အပြစ်မမြင်စေဖို့ အချစ်သေလို့ဝင်စားတဲ့သူ

ကာရံFebruary 6, 20141min1599
  • ကမ်းခြေဟိုအဝေးက
  • အနမ်းခြွေလေသူတစ်ယောက်
  • ပန်းခရေ အတူကောက်ခဲ့ဖူးတယ်
  • အချစ်ကာရံလှလှလေးမှာ
  • ငါအတွေးနယ်ချဲ့ဖူးတယ်
  • သူပေးခဲ့ အကြင်နာတွေနဲ့
  • အမုန်းမိုးရွာတဲ့ည
  • ငါ့နှလုံးသား စီးဆင်းဖူးတယ်
  • အဲဒီည လမင်းအလင်းမဖြာဘူးလေ
  • ချစ်သူရယ် အပြစ်မယူပါနဲ့နော်
  • တစ်သက်မှာတစ်ယောက်ချစ်သူမို့
  • ဘဝဆက်ဆက်ဖြစ်တည်ရင်လေ
  • အချစ်သေလို့ဝင်စားမယ့်သူပါ

 

ကာရံ  6.2.2014

 

မှတ်ချက်     အရင်ပို့တွေတုန်းက ပိတောက်မိုး နာမည်နဲ့သုံးခဲ့ပါတယ် အခု ကာရံ နာမည်ပြောင်းထားပါတယ်   ကဗျာချစ်သူ သူငယ်ချင်းအပေါင်း ကျေးဇူးတင်တယ်နော်

9 comments

  • ဒညင်းဝက်

    February 7, 2014 at 6:45 pm

    ဒီလိုစကားလုံး လှလှလေးတွေ
    ဘယ်လို စိတ်ကူးယူသလဲ မကြီးစိုး ရယ်

    :kwi:

  • ကာရံ

    February 7, 2014 at 6:51 pm

    အော်သူသူရယ် ခံစားချက်အစစ်မို့ အပြစ်မမြင်ပါနဲ့နော် ဟိုသီချင်းလို့ပေါ့
    ချစ်ခြင်တာဘဲသိတယ်လေ

    • ဒညင်းဝက်

      February 7, 2014 at 7:03 pm

      အပြစ် မမြင်ပါဘူး
      ချစ်ချင်တာပဲ သိတဲ့နောက်. . .
      🙂

      ဒါနဲ့
      ငါသာဆိုရင် ကာရံလို့ မရေးဘူးအေ့
      ကာရန် လို့ပဲ ရေးမှာ. . .

      :kwi:

  • Paing Lay

    February 8, 2014 at 3:37 pm

    အိမ်းးးးးးးးးးးးးရင်ထဲကိုထိသဟ……….ကောင်းလှောင့်တည်းးးးးးးးးးး :mrgreen:

  • KZ

    February 8, 2014 at 5:36 pm

    သူများတွေမြန်း ချစ်တတ်ချက်..!

  • ကာရံ

    February 8, 2014 at 9:49 pm

    အခုလိုခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • ဦးကြောင်ကြီး

    February 8, 2014 at 11:15 pm

    ပြစ်မမြင်ဗာပူး
    ခြစ်ချင်ဒါဘဲသိ
    ပေါင်လုံးကြီးကို
    ဖက်ပါကိုက်မယ်
    ပြီးမှလျှာဂျီးနဲ့
    ရှလွတ်ဆိုပီး
    ဘယ်ပြန်ညာပြန်
    တီးလိုက်ရ
    ကောင်းလောင့်တေး
    ကောင်းလောင့်တေး..

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 9, 2014 at 2:26 am

    တစ်ယောက်တည်းချစ်ရင် လူဖြစ်ရှုံးတယ်ကွာ
    ချစ် လို့ရတာအားလုံးချစ်
    ငါ့ လိုဂျီးမထူနဲ့

Leave a Reply