စဉ်းစားကြစေလိုပါတယ် ( ၆၉ ) ( ငါးစိမ်းသည် နှင့် စပါယ်ယာ လောက်ကိုတော့ ပျင်း သနားတယ် တဲ့ )

Foreign ResidentFebruary 5, 20147min39922

စဉ်းစားကြစေလိုပါတယ် ( ၆၉ )

( ငါးစိမ်းသည် နှင့် စပါယ်ယာ လောက်ကိုတော့ ပျင်း သနားတယ် တဲ့ )

 

ဘာရယ် ဟုတ်ပါဘူး ။

အခုတစ်လော Hot နေတဲ့ ၊ ကျေးဇူးရှင်ကြီး တစ်ယောက်ရဲ့ သတင်းတွေကို ၊

တစ်စုတစ်စည်းထဲ ဖြစ်သွားအောင် စုစည်းပေးလိုက်တာပါ ။

 

ပထမဦးဆုံး စဖြစ်တာကတော့ ၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက် က ၊

မကွေးတိုင်း ဒေသကြီး ၊ မကွေးမြို့နယ် ၊ သစ်ရာကောက် ကျေးရွာ မှာ  ၊

 

( သမ္မတကြီး ဦးသိန်းစိန်က မိဘ ပြည်သူများ ခညာ လို့ မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ )

တောင်သူ လယ်သမား ၊ ကျေးရွာသူား ပြည်သူများ နှင့် တွေ့ဆုံတဲ့ အချိန် မှာ ၊

 

ကျေးဇူးတော် အရှင် ၊ ပြည်ထောင်စု ဝန်ကြီးမင်း ၊ ဗိုလ်ချုပ်ကြီး အုန်းမြင့် က ၊

လူလိမ္မာသား ယဉ်ပါး ဆိုတဲ့ စကားတော်နှင့် အညီ ၊

အောက်ပါအတိုင်း မိန့်ခွန်းတော် ချွေခဲ့ သတဲ့ ကွယ် ။

 

( မွေးမြူရေးလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ၊

ဗိုလ်ချုပ်ကြီး အုန်းမြင့် ၏ မိန့်ခွန်းကောက်နုတ်ချက် )

 

( မွေးမြူရေးလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ၊ ဗိုလ်ချုပ်ကြီး အုန်းမြင့် ၏ မိန့်ခွန်းကောက်နုတ်ချက် )
( မွေးမြူရေးလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ၊ ဗိုလ်ချုပ်ကြီး အုန်းမြင့် ၏ မိန့်ခွန်းကောက်နုတ်ချက် )

ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ၊ ခင်ဗျားတို့ မှတ်ထားကြ ။

 

ကျွန်တော့် နာမည် ဗိုလ်ချုပ် အုန်းမြင့် ၊

ဗိုလ်ချုပ် အုန်းမြင့် ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ ၊

ရှင်းတယ်နော် ကျွန်တော်ပြောတာ ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး ။

 

ရေးချင်တာရေး ပုဆိုးလှန်ပြလိုက်မယ် ၊ ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူး ။

 

ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ ။

နိုင်ငံရေးစကားဆိုတာ ၊ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။

ပါးစပ် နဲ့ တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။

 

အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် ၊ သွား မင်းအချုပ်ထဲနေ ။

ငါတို့ အစိုးရ ထွက်ရင် မင်းထွက် ၊ ဒါပဲ … ။

 

ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ နဲ့ မဲနိုင်ပြီး နေရာ ရလာတာ ။

 

ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ၊ ပြောရင် ခင်ဗျားတို့ အတွက် တစ်ပြားမှ လုပ်မပေးဘူး ။

တိုင်ချင်တဲ့နေရာ တိုင်လို့ ရတယ် ။ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ။

ရှင်းတယ်နော် ။

 

( Unity Weekly News ဂျာနယ်မှ ကောက်နုတ်ဖော်ပြသည် )

 

ဟဲ ဟဲ ၊ ထောင်ချ နှင့် နယ်လှည့် ပါးရိုက် ဋ္ဌာန ဝန်ကြီး ဆို ဘဲ ။

 

ဟဲ ဟဲ ၊ ထောင်ချ နှင့် နယ်လှည့် ပါးရိုက် ဋ္ဌာန ဝန်ကြီး ဆို ဘဲ ။
ဟဲ ဟဲ ၊ ထောင်ချ နှင့် နယ်လှည့် ပါးရိုက် ဋ္ဌာန ဝန်ကြီး ဆို ဘဲ ။

 

အ ဟဲ ဟဲ ဟဲ ၊ ရွာသူားတို့ရေ ၊ သဘောပါ ရဲ့ ဟုတ်လား ၊ ကြားရတာ အားရစရာကြီးနော် ။

ဟဲ ဟဲ ၊ နားနားပြီး ဖတ် ၊ နားလည်အောင် သေသေချာချာ နှလုံးသွင်းပြီးဖတ် ။

သဘော မပေါက်သေးရင် ၊ အခေါက်ခေါက် ကျော့ပြီး ဖတ် ။

 

အင်းးးးးး ၊

သူတော်ကောင်းများ စကား ဆိုတော့လည်း ၊ ကြားရတာ နားဝမှာ အေးသွားတာဘဲ ။

 

အဲဒီလို ကျေးဇူးတော် အရှင်ကြီး က ၊ မိန့်ခွန်းတော် ချွေခဲ့ပြီးတဲ့နောက်မှာတော့ ၊

အနယ်နယ် အရပ်ရပ်က  ၊ လူတန်းစား အလွှာ အသီးသီးက ၊ မိဘ ပြည်သူများ ကလည်း ၊

အောက်ပါ အတိုင်း ၊ တစ်ခဲနက် ဝိုင်းဝန်း အားပေးကြလေသပေါ့ ကွယ် ။

 

( နို့ ၊ ဒီတစ်ခါ ၊ ကျေးဇူးတော်ရှင်ကြီး ရဲ့ ပြောစကား ကလဲ ၊

သူ့အရင် နောင်တော်များရဲ့ ပြောစကား ၊ ထမင်း တနပ်ပဲ စား တို့ ၊

ဖရောင်းတိုင် ထွန်း တို့ ဆိုတဲ့ စကားတွေထက် ပိုပြီး ပေါက်မြောက်ပေသကိုးကွယ့် )

 

ဟီ ဟိ ၊ ရွာသူားတို့လည်း ၊ ဖတ်ကြည့်ကြ ၊ အားပေးကြဦးနော် ။

 

ဦးအုန်းမြင့်ကို အရေးမယူဘူး …

ဦးအုန်းမြင့်ကိုယ်တိုင်လဲ မနှုတ်ထွက် ပြန်လဲမတောင်းပန်ဘူးဆိုရင်

ဦးအုန်းမြင့် အာဘော်ဟာ လက်ရှိအစိုးရ အာဘော်ပဲ …

( Lynn Wai Oo )

 

“သွား ထောင်ထဲကို။ ငါတို့အစိုးရ ထွက်ရင် မင်းပြန်ထွက်။ ဒါပဲ” ဟု ဆိုသည်။

နိုင်ငံရေးသမားများ ထောင်ထဲ မဝင်လို၍ လမ်းကြို လမ်းကြားထဲ ပြေးပုန်းကြသည်။

 

“ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲနိုင်အောင် လုပ်လာတာ” ဟုလည်း ဝန်ကြီးက ပြောသည်။

အတိုက်အခံ ပါတီများ သနားလွန်း၍ မျက်ရည်ဖြိုင်ဖြိုင် ကျပေးရှာသည်။

 

ရွာသားများကို ဝန်ကြီးက ကြိမ်းမောင်းသည်။

“ခင်ဗျားတို့ ဘုကန့်လန့်လုပ်ရင် ခင်ဗျားတို့အတွက် မလုပ်ပေးဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ ရတယ်။

တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါလို့ ပြောလိုက်ရုံပဲ” ဟု ပြောသည်။

ရွာသားများက မိမိတို့ အနာဂတ်အတွက် ရင်လေးလွန်းသဖြင့် ငိုချင်ပက်လက် ဖြစ်ကြကုန်သည်။

 

ဘီယာမူးနေသည့် ဆရာသခင်က ဝန်ကြီး လေသံကို လိုက်တုကာ ၊

အုတ်ခဲကို ပယ်ပယ်နယ်နယ် ကလော်တုတ်တော့သည် ။

 

“ဘယ်အရက်သမားကိုမှ ဂရုမစိုက်ဘူး၊ ခင်ဗျား မှတ်ထား။

နယ်တကာ လှည့်ပြီး ဖဲရိုက်ရဲတယ်။

 

သံချောင်း အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။

ပါးစပ်နဲ့ တွယ်လို့မရရင် ဖြတ်ဖောက်ချုပ် လုပ်ထည့်မှာပဲ။

နိုင်ငံတကာ မှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။

 

သံချောင်းကို ဆန့်ကျင်တဲ့ကောင် ဆိုရင် သွား မင်းဖြတ်ဖောက်ချုပ်လုပ်။

ငါ့ အစိုးရထွက်ရင် မင်းအတု ပြန်တပ်။ ..ဒါပဲ…

 

ကျွန်တော်တို့ အစိုးရက ခက်ခက်ခဲခဲ မဲခိုးပြီး နေရာရလာတာ။

ခင်ဗျား ဘုကန့်လန့်ပြောရင် ခင်ဗျားအတွက် အရက်မတိုက်ဘူး။

 

တိုင်ချင်တဲ့နေရာ တိုင်လို့ ရတယ်။

တိုင်ရင်လည်း ကျွန်တော် မူးနေလို့ မသိဘူးလို့ ပြောလိုက်ရုံပဲ။

ရှင်းတယ်နော်။ ဂေ့” ဟူ၍ဖြစ်သည်။

(လော်ဘီ အုတ်ခဲ) ( The Voice )

 

နိုင်ငံ ရဲ့ နောင် အနာဂါတ် ခလေးတွေ အတုယူ မှားမှာကိုတော့ စိုးရိမ်မိပါသလေ ။

 

နိုင်ငံ ရဲ့ နောင် အနာဂါတ် ခလေးတွေ အတုယူ မှားမှာကိုတော့ စိုးရိမ်မိပါသလေ ။
နိုင်ငံ ရဲ့ နောင် အနာဂါတ် ခလေးတွေ အတုယူ မှားမှာကိုတော့ စိုးရိမ်မိပါသလေ ။

 

 

မားးးလေ သမ္မတကြီး နွားမွေးမြူရေး ကိုယ်တိုင် လုပ်နေတယ် ကြားတာ အရင်က မယုံဘူးးးးး

ဟ ိုဘဘ ပါးရိုက်မယ် ထကြိမ်းမှ (သမ္မတကြီး ) တကယ် နွားတွေ မွေးထားတာလို့

ယုံသွားတော့တယ်. . . ခိ ခိ

( မာမီသံ )

 

ခင်ဗျားတို့ တပ်မတော်ထဲက အတော်ဆုံးဆိုတဲ့သူတွေတောင် ၊

ဒီလောက် ရိုင်းစိုင်း အောက်တန်းကျတာ ၊

သူ့ထက်ညံ့တဲ့ ၊ သူအောက်က သူ့ထက် ရာထူးနိမ့်တဲ့လူတွေဆို ၊

ဘယ်လိုနေမလဲ ၊ တွေးတောင် မတွေးကြည့်ရဲဘူး။

ဒါကြောင့် ၊ လယ်သမားတွေကို ခွေးတွေလို့ ၊

တပ်မတော်သားဟောင်း ရောင်နီဦးတို့ ပြောထွက်တာပဲ နေမှာ ။

( ခွန်ဒီးယမ် )

 

နောက်တက်လာမယ့် သမ္မတအား အကြံပေးလို့ ရမယ်ဆိုရင်ပေါ့ …..။

ဝန်ကြီး ခန့်မယ် ဆိုရင် အသက် မပြည့်ရင်လည်း ရပါတယ် ။ ကျပ်ပြည့်ဖို့တော့ လိုပါတယ် ခင်ဗျား။

( Cartoon Aung Maw )

 

လူတွေကို ကျွန်သဘောက်လို သဘောထားသူတွေကို နောက်တခေါက် ထပ်ရွေးပါ၊

ကျန်သူတွေက သူတို့လို မလုပ်တတ်ဘူး လို့ ၊ ချီးငုံပီး ပြောတောင် မယုံဘူး။

ဒီလူတွေ ချီးကြိုက်လို့ ပြောတာဘဲ မှတ်ပါတယ်။

 

တော်ပါပြီ ဗျာ။ သမ္မတကြီး ရိုးပါတယ် လာမလုပ်နဲ့။

ဒီလူကိုယ်တိုင်လဲ အသုံးမကျလို့ ဒီလူတွေကို မစွန့်ပယ်နိုင်တာ။

ဒါမှမဟုတ် သူလဲ ပုလင်းတူ ဘူးဆို့ဘဲ။

 

သမ္မတ လူကြမ်း အဖွဲ့ ခင်ဗျား… တော်သင့်ပါပြီ ။ ဆင်းကြပါတော ့။

( Lynn Hpone Thant )

 

“ကျွန်ုပ် တို့သည် …

ညာဘက်လက်ဖြင့် ပြည်သူအား ပါးရိုက်၍၊

ဘယ်ဘက်လက်ဖြင့် ပြည်သူအား လက်ထိပ်ခတ်ပါမည်ဟု

လေးနက်စွာ အဓိဌာန်ပြုပါသည် …

ပြည်သူများ ဖိန့်ဖိန့်တုန်ကြစေသောဝ်”

( ဦးအောင်ကြီး )

 

အင်းးးးး ။ အာဏာ ပါးကွက်သား လုပ်နေတဲ့သူကို ဝန်ကြီး ခန့်မိပေတော့လည်း ။

 

အင်းးးးး ။ အာဏာ ပါးကွက်သား လုပ်နေတဲ့သူကို ဝန်ကြီး ခန့်မိပေတော့လည်း ။
အင်းးးးး ။ အာဏာ ပါးကွက်သား လုပ်နေတဲ့သူကို ဝန်ကြီး ခန့်မိပေတော့လည်း ။

 

ပြည်သူက ရွေးကောက်တင်မြောက်တာမဟုတ်လို့ ၊

ပြည်သူကို မလေးစားတာကတော့ ၊ ခံရတာများလို့ မဆန်းတော့ပါဘူးဗျာ။

ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က ၊

လက်သင့်ရာ စားတော်ခေါ်လို့ ဝန်ကြီးဖြစ်လာတဲ့သူတွေလေ။

ကိုယ်ပိုင်အရည်အချင်းရှိတာမှ မဟုတ်တာဗျာ။

 

အဲဒလို ကိုယ် ပလတ် ကျွတ်၊ ခဲ လွတ် နေတာကို ၊

လူသိအောင် ချချပြနေတာ ကတော့ ၊ ရှက်စရာကောင်းတယ်ဗျ။

ရှက်တတ်ရင်တော့ ရှက်စရာကြီးပါဗျာ ။ ရှက်ကြပါ ။

( Moe Zay Nyein )

 

ငါးစိမ်းသည်တွေ ကတော့ ဒီလို ဆိုကြသကွဲ့ ။

 

ငါးစိမ်းသည်တွေ ကတော့ ဒီလို ဆိုကြသကွဲ့ ။
ငါးစိမ်းသည်တွေ ကတော့ ဒီလို ဆိုကြသကွဲ့ ။

 

 

ဘတ်စကား စပါယ်ယာ တွေ ကတော့ ဒီလို ချီး မြှင့် ကြသကွဲ့ ။

 

ဘတ်စကား စပါယ်ယာ တွေ ကတော့ ဒီလို ချီး မြှင့် ကြသကွဲ့ ။
ဘတ်စကား စပါယ်ယာ တွေ ကတော့ ဒီလို ချီး မြှင့် ကြသကွဲ့ ။

 

လက်စသပ်တော့ ၊ ဒီ ကျေးဇူးရှင်ကြီး က ၊

ငါးစိမ်းသည် နှင့် စပါယ်ယာ လောက်ကိုတော့ ပျင်း သနားတယ် တဲ့ ။

( အဘ အထင် ဒင်းက နှစ်မျိုးစလုံး နှင့် စပ်ကျထားတာမို့ ပိုစွမ်းတာဘဲ ဖြစ်ရမယ် )

 

အင်းးးးးးး ၊ နောက်ဆုံးတော့ ၊ စစ်တပ် ကို ပြည်သူလူထုက မုန်းတာ ၊

စစ်တပ် ကို ပြည်သူလူထု က စစ်ခွေး လို့ ဝိုင်း အခေါ်ခံရတာ ၊

ဒီလို စစ်ဗိုလ်ချုပ် တွေကြောင့်ဘဲ ဖြစ်မယ် ။

 

” CONCLUSION “

ဟဲ ဟဲ ၊ အဘ ကတော့ အဲဒီ  ဗိုလ်ချုပ်ကြီး အုန်းမြင့် ကို ကြိုက် သဗျာ ။

နို့ ၊ သူက အဘ ချစ်တဲ့ အမေစု အတွက် ၊ အပြောင်မြောက်ဆုံး မဲဆွယ်ပေးနေသကိုး ။

 

မှန်တာပြောရရင် ၊ မြို့နယ် တစ်ခုချင်းစီ ၊ တစ်ခုချင်းစီ တိုင်းမှာ ၊

ကြံ့ဖွတ် ကနေပြီး ၊ ဒီလို ဗိုလ်ချုပ် တစ်ယောက်စီသာ ခန့်ထားပေးခဲ့ရင် ၊

NLD ဒီချုပ် က ၊ ဘာ မဲဆွယ်မှု မှတောင် အပင်ပန်းခံ လုပ်နေစရာ မလိုတော့ဘူး ။

NLD ဒီချုပ် က ၉ဝ % လောက် သေချာပေါက် မဲ တွေရမှာ အသေအချာဘဲ ။

 

ကဲ ၊ အဘ တို့ ရွာသူားတွေလဲ ၊

အမေစု အတွက် ၊ အပြောင်မြောက်ဆုံး အကောင်းဆုံး မဲဆွယ်ပေးနေတဲ့ ၊

ကျေးဇူးရှင် ဗိုလ်ချုပ်ကြီး အုန်းမြင့် ကို ဝိုင်း ထောက်ခံ အားပေးကြပါဗျို့ ။

 

တော်သေးဘီ ။

 

အဘဖေါ ( F R ) ။

 

 

 

22 comments

  • ရာမည

    February 5, 2014 at 8:59 am

    မပြောရဲဘူးဘဘခင်ဗျာ
    ကျွန်တော်ပါးတွေယားလာလို့ပါ
    🙂

  • KZ

    February 5, 2014 at 9:10 am

    အောင်မြတ်ငေးးး
    အဘရယ်။
    အဲဒီ ဦးအုန်းမြင့်က အဲလိုပြောတတ်တာ သူ့အော်လီဂျင်နယ် ဝသီပါဆိုတာ ဟိုးးးး အောက်ခြေလော်ဘီက အစ ဘဂျီး ရဲရဲတွတ် အဆုံး ပြန်ဖြေရှင်းနေကြရဲ့။
    ဟီးဟီးးးး
    အဲဒီဖြေရှင်းတာကို ရေးထားတဲ့ ငေါ့စာလေးတွေ ဖတ်ရတာကို ရီလိုက်ရတာ။
    😀

  • မင်း ခန့် ကျော်

    February 5, 2014 at 10:10 am

    သူတို့ အလှည့်ကို အားပါးတရ ဝေဖန်ပြစ်တင်ရှုံ့ချပါမည်။

    ကိုယ်တွေအလှည့် ကျ ရင်လဲ ခံနိုင်ဖို့ပြင်ထားကြပါ။

    :mrgreen:

    • KZ

      February 5, 2014 at 10:24 am

      သူတို့ တူဖြစ်တုန်းက သူများအသက်တွေ စတေးပြီး ထုခဲ့ကြတာလေ။
      ခုက ကျုပ်တို့က လေနဲ့ရှုံ့ချတာပဲ ရှိသေးတယ်။
      ရှုံ့ချရမဲ့ ကိစ္စမို့လို့ ရှုံ့ချတယ်။
      စစ်စစ်ပေါက်ပေါက် အပြစ်ရှာနေတာမဟုတ်။
      သူတို့ကို အပြစ်ကရှာစရာမလို
      ပစ်မလွဲ လက်ညှိုးထိုးမလွဲတာတော့ သူတို့မိုက်ပစ်နဲ့သူတို့။

      :mrgreen:

      • မင်း ခန့် ကျော်

        February 5, 2014 at 10:37 am

        အစိုးရရယ်လို့ဖြစ်လာပြီဆိုကတဲက

        တူဘဝကိုရောက်သွားတာချည်းပါပဲကွယ်။

        လိုအပ်ရင် လိုအပ် သလောက် စတေး ရဲကြတာချည်းပါပဲကွယ်။

        ဒီတော့ ခုထဲက မုသွင်းထား။

        ၂၀၁၅ ကျ မှ :mrgreen:

  • Mr. MarGa

    February 5, 2014 at 10:57 am

    ဟဲဟဲ………….
    စေတနာ ဒေါသောနဲ့ စောကြောကာ ပြောလိုက်တာမို့
    ပိဿာလေးနဲ့ နဘေးပစ်သလို ဖြစ်သွားတယ်ပဲ ပြောရမလား
    မင်းသားမျက်နှာဖုံးလေးတွေ ခဏ ကျွတ်သွားတာကိုးဗျ
    ပလပ်ကျွတ်တယ် ပြောရမယ်ထင့်
    :mrgreen:

  • kai

    February 5, 2014 at 12:35 pm

    ဝန်ကြီးဆိုတာက… အစိုးရထောင်ထားတဲ့.. သမ္မတရဲ့အုပ်ချုပ်မှုအဖွဲ့ထဲက… လူတယောက်သာပါပဲ..။
    သူတို့က.. ရွေးကောက်ထားတဲ့သူဖြစ်စရာမလိုဘူးလေ…။
    သူ့စကားသူတာဝန်ယူရတာမဟုတ်..။ သူ့စကား လက်ရှိအုပ်ချုပ်နေတဲ့အစိုးရတာဝန်ယူရတာပါ..
    တိတိကျကျဆိုရင်တော့.. လက်ရှိအစိုးရအဖွဲ့ထောင်ထားတဲ့ သမ္မတဦးသိန်းစိန်ကတာဝန်ယူရတာပေါ့..

    သမ္မတ. ဦးသိန်းစိန်ခင်ဗျား… ဆိုပြီးလူထုက တိုင်တောရ… လုပ်ရတာပါ..။
    သူလုပ်ပေး(ရ)ပါလိမ့်မယ်..။

    အင်း..
    ပြောရရင်.. သေနတ်ကိုင်ပြီး..တကယ်ကြီးအုပ်ချုပ်ခဲ့သမို့… အကျင့်တွေပါလာတာပေါ့လေ..
    အဲဒီခေတ်(စစ်ခေတ်)တွေကများ.. ဘယ်သူမှလေသံတောင်ဟရဲခဲ့ကြတာမဟုတ်..။
    ဒီလိုခေတ်ရောက်လာအောင်.. ပေးဆပ်ခဲ့ကြရတဲ့သူတွေကို… အလေးပြုပါကြောင်း…။
    ဂုဏ်ပြုအလေးပြုခြင်းမို့… “အလေးစု”လို့ခေါ်မည်… ခိုင်..။ :mrgreen:

  • အံ့ဩလို့ပါ..
    အရင်က သူတို့ဘာလုပ်လုပ် ဘယ်သူမှ မသိကြပေမယ့် အခြေအနေမတူတော့ဘူးဆိုတာကိုတောင် မသိရလောက်အောင် တော်တော်ပိန်းကြတဲ့သူတွေပဲ… ဒီစကားတွေ တစ်နိုင်ငံလုံးပြန့်မယ်ဆိုတာကို မသိဘူးဆိုတော့ တကယ့်ဂေါက်သီးတွေပဲ.. ဒါမှမဟုတ်.. သူ့လူ ကိုယ့်ဘက်သားလုပ်ပြီး စစ်တပ်တို့ ကြံ့ဖွတ်တို့ မဲရှုံးအောင် ဒေါ်စုဘက်က မဲဆွယ်ပေးတာလား.. 🙄 :mrgreen:

    • KZ

      February 5, 2014 at 1:02 pm

      စု ကို အဲလိုကူမှ နိုင်မဲ့ အခြေအနေမျိုးမဟုတ်ဟု ယူဆပါဒီ။
      😀

      တမဒဂျီး ဘာလို့ နွားနို့သောက်ခိုင်းသလဲ သိပြီ။
      သူက နွားတွေ မွေးထားတာ အားဂျီးပဲကိုးးးး

      :mrgreen:

  • kyeemite

    February 5, 2014 at 1:43 pm

    စုစည်းတင်ပြတာလေးကောင်းသဗျာ…ကိုဖေါက ရွာသူားတွေ မဆဲဖြစ်လိုက်မှာစိုးလို့နဲ့တူရဲ့ 😀

    • Foreign Resident

      February 7, 2014 at 3:08 am

      မှန်တာပြောရရင် ဦးကြီးမိုက် ရေ ။

      ပြည်သူ့ လစာ စားပြီး ၊ ပြည်သူ ခိုင်းတာ လုပ်ရမယ့် ၊
      ဦး အုန်းမြင့်လို ၊ ပြည်သူ့ အစေခံ တစ်ယောက်က ၊
      လာဘ်စားတာ ၊ ခိုးတာ အထိ ကျနော် နားလည်ပေးလို့ရတယ် ။
      ( ဒါတွေက ဒီမို နိုင်ငံတွေမှာလဲ ရှိနေတာဘဲ )

      ဒါပေမယ့် ၊ အစာကျွေးတဲ့ သခင် ကို ပြန်ကိုက်တဲ့ ခွေး လိုမျိုး ၊
      သူ့ ထမင်းရှင် ပြည်သူ ကို မိုက်မိုက် ရိုင်းရိုင်း ပြောတာမျိုးကို ၊
      ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး ဗျ ။

      အမှန်က ဒီမိုကရေစီ စစ်စစ် နိုင်ငံတွေမှာသာ ဆိုရင် ၊
      ဝန်ကြီး ဦး အုန်းမြင့်လို လူမျိုးကို ဖြုတ်ပြစ်ရမှာဗျ ။

      အခုက ၊ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ၊
      ဗိုလ်ချုပ် လောက် ၊ ဝန်ကြီး လောက် ဖြစ်လာပြီဆိုရင် ၊
      မြွေမြွေ ချင်း ခြေတွေ မြင်ထားပြီးသား ဆိုတော့ ၊
      သူ ခိုးထားတာ ငါ သိ ၊ ငါ ခိုးထားတာ သူ သိ ဖြစ်နေတော့ ၊
      ငါ့ လာလုပ်လို့ကတော့ ၊ ငါ ကလည်း အကုန် ဖေါ်ပြစ်လိုက်မှာဘဲ ဆိုတော့ ၊
      ဗိုလ်ချုပ် လောက် ၊ ဝန်ကြီး လောက် ဖြစ်လာရင် မဖြုတ်ရဲတော့ဘူဗျ ။

      တော်တော် စိတ်ကုန်ဖို့ ကောင်းတဲ့ အစိုးရ ပါဘဲဗျာ ။

  • Paing Lay

    February 5, 2014 at 3:36 pm

    2014 နှစ်ဦးမှာ ဦးဦးဖျားဖျားကြားလိုက်ရတဲ့ ပြက်လုံးအသစ်ပါလားဂျို့ လတ်လတ်ဆတ်ဆတ်ကြီးပဲ :mrgreen:

  • TNA

    February 5, 2014 at 5:31 pm

    ဦးအုန်းမြင့် ပါးရိုက်မယ်လို့စိတ်ဆိုးမာန်ဆိုးပြောတာလဲမမှားဘူးအဘရဲ့။ သူကကြံ့ဖွတ်လေ။ လက်ရှိအစိုးရ လဲဖြစ်တယ်။ ကြံ့ဖွတ်နဲ့လက်ရှိအစိုးရကို ဒုတ်ခပေးမဲ့သူတွေကို သူကအူထဲကအူလှိုက်သည်းလှိုက်မုန်းမှာပဲ။ မုန်းရင်ဘယ်လိုပြောကြလဲ။ ငါပါးရိုက်လိုက်ရလို့လို့ပြောတယ်လေ။ အဲတော့ သူလဲပါးရိုက်ချင်သလို ကျွန်မတို့လဲ ကြံ့ဖွတ်နဲ့လက်ရှိအစိုးရ၊ နောက်ခရိုနီ၊ ကပ်ပါးကောင်တွေ၊ အမေစုကို မှိုချိုးမျှစ်ချိုးအားမနာရှာ မကျိုးပြောနေကြတဲ့သူတွေကို ပါးချည်လှိမ့်လှိမ့်ရိုက်ချင်တာပဲ။ အဲတော့ သတ်တိရှိရင် သူလဲရိုက်ကိုယ် လဲရိုက် ပြိုင်ရိုက်ကြရင်ကောင်းမလားလို့။ လူအင်အားက ကျွန်မတို့ ဒီမိုဖက်ကပိုတောင့်မယ်ထင်ဘာ့။ :mrgreen:

  • ဦးဦးပါလေရာ

    February 6, 2014 at 2:58 am

    -သူ့စကားတွေထဲမှာ-
    -(နယ်တကာလှည့်ပြီးပါးရိုက်ရဲတယ်ကွ) ဆိုတဲ့စကားကလွဲရင်
    -တခြား ကျန်တဲ့ စကားလုံးတွေအတွက်ကတော့ ဘာမှပြောစရာမရှိပါဘူး….
    -အဲဒါ …. သူ့အယူအဆနဲ့သူ ပေါ့ ….

    -(နယ်တကာလှည့်ပြီးပါးရိုက်ရဲတယ်ကွ) ဆိုတဲ့စကားကတော့
    -လက်ရှိ တပ်မတော်အရာရှိတွေရဲ့စိတ်ထဲ ဘယ်လိုခံယူထားတယ်
    -ဘယ်လိုခံယူဖို့ ပုံသွင်းထားတယ် .. ဆိုတာကို
    -ဖေါ်ပြလိုက်သလိုပါပဲ…
    -တပ်မတော်အရာရှိတစ်ယောက်ဖြစ်လာရင်
    -ပြည်သူတွေကို လုပ်ချင်ရာလုပ်ရဲတယ်/ လုပ်ချင်ရာလုပ်လို့ရတယ် လို့
    -သူတို့ (တပ်မတော်အရာရှိတွေ)အများစုရဲ့စိတ်ထဲမှာ တကယ်ပဲ ထင်မြင်ယူဆထားကြတယ်
    -သဘောကတော့ – သူတို့က အုပ်ချုပ်သူလူတန်းစား ပေါ့….။
    -အဲသည်ယူဆချက်မျိုး အခုမှ လူကြားထဲ ပေါ်တင်ထွက်ကျလာတာသာဖြစ်ပါတယ်…။
    -တကယ်တော့ ဘာမှ မဆန်းပါဘူး…
    -စစ်ဗိုလ်သူငယ်ချင်းတွေအများအပြားရှိတဲ့ကျုပ်အဖို့
    -အဲသည်သဘောမျိုးကို သိထားနားလည်ထားတာ ကြာ…. ကြာလှပြီ………။

    -တိုင်းပြည်ကို တကယ်ပြောင်းလဲတိုးတက်စေချင်ရင်-
    -တပ်မတော်ကိုလဲ(တပ်မတော်အတွင်းမှာလဲ) တပါတည်း ပြောင်းလဲအောင်လုပ်ဖို့ မဖြစ်မနေလိုပါတယ်….
    -အဲဒါကို………..
    -ဒေါ်စု … ကောင်းကောင်း သိတယ်..။
    -သူ ပြောထားတယ်….။
    -ကျုပ်အဖို့တော့
    -အဲဒီတချက်နဲ့တင် ဒေါ်စုကို အနာဂတ်ခေါင်းဆောင်အဖြစ် ရွေးတယ်….။

  • Wow

    February 6, 2014 at 12:43 pm

    လူကြမ်းကောင်းတော့ မင်းသမီး ပိုတောက်ပသပေါ့ကွီ… :boss:

  • မင်းသမီးပိုတောက်ပတာမှန်ပေမယ့် အဆင်ခြင်မဲ့သူတွေရဲ့ဖွမှုကြောင့်
    ပုစွန်ခေါင်းတွေကလိုက်ယောင်နေတာ ပိုပိုများလာလို့စိတ်ပျက်ရပါတယ်။

    “အင်းးးးးးး ၊ နောက်ဆုံးတော့ ၊ စစ်တပ် ကို ပြည်သူလူထုက မုန်းတာ ၊

    စစ်တပ် ကို ပြည်သူလူထု က စစ်ခွေး လို့ ဝိုင်း အခေါ်ခံရတာ ၊

    ဒီလို စစ်ဗိုလ်ချုပ် တွေကြောင့်ဘဲ ဖြစ်မယ် ။”

    စစ်သားတွေခများမှာတော့ သနားစရာကောင်းပါတယ်။

  • ဒညင်းဝက်

    February 8, 2014 at 6:52 am

    ဒဲ့ပဲ

    တည့်တည့်ထိစေတဲ့ စကားလုံးတွေပဲလို့. . .

    စဉ်းစားသွားပါတယ်

    🙂

  • naywoon ni

    February 8, 2014 at 12:58 pm

    KZ​ရေ သမတကြီးနွား​မွေးမ​မွေး​တော့မသိဘူး ဇီးခြံ​တွေ​တော့ သိမ်​းထား အဲ့ စိုက်​ထားသဟ ​နောက်​ကျရင်​ ဇီးသီးစားရင်​ ဘာဖြစ်​ညာဖြစ်​ ဆက်​​ပြော​နေဦးမလားမသိဘူး

    • KZ

      February 8, 2014 at 5:20 pm

      အဲခါကျလည်း တတိုင်းပြည်လုံး ဇီးယိုစားကြတာပေါ့ ဆရာနီ

      😀

  • Ma Ma

    February 8, 2014 at 10:35 pm

    ဘဖောရဲ့ အကောင်းမြင်ဝါဒကို မြင်လိုက်ရတယ်။ 😀

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 9, 2014 at 2:50 am

    ခင်ဗျားတို့အားလုံးသိအောင်ပြောပြမယ်
    အခုချိန်မှာ တပ်ထဲပါးရိုက်ခွင့်မရှိတော့ဘူး
    တရား င်တိုင်ကြားရင် အရေးယူတယ်
    အူတူူတူအတတဆို ရိုက်မှာဘဲ
    တိုင်ပါ ။ အရေးယူပါတယ်
    အချို့ ကောင်ကြီးတွေကမသိဟန်ပြုပြီးရုက်နေတာဘဲ
    ွှဂျပန်စစ်ပညာရဲ့ အမွေတွေကျန်နေတာ

Leave a Reply