ဘဝက အိပ်​မက်​အလား

naywoon niFebruary 5, 20141min943

်​

တိတ်​ဆိတ်​​နေရမဲ့​ဆောင်​းည
​ခွေး​တွေကအူလွန်​းလှတယ်​
ငါက​တော့
လူ​ခြေတိတ်​တယ်​အထင်​နဲ့
စိတ်​ကူး​တွေ ဖြန်​့ကျဲထားလိုက်​တာ
​ကောင်​းကင်​​ပေါ်က ကြယ်​​တွေနဲ့အပြိုင်​​ပေါ့……….။
တစ်​ချို့ အလင်​းမှိန်​​နေတဲ့ကြယ်​လို
ငါ့စိတ်​ကူးတစ်​ချို့ကမှိန်​လို့
ငါ့စိတ်​ကူးတစ်​ချို့ကလင်​းလက်​လို့
အိပ်​မက်​​တွေ အိပ်​မက်​​တွေ
ငါ့အိပ်​မက်​​တွေ​ပေါ့……။
ညအချိန်​ လူ​ခြေတိတ်​ အ​မှောင်​ရိပ်​မှာ အ​နှောက်​အယှက်​ ကင်​းကင်​းနဲ့
စိတ်​ကူးအိပ်​မက်​​တွေ
​ဈေးချခင်​း​နေတာ
လက်​ငင်​းကြုံ​နေရတဲ့ပြဿနာလည်​းပါရဲ့
လက်​​တွေ့ဘဝနဲ့ကင်​းကွာတာလည်​းပါရဲ့
ဒါ​ပေမဲ့ ကိုယ်​့စိတ်​ကူးထဲမှာအိပ်​မက်​​နေတာ
ဆင်​ဆာဆိုတာလည်​းမရှိ​ပေဘူး​ပေါ့
အဲ့ဒိ​တော့ အိပ်​မက်​မက်​​နေရတာက
အကုသိုလ်​ကင်​းတယ်​
လက်​​တွေ့ဘဝမှာလိုမဟုတ်​​ပေဘူး…..
အို….​ဆောင်​းည အသင်​ထွက်​မ​ပြေးပါနဲ့ဦး
ငါ့အိပ်​မက်​ဘဝ​လေးကို မဖျက်​ဆီးလိုက်​ပါနဲ့ဦး
​ပြောမရတဲ့​ဆောင်​းညက
ငါ့အိပ်​မက်​​တွေကို တိုက်​ချ
အာရုဏ်​ဆည်​းဆာကို ​တံခါးဖွင်​့​ပေးပြီး
သူအိပ်​ခန်​းထဲပြန်​ဝင်​သွား​ပါလေ​ရော
ငါ့မှာသာ အိပ်​မက်​​ဈေးဗန်​းနဲ့
နံနက်​ခင်​းတစ်​ခုကို
ကသုတ်​ကရက်​ဖြတ်​သန်​းလိုက်​ရ​ပေါ့…..။
ဂန္ဓဝင်​မဆန်​တဲ့အိပ်​မက်​​တွေ
ဝယ်​မဲ့သူမရှိလို့​လေ…….။

​နေဝန်​းနီ
၄-၂-၂၀၁၄
၂၁း၁ဝ

3 comments

  • အရိပ်စစ်

    February 5, 2014 at 8:28 pm

    ဝယ်ပါဘူး
    လက်ဆောင်တောင်းမှာ…ခ်ခ်

  • ဒညင်းဝက်

    February 6, 2014 at 11:19 pm

    ဒီ ကဗျာလေး စကားလုံးတွေ လှလိုက်တာ
    အားကောင်းလိုက်တာ

  • ဒညင်းဝက်

    February 7, 2014 at 6:56 pm

    ” အိပ်မက် ဈေးဗန်း ” ဆိုတဲ့ စကားလုံးလေးကို ချစ်လိုက်တာဗျာ

Leave a Reply