ဆိုင်​းဘုတ်​

naywoon niFebruary 5, 20141min1034

ငါတို့မြို့​လေးက
မြို့နဲ့ဆိုင်​းဘုတ်​မလိုက်​ဘူး
ဆိုင်​းဘုတ်​​အောက်​မှာမြို့က
ပြားပြားဝပ်​လို့ …….။
ဆိုင်​းဘုတ်​​တွေကလည်​းအမျိုးမျိုး
​ဘော်​ဒါ​ဆောင်​ ကျူရှင်​ဆိုင်​းဘုတ်​က​နေ
​ဗေဒင်​ ယတြာ ​ပေးတဲ့ဆိုင်​ဘုတ်​
အ​ပေါင်​ခံတယ်​ ဆိုတာလဲပါရဲ့
​လေထိုး ကျွတ်​ဖာ ကွမ်​းယာဆိုင်​ စတိုး
အားလုံးဆိုင်​းဘုတ်​​တွေချည်​့
တစ်​ည ​သေချလိုက်​ကြည်​့မိ​တော့
ဆိုင်​းဘုတ်​မှာ​ရေးထားတာ​တွေဖတ်​ရင်​း
ငါသက်​ပြင်​းချလိုက်​မိ​ပေါ့ ……။
​ရေးထားတဲ့စာသား​တွေက
“ပိပိရိရိလိမ်​​ပေး​နေသည်​”
“ကျွန်​​တော့ဆီမှာအလိမ်​ခံခြင်​းဖြင်​့ဂုဏ်​ယူပါ”
လာပြန်​ပြီ​နောက်​တစ်​မျိုး
“တစ်​​နေ့တာ ပင်​ပမ်​းထားသမျှ ဤ​နေရာမှာ အညာခံခြင်​းဖြင်​့ အပမ်​း​ဖြေပါ ”
” ညာ​တော့ညာတယ်​ မလိမ်​တတ်​ဘူး”
အဲ့ဒိလို​တွေချည်​့
ဆိုင်​းဘုတ်​​အောက်​ဝင်​​ရောက်​သူတိုင်​း
အလိမ်​(သို့မဟုတ်​) အညာအလှိုင်​း
မှိုင်​းမိသွားတာချည်​့ပဲ ။

​နေဝန်​းနီ
၅-၂-၂၀၁၄

4 comments

  • kai

    February 5, 2014 at 5:38 pm

    Sign Board = ဆိုင်းဘုတ် :mrgreen:

  • TNA

    February 5, 2014 at 5:41 pm

    အော် ဆိုင်းဘုတ်ဆိုလို့ ဟိုအော်ရမဲ့ဆိုင်းဘုတ်လား၊ လမ်းစည်းကမ်းဖောက်တဲ့ဆိုင်းဘုတ်လားလို့။ မြို့ထဲကဆိုင်းဘုတ်တွေကိုး။ အဘနီပြောဒဲ့ဆိုင်းဘုတ်ကိုတော့ဖြင့် ကြောက်တယ်။ :kwi:

  • Paing Lay

    February 5, 2014 at 8:16 pm

    ဆိုင်းဘုတ်အများဆုံး နိုင်ငံသည် မြန်မာနိုင်ငံဖြစ်ချေသည် တမုံ့ 😀

  • ဒညင်းဝက်

    February 6, 2014 at 7:50 pm

    ဆိုင်းဘုတ်ထောင်ရုံစည်းကမ်းတွေ
    ဆိုင်းဘုတ်ထောင်ရုံ စာကြည့်တိုက်တွေ. .
    အများကြီးပဲ. . .

Leave a Reply