ဒီတစ်ပတ် အားချိန်တုန်းကပေါ့ဗျာ

မောင်မာဃ ပြည်သူ့ခေတ်က  ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးဝိုင်းကိုဖတ်ပြီး
နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ပြန်သတိပြုမိသွားတယ်။

အဲ့မှာတင် သမ္မတ ဖြစ်ခွင့်ကို နိုင်ငံသားကိုပေးသင့်လား တိုင်းရင်းသားကိုပေးသင့်လား တွေးမိလိုက်တာ
မဆုံးတော့ဘူး………………

နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ဘယ်လိုစတွေးမိလဲ ဆိုတော့

နိုင်ငံသား ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာနေထိုင်သူ၊ နိုင်ငံသားဖြစ်ခွင့် တောင်းခံလာသူ၊ စည်းမျဉ်းစည်းကမ်း အရ နိုင်ငံသားဟု သတ်မှတ်ခံရသူ လို့ ကောက်ချက်ချတယ်။

အဲ…တိုင်းရင်းသား ကိုကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ မူလနေထိုင်သူ၊ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော မျိုးနွယ်စုများ လို့ ကောက်ချက်ချတယ်။ တိုင်းရင်းသား ဆိုတဲ့အထဲမှာ နိုင်ငံသားပြုခွင့်ရသူတွေ၊ ဧည့်နိုင်ငံသားတွေ မပါဘူးပေါ့။

အဲလိုကောက်ချက်ချပြီးသကာလ နားလည်လက်ခံလိုက်တာကတော့ နိုင်ငံသားဖြစ်ခွင့်ကို လျှောက်ထားလာသူ မည်သူ့ကိုမဆို ပေးနိုင်တယ် ပေးလို့ရတယ်။ ဒါပေမင့် တိုင်းရင်းသားတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပေါ့။

ဆက်ပြောရရင် နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံသားတွေအပေါ်မှာ မူတည်ပါတယ်။
နိုင်ငံအကျိုးကို ဆောင်နိုင်ဖို့ နိုင်ငံတိုးတက်ဖို့အတွက် လုပ်နိုင်တဲ့သူတွေကို နိုင်ငံသားပေးပြီးတော့ ခေါ်ရမှာပေါ့။ ဒါဆိုရင် ဘေးနားက လူဦးရေပေါက်ကွဲထွက်နေတဲ့ နိုင်ငံကြီးတွေက သူတွေ၊ အကြောင်းကြောင်းကြောင့် ပြည်တွင်းကိုဝင်လာတဲ့သူတွေ၊ နိုင်ငံအတွက် အကျိုးရှိစေဖို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့သူတွေ အကုန်လုံးဟာ နိုင်ငံသားဖြစ်သွားမယ်။ နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်ကြမယ်ပေါ့။

အဲ….ဒါဆိုရင် အရင်ကတည်းက ရှိနေကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားတွေနဲ့ အကြောင်းချင်းရာ အမျိုးမျိုးကြောင့် နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံသားဖြစ်လာသူတွေကို ဘယ်လိုခွဲမလဲ၊ အခွင့်အရေး တန်းတူပေးမလား ဆိုတာကိုလဲ တွေးမိတယ်။
လွပ်လပ်ရေး ရကတည်းက တိုင်းရင်းသားတွေနဲ့ အကျေအလည် မဆွေးနွေး မစေ့စပ်နိုင်လို့ အခုလို အဖွဲ့တွေကွဲပြီး ပြည်တွင်းစစ် အရှိန်မသေသေးတာတွေ၊ လက်ရှိမှာ တိုင်းရင်းသားနဲ့ နိုင်ငံသားလို့ ခွဲပြီးကြည့်လိုက်ရင် အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူတာတွေကိုကြည့်ပြီးတော့ တိုင်းရင်းသားနဲ့ နိုင်ငံသား ဆိုတာကို တစ်ခုခုနဲ့တော့ ခွဲပေးသင့်တယ်လို့ မြင်ပါတယ်။

အခြေခံ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေမှာ တူသည်ဖြစ်စေ ကွဲသည်ဖြစ်စေ ပြောစရာမရှိပေမယ့် ဥပဒေပြုရေးလို၊ အုပ်ချုပ်ရေးလို အပိုင်းတွေမှာ၊ သမ္မတ ရွေးချယ်မှုလိုအပိုင်းတွေမှာတော့ နိုင်ငံသားနဲ့ တိုင်းရင်းသားကို တန်းတူထား အခွင့်အရေးပေးသင့်သလား ဆိုတာကို မေးခွန်းထုတ်ချင်နေမိတယ်။
တတ်နိုင်သူများ ဖြေပေးကြပါဦး လို့

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010