လောင်ဆက်ပါ….

Yin Nyine NwayAugust 8, 20101min824

ကျန်းမာချမ်းသာစွာဖြင့် ဘဝနေနည်း

1. ရေများများသောက်ပါ။

2.မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊။

4. ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့
Empathyတို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း
တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်ကစားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
(ခုန်ရင်သတိထားပါ ပြုတ်ကျမယ်။)

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

11. ကိုယ့်ဘဝကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လှမ်းနေတယ် ဆိုတာ                           သင် မသိနိုင်ဘူးလေ။
သူများစကားကြောင့်လည်းကိုယ့်လမ်

းကြောင်းကို မပြောင်းစေပါနဲ့။ ကိုယ့်ဘဝရဲ
့ အရှင်သခင်ဟာကိုယ်သာဖြစ်ပါစေ။ လူတစ်ယောက်နဲ့ တစ်ယောက်က
ဘဝခြင်းမတူသလိုလျောက်ရ မယ့် လမ်းပုံစံခြင်းကလည်း ကွဲပြားနိုင်ပါတယ်။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။
အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို
တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။ အတိတ် ဆိုတာက the Past ကျော်ခဲ့ပီ ၊ အနာဂါတ်ဆိုတာက The
Future မရောက် သေးဘူး။ ပစ္စုပ္ပန်က The Present လက်ဆောင်ပါတဲ့။ ကိုယ်ရနေတဲ့
လက်ဆောင်လေးကို ရအောင် ယူကြပေါ့။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ
လုပ်တာကောင်းပါတယ်။ အလုပ်ကို အလုပ်ချိန်မှာပဲလုပ်ပါ။ အလုပ်ပြီးသွားရင်
အလုပ်ကိုစိတ်ထဲမထားပါနဲ့။ စိတ်ကို ချုပ်နှောင်
သလိုဖြစ်ပြီးစိတ်ချမ်းသာမှုနည်းနေပါမယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး
ဖြစ်ပါတယ်။လောကကြီးက ကိုယ်မနိုင်တဲ့ အလုပ်ကို
မခိုင်းပါဘူးတဲ့။လုပ်နိုင်သလောက်သာလုပ်ပါ။ လုပ်နိုင်တာထက်
ပိုမစဉ်းစားပါနဲ့။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို
အတင်းပြောခြင်းဖြင့်မကုန်ဆုံးပါစေနဲ့။ သမာဓိစွမ်းအင်ကို လျော့စေပါတယ်။
စိတ်တည်ငြိမ်မှုဟာ အောင်မြင်မှုအတွက် အုတ်မြစ်ပါ။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။ရည်မှန်းချက်ကို
ထားရှိဖို့ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာတွေကတကယ်လုပ်ရင်
အဟုတ်ဖြစ်လာနိုင်ပါတယ်။

17. မနာလို ဝန်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။
သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။ လူသားအားလုံးမှာ
အားသာချက်အားနည်းချက် ကိုယ်စီနဲ့ပါ။ သူများအားသာ ချက်ကို မနာလို
မဖြစ်ပါနဲ့။အားနည်းချက်ကိုလည်း အပြစ်မမြင်ပါနဲ့။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့
လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း
ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘဝရဲ့ ပျော်ရွှင်မှုတွေကို
ဖျက်ဆီးလိမ့်မယ်။
19. ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင်
ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို
မမုန်းပါနဲ့။ကို်ယ်မနှစ်သက်တဲ့သူဆို ဥပေက္ခာ ပြုလိုက်တာ အကောင်းဆုံး။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့
နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘဝဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သချင်္ာတွေကို
တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့
သင်ခန်းစာကတော့သင့်ဘဝတစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။
သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
ကိုယ်နဲ့သဘောထားမတိုက်ဆိုင်ရင် ဆိတ်ဆိတ်နေတာ ကောင်းပါတယ်။

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။
အဝေးရောက်နေတယ်ဆိုရင်ပေါ့။အတူတူနေတယ်ဆိုရင် တော့ နွေးထွေးတဲ့
ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ
သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို
လာပြုစုမှာမဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ
သင့်အနားမှာရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့
လိုအပ်တယ်။

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။ ဗုဒ္ဓဘာသာရဲ ့အခြေခံမူ ၃ခုက
မကောင်းတာရှောင် ကောင်း တာဆောင် ဖြူအောင်စိတ်ကိုထားတဲ့။

33. အသုံးမဝင်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ်
မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကံ၊ ကံဧ။် အကျိုးကိုယုံကြည်ပါ။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။
အမြဲပြောင်းလဲနေမှာပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ
သွားစို့..အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
ခံစားချက်ဆိုတာလည်းပျက်စီးခြင်းသဘောပါပဲ ၊ ဖြစ်ပြီးရင် ပျက်သွားတာပဲ။
အဖြစ် အပျက်ကိုနှလုံးသွင်းနိုင်ရင် တော်တော်ငြိမ်းချမ်းပါတယ်။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
မိမိရဲ ့ရှင်သန်မှုကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။
ဒါကြောင့်ပျော်ပျော်သာနေပါ။နောက်ဆုံး အချက် 40 မြောက်လာပါပြီ။
နောက်ဆုံးမှထားလို့ အရေးမကြီးတာမဟုတ်ဘူးနော်။ ဘာတဲ့လဲ ?

40. ဒီပို့စ်လေးကို သင် ဂရုတစ်စိုက်ရှိတဲ့ သူငယ်ချင်းတွေကို ပြောလိုက်ပါ။

4 comments

  • laaminnthar

    August 8, 2010 at 5:15 am

    လိုက်နာနိုင်ရင်တော့ကောင်းမှာပဲ
    ခက်တာကတော့ ခက်တာပါပဲ။

  • kopauk mandalay

    August 8, 2010 at 2:51 pm

    ကောင်းတော ့ သိပ်ကောင်းပါတယ်။
    ဒါပေမဲ့ ကောင်းတယ်လို့ဘဲပြောလိုက်ပါတော့မယ်နော်။
    ကျနော်ကတော့ ဒီအထဲ ဆယ်ချက်လောက်တောင် လိုက်လုပ်နိုင်မယ်မထင်ပေါင်ဗျာ။
    အမှန်တိုင်းပြောတာပါ ကိုယ့်အကြောင်းကိုယ်သိတယ်လေ။

  • etone

    August 9, 2010 at 6:20 am

    ဟွန်း လောင်ဆက်ကလည်း အလကားရတာကြီး ။ ဝယ်ပေးတဲ့လောင်ဆက်ဆိုပိုကောင်းမယ် ။

Leave a Reply