဘူးကိုးဗျ။

 

ဒီတော့ ဒီတိုင်းပြည်မှာ ကားမောင်းနေတဲ့ ကားတွေထဲက အများစုက

ငါးမီတာအကွာဆိုတာ ဘယ်လောက်များပါလိမိ့လို့ ဇဝေဇဝါဖြစ်နေတဲ့ ကားတွေများလားးးး

လူကူးမျဉ်းကျားမှာ လမ်းကူးဖို့စောင့်နေတဲ့လူတွေကို မငဲ့ညှာတတ်သူတွေ

ငဲ့ညှာပြီး ခဏရပ်ပေးသင့်တယ်လို့ မတွေးသူတွေ. . .များလား…

ဆိုင်းဘုတ်ထောင်စည်းကမ်း နဲ့ လာဘ်ပေးလာဘ်ယူ စည်းကမ်းထိန်းသိမ်းမှုတွေကြားမှာ

လမ်းသွားလမ်းလာတွေရဲ့ ကြောက်မက်ဖွယ်ရာ သေတွင်းပို့သူတွေနေရာကို

လမ်းပေါ်က ကားတွေက အော်တို နေရာယူနေပါပြီ ။

 

စနစ်တွေ ရှိတယ်။

ဒါပေမယ့် အဲဒီ စနစ်ကို လိုက်နာရ ကောင်းမှန်းမသိသူတွေလည်း ရှိနေတယ်။

 

စည်းကမ်းတွေ ထုတ်ထားတယ်။

ဒါပေမယ့် စည်းကမ်းကို စနစ်တကျလိုက်နာသူနဲ့

စနစ်တကျမှန်မှန်ကန်ကန် ထိန်းသိမ်းမှုတွေ အားနည်းနေတယ်။

 

(ကားတွေဘက်က အရှိန် မလျော့သလိုပါပဲ လူတွေ ဘက်ကလည်း အရှိန် မ လျှော့ပါဘူး ။

လူကူးဖို့မျဉ်းကျားတွေရှိရာကို တကူးတက သွားကူးဖို့ထက် ကိုယ်သွားလိုရာနဲ့ နီးစပ် ရာ နေရာကနေ

ခပ်သုတ်သုတ်ပြေးးလွှားကူးလိုက်သူတွေက ပိုများပါတယ် ။ ဒီတော့ အဲဒီ နှစ်ဦးနှစ်ဖက်ကြားမှာပဲ သေမှုသေခင်းတွေ ပိုးစိုးပက်စက် များးလာပါပြီ ။

အသက်တစ်ချောင်း သေဆုံးသွားဖို့က လွယ်လွယ်လေးပါ ။

အဲဒီ အသက် မဆုံးရှုံးအောင် ဉာဏ်သုံးးပြီး ထိန်းသိမ်းဖို့က ခက်ပါတယ် ။

လမ်းကို အလောတကြီး ပြေးလွှားကူးလိုက်လို့ သေသွားမယ့် အသက်က အင် မတန် နှမြောဖို့ကောင်းပါတယ်။

အဲဒီအတွက် ငါးမိနစ်ပဲ ကြာပါစေဦး. . .

ကားတွေ အလိုက်တသိနဲ့ ရပ် မပေးလည်း ကားရှင်းတဲ့အထိ စောင့်ပြီးမှ . . .ကူးသင့်ပါတယ်။

ကိုယ့် အသက်အတွက် စိတ်ချရလောက်တဲ့ လုံခြုံမှု ရှိမှ ကူးသင့်ပါတယ် ။

အသက်တစ်ချောင်းအတွက်. . . ငါးမိနစ်ပဲဖြစ်ဖြစ် မိနစ်ငါးဆယ်ပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည် စောင့်စားသင့်ပါတယ် ။ )

 

——————

 

တစ်နေ့တစ်နေ့ ကြားရတဲ့သတင်းတွေထဲမှာ ကားတိုက်လို့သေတယ်ဆိုတာတွေများများလာပြီ။

 

သူရကြီးလည်း ……..

တစ်နေ့ထက်တစ်နေ့…………. ပို မျှော်လင့်နေရပြီ။

 

ကားတွေဘက်က လမ်းကူးသူတွေကို

ခဏရပ် ညှာတာပေးမှုတွေ များလာပါစေတော့. . . .

 

လမ်းကူးသူတွေ ဘက်ကလည်း. . .

စနစ်တကျနဲ့ စိတ် ရှည် ရှည်ထားပြီး ကူးကြဖို့. .

 

စည်းကမ်းထိန်းသိမ်းသူတွေနဲ့ စည်းကမ်းးလိုက်နာသူတွေ . . .

ညီညီမျှမျှ စနစ်ကျဖို့ . . . .

 

လောလောဆယ်တော့ မျှော်လင့်နေတုန်းပဲ. . . .

 

————————

 

လေးစားစွာဖြင့်. . .

 

သူရ

 

 

 

 

 

 

 

 

 

 

 

 

 

 

30 comments

  • kyeemite

    February 10, 2014 at 8:44 am

    ရန်ကုန်မှာ ကားတွေ အတော့်ကိုများလာပြီ…ဆိုတော့ လမ်းတွေပေါ်မှာအလုအယက်သွားနေကြရင်း
    ဒညင်းဝက်ပြောသလို မျဉ်းကျား မှာရပ်ပေးဖို့နေနေသာသာ လမ်းလယ်မျဉ်းပေါ်ရပ်နေတာတောင်
    တိုက်လုလု အတင်းကပ်မောင်းကြတယ်…အင်း..ဒီလူတွေနဲ့ဖြင့်….ခက်သေး.. :angry:

    • alinsett ( Gazette )

      February 10, 2014 at 7:28 pm

      ခက်တာမှ…အတော့်လေးကို ခက်တာပါ..ဦးကြီးရယ်…

  • KZ

    February 10, 2014 at 10:30 am

    စံနစ်မကောင်းမှာ ကျင်လည်ရာက မကောင်းတဲ့ အကျင့်ဖြစ်သွားတာ။
    ဒါနဲ့ ၅ မီတာမှာ ဘယ်နှစ်ပေရှိတုန်းဟမ်?
    😀

    • alinsett ( Gazette )

      February 10, 2014 at 6:31 pm

      တစ်မီတာကို ၃ ပေ စွန်းစွန်းလေးဆိုလား
      တို့လည်း သေချာ တိတိကျကျ သိတာ မဟုတ်ဘူးရယ်. . .
      ကိုယ်လည်း ထူးမခြားနားထဲ ပါချင်ချင်ရယ်

      😆

      ထားပါတော့ ဆယ့်ငါးပေအကွာလောက်က ရပ်ပေးရမယ်ပေါ့

      ဘယ်သူ ရပ်ပေးလဲ

      ရပ်ပေးတဲ့သူ အနည်းစု (တကယ့်အနည်းစု)တော့ ရှိလိမ့်မယ်။

      ဒါပေမယ့် ရပ်မပေးကြလို့ သက်စွန့်ဆံဖျား ပြေးလွှားဖြတ်ကူးနေသူတွေကို ကလော်တုတ်သွားတဲ့ သူက ပိုများတယ်
      အဟုတ် ။

      ကဲ
      စနစ်လားးး
      တောက်ကျင့် တွေ လားးး

      စိတ် ဖုန်တက်တယ်

      🙂

      • မမချွိ

        February 10, 2014 at 7:02 pm

        1m = 3.28084ft

        • alinsett ( Gazette )

          February 10, 2014 at 7:30 pm

          ကောင်းပါလေ့… သိုင်းကျူးပါ..မမချွိ ။
          အခုလို တိတိကျကျလေး..ချရေးပေးသွားတဲ့အတွက်..

          :kwi:

  • ဦးဦးပါလေရာ

    February 10, 2014 at 11:21 am

    အဲ့ဒါ လူက ကားကိုကြည့်ပြီးမှ အခြေအနေကောင်းမှကူးမယ်ထင်လို့ ကားတွေက မရပ်ပေးကြတာဖြစ်မယ်..။
    ပလက်ဖေါင်းပေါ်က ဆင်းကတည်းက ကားတွေလာတဲ့ဖက်ကို လှည့်မကြည့်ပဲ ကျောခိုင်းပြီးလမ်းကူးရင် ဘယ့်နှယ်နေမလဲမသိဘူး..
    :mrgreen:

    • alinsett ( Gazette )

      February 10, 2014 at 6:16 pm

      ကားတွေ ဘက်က လမ်းကူးသူရှိရင် ရပ်ပေးရမယ် ဆိုတဲ့ တာဝန်သိမှု
      ဘယ်ချောင် ကပ်နေလဲ ဟင်. . . .

    • kai

      February 11, 2014 at 3:07 pm

      ဦးပါပြောတဲ့အတိုင်း… အမေရိကန်အဖြူတွေတော်တော်များများလုပ်တယ်…
      မျဉ်းကျားဖြတ်ရင်.. ကားလာမလာ… ရှင်းမရှင်း..ယောင်လို့တောင်မကြည့်…
      အေးဆေး.. ဖုံးပြောရင်း.. Text ပို့ရင်း.. ဖြတ်တာပဲ..

      သူတို့တိုက်မိလို့ကတော့… တသက်စာလုပ်ကျွေးပေတော့ပဲ..။
      သွားတိုက်မိလို့… တလ.. ၂ထောင်၅ရာနဲ့ အဲဒီလူအသက်ရှင်နေသမျှ.. တသက်လုံးပေးဖို့.. အမိန့်ချခံရတဲ့.. ဗမာတက်ခ်စီသမားတဦးသိဖူးတယ်.

      ဆိုတော့…
      မြန်မာသတိပေးဆိုင်းဘုတ်တွေအကြောင်းပြောပြရရင်..
      စာတွေရှည်လွန်းနေတာတွေ့ရပါတယ်..
      အဲဒါကို ကားမောင်းသူက.. ဘယ်လိုမျက်စိနဲ့.. ဘယ်လိုအချိန်ယူဖတ်ရမလည်း..တွေးမိကြရဲ့လားမသိ…
      ယူအက်စ်မှာသာဆို.. ကားတိုက်မှုဖြစ်ရင်.. အဲဒီလိုဆိုင်းဘုတ်လုပ်တဲ့သူ.. အရင်တရားစွဲခံရဖို့.. တော်တော်သေချာတယ်..

      ေ-ာက်တလွဲကို..စနစ်တကျ…လုပ်ကြပုံ.. :mrgreen:

      • alinsett ( Gazette )

        February 11, 2014 at 10:08 pm

        ဒီမှာတော့ မောင်းလာနေတဲ့ကားတွေကို မနည်းပြူးပြဲပြီး ကြည့်
        လွတ်လောက်မယ်ထင်လို ့ခပ်သုတ်သုတ် ဖြတ်ပြေးတာတောင် တချို့ကားမောင်ူသမားတွေက ဆဲသွားသေးတယ်
        သေချင်လို့လား
        လျော်ကြေးလိုချင်လို့လား
        ငါ. . .
        မအေ.

        စသည်ဖြင့် ကားပေါ်ကနေ ကလော်တုတ်သွားတာချည်းပဲ

        သဂျီးတို့ပြောသလိုများကူးလို့ကတော့ ဖြတ်တိုက်ပြီးသားပဲ. . .
        ပြီးရင် သေရင် ဆယ့်ငါးသိန်းလောက်ပေးမယ်
        မရှိဆင်းရဲသားတွေ ဆိုတော့အဲ့လောက်ပေးလို့ ရလည်း နည်းပါဘူးပေါ့. . .
        မကျေနပ်ဘူးဆိုပြီး တရားစွဲနေလည်း ဟိုပေးရ ဒီပေးရ အလုပ်ပျက်အကိုင်ပျက်
        သေသွားတဲ့သူလည်း ရှင်လာမှာမှ မဟုတ်တာ ဘာညာ ဆိုပြီး . . .

        တိုက်တဲ့သူကလည်း အလိုက်ကောင်း အကျသက်သာ. . .

        ——–

        ဆိုင်းဘုတ် တွေ ပုံစံမကျပုံကလည်း ပြောမကုန်ဘူး။
        ပုံစံ မကျရတဲ့အထဲ စည်းကမ်းမဲ့ လက်ဆော့သူတွေ က ရှိသေး
        ဟိုစာလုံး ဖျက် ဒီစာလုံးဖျက် . . .

        အင်းးးပြင်ရမှာတွေ. . . .

        🙁

        • kai

          February 12, 2014 at 4:54 am

          အမှန်တကယ်က… ယဉ်တိုက်မှု.. အက်စိဒန့်တွေက.. အာမခံစနစ်နဲ့ထိမ်းသွားရမှာပါ..။
          အယ်လ်အေမှာ ကားမောင်းသူတိုင်း.. အာမခံမဝယ်မနေရစနစ်ပြဌာန်းထားတယ်..

          ဆိုတော့…
          သာမန်တိုက်မိရင်.. အာမခံကလျှော်တယ်လေ..။
          ပရီမီယံကြေးတက်သွားတယ်..။
          အာမခံကနေလျှော်မယ်ဆို.. လျှော်မဲ့သူက ဘယ်စွတ်လျှော်ပါ့မလဲ..
          တိုက်ပြီဆိုတာနဲ့.. တိုက်ခံရတဲ့ကား..ရဲရီပို့.. ပါတ်ဝန်းကျင်အခြေအနေ.. ဆိုင်းဘုတ်ကအစ.. ပရိုအဆင့်နဲ့လိုက်ကြည့်ပြီး.. ပြသနာရှာတာ..

          ဆိုင်းဘုတ်ကြောင့်ဆိုရင်..အစိုးရလျှော်..
          မီးပွိုင့်ကြောင့်ဆို… မီးပွိုင့်ထိမ်းသူကလျှော်..
          ပလက်ဖေါင်းကြောင့်ဆိုရင်..စည်ပင်ကလျှော်…
          ကားစက်ချို့ယွင်းတာကြောင့်ဆိုရင်..ပြင်တဲ့ဝပ်ရှော့ကလျှော်..
          စသဖြင့်ပေါ့…

  • TNA

    February 10, 2014 at 2:02 pm

    ငါရပ်ပါတယ် အလင်းဆက်ရယ်။ ငါရပ်ပေးလိုက်မိလို့ ကံကောင်းလို့လမ်းကူးတဲ့သူတွေမသေတာပါလား။ မြေနီကုန်းမှာပေါ့ဟာ။ လူကူးမျဉ်းကျားမှာ နှစ်ဖက်လုုံးကူးမဲ့သူတွေကအများကြီး။ ဒါနဲ့ငါလဲမျဉ်းကျားထိပ်မှာရပ်ပေးလိုက်တာပေါ့။ ငါ့ ညာဖက်ကကားကလဲလိုက်ရပ်တယ်။ လူတွေကလဲဝမ်းသာအားရနဲ့ကူးတာပေ့ါဟာ။ ဒါပေမဲ့ ငါ့ဘယ်ဖက်ယာဉ်ကျောကမောင်းလာတဲ့ လိုက်ထရပ်က လုံးဝမရပ်ပေးတဲ့အပြင် အရှိန်နဲ့ဝင်လာတာဆိုတော့ လမ်းကူးနေတဲ့သူတွေဖရိုဖရဲနဲ့ ပြေးကြလွှားကြ။ အဲလိုက်ထရပ်လဲ မျဉ်းကျားပေါ်ရောက်မှ ဘရိတ်စောင့်နင်းနဲ့ကံကောင်းလို့ပါလားဟယ်။ တကယ်ဆိုငါတို့အရင်ရပ်တာ။ အဲလိုက်ထရပ်ကနောက်မှရောက်လာတာ။ သူသိသင့်တယ်ထင်တာပဲ။ ငါ့ကြောင့်လူတွေကားတိုက်တော့မလို့အေ့ ကံကောင်းလို့ 😥

    • alinsett ( Gazette )

      February 10, 2014 at 6:14 pm

      အဲဒါပေါ့ တီသဲရယ်
      လမ်းကူးသူတွေကို စာနာတတ်တဲ့ တီသဲတို့လို ကားမောင်းသူတွေ ရှိပေမယ့်
      ကိုယ့် ခရီး လိုရာရောက်ဖို့တစ်ခုထဲ အရေးကြီးတယ်ထင်ပြီး ဘယ်သူသေသေ ငတေမာပြီးရော ဆိုသူတွေ ရှိနေလို ့
      မဖြစ်သင့်တာတွေ ဖြစ် ဖြစ်နေရတာ. . .

      😥

  • Paing Lay

    February 10, 2014 at 3:21 pm

    တစ်ယောက်လုပ်ရင် အကုန်လိုက်လုပ်နေသမျှ :kwi:

    • alinsett ( Gazette )

      February 10, 2014 at 7:36 pm

      ကောင်းတာလေးတွေ..ရွေးလုပ်နေမယ်..ဆိုရင်…

      :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 11, 2014 at 11:20 am

    . ဒါကတော့ ကိုသူရရဲ့
    . ဒဂယ်လို့ မြစ်ဆုံ စီမံကိန်းကြီး အောင်မြင်လို့ မီးမှန်မှန်လာမယ်ဆိုရင်
    . လူကူးမျဉ်းကျားတိုင်းမှာ လူကူးဘို့ မီးနီမီးစိမ်းတွေ တပ်ဆင်ထားမယ်ဆိုရင်
    . ဒီပြသနာဟာ လုံးလုံးကြီးမဟုတ်တောင် အတော်အဆင်ပြေသွားနိုင်တယ်
    . ကားတွေကိုဘဲကြည့်
    . မီးပွိုင့်တိုင်းမှာရဲ့ မီးနီမီးစိမ်းနေရာမှာ မီးစိမ်းထက် မီးနီကို
    . ဇဂေါလောက်ရှိတဲ့ မီးလုံးကြီးတွေနဲ့ တပ်ဆင်လိုက်မယ်ဆိုရင်လည်း
    . မီးနီကို ကျော်မောင်းခြင်တဲ့စိတ်က လျှော့ကျသွားနိုင်ဘါဒယ်
    . ကျန်တဲ့ကိစ္စအတော်များများမှာလည်း လျှပ်စစ်မီး မလုံလောက်လို့
    . ဖြစ်တဲ့ ကိစ္စအတော်များများ ကြောင့်ဖြစ်တယ်လို့ ယူဆတဲ့အတွက်
    . စနစ်ကြောင့်လည်းမဟုတ် လူကြောင့်လည်းမဟုတ်
    . မြစ်ဆုံအကောင်ထည်မပေါ် မီးမမှန်တဲ့ ကိစ္စသာဖြစ်ဘါဒယ် ခညာ
    .

    • alinsett ( Gazette )

      February 11, 2014 at 2:01 pm

      မြစ်တစ်ဝင်းထဲ..မရောင်းနဲ ့..
      မြန်မာနိုင်ငံထဲက…မြစ်မှန်သမျှ..
      တောတောင်ရေမြေမှန်သမျှ….
      သယံဇာတမှန်သမျှ… ရောင်းချကြည့်ချင်စမ်းတယ်…

      အားလုံးသာ…ကုန်သွားမယ်…..

      အဟက်…

      :kwi:

  • မဟာရာဇာ အံစာတုံး

    February 11, 2014 at 12:30 pm

    နင်ကလည်း
    ဟောင်ဖွာဟောင်ဖွာနဲ့

    • alinsett ( Gazette )

      February 11, 2014 at 2:02 pm

      ဟောင်ဖွာဟောင်ဖွာလုပ်နိုင်တယ်..ဆိုကတည်းက..
      မလုပ်တတ်တဲ ့..မလုပ်နိုင်သူတွေထက်..သာတယ်ဟေ့…

      ဘာဖြစ်လဲ..

      😆

  • alinsett ( Gazette )

    February 12, 2014 at 5:42 pm

    LA လို စနစ် ဖြစ်ဖို့ . . .
    ဒီလူ ဒီမူတွေ နဲ့ ချီတက်သွားကြဖို့. . .
    အင်းးးးးးးးး

    အင်းးးးးးးးးးး

    :kwi:

    • kai

      February 12, 2014 at 5:57 pm

      စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်.. :mrgreen:

  • naywoon ni

    February 13, 2014 at 8:22 am

    ဘုမ နင်​ဘာ​ရှောက်​အာ​နေတာလဲ ရှပ်​စစ်​မီး လုံ​လောက်​ချင်​ရင်​ တရုပ်​ကို​ရောင်​း​နေတဲ့ ဓာတ်​အားနဲ့ ထိုင်​းကို​ရောင်​း​နေတဲ့ဓာတာ​ငွေ့ကို​လျော့​ပေါ့ နင်​့ဂျီး​တော်​​ယောကျ်​ား​တွေ​ပြောလိုက်​ အဲ့ဒါကျ​တော့ သူတို့အရနဲမှာစိုးလို့​ကြောက်​ချင်​​ယောင်​​ဆောင်​​နေတယ်​ …..။ ​အေး ကြုံလို့ တစ်​ခု​ပြောလိုက်​ဦးမယ်​ မြစ်​ဆုံကို တရုပ်​ကလွဲ ရင်​ ဘယ်​ အဖြူ ဝင်​လာလာ သ​ဘောတူ တယ်​ မယုံရင်​စမ်​းကြည်​့လိုက်​
    @ အလင်​း ဆက်​ ၁မီတာဆိုတာ ၃၉.၆ လက်​မရှိပါတယ်​ E ယူနစ်​ရဲ့ 10% ပိုတဲ့သ​ဘောပါ တို့ဗမာ​တွေခက်​​တော့ခက်​သား သူများသုံးလို့သာလိုက်​သုံးတယ်​ မ​လေ့လာကြဘူး ဥပမာ ကီလိုဂရမ်​ တို့ ​ပေါင်​ တို့ ကိုယ်​သုံး​နေကျ ကျပ်​သားနဲ့ ဘယ်​​လောက်​ရှိမလဲ မတွက်​ဘူး တွက်​လဲမတွက်​တတ်​ဘူး တွက်​တတ်​​အောင်​လဲ မ​လေ့လာဘူး တွက်​နည်​း သိချင်​ရင်​​တော့ ​နောက်​မှ ပို့အဖြစ်​​ရေး​ပေးမယ်​ တစ်​​ပေါင်​ကို ၂၈ ကျပ်​သား နီးပါ ၁ ကီလိုက ၆၁.၁ ကျပ်​သား ၁​အောင်​စ က ၁.၇၅ ကျပ်​သားဝန်​းကျင်​ ရှိပါတယ်​ ၁ မိုင်​ကို ၁.၆ ကီလိုမီတာရှိတာ​တော့ သိမယ်​ထင်​ပါတယ်​

    • မမချွိ

      February 13, 2014 at 8:29 am

      ဟုတ်တယ်။
      မြစ်ဆုံကို တရုတ်နဲ့ ဒီ အစိုးရပေါင်း ဝင်တာကိုပဲ လက်မခံနိုင်တာ။

      အဟွတ်။
      အဖြူ ကိစ္စတော့ပြောရဲဘူးးး
      တော်ကြာ အနောက်မျှော်တဲ့ ဒွေးဒေါ်ဖြစ်သွားမှဖြင့်။

      :kwi:

    • kai

      February 13, 2014 at 9:25 am

      မြစ်ဆုံနေရာ အမေရိကန်တွေဝင်လုပ်မယ်ဆိုရင်တော့.. လျှပ်စစ်ရမရတော့မသိ..
      ရုတ်တရက်ကြီး…
      ကချင်-မြန်မာ။ ဝ-မြန်မာ။ ရှမ်း-မြန်မာ စစ်ပွဲတွေမြင်ကုန်ရပါ့မယ်ကွယ်..။
      ဒါမျိုးကြီးက..ဒေါ်စုသမ္မတဖြစ်မှ.. စိနပြည်သွားညှိပြီး ကိုင်တွယ်လုပ်ရမယ့်ကိစ္စတွေ..။

      ကြုံလို့ပြောရရင်…
      အက်စ်အိုင်ယူနစ်နဲ့.. ပေါင်လက်စနစ်ထဲကြားညပ်နေတဲ့တိုင်းပြည်… မြန်မာပြည်ဖြစ်ကြောင်း…။ကြားထဲ ပိဿာ.. တပြ.. မူလယူနစ်စနစ်ကလည်းရှိနေသေးသမို့.. မြန်မာတွေ ယူနစ်နဲ့တင်ချာလပါတ်ရမ်းကုန်ကြောင်း…

      အဲဒါ.. ခေါင်းရှောင်..အဲ..အဲ..ခေါင်းဆောင်တွေအသုံးမကျလို့ဖြစ်ကြောင်း…။ :kwi:

  • surmi

    February 13, 2014 at 10:55 am

    ကဲကဲ ကွန်မြူနစ်လိုပြောလိုက်မယ်
    ၅ နှစ်အထက် အကုန်သတ်ပစ်လိုက် ¡¡!! :mrgreen:

    နောက်တာနော် 🙂
    ကျုပ်ဘဂျီး သုံးဝမ်းကွဲက သခင်သန်းထွန်းအမျိး ၃၂ ဝမ်းကွဲ အတည် 🙂

    • alinsett ( Gazette )

      February 13, 2014 at 11:51 am

      ကျနော်က အခုမှ သုံးနှစ် တောင် ပြည့်သေးဘူး

      ရွာသားသက် ပြောပါတယ်
      :kwi:

  • myat pearl phyu

    February 14, 2014 at 3:30 pm

    ဒါဒွေကြောရို့ ဒေါဒွေပွရမယ်ဆိုရင်ဖြင့်
    ကြောမဆုံးပေါင် တောသုံးထောင်မက
    စာဖွဲ့လို့သာမဆုံးနိုင်ပါပေ..
    Do & Don’t စာဆိုတာလည်း စာထဲမှာပဲ ရှိတာကလား..
    တကယ့်ကို လမ်းကူးရင် အသက်ကိုဖက်နဲ့ထုပ်ထားပီး ကူးနေရပါဒယ်..
    ကားဒွေကလည်း ကားအလျှောက်
    လမ်းပေါ်ကလူဒွေကလည်း လမ်းပေါ်အလျှောက်
    စည်းကမ်းဖောက်နေကြတော့လည်း
    တစ်ခါ မှတ်မိပါသေးဒယ် … မျဉ်းကြားက မကူးရင် ဖမ်းတဲ့အချိန်တုန်းကလေ
    လှည်းတန်းမှာပေါ့ ဘုမသိ ဘမသိနဲ့ အဖမ်းခံရဖူးသေးဒယ် …ဟိဟိ
    ဒဏ်ငွေဆောင်ဖို့ ကားပေါ်တက်ပါပေါ့လေ… ကွမ်းသီး တောင် ပြေးမြင်မိဒယ်…
    အခုကတော့ ဘဲဥမဖမ်းတော့ လူဒွေလည်း ကူးချင်တဲ့နေရာကကူး ကားဒွေကလည်း အသားကုန်မောင်းကြနဲ့ တိုက်ပွဲတွေ သတ်ပွဲတွေဆိုဒါ ဝုန်းခနဲဆို သွားပန်ပီပေါ့ မမြင်ချင်စရာ အနိဌာရုံဒွေဆိုဒါ … အသက်ဉာဏ်စောင့် ဥစ္စာ ကံ စောင့် ပါတယ် … သွားလေရာ လာရော ဘေးမသီရန်မခစေဖို့ …ဘုရား တရား မမေ့ဖို့ တိုက်တွန်းပါရစေလား သူငယ်ချင်းရေ …

    • alinsett ( Gazette )

      February 14, 2014 at 6:36 pm

      ဝင် ရောက် ဆွေးနွေးသွားတဲ့အတွက် ကျေးဇူးပါခင်ဗျ

      —–

      ကျနော်တော့ ကားလမ်းကူးရင် ဘုရားတရား မမေ့ဖို့ထက်
      အလောသုံးဆယ် မကူးမိဖို့
      ကားရှင်းပြီဆိုတဲ့ အသက်လုံခြုံမှု အခြေအနေရှိလာတဲ့အထိ စိတ်ရှည်ရှည် ထားပြီး စောင့်ကူးဖို့ကို သတိထားတယ် ။

      စိတ်မရှည်တဲ့ တစ်စက္ကန့်ကြောင့် အသက်တစ်ချောင်းက ဖျတ်ခနဲ သေသွားနိုင်တာကိုးးး

      ငါးမိနစ်ပဲ စောင့်ရဦး
      တန်ပါတယ်
      ကိုယ့်အသက်တစ်ချောင်းအတွက် လေ

      🙂

  • zaw min

    February 14, 2014 at 5:54 pm

    အင်းးးးးးပြောရရင်တော့ ခေါက်ရိုးကျိုးနေတဲ့စိတ်ဓါတ်တွေပဲလို့မြင်တယ်…အလင်းဆက်ရေးတာအမှန်တွေပါပဲ…မြန်မာပြည်မှာအဓိကသင်တန်းပေးရမှာကလူတွေကိုစည်းကမ်းဆိုတာနားလည်အောင်အရင်သင်ရမလိုဖြစ်နေပြီ..ကိုယ်တိုင်ကားမောင်းသွားရင်အရင်ဦးဆုံးသည်းခံနိုင်စွမ်းရည်ကိုအမြင့်ဆုံးရောက်အောင်ထားနိုင်ရမယ်၊စည်းကမ်းဆိုတာစာအုပ်ထဲမှာဆိုင်းဘုတ်တွေပေါ်မှာပဲရှိနေတယ်…ပြစ်ဒဏ်ဥပဒေဆိုတာလည်းလိုက်နာမှန်းလေးစားရမှန်းသိတဲ့လူတော်တော်နည်းနေပြီလို့မြင်မိတယ်…ဒီမိုးဒီရေဒီလူတွေနဲ့ ဒီမိုခရီးကိုနေ့မအားညမအား အစွမ်းကုန်ကြိုးစားနေတဲ့ အမေစုကိုကြည့်ပြီး တော်တော်သနားမိပါတယ်ဗျာ…

    • alinsett ( Gazette )

      February 14, 2014 at 6:32 pm

      ဟုတ်ပါ့ဗျာ ။
      စည်းကမ်းတကျ လွတ်လပ်မျှတစွာ နေတတ်ဖို့ ရယ်

      စည်းကမ်းစနစ်တကျ မျှတမှန်ကန်စွာ အုပ်ချုပ် စီမံတတ်မှုရယ်
      အဲဒါတွေ ဖြစ်လာဖို့ အခြေခံ အသိ တစ်ချက်

      လိုအပ်တယ်နော်

      စိတ်နေသဘောထား ကို မျှတ မှန်ကန်အောင် အရင် ပြင်ကြရင်
      မဝေးပါဘူးးး

      ( ပြင် စရာ မလိုသူတွေကို မဆိုလို )

Leave a Reply