“ အ ဆုံး မဲ့ စဉ်း စား ခြင်း”

“ အ ဆုံး မဲ့ စဉ်း စား ခြင်း”

 

ဘ ဝ မှာ တစ ်ခါ တစ် ခါ

ဆန့် ကျင့် ဘက် ပါး ပါး လေး

အ ပြန် ပြန် အ လှန် လှန်

တွေ း ကြည့် မိ တဲ့ အခါ

စဥ်း စား ရင်း

လုံးချာပတ်

လုံးချာပတ်ရင်း

စဉ်း စား

ဒါ နဲ့ ဘဲ

မိုး လင်း သွားခ ဲ့တဲ့

ည တွေ များ လာ ပါ တယ်။

လော က ကြီး ရဲ့

အ ပေး အယူ

အ ပြန် အ လှန်

အ မှား အ မှန် ကို

အပြန် ပြန် အလှန် လှန်

စဉ်းစား မိ တာ က

 

တွေး လို့ ဘဲ သိ တတ်  သ လား

သိ လို ့ ဘဲ တွေး နိုင်သ လား

 

ပေး လို့ ဘဲ      ယူ မိ သ လား

ယူ လို့ ဘဲ ပေး လိုက်သ လား

 

တောင်း လို့ ဘဲ ရ သ လား

ရ မှန်း သိ လို့  လို့ ဘဲ တောင်း သ လား

 

ကောင်း လို့ ဘဲ သုံး သ လား

သုံး လို့ ဘဲ  ကောင်း သွား  သ လား

 

သွား လို့ ဘဲ ရောက် သွား သ လား

ရောက် မယ် သိ လို့ ဘဲ သွား သ လား

 

 

စား လို့ ဘဲ ကျွေး လိုက် သ လား

ကျွေး လို့ ဘဲ စား မိ သ လား

 

သ နား လို့ ဘဲ ချစ် မိ  သ လား

ချစ် မိ လို့ ဘဲ သ နား သွားသ လား

 

အ လို့ ဘဲ  နုံ တယ် ထင် သ လား

နုံ လွန်း လို့ ဘဲ အ သွား  သ လား

 

ယုံ လို့ ဘဲ ပုံ လိုက်သ လား

ပုံ လို့ ဘဲ ယုံသွား  သ လား

 

ဆုံ လို့ ဘဲ ကြုံ ကြ တာ လား

ကြုံ လို့ ဘဲ ဆုံ သွား သ လား

 

စဥ်း စား ရင်း

လုံးချာပတ်

လုံးချာပတ်ရင်း

စဉ်း စား

ဒါ နဲ့ ဘဲ

မိုး လင်း သွားခ ဲ့တဲ့

ည တွေ များ ပို ပို လို့ များ များ  လာ ပါ တယ်။

 

ကို ပေါက် လက် ဆောင်  အ တွေး စဉ်

8-2-2014

5 comments

  • အလင်းဆက်

    February 8, 2014 at 10:07 am

    လေးပေါက် ရေးတဲ့ ကဗျာတွေထဲမှာ
    အခုတလော ရေးတာလေးတွေ အတော်ကြိုက်မိတယ်

  • ဒီ လို ပါ ဘဲ တစ ်ခါ တစ် ခါ ကိုယ်ေ န့ စဉ် ကြုံ တွေ့ နေ ရာ တာ လေး တွေ က ထွက် လာ တဲ့ ပါး ပါး လေး တွေ ပါ။

  • KZ

    February 8, 2014 at 5:35 pm

    ကျနော် က အတွေးတွေကို အဆုံးထိဘယ်တော့မှမတွေးဘူးးး
    ဟိ
    တွေးရတာတောင်ပျင်းပြီး ပင်ပန်းလို့။
    စိတ်သက်သာအောင်ပဲ နေတော့မယ်။
    လေးပေါက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
    🙂

  • လေးပေါက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

    စိုက် ပါ တယ် မ ယ် ခို်င် ဇာ ကျေး ကျေး နော်

  • kyeemite

    February 10, 2014 at 10:02 am

    စဥ်း စား ရင်း
    လုံးချာပတ်
    အပြုံးပါရပ်သွားအောင်တွေးရင်း
    မျက်မှောင်ကုတ်ကုတ်
    မျက်မှောင်ကြုံ့လို့
    ဆက်သာတွေးပါ
    ကိုပေါက်ရာ။ 😛

Leave a Reply