• ကမ်းခြေဟိုအဝေးက
  • အနမ်းခြွေလေသူတစ်ယောက်
  • ပန်းခရေ အတူကောက်ခဲ့ဖူးတယ်
  • အချစ်ကာရံလှလှလေးမှာ
  • ငါအတွေးနယ်ချဲ့ဖူးတယ်
  • သူပေးခဲ့ အကြင်နာတွေနဲ့
  • အမုန်းမိုးရွာတဲ့ည
  • ငါ့နှလုံးသား စီးဆင်းဖူးတယ်
  • အဲဒီည လမင်းအလင်းမဖြာဘူးလေ
  • ချစ်သူရယ် အပြစ်မယူပါနဲ့နော်
  • တစ်သက်မှာတစ်ယောက်ချစ်သူမို့
  • ဘ၀ဆက်ဆက်ဖြစ်တည်ရင်လေ
  • အချစ်သေလို့ဝင်စားမယ့်သူပါ

 

ကာရံ  6.2.2014

 

မှတ်ချက်     အရင်ပို့တွေတုန်းက ပိတောက်မိုး နာမည်နဲ့သုံးခဲ့ပါတယ် အခု ကာရံ နာမည်ပြောင်းထားပါတယ်   ကဗျာချစ်သူ သူငယ်ချင်းအပေါင်း ကျေးဇူးတင်တယ်နော်

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..