“CCTV နှင့် ချစ်သူရွေးချယ် ရွာထဲမယ် ” “

ေမာင္ရိုးFebruary 8, 20143min31822

 

 

 

ဪ…… လောက …လောက …..

မတည်​့အတူ​နေ သတ္ထဝါ​တွေထဲမှာ ​မော်​​တော်​ပီကယ်​နဲ့ ဒရိုင်​ဘာ လည်​းပါ​နေ​လေ​တော့ ​မောင်​ဆာမိတို့များ ဘဲဥမြင်​တာ​တောင်​

​လေချဉ်​မတက်​​တော့ဘူးဗျို့ …။

ရှိပါ​စေ​တော့ .. ကိုယ်​မမှားဖို့အ​ရေးသာအဓိကလို့မှတ်​ယူပြီး

ငါး​ထောင်​တန်​​လေး​ဆောင်​ထား အဲ အဲမှားလို့ …

စည်​ကမ်​းများ သတိထား​နေတာကြာ​ပေါ့ဗျာ။

 

​ဟော….. ဘာတဲ့ … Cctv ဆိုလား ပြီးခဲ့တဲ့ဂျူလိုင်​က မီးပွိုင်​့တချို့မှာတပ်​ပါ​လေ​ရော …။

တပ်​​ပေါ့ ..ဘာအ​ရေးလဲ … ဒါမှ တက္ကစီ ​တွေ ဘတ်​စ်​ကား​တွေ အဖမ်​းခံရမှာ…

ဒီလို ..ဒီလို ​တွေးပြီး ​မောင်​ဆာမိတ​ယောက်​ အကုသိုလ်​ပွါး​နေမိသ​ပေါ့ဗျာ ..

 

ဟိုတရက်​က ​မောင်​ဆာမိလည်​း ယဉ်​သက်​တမ်​းတိုးသွားလုပ်​ရပါတယ်​။

မှတ်​သားဖမ်​းဆီးအဖွဲ့​တွေနဲ့လည်​း ပြဿနာမရှိ​လေ​တော့

ခတ်​​အေး​အေးဘဲ ထင်​မိတာ​ပေါ့​လေ ။

​နောက်​ဆုံးအဆင်​့ ဝှီးတက်​ ကဒ်​ပြားမထုတ်​ခင်​ ပြစ်​မှုမှတ်​တမ်း​စစ်​​တော့လည်​း ကိုယ်​နဲ့မဆိုင်​သလိုခတ်​​အေး​အေး ..။

မကြာပါဘူး .. ရဲမှုရှိလို့ဒဏ်​​ဆောင်​ရမတဲ့ …။

ဒါနဲ့ ယဉ်မှုစစ်က ကိုကိုရဲများထံမှာ အမှုတွဲမေးကြည့်တော့ ဗားကရာပွိုင့်မှာရပ်မျဉ်းကျော်လို့ပါ တဲ့ ။

 

ဟုတ်ကဲ့ …… ပေးရလေသတည်းပေါ့ဗျာ ……

သူတို့ကွန်ပျူတာမှတ်တမ်းမှာ နေ့ရက် နဲ့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အမှုတွဲပါသော်ငြား ဓတ်ပုံမှတ်တမ်းတော့ မတွေ့ရဘူးဗျို့ ။

လေ့လာကြည့်တော့ လိုင်စင်လာပြီးသက်တမ်းတိုးသူ ထက်ဝက်လောက်ဟာ

ထိုထိုသော Cctv မှတ်တမ်းနဲ့ဖမ်းဆီးအရေးယူတာခံရသဗျ …

တော်တော်များများဟာ ယဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာကြဘူးဆိုတာ

သက်သေပါပဲ ။ တချို့များဆို ဒဏ်ငွေ သိန်းကျော်ဆောင်ရလို့ အိမ်ပြန်ပြီး ပိုက်ဆံယူရသူနဲ့ အိမ်ကိုလာပို့ခိုင်းရသူနဲ့ ပြောင်းဆန်နေတာပဲဗျို့ ………

ဒါတောင်မှ နေရာအနှံ့ တပ်ဆင်ရသေးတာမဟုတ်ပါဘူး ။

ဒီလို …ဒီလို သာအရေးယူမယ်ဆိုရင် မီးပွီုင့်မှာစည်းကမ်းမဲ့တာတွေတော့

နည်းသွားမယ်ထင်ပါရဲ့ ………။

 

ဒါပေမယ့် ……… ဒီလို ကင်မရာရီပို့လေနဲ့ ဖြစ်စဉ်တစ်ခုလုံးကိုဆုံးဖြတ်မယ်ဆိုရင်တော့

မှန်ပါ့မလား ..,?

ဥအမာအားဖြင့် ပြောရရင်တော့ အဲဒီမီးပွိုင့်တွေနဲ့ တပ်ဆင်ထားတဲ့ cctv တွေဟာ တခါတရံမှာ ပွိုင့်ပျက်နေပေမယ့်

ကောင်းနေတတ်ပြန်ရော … ။ မြန်မာပြည်ကားသမားတွေရဲ့ဓလေ့ကတော့ ပွိုင့်ပျက်ပြီဆိုရင်

အလုအယက်တိုးထွက်တတ်ကြတာပါပဲ ။ ထွက်ခွင့်လည်းရှိသလိုဖြစ်နေပါတယ် ။ ဒါပေမယ့်

ထိုထိုသော cctv ကြီးက မှတ်တမ်းတွေတင်လို့ပေါ့ဗျာ ။

 

နောက်တခုက … ကျနော်ဖြစ်တဲ့ အမှုလို ရပ်မျဉ်းကျော်တယ်ဆိုပါစို့ ။

မကျော်ချင်ပါဘဲကျော်မိသွားတာလည်းရှိတတ်ပါတယ် ။ဥပမာ … မီးပွိုင့်ကိုတန်းစီဖြတ်နေတုန်း မီးဝါသွာပြီဆိုပါတော့ ……

ဒီအခါမှာ ရပ်မျဉ်းကျော်တာသိနေပေမယ့် နောက်ပြန်ဆုတ်မရနိုင်တော့ပါဘူး

နောက်မှာကားတွေ ရှိနေလို့ပါ ။ ဒါပေမယ့်……ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး

CCTV ကတော့ လာထား ..အာဘွားပါတဲ့ဗျို့ ……

ပြောချင်တာက ဒီလိုမီးပွိုင့်တွေမှာစည်းကျပ်ရုံနဲ့ ယဉ်စည်းကမ်းတွေကောင်းမသွားသေးပါဘူး ။

ဘတ်စ်ကားများနဲ့ တက္ကစီများကို သေသေခြာခြာ စောင့်ကြည့်အရေးယူ သင့်ပါပြီ ။ လမ်းမပေါ်မှာ အသက်နှစ်ချောင်းအပိုပါသလို မောင်းနေတဲ့ယဉ်မောင်းတွေရယ် ၊ ငါတို့က ကားကြီးတယ် သတ္တိရှိရင် တိုက်မလားဆိုတဲ့ ယဉ်မောင်းတွေရယ် ……၊ ကားပေါ်မှာကျောင်းသားလေးတွေပါတယ် ..,ကျောင်းဖယ်ရီမို့ လမ်းပြောင်းပြန်မောင်းမယ့်

ကြိုပို့ကားသမားတွေရယ် … ၊ ငါကလူကြီးကားမောင်းတာ ဖြစ်သမျှ အဘရှင်းလိမ့်မယ်ဆိုတဲ့ သခင့်အားရကျွန်ပါးဝနေတဲ့ ကားသမားတွေရယ် …

…………ကားသမားတွေရယ်

……………ကားသမားတွေရယ်……

ဘယ်လို ……ဘယ်လိုများ အရေးယူကြမှာပါလိမ့် ……… အိုဘယ့် ယဉ်မှုစစ် နဲ့ စည်းကမ်းထိ်မ်းသိမ်းရေးကော်မတီရယ် ။

CCTV လောက်နဲ့တော့ ခရီးမရောက်သေးပါဘူးဆရာတို့ရေ …………

ဒီလိုနဲ့ဘဲ  ,… ကျနော်လည်း ဘုမသိဘမသိနဲ့ အမှုတွဲထဲပါနေလို့ နိုင်ငံတော်ဘဏ္ဏာအတွက်

၅၀၀၀ဝ ကျော် ထည့်ဝင်အားဖြည့် လှူတမ်းခဲ့ပါကြောင်းးးးး

အမျှ ………………အမျှ………………………အမျှ ………………

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ ..……………အဲ မေ့တော့မလို့ဗျာ

ပြောချင်တာတွေ လျှောက်ပြောနေမိတာ ချစ်သူရွေးတဲ့အကြောင်းလေးကျန်ခဲ့တော့မလို့ဗျ …

 

ချစ်သူရွေးမယ်ဆိုလို့..

မောင်ဆာမိတစ်ယောက် အိုကြီးအိုမနဲ့ ကလေးနှစ်ယောက်အဖေဖြစ်ကာမှ

နောက်မီးလင်းတယ် မထင်ကြပါနဲ့ဗျို့ ………

အဲဒါ ကျနော်ရွေးတာမဟုတ်ဘူးခင်ဗျ

ဟိုလေ …… သိတယ်မဟုတ်လား ?

ရွာထဲကအဖွဲ့လေဗျာ … ဘာတဲ့ .,

ဂျီးတော်နွားကို ကိုယ့်ထမင်းကိုယ်စားပြီး ပိုက်ဆံပါပေးပြီးကျောင်းတဲ့အဖွဲ့လေဗျာ ……

အင်း အင်း သူတို့ခေါင်းဆောင်ပေါ့ ဦီးကြီးမိုက်ကြီးလေဗျာ အဲဒါ ကျနော့်ကိုလူကြုံထည့်ပေးလိုက်လို့ …………

 

ကျနော်လည်း ပါဆယ်ထုပ်ကြီးရောက်လာလို့ ဘာတွေများလဲလို့

ဝမ်းသာအားရနဲ့ ဖွင့်ကြည့်တာ ………

ငါးရံ့ခြောက်တွေ မန်းလေးထိုးမုန့်တွေမဟုတ်ဘူးဗျို့ ။

မြင်တဲ့အတိုင်းပါပဲ …… အောက်မှာပြထားလိုက်ပါရဲ့ဗျာ

ဇန်နဝါရီ ၂၀၁၄ ရဲ့ မန်းဂဇက်ချစ်သူများစာပေဆု ဆန်ကာတင်စာရင်း ………တဲ့

 

.

.

.

.

.

.

.

.

 

 

 

.

.

.

.

.

.

.

ကဲ ကဲ ရင်ခုန်နွေးထွေး ဩဘာပေးလို့ ဘယ်စာမူရှင်ဆုရမလဲ တွေးကြဦးစို့ ရဲ့ ဗျို့ ……………

 

ဆန်ကာတင်စာရင်းကတော့ ဒီလိုပါတဲ့ ဗျာ ……

 

  • မန်းဂေဇက် လျှို့ဝှက်မှတ်တမ်းကြီးပျောက်ဆုံးမှုနောက်ဆုံးအခြေအနေ

https://myanmargazette.net/192387
Swal Taw Ywet

  • အတောင်စုံချိန်

https://myanmargazette.net/191694
hmee

  • အန္တရာယ်ကင်းကင်းချက်ပြုတ်ခြင်း

https://myanmargazette.net/192462
TNA

  • စိတ်ဓာတ်၊ လုပ်ရပ်၊ ရလဒ်

https://myanmargazette.net/192007
manawphyulay

  • မိန်းမရာဇဝင်-သော်ဇင်(လွိုင်ကော်)

https://myanmargazette.net/192252
သော်ဇင်(လွိုင်ကော်)

  • နှစ်သစ်ကူးပြီ…………မောင်

https://myanmargazette.net/192149
aung moethu

  • သိပြီးတဲ့နောက်…..

https://myanmargazette.net/192938
ကျော်စွာခေါင်

  • ကျွန်မရဲ့ တရားဟောဆရာ နှစ်ယောက်

https://myanmargazette.net/192214
marblecommet

  • ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်း -သော်ဇင်(လွိုင်ကော်)

https://myanmargazette.net/192501
သော်ဇင် (လွိုင်ကော်)

  • မျက်လုံးကောင်းတာသေချာရဲ့လား????

https://myanmargazette.net/192852
Shwe Ei

  • ကိုယ့် ပေါင်…. ကိုယ် လှန်ထောင်းခြင်း

https://myanmargazette.net/192979
ဒညင်းဝက်

  •  လိုွင်ကော်မြို့ကိုရောက်ခဲ့တယ် 1.2.3

https://myanmargazette.net/192779

နိုဇိုမိ

  •  ထင်စေကောင်း၏…မကောင်း၏

https://myanmargazette.net/192944

ကိုပေါက် (မန္တလေး)

 

  • မွသဲ ရဲ့ ထမင်း အမျိုးမျိုးးးး – KZ’s ထမင်းဆိုင်

https://myanmargazette.net/192842

KZ

  • ကမ္ဘာတစ်လွှား ထူးထူးခြားခြား နှစ်ကူးပွဲတော်များ

https://myanmargazette.net/191683

မဟာရာဇာ အံစာတုံး

22 comments

  • Myo Thant

    February 8, 2014 at 12:53 pm

    ဆုရမယ့်သူအတွက် လက်ခုပ်တီးရန် မျှော်နေပါကြောင်း

    ငါးသောင်းကျော် လှုဒါန်းခဲ့သော အာကိုကြီးလည်း
    စီစီတီဗွီ နှင့် ဘဲဥဘေးမှ ကင်းဝေးပါစေကြောင်း 🙂

    • surmi

      February 9, 2014 at 8:20 am

      အသာလုပ်ပါဦးမျိုးရယ် …ညီလေးဆို ဟုတ်တုတ်တုတ် 🙂
      နောငါနှစ်မလှူရဖို့သတ်ထားနေပါကြောင်း

      @အလင်းဆက်
      သိချင်ရင် 10 ရက်နေ့မှာပြောပြမယ်

  • အလင်းဆက်

    February 8, 2014 at 2:19 pm

    ရလဲ့

    ဆန်ခါတင် စာရင်း ကြေညာသွားပုံက လန်းတယ်ဗျို့

    ဘယ်သူ ဖြစ်လေမလဲ. . . .

    😆

  • kai

    February 8, 2014 at 3:09 pm

    အဲဒီမီးပွိုင့်မျဉ်းကျော်ရပ်မိတာ.. ကျုပ်ကတော့.. ဒေါ်လှ၆ရာလောက်မြောက်သွားသဗျို့…
    ကျောင်းကလည်း နာရီ၈နာရီတက်ရသေး..
    ရဲကတိုက်ရိုက်ဖမ်းတာဗျ..။

    အယ်လ်အေမှာ.. စီစီတီဗီက.. ပြသနာတွေအစုံရှိတယ်လို့ကြားဖူးတယ်..
    စည်းကမ်းဖေါက်လို့ဆိုပြီး… ဓါတ်ပုံရောက်လာလို့.. ဒဏ်ငွေသွားပေးသူက အရှုံးပဲတဲ့..
    ယူအက်စ်ရဲ့ ဥပဒေအရ.. အဲလိုလူတဖက်သားကိုဓါတ်ပုံရိုက်ပြီး ထောင်ဖမ်းခွင့်မရှိဘူးလို့ဆိုပါတယ်..။
    အဲဒါ.. သိတဲ့.. အမေရိကန်တွေက ..ငါမဟုတ်ဖူးလို့ငြင်းလိုက်ကြတယ်တဲ့ဗျ..။
    အဲဒါနဲ့.. မီးပွိုင့်ဓါတ်ပုံရိုက်ဒဏ်ကြေးဆောင်ခိုင်းတဲ့စနစ်ပျက်မလိုလိုဖြစ်နေပါကြောင်း… တဲ့..။
    =
    ဆုကတော့ ဘယ်လိုဘယ်ဝါမသိပါဘူး..
    ရချင်သူတွေရကြပါစေဗျ…
    ဒီနှစ်ထဲ ကွန်ဖရင့်လုပ်ရင်တော့ ဆုရသူတွေအတွက်ဆုသတ်သတ်ပေးမယ် တွေးထားပါတယ်..။
    ဆုများစုနိုင်ကြစေသတည်း.. :mrgreen:

    • surmi

      February 9, 2014 at 8:35 am

      ကျနော်ပြောချင်တာလည်းဒီသဘောဘဲ သဂျီးမင်းရယ်
      cctvက တချို့ မှတ်တမ်းတွေအတွက်အသုံးဝင်ပေမယ့် သူ့မှတ်တမ်းနဲ့ အရေးယူတာကြနော့ သိပ်မမျှတဘူးလားလို့ ပါဗျာ ။
      ပြီးတော့ ဒီမှာက ရပ်မျဉ်းတို့ မျဉ်းသေတို့ ကပျက်နေတာများတယ် ။
      ဒီတော့ မျဉ်ကျော်တာတွေ ၊ ပျက်နေတဲ့မျဉ်းကို မျဉ်းပြတ်မှတ်ပြီး ကွေ့မိတာတွေအများသား ။
      ပြောရရင်ထောင်ချောက်ဆင်ထားသလိုပါပဲ ။
      မီးပွိုင့်ဝင်ရင်cctv ကိုလိုက်ရှာရတာနောပါ့ဗျာ 🙂

      အဲဆုုကိစ္စကတော့ သဂျီးကိုယ်တိုင်ချီးမြှောက်သင့်တာကြာပြီထင်တာပဲ 🙂
      လက်ဆောင်သဘောမျိုး အက်ဒမင်ကိုယ်တိုင်ပံ့ပိုးတော့ ပိုပြီးလေးနက်တာပေါ့ ။

      မှတ်ထားကြပါဗျို့ !!¡¡¡
      သဂျီးဆုပေးမယ်တဲ့ :mrgreen:

    • TNA

      February 14, 2014 at 7:50 pm

      ဒဂျီး ဒဂျီးပြောပီးစလစ်နော် ဆုသတ်သတ်အထုပ်ကြီးကြီး ဟီးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • TNA

    February 8, 2014 at 4:19 pm

    အင်း လွန်ခဲ့တဲ့ နှစ်နှစ်က လိုင်စင်ဝင်ရင် ပစ်မှု့မစစ်ရတော့ဘူးဆိုတာအကောင်းမှတ်နေတာ။ ပါရမီလိုင်းက ပြစ်မှု့အများဆုံးဖြစ်ပြီး တမှု့မှ ဒါဏ်ကြေးမဆောင်လို့ ကျန်တဲ့ကားတွေပါလျှော်ပလိုက်ရတာတဲ့။ ဒီနှစ်တော့ပြန်ဆောင်ရမယ်ပြောတယ်။ ခုဆောင်ရပြီပေါ့။ ဖျားဖျား များလဲ မီးဝါနှစ်ခါဖြတ်ထားဒယ်။

    ကြော်ငြာကတော့ ငိုချင်းလေးနဲ့ဆိုတော့ ဘယ်သူများဆုရမလဲမသိဘူး။ နမိတ်ပေးတာထင်ပါ့။ လက်ခုတ်တီးရန်အသင့်ပါ။

    • surmi

      February 9, 2014 at 9:38 am

      မသဲနုရေ
      က ည န သွားရင် ပိုက်ပိုက်များများဆောင်သွားဗျို့
      မီးဝါဖြတ်က 50000 လိုလား 🙂

      @မခိုင်ဇာ
      ပန်တျာဒညင်းဝက်ကို ကခိုင်းရင်ဘယ်လိုနေမလဲ :mrgreen:

  • KZ

    February 8, 2014 at 5:25 pm

    ချစ်သူရွေးမယ်။
    ရွေးတော့မယ်။
    မွသဲ ရရင် က ပြမယ်။

    :chit:

    • TNA

      February 10, 2014 at 4:17 pm

      ကဲသချင်းရွေးထားတော့နော့ ငွိငွိငွိ။

  • ရာမည

    February 8, 2014 at 7:50 pm

    cctvတပ်ထားတော့ မော်တော်ပီကယ်ငတ်တာပေါ့ခင်ဗျာ 🙂
    လက်ခုတ်တီးဖို့စောင့်နေပါတယ်ခင်ဗျား

  • Ma Ma

    February 8, 2014 at 9:04 pm

    (ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး
    CCTV ကတော့ လာထား ..အာဘွားပါတဲ့ဗျို့ ……)
    အာဘွားအပေးခံလိုက်ရလို့ ဝမ်းသာအားရ ရွာထဲလာကြွားတာကိုးးးးးး 😀 😀 😀
    လမ်းစည်းကမ်း ယာဉ်စည်းကမ်း ရှိစေချင်ရင်…….
    အခုလို ဒါဏ်ချည်းရိုက်နေမယ့်အစား စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေကို ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတဲ့အခါမှာ ယာဉ်စည်းကမ်းသင်တန်းပြန်ပေးပြီး စာမေးပွဲစစ်လိုက်တာ ပိုကောင်းမယ်။
    ပြောမယ့်သာပြောရ …. အဲလိုဒါဏ်ရိုက်နည်းကို ကိုယ်တိုင်လည်း ခံရကိန်းရှိတယ်။ :kwi:

    ဒီလအတွက် မြန်းဂေဇက်ရဲ့ချစ်သူလေး ဘယ်သူဖြစ်မလဲဆိုတာလည်း စောင့်မျှော်နေပါကြောင်းးးးးးးးး 🙂

    • surmi

      February 9, 2014 at 9:43 am

      အန်တီမမရေ
      ဒီနှစ်တော့ရှောင်လို့မလွတ်နိုင်တော့ဘူး
      များများသာဆောင်ထား
      ကျနော်တော့နေ့လည်စာလွတ်သွားပါရဲ့ 🙂

      @အစ်ကိုကြီးကိုပေါက်
      အကျယ်ကြီးသာတီးဗျာ :mrgreen:

  • ဦးကြောင်ကြီး

    February 8, 2014 at 11:11 pm

    တောက်ပေါဒွေ…

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 9, 2014 at 2:38 am

    ကုလားလေးရာ စီစီတီဗွီနဲ့ရွေးမယ်ဆိုတော့
    ချောင်းကြည့်ပြီးရွေးမယ်ထင်တာကွာ
    1 ခြားစီဖြစ်နေတယ် ဟားဟား

  • Crystalline

    February 9, 2014 at 9:35 am

    ခွ်ိခွိ…ကုလား​လေးတဲ့လား 🙂
    မွသဲရရင်​မုန်​့ဝယ်​​ကျွေးမှာတဲ့

    • TNA

      February 10, 2014 at 5:04 pm

      ကြော်ငြာပေးသောကုလားလေးအားလည်းကောင်း ခွစ်ကလေးအားလည်းကောင်း မုန့်ကျွေးပါမည် :mrgreen:

  • myat pearl phyu

    February 9, 2014 at 12:38 pm

    ရုံး ချု ပ် ကနေ ထိုင် ပီး ဖမ်း တာ ပါ ရား …. ကြောက်ချရာရီးနော်…

    ပဆံ ပဆံ ပဆံ
    ပဆံ ပဆံ ပဆံ

    အလှူပေးတော့ သူဌေးဖြစ် ဒါ ပေါ့ ဂျာ … 😛

    • ရာမည

      February 9, 2014 at 5:31 pm

      ရုံးချုပ်မှာ ဒဏ်ငွေလာဆောင်စေပါဘူးခင်ဗျာ
      သက်ဆိုင်ရာ က.ည.န တွေမှာပဲ တိုက်ရိုက်ပေးဆောင်စေပါတယ် ။
      ယခင်ကထက်ပိုမိုလွယ်ကူချောမွတ်စေပါတယ်ခင်ဗျာ ။
      🙂

  • ဦးကျောက်ခဲ

    February 10, 2014 at 9:41 am

    CCTV က အသုံးချတတ်ရင် အများကြီးပါ…
    ကျောက်စ် Middle-East က ခွါတော့ ၊ အဲသည့်ရုံးခွဲက Allowance တွေ ထုတ်မပေးဘူး…
    ဘယ်ရမလဲ… ဗမာပီပီ ညစ်တွန်း တွန်းတာပေါ့…
    မခွါခင်နေ့… မီးဝါတွေ ၊ အရှိန်ဖမ်းကင်မရာတွေ တဝဖြတ်မောင်းလိုက်တယ်လေ… ဟိ
    ဒရိုင်ဘာရှိသူများ ကျောက်စ်လက်သစ်များကို သတိထားကြကုန်… အားဟိ
    😀

  • kyeemite

    February 10, 2014 at 9:53 am

    အင်း…ရေးတတ်တော့လည်း ပို့စ်လှလှလေးဖြစ်သွားတာပဲနော..ကောင်းပါလေ့ ကိုဆာမိရေ.
    ကျုပ်လိုင်စင်ဝင်တုန်းကလည်း cctv မိလို့ ၁၃၀၀ဝ ဆောင်ခဲ့ရပါသဗျား…
    အေဒီမီးပွိုင့်မှာ ကွေ့ကြော ယူထားပြီး ဒဲ့ ဖြတ်လို့ဆိုပဲ…အချိန်ကလည်း ကြာပြီဆိုတော့
    ကိုယ်လည်းမမှတ်မိ…ဆောင်ခဲ့ရုံပေါ့..ဘာတတ်နိုင်မလဲ… 🙂
    ဇန္နဝါရီလအတွက် ပါဆယ်ထုပ်ကြီး ယူသွားပေးတာကျေးဇူးပါ ကိုရင်ဆာမိရေ… 😛
    နောက်လတွေ ပါဆယ်ပေးဖို့ လူကြုံ မျှော်နေပါဂျောင်း… 😀

Leave a Reply